Pages

Saturday, March 31, 2012

ပြည်ထောင်စုသား အချင်းချင်းလက်တွဲစေလို

ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဦးသန်းစိန်အစိုးရ ဟာ တဖြေးဖြေး ဒီမိုကရေစီ လမ်းကြောင်း ဆီ သို့ ဦးတည် လျှောက်လှမ်း လာနေပြီလို့ ပြောလိုပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း လိုက်လျောတဲ့ အနေနဲ့ မြန်မာနိုင်ငံသား အားလုံးရဲ့ အသက် သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို တားမြစ်၊ ပိတ်ပင်လိုက်ပြီးတော့ များမကြာမှီ ရက်ပိုင်းအတွင်း ဦးသန်းစိန်အစိုးရဟာ အကျဉ်းသား တချို့ကို လွှတ်ငြိမ်းချမ်းသာခွင့် ပြုဒါကို ကြိုဆိုပါတယ်။ ဒါတွေဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များထဲမှ တခုကို ထပ်မံ ဖြည့်ဆည်း ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရမှာပါ။

ဒါပေမဲ့ ပြည်ထောင်စုဖွား မြန်မာနိုင်ငံတိုင်းရင်းသား၊ နိုင်ငံသား အားလုံး အတူလက်တွဲ အေးချမ်း တည်ငြိမ် စွာ လွတ်လွတ်လပ်လပ် နေချင်ကြတဲ့ လူတွေကို လစ်လျူရှု မနေသင့်ပါ။ ကျနော်တို့ဟာ ဘိုးဘေး၊ ဘီဘင် ကတည်းက မြန်မာနိုင်ငံ၊ ရခိုင်ဒေသ တွင်မှီတင်းနေထိုင် လာကြတဲ့ ရိုဟင်ဂျာလူမျိုး အိစ္စလာမ် ဘာသာဝင်တွေဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို တပြည်လုံးအတိုင်း အတာနဲ့ ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ ဒုက္ခဟာ ဒူးနဲ့ဒေးပါ။ ဒါဘာကြောင့်လဲဆိုတော့ မဆလ ဦးနေ၀င်းအစိုးရရဲ့ Dividing Role အမွေဆိုး အမွေခံ ဆက်ခံပေးကြတဲ့ အစွန်းရောက် စစ်ဗိုလ်တချို့တွေရဲ့ မကောင်းဆိုးကျိုးတွေ ကြောင့် ယနေ့ မြန်မာနိုင် ငံ ပြည်ထောင်စုသား အချင်းချင်း စိတ်ဝမ်းကွဲ မလိုမုန်းတီးမှု ပွါးများ လာစေခြင်းကို ဘေးဖယ်ပြီး လိုရာကို မှန်မှန်ကန်ကန် လက်တွေ့ကျကျ လေ့လာ သုံးသပ်ဖို့ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် ကျနော်တို့ ပြည်ထောင်စုဖွား ဘယ်နိုင်ငံသားမှ ပြည်ထောင်စုကြိး ကိုပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက် ရှိမယ်မထင်ပါ။ စစ်မှန်သော ဒီမိုကရေစီ နည်းလမ်းနဲ့ အညီ လူသားအခွင့်အရေး တန်းတူရရှိပြီး၊ သာယာဝပြော တဲ့ ပြည်ထောင်စုကြီးရဲ့ အရိပ် အောက်မှာ ကောင်းစားစေချင်တဲ့စိတ်နဲ့ ကျနော် တို့ ပြည်ထောင်စု သား အချင်းချင်း လက်တွဲစေလိုတဲ့ဆန္ဒ ကျနော်တို့မှာလဲ ရှိပါတယ်။
 
 

BROUK President Maung Tun Khin Interview with BBC World



BRUK President shares the knowledge of recent Burma's election and situation
of Rohingya people in Arakan, Burma

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၉)ရက် နေ့စွဲပါ ကြောညာချက်အား သဘောထား ကန့်ကွက်လွှာ

ပြသာနာ၏ မူလရင်းဇစ်မြစ်မှာ အယူဝါဒကျဉ်းမြောင်းသော
ရခိုင်အမျိုးသားရေးဝါဒီများ၏ သမိုင်းကြောင်း အမှန်ကို မသိချင်ယောင်ဆောင်
အမှန်တရားကို လက်မခံလိုစိတ်ကြောင့် ဟိုးရှေးပဝေသဏီကတည်းက အတူတကွ
လက်တွဲနေထိုင်လာခဲ့သော ရိုဟင်ဂျာလူမျိုးများအား ကြောက်စိတ်၊သံသယစိတ်ဖြင်
့ကြည့်ရှု မြင်ယောင်မိသောကြောင့်ဖြစ်သည်။
ဤနေရာတွင် Arakan ၏ မူလအစနှင့် ပတ်သက်၍ မငြင်းခုံလိုပါ…မည်သို့ပင် ဆိုစေ
ကမ္ဘာမြေကြီး၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။အမှန်တရားကို လက်ခံရန် ပါမောက္ခ
ပညာတက်ကြီးဖြစ်ရန်မလိုပါ။ ဗုဒ္ဓ၏ အဆုံးအမကို တစ်သွေမတိန်း
လိုက်နာသူ၊လူသားကောင်း တစ်ယောက်ဖြစ်လျှင် ဤအမှန်တရားကို လက်ခံရန်
ခက်ခဲမည်မဟုတ်ပါ။ုအချုပ်အားဖြင့် Arakan တွင် Rohingya လူမျိုးများ
ရခိုင်လူမျိုးများထက် ရာစုနှစ်များစွာ စော၍ ရှိနေသည်ကို
သက်သေပြနိုင်လျှင် လုံလောက်သည်။



Wednesday, March 28, 2012

ရိုဟင်ဂျာ ဘယ်သူလဲ ဘာလဲ

အခုဆောင်းပါးကို http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=714:2009-02-13-07-14-19&catid=14:2008-10-21-07-40-03&Itemid=25 ဒီလင့်က ရယူပါတယ်။

Friday, 13 February 2009 14:12 အောင်တင်
မြန်မာပြည်ရဲ့ နယ်စပ်တနံ တလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ ရှိနေပါတယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီဆူး၊ ပဒေါင်၊ ကရင်၊ မွန်၊ စသဖြင့် တိုင်းရင်းသားအသီး သီးသည် မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြသူများရှိသလို တဘက်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ လာအို၊ ယိုးဒယားနိုင်ငံတို့မှာ နေထိုင်ကြသူများလည်း ရှိပါတယ်။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို မိမိအခြေချနေထိုင်သောနိုင်ငံတွေမှာ ရရှိနေပါတယ်။ ရလဲရသင့်ပါတယ်။ ရပိုင်ခွင့်လဲ ရှိပါတယ်။

အဲဒီတိုင်းရင်းသားတွေလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများ ရှိ နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော် လည်း၊ မြန်မာနိုင်ငံဘက်မှာနေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်းသား(၁၄၃)မျိုးမှာ တရားဝင်အသိအမှတ်ပြုထားခဲ့ ပေမယ့် မဆလ ခေတ်ကစပြီး ယနေ့တိုင်စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။ ဘာကြောင့် ပါလဲ။

ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့တိုင်းရင်းသားစစ်စစ်တွေ ပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ တခြားဘယ်နိုင်ငံမှာမှ နေထိုင်သူများလည်း မဟုတ်ကြပါဘူး။ မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထားရပေမယ့် အခု န၀တ၊ နအဖလက်ထက်ကျမှ ဒီလောက်သမိုင်း စဉ်လာအရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတော့ ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်။ သေမလို့ဖြစ်နေရင်တောင် ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန်ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။



အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

နှင်းမိုးမိုးမှကူးယူဖေါ်ပြပါသည်။

လူ့အခွင့်ရေး နိဒါန်း

အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ၁၉၄၈ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ၊ စတင် အ သုံးပြုပြီး ၊ ထိုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့တွင်၊ ပြင်သစ်နိုင်ငံရှိ Palais de chaillot တွင် အတည်ပြုခဲ့သည် ၊ ကမ္ဘာ့ အံဘွယ်အခြင်းအရာများကိုရေးသားထားသည့် The Guinness book 0f Records စာအုပ်တွင် လူ့အခွင့် ရေးကျေညာစာတမ်းသည် ၊ ကမ္ဘာပေါ်တွင်အများဆုံးဘာ သာပြန် ဆိုထားရသည့် စာတမ်းတခုအဖြစ် အသိ မှတ်ပြုခံသည့်အထိ ကြီးကျယ်ခဲ့သောစာတမ်းတ ဆောင် ဖြစ်ပါသည် ၊ ထိုစာတမ်းကြီးတွင် ဒုတိယကမ္ဘာစစ်ပြီး သည့်နောက်ပိုင်း ကမ္ဘာတ၀ှမ်းမှ တောင်းဆိုခ သော လူသားတိုင်းသာတူညီမျှအခွင့်အရေးရရှိရန်ဟူသော အကြောင်းအရာအချက် လက်များကို အခြေခံပြီး ၊ နိုင်ငံတကာနှင့် ဆက်ဆံမှု ၊ ပြည်တွင်းလူ့အခွင့်အရေး အုတ်မြစ် ချနိုင်စေရန်ဥပဒေ နှင့်နိုင်ငံတိုင်းတွင်အခြေခံဥပဒေအဖြစ်ထည့်သွင်းမှီးငြမ်းရေးသားနိုင် ရန်ဟူသော အချက်တို့ ကို အခြေခံ၍ ဤအချက်၃၀ ရှိသောလူ့အခွင့်ရေးကျေညာစာတမ်းကို ကုသလမဂ္ဂအထွေထွေညီ လာခံ၏ တာဝန်ပေးချက်အရ ၊ John Peters Humphrey (ကနေဒါ) Rene Cassin(ပြင်သစ်) P. C. Chang (တရုတ်) Charles Malik (လက်ဘနွန်) Eleanor Roosevelt (အမေရိကန်),စသော ဥပဒေပညာရှင် များနှင့် အသိပညာ ရှင်အတတ်ပညာရှင်များက စုပေါင်းရေး သားပြုစုခဲ့ခြင်းဖြစ်သည်…။

ကျေညာချက်၏နိဒါန်းတွင်
PREAMBLE
Whereas recognition of the inherent dignity and of the equal and inalienable rights of all members of the human family is the foundation of freedom, justice and peace in the world,
Whereas disregard and contempt for human rights have resulted in barbarous acts which have outraged the conscience of mankind, and the advent of a world in which human beings shall enjoy freedom of speech and belief and freedom from fear and want has been proclaimed as the highest aspiration of the common people,
Whereas it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law,
Whereas it is essential to promote the development of friendly relations between nations,
Whereas the peoples of the United Nations have in the Charter reaffirmed their faith in fundamental human rights, in the dignity and worth of the human person and in the equal rights of men and women and have determined to promote social progress and better standards of life in larger freedom,
Whereas Member States have pledged themselves to achieve, in co-operation with the United Nations, the promotion of universal respect for and observance of human rights and fundamental freedoms,
Whereas a common understanding of these rights and freedoms is of the greatest importance for the full realization of this pledge,
Now, Therefore THE GENERAL ASSEMBLY proclaims THIS UNIVERSAL DECLARATION OF HUMAN RIGHTS as a common standard of achievement for all peoples and all nations, to the end that every individual and every organ of society, keeping this Declaration constantly in mind, shall strive by teaching and education to promote respect for these rights and freedoms and by progressive measures, national and international, to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction.


ကြေညာချက်နိဒါန်း
ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ ကုလသ မဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာ ပါ မည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထို ကြေညာ စာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်း လင်း ဖော်ပြစေရန် ဆောင်ရွက် ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိ အမှတ် ပြုခြင်း သည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ငြိမ်းချမ်းမှုတို့၏အခြေခံအုတ်မြစ်ဖြစ် သော ကြောင့် လည်းကောင်း၊ လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ် ပေါ်စေခဲ့သော ကြောင့်လည်း ကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက် မွေးနိုင် မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ် သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သော ကြောင့် လည်းကောင်း၊လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာလက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကိုဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီး စွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်း ကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့် အရေးများ ကိုလည် ကောင်း၊လေးစားယုံကြည်ပါသည်ဟုကုလသမဂ္ဂတွင် ထပ်မံ၍အတည်ပြုပြီး သည့်ပြင်၊ လူမှုကြီးပွား တိုး တက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့် တင်ရန် သန္နိ ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂ အဖွဲ့ နှင့်ပူပေါင်း၍ လူအခွင့်အရေး များကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့် အရေးများ ကိုလည်း ကောင်း၊ကမ္ဘာ့ တဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်း ကောင်း၊



ကျောက်ဖြူမြို့တွင် စစ်ကားတိုက်မိ၍ ရိုဟင်ဂျာ တဦးသေဆုံး


ကျောက်ဖြူ (ကုလားတန် သတင်း)။ ။ ကျောက်ဖြူမြို့တွင် စစ်တပ်မှ ဗိုလ်ကြီးတဦး မောင်းနှင်း လာသော ဂျစ်ကား တစီးသည် စက်ဘီးစီးလာသော ရိုဟင်ဂျာ လူငယ်တဦးအား မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ၀င်တိုက်မိကြောင်း ကျောက်ဖြူမြို့မှ လူကြီးတဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

စစ်တပ်မှ ဗိုလ်ကြီးတဦး မောင်းနှင်း လာသော ဂျစ်ကားမှာ ခြေမြန်တပ်ရင်း (ခလရ) ၃၄ မှ ဖြစ်ပြီး၊ စက်ဘီး စီး လာသော ရိုဟင်ဂျာ လူငယ် အား တိုက်မိပြီး၊ ၎င်း လူငယ်ကို ဂျစ်ကားတင်ပြီး ကျောက်ဖြူ မြို့နယ် ဆေးရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ဗိုလ်ကြီးသည် ရိုဟင်ဂျာ လူငယ်အား ဆေးရုံး အရေးပေါ်ဌာနသို့ပေးပို့ပြီး၊ ချက်ချင်းဆေးရုံးမှ ထွက်သွား သည့် အတွက် မည်သူ မည်ဝါ မသိရကြောင်း၊ လူနာကိုလည်း မသိရကြောင်း ဆေးရုံးမှ ၀န်တမ်းတဦး မှ ပြောပြသည်။

၎င်းလူငယ်မှာ ဘော်လုံးရပ်ကွက်နေ ဦးမုစ်တာမျာ ၏ သား နာဆိရ် (၂၁) နှစ် ဖြစ်ကြောင်း၊ အခင်းဖြစ်ပွါးရာ နေရာမှ ပြည်သူများ၏ သတင်းပေးပို့ချက် အရ မိသားစုမှ လာရောက်သတင်းမေးမြန်းခြင်းမှ သိရကြောင်း ၎င်း ၀န်တမ်းကပင် ပြောပြသည်။

နာဆိရ်သည် ဆေးရုံးတွင် ည ၉နာရီ အချိန်မှာ ကားတိုက်မှုမှ ရရှိသော ဦးခေါင်း ဒဏ်ရာဖြင့် သေဆုံး သွား ကြောင်း သိရသည်။

ခလရ ၃၄ မှ မည်သည်စုံးစမ်းခြင်း၊ လူနာအား လာရောက် ကြည်ရှုခြင်း၊ မိသားစုများအား လာရောက် အားပေးခြင်း များ မပြုလုပ်ခဲ့ကြောင်း၊ မည်သူ တိုက်သည့်ကို ယခုချိန်ထိ မသိရကြောင်း မိသားစုဝင် တဦးက ပြောပြသည်။

မောင်တောတွင် ဆရာဝန်ပေးသည့်ဆေးကြောင်း ရိုဟင်ဂျာ တဦးသေဆုံး


မောင်တော (ကုလားတန် သတင်း)။ ။ မောင်တောမြို့နယ် ဆေးရုံး၏ ခွဲစိတ်ဆရာဝန်၏ ပြင်ပ ဆေးခန်းတွင်ဗိုက်နာ သဖြင့် ဆေးကုသ ခဲ့သည့် ရိုဟင်ဂျာ ကားဒါရိုက်ဘာ တဦးမှာ ဆရာဝန် ဆေးညွန်အတိုင်း ၀ယ်သောက်ပြီး၊ နာရီဝက်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ဒေါက်တာ ကျော်မိုးအောင် သည် မောင်တော မြို့နယ် ဆေးရုံးတွင် ခွဲစိတ်ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဆေးရုံးပြင်ပတွင်လည်း ဆေးခန်းဖွင့်ပြီး အပိုဝင်ငွေရှာဖွေနေကြောင်း၊ လူနာတဦးအား ဆေးစစ်ဆေးလျှင် အနည်းဆုံး ၂၀၀၀ ကျပ် မှ အများဆုံး ၁၀၀၀၀ကျပ်ထိ ယူလေ့ရှိကြောင်း သိရသည်။

ဇီယာဘုလ်ရော်မန် သည် ကားမောင်း ဒါရိုက်ဘာ တဦးဖြစ်ပြီး၊ မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဗိုက်နာနေသဖြင့် ဒေါက်တာ ကျော်မိုးအောင်၏ အပြင်ဆေးခန်းတွင် ပြသခဲ့ရာ ဆရာဝန်မှ ဆေးစစ်ဆေးပြီး ဆေးညွှန်းစာရေးပေးကြောင်း နှင့် ဆေးသောက်ပြီး အနားယူရန်လည်း ညွှန်းကြားခဲ့ကြောင်းသိရသည်။



Tuesday, March 27, 2012

တချိန်ကရိုဟင်ဂျာအပါဝင် တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးနှင့် နိုင်ငံခြားသား(၂၆)မျိုးရှိခဲ့

တစ်ချိန်ကရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး
( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

အမှာစကား
လူတိုင်းတိုင်းသည်နိုင်ငံချစ်စိတ်ထားရှိရမည်။မိမိလူမျိုးကိုချစ်မြတ်နိုးသည်ဆိုပြီး လူမျိုးကို ခုတုံး လုပ်ပြီး တိုင်းပြည်မငြိမ် မသက်ပြု လုပ် သူသည် နိုင်ငံတော်သစ္စဖေါက်ဖြစ် သည်။ တိုင်း ပြည် တည်ငြိမ် အောင်၊ အန္တရယ် မ ရောက် စေရန်အကာအကွယ်ပေး ရန်နိုင်ငံသား တိုင်း တွင် တာဝန်ရှိသည်။ သမိုင်း အမှန်ကိုဖုံးကွယ်ပြီး လူမျိုးရေး ပုတ်ခတ် ပြော ဆို ကာဝါဒဖြန့်ချီခြင်း၊ ၀ပ်ဆိုဒ်အသီသီး မဟုတ် မမှန် လုပ်ကြံပြောဆို ရေးသားခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း စိတ် ၀မ်း ကွဲအောင်ဖန်တီးပြီး လူမျိုးရေး အဓိကရုဏ်းဖြစ် အောင် ဖန်တီး သူများ သည် နိုင်ငံတော် သစ္စဖေါက်များဖြစ် သည်။ တိုင်းချစ်စိတ်၊ နိုင်ငံချစ်စိတ်မရှိသူဖြစ်သည်။ဝပ် ဆိုဒ် အသီးသီး တွင် ရိုဟင်ဂျာ လူမျိုးနှင့်ပါတ်သက်၍ သမိုင်း အမှန်က ဖုံးကွယ်ပြီးမဟုတ်မမှန် လီဆယ် ရေး သားကာ တိုင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲအောင် လုပ်ပြီး လူမျိုးရေးပဋိပက္ခ ကုလားရခိုင် အဓိကရုဏ်းဖြစ်အောင် ပြသနာ ဖန်တီး နေခြင်းဖြစ်သည်။
ထို့ကြောင့်နိုင်ငံတော်ကချမှတ်သော မူဝါဒမှာ —
တို့တာဝန်အရေးသုံးပါး
ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး
အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး
ပြည်သူ့သဘောထား ()ခုအနက် ၂ ခု ဖြစ်သော
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက်ရေးကိုနှောက်ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။
ပြည်တွင်းပြည်ပအဖျက်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။
ထို့ကြောင်း ရိုဟင်ဂျာကိစ္စကိုအကြောင်းပြပြီး နိုင်ငံတော် ၏စည်းလုံးညီညွတ်မှုကို ပျက် ပြားသွားစေရန် လုပ်ကြံဖန် တီးနေသဖြင့် သမိုင်း ပညာရှင် များက ရိုဟင်ဂျာလူမျိုးနှင့်ပါတ် သက် ၍ မည်ကဲ့ သို့ရေး သား ဖေါ်ပြထား သည် ကို တိုင်းရင်း သား အားလုံးက သိရှိစေရန် နိုင်ငံတော် အပေါ် စေတနာမေတ္တာရှေ့ ထားပြီး အခုလို ရိုဟင်ဂျာအကြောင်းကို သမိုင်းအထောက် အ ထားနှင့် တကွ ရေးသား တင်ပြခြင်းဖြစ် ပါ သည်။ဝပ်ဆိုဒ်အသီးသီး`၌မဟုတ် မမှန်ရေး သားပြီးသွေး ထိုးလှုံ့ဆော် သူမှာဘင်္ဂလားဒေရှ်ဘက်မှာခိုးဝင် နေထိုင်သော အနောက်သား ဗုဒ္ဓဘာသာ ရခိုင် လူမျိုးများဖြစ် သည်။ ရခိုင်ပြည်အတွင်း ဘင်္ဂလားဒေရှ်ဘက် မှာခိုးဝင်နေ ထိုင်သော အနောက် သား ဗုဒ္ဓဘာသာ ရခိုင် လူမျိုး မှာ အနည်းဆုံးခန်းမှန်းခြေ ၃၅ % ခန့်ရှိ မည်ဖြစ်သည်။
ရခိုင်ပြည်တွင် ဘင်္ဂလားဒေရှ်မှနိုင်ငံခြားသား ရခိုင်လူမျိုးများ ၀င်ရောက်နေ ထိုင် အ ထောက် အထား တစ်ခု တင်ပြရလျှင် ယခင်ပြည်နယ် ပြည်သူ့ကောင်စီကောင်ဥက္ကဌ ဖြစ် ခဲ့သူ ဗိုလ်မှူးကျော် မောင် သည် မြန်မာနိုင်ငံ ဖွါးမြန်မာ နိုင်ငံသား မဟုတ်ကြောင်း တိုင်ကြား ခံရပြီး နောက် ပြည်နယ်ပြည် သူ့ကောင်စီဥက္ကဌရာထူးမှ ဖြုတ်ချခဲ့သည်ကို ထောက်ရှူ လျှင် ရခိုင် ပြည်တွင်အနောက်သားရခိုင် လူမျိုး မည်မျှဝင်ရောက်နေထိုင်ကြောင်းခန်းမှန်းနိုင် သည်။ ထိုအနောက်သားရခိုင်းသားများ ကို လ၀က ရုံးတွင် စာ ရင်းသွင်းပေး၊သန်းကောင်စာရင်းများပြု လုပ်ပေးပြီး ဒေသခံ ဖြစ် အောင် လုပ်ပေး သော်လည်း ၎င်းတို့၏ မူရင်းအမည်စာရင်းမှာ(လ၀က) ရုံးချုပ် တွင်လုံ့ဝမရှိနိုင်ကြောင်း ၊ နိုင်ငံ တော် အစိုးရက ထိုကဲ့ ခိုးဝင် လာသော ရခိုင်သား များ ကိုဖေါ်ထုတ်အရေးယူမှသာလျှင် တိုင်း ရင်းသား အချင်း ချင်း ကြားတွင် သွေးထိုး မှု၊ လုပ်ကြံလီ ဆယ်မှု၊ စိတ်ဝမ်းကွဲပြု လုပ်မှုများ လျော့ပါးသွား မည်ဖြစ် သည်။
ထို့ကြောင်းတိုင်းရင်းသားအားလုံးက ရိုဟင်ဂျာသမိုင်းအမှန်ကိုသိရှိနားလည်ပြီး အနာဂါတ် စည်းလုံး ညီညွတ် မှု မပြိုကွဲ ဘဲ အေးချမ်းစွာနေထိုင်နိုင်ရန်နှင့် အနောက် သားရခိုင် လူမျိုး များက ပွဲလန့်အောင် လုပ်ပြီးဖျာ ခင်း နိုင် ရန်ကြိုးစာ;ခြင်းကိုတားဆီးနိုင် အတွက် တာဝန် သိပြည် သူ တစ် ယောက် အနေဖြင့် အပြု သဘောဖြင့် ရိုဟင်ဂျာ သမိုင်း အထောက် များကို ရှာဖွေစုစည်း တင်ပြပါ
ကြောင်းလေးစားစွာအသိပေးပါသည်။



လူသားဖြစ်တည်ခွင့် ငြင်းပယ်ခံနေရသော ရိုဟင်ဂျာတို့၏ နောက်ဆုံးခရီး ပုံရိပ်များ

                                             
                          
(၁)
  ၁၉၄၂ ပြည့်နှစ် ကမ္ဘာ့ ဒုတိယစစ်ပွဲအတွင်း ရခိုင် ရိုဟင်ဂျာ အဓိကရုဏ်၌
အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရသောရိုဟင်ဂျာ့ ကလေးငယ်များ
မြင်ကွင်းတစ်ခုပုံ











                                                    (၂)
မြန်မာစစ်အစိုးရရဲ့  လူမဆန်းစွာ တားဆီး ပိတ်ပင် ညဉ်းပန်း နှိပ်စက်မှုကြောင့် ထွက်ပေါက်
မဲ့နေတဲ့ ရိုဟင်ဂျာလူထုများအား ရခိုင်ပြည်နယ်မှ တာဝန်ကျ နယ်စပ်ဒေသ ကွပ်ကဲရေး
န.စ.က မှ အတင်းအဓမ္မ ငွေညှစ်ယူ၍ ပြည်ပသို့ နှင်လွှတ်နေခြင်းကြောင့် ပင်လယ်ပြင်၌
ရက်ရက်က်စက် အသက်ကို စတေးခံခဲ့ရသူများနှင့် လူသားအဖြစ်မှ ငြင်းပယ်ခံရသူ ရိုဟင်ဂျာများ။


                                                       

                    
(၃)
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူထု အပေါ်ကျင့်သုံးနေတဲ့ မြန်မာစစ်အစိုးရ၏
ဖြတ် (၁၀၀)ဖြတ် စီးမံချက်ကြောင့် ရခိုင်ပြည်နယ်မှ အာဏာပိုင်တို့၏ ပယောဂ
ကြောင့် ရေလမ်းခရီးမှ ပြည်ပနိုင်ငံသို့ လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာတို့
၏နေစဉ်ဘဝ ပုံရိပ်များ။                  
ပညာရေးဖြတ်တောက်ခံရခြင်း၊စီးပွားရေးဖြတ်တောက်ခံရခြင်း၊အိမ်ထောင်ပြုခြင်း
အား စနစ်တကျ တားဆီးပိတ်ပင်ခံရခြင်း၊ကိုယ်ပိုင် အိုးအိမ် ခြံမြေများ အဓမ္မ
လုယူခံရခြင်း၊ဥပဒေရဲ့  စောင့်ရှောက်ကာကွယ်မှုရယူခြင်းအားဖြတ်တောာက်ခံရခြင်းနှင့်
လူသားဖြစ်ခြင်းကို ဆန့်ကျင်ခံနေရခြင်း စသည့်မျိုးစုံသော လူ့အခွင့်အရေးများ
မရှိတော့တဲ့ ရိုဟင်ဂျာတို့ရဲ့ နောက်ဆုံးခရီး ပုံရိပ်များ။






ဒေါက်တာအေးချမ်းနှင့်အပေါင်းပါများသို့

by ကိုကိုလင်း (ရန်ကုန် တက္ကသိုလ်)

လူကြီးမင်း ဒေါက်တာအေးချမ်း တို့က ရိုဟင်ဂျာဆန့်ကျင်ရေးဆိုရင် မောတောင် မမော နိုင်ပါဘူး။ မောရင်တောင် အမောလေးဖြေဖို့ မအားနိုင်ပါဘူး။ အားနဲ့မာန်နဲ့ ဇွဲကောင်းကောင်း ရေးနေပြီဟယ့်။ ရေးတော့လဲ ဟုတ်တာတွေရော့၊ မဟုတ်တာ တွေရော့ အငမ်းမရ ရေတော့ တာပါဘဲ။ သမိုင်းပညာရှင် ဖြစ်လို့ သူရေးတိုင်းသမိုင်းဖြစ်တယ်လို့ အယူဝင် စားနေတော့ သာ မန်ကုသရ ခက်ပါတယ်ခင်ဗျား။
အခုလဲကြည့်ပါအုံး၊ ဘာလဲ-သူရေးတာ – ရိုဟင်ဂျာဆိုတာကို သူကအသိအမှတ်မပြုပါဘူးးတဲ့ ခင်ဗျား။ ဒေါက်တာ အေး ချမ်း ခင်ဗျားကို ဘယ်သူဘာလဲဆိုတာ ထောက်ခံချက်ပေဖို့၊ အသိ အမှတ်ပြုပေးဖို့ အခွင့်အာဏာ ဘယ်သူကပေး တာလဲ၊ မသိလို့ ပါ။ ပြောရင်တော့ ငါ့စကား ငါနွားရ ဖြစ်လေမလား။


ပြီးယင် လူမျိုးကြီး (၈)မျိုးနဲ့ မြန်မာနိုင်ငံဆိုတာ ဘယ်လိုသဘောပေါက်ရမလဲဗျာ။ သမိုင်းမှာ အဲဒီအတိုင်းမဟုတ်ခဲ့တော့ ခင်ဗျားတို့တတွေ ရခိုင်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရတာ နစ်ဘယ် လောက်ကြာခဲ့ပြီဆိုပြီး ၀မ်းနဲမှုအခမ်းအနားတွေ ကျင်းပ နေတာတို့၊ လွတ် လပ်ရေးသာ ပထမ၊ လွတ်လပ်ရေးသာ ဒုတိယ၊ လွတ်လပ်ရေးသာ တတိယ၊ အချုပ်အချာပိုင် ရခိုင်နိုင် ငံတော် ဆိုပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနဲ့အတူ တိုက်ပွဲတွေဆင်နွှဲလာတာ ခင်ဗျားလဲ ရန်ပုံ ငွေ တွေ ပေေးနကျမ ဟုတ်ဘူးလား။ ရိုဟင်ဂျာနဲ့မှ နအဖ ရဲ့ မြန်မာတိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုးအကြောင်း ဘာလို့ထည့်ပြောနေရပါလိမ့်။
ရှင်းရှင်းလေးပြောရရင် ဘယ်ပြည်နယ်မှ ဗမာနိုင်ငံမဟုတ်ခဲ့ပါဘူး။ ဗမာဘုရင်တွေက သိမ်း ယူခဲ့တာမဟုတ်လား။ အဲဒီနိုင် ငံတွေမှာ လူမျိုးတစ်မျိုးတည်းမက ရှိခဲ့ပါတယ်။ ဒီနေ့ (၈) ပြည်နယ်နဲ့ လူမျိုးကြီး (၈) မျိုးကို လက်ခံတယ်ဆိုရင် အရှိတ ရားကို လက်ခ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အဲလိုအရှိတရားကို လက်ခံတယ်ဆိုရင် သမိုင်းကိုထည့်စဉ်းစားစရာ လို သေးသလား။ လိုက်နာ တယ်ဆိုရင် တဖက်တည်းကို မျှမျှတတရှိအောင်လိုက်ပါ။ မိမိလိုရာ ရောက်ဖို့ နအဖ တစ်ပိုင်း၊ သမိုင်းတစ်ပိုင်း မလုပ်ကောင်းပါဘူးလေ။
ခင်ဗျားတို့ရဲ့အာစရိ မဆလ၊ န၀တ၊ နအဖ အစရှိတဲ့ စစ်အစိုးရကလဲ ပြည်နယ်တွေ ခွဲထွက် ရေးပြဿနာ နောက်ကြောင်း အေးပြီး၊ နောင်အတွက်လဲ စိတ်ချလက်ချ ရှိနေနိုင်ရန် ပြည်နယ် တွေမှာ သွေးနောခြင်း၊ ဗမာဦးရေတိုးပွားအောင်လုပ်ခြင်း အစရှိတာတွေ စီမံကိန်းချပြီး လုပ်နေ တာ၊ အဲဒီမှာ ရိုဟင်ဂျာတွေက သွေးခွဲအုပ်ချုပ်ရေးရဲ့ သားကောင်ဖြစ်နေတာဘဲ။ အခုလဲ ခင်ဗျားတို့က ရိုဟင်ဂျာတွေနောက် တကောက်ကောက်လိုက်သာနေပျော်တယ်၊ ဗမာကလေး တွေရဲ့ အမေမဖြစ် တဲ့ ရခိုင်အမျိုးသမီးလေးတွေ ဘယ်လောက်များ ကျန်နေသေးပါလိမ့်။ သံတွဲ အထက်ပိုင်းဆို ပြောတဲ့ဘာသာစကား တောင် ဗမာတွေ ဖြစ်ကုန်နေပြီလေ။



ဒေါက်တာအေးချမ်းနှင့်အပေါင်းပါအတွက်ရှင်းလင်းချက်

 by  သုတေသီ ဦးကျော်ခင် (ရန်ကုန်)

တလွဲတချော် တင်ပြ ရေးသားလာသော သမိုင်း မြုပ်ကွက်များကို နဂို မူလ ဖြစ်ရပ် မှန် အတိုင်း ဒေါက်တာ အေးချမ်းနှင့် အပေါင်းအပါများ၏ ဆောင်းပါးများအတွက် ရှင်းလင်း တင်ပြခြင်း ရခိုင်ပြည်နယ် သမိုင်းကို အနီးကပ် လေ့လာသူ တစ်ဦးအအနေဖြင့် စာအုပ်စာပေများ ရှာဖွေ စုဆောင်းဖတ်ရှုလေ့ရှိရာ ဇော်မင်းထွဋ် ဆိုသူက ၂၀ဝ၁ ခုနှစ်မှာ ဂျပန်ပြည်တွင် ထုတ်ဝေသော “ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသား ရိုဟင်ဂျာများ” ဟုဆိုသော စာအုပ်ကို လည်း လေ့လာ ဖတ်ရှု့ခွင့်ရခဲ့ပါ သည်။ထိုစာအုပ် ကို အထပ် ထပ်အခါခါ ဖတ်ရှု့ရာ ဆက်စပ်မှု မှန်ကန်ပြီး ကိုးကား ချက်ပြည့်စုံကြောင်းနှင့် အထောက် အထား ခိုင်လုံကြောင်း တွေ့ ရှိရပါသည်။ တချို့သော အချက်အလက်များမှာမူ ကျွန်ုပ်တို့ အစဉ်အလာအရ ကြားသိ လာရသော သမိုင်း အယူအဆ၊အမြင်နှင့် ကွဲလွဲနေရာ ယင်းတို့သည် ကျွန်ုပ်တို့ ရခိုင် အမျိုးသား တချို့အား ဧကန်မုချစိတ်မကောင်း ဖြစ်စေမည်။ ရခိုင်အမျိုးသား သမိုင်းဆရာ တစ်ချို့ အနေနှင့် ရာစုနှစ် နှင့်ချီ၍ ဖုံးအုပ်ထားသော၊ ထွက် ပေါ်လာအောင်၊ မြင်သာလာအောင်၊ ဇော်မင်း ထွဋ်၏ စအုပ်က ဖေါ်ဆောင်နိုင်သဖြင့် မကျေနပ်သော အစုအဝေး ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ဇော်မင်းထွဋ်က ရခိုင်ပြည်တွင် အေဒီ(၁၀)ရာစုနှစ် မတိုင်ခင် ပေါ်ပေါက်ခဲ့သော၊ ဓညဝတီ၊ နှင့်ဝေသာလီ (DannayaVati and Vesali) ပဒေသရာဇ် နိုင်ငံများသည် အိန္ဒိယံ လူမျိုး များ၏ မင်း နိုင်ငံများဖြစ်သည်။ ပြည်သူများသည်လည်း အရှေ့ဘင်္ဂလားနေ ပြည်သူများ နှင့် တူညီသည်။ အေဒီ (၉) ရာစုနောက်ပိုင်းမှ အရှေ့ဘက်မှ တိဘက် မြန်မာ အုပ်စု တစ်စု တစ်သုတ်ပြီး တသုတ် ဝင်လာခြင်း ဖြင့် (၁၁)ရာစု အစပိုင်းလောက်တွင် ဝေသာလီနိုင်ငံ ပျက်သုဉ်းပြီး မြန်မာ အုပ်စု ကြီးစိုးသော လေးမျိုး ခေတ် ဟူ၍ပေါ်ပေါက်လာသည်။ (၁၀) ရာစု ကုန်ခါနီးတွင် ရခိုင်ပြည်တွင် နိုင်ငံရေး ယဉ်ကျေးမှု အပြေင်းအလဲ တစ်ခုအရှိန်အဟုန် နှင့် ဖြစ်ပေါ်ခဲ့သည်



Monday, March 26, 2012

ခရစ်သက္ကရာဇ် (၁၈၂၃) ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ၌ ပင်ရင်းနိုင်ငံအဖြစ် နေထိုင်ကြခဲ့သော မြန်မာမွတ်ဆလင်များ

ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ပင်ရင်းနှိုင်ငံအဖြစ်
နေထိုင်ကြခဲ့သောမြန်မာမွတ်ဆလင်များ
အချက်အလက်ပေါင်း (၁၀၀) – ပါရှိသည်။
(1 ) — ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေး ဟောင်း သုတေသန ကျောက် စာလိုက်စားသူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည် ရှိခဲ့ဘူးသော ဓညဝတီမြို့ ဟောင်း ၏ အ ရှေ့ မြောက်ဖက်တွင်တည် ရှိကြောင်း ထိုမြို့တော် ၏မြို့ရိုး ဟောင်း များကို ယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ ရိုး ကို အေဒီ ၁ ရာစုထက် စော ၍တည်ထောင် ခဲ့သောအိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်း စသည် တို့ကိုကျောက်စာအထောက် အထားများ အကိုး အကား များ စွာဖြင့်ပြကြ သည်။ Ref: (ဦးလှဒင်မြန်မာ ဘာာပြန် ဆို သောရတနာရွှေမြေစာအုပ်စာမျက်နှာ၂၅၀)
( 2 ) — မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း ကလည်း အ ဆန်း မဟုတ်ပေ။ ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျသည်ကုလားပြည်မှ ကုလား ဘုရင်နှင့်တကွ သုံ့ပန်းတို့ကို ဖမ်းဆီး ခဲ့ရာတွင် ကုလား (၁၀၀၀၀) ကို ဆင်စာမြင်း စာရိတ် အစု၊ကုလား(၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ ကုလား (၁၀၀၀) ကိုလယ်လုပ်၊ ကုလား(၁၀၀၀၀) ကိုဟင်းသီးဟင်ရွက်၊ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့ အစု ကုလား (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော်များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ ကုလား (၂၀၀၀) လေးကိုင်းစစ်သည်၊ကုလား (၁၀၀၀) ရက်ကန်းရက် ၊ကုလား (၁၀၀၀) ယာဉ်ထမ်း၊ ကုလား(၁၀၀၀) ဆားချက်၊ ကုလား (၁၀၀၀)မြို့ တွင်းမြို့ပြင်အမှိုက်ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း (၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည်ဟုရေးသားဖေါ်ပြ ထားသည်။ Ref: (စာ ၂၅၇-၂၅၈)(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီ သစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။)



Sunday, March 25, 2012

Rohingyalish (ရိုဟင်ဂျာ ဘာသာစကားနှင့်စာပေ)

 ရိုဟင်ဂျာတို့သုံးသော ဘာသာစကားကို Rohingya zuban (ဇူဘန်(န်) ဟု ခေါ်၍ ရိုဟင်ဂျာတို့
သုံးသော စာပေကို Rohingyalish (ရိုဟင်ဂျာလိရှ်)ဟု ခေါ်ကြပါသည်။ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံသားအခြားသော လူနည်းစု တိုင်းရင်းသားများ ကဲ့သို့ မိမိတို့ ရိုဟင်ဂျာ့ ဘာသာစကား၊
 စာပေ ယဉ်ကျေးမှုနှင့်ဓလေ့ ရိုးရာများအား ထုတ်ဖေါ်ပြသခွင့်များကို စစ်အစိုးရ အဆက်ဆက်က နည်းမျိုးစုံသုံး တားဆီး ပိတ်ပင်ခဲ့မှုကြောင့် မြန်မာလူထုကြား ရိုဟင်ဂျာလူမျိုးဟူ၍ မသိခဲ့ခြင်းဖြစ်ပါ
တယ်။ တနိုင်ငံတည် အတူယဉ်တွဲ နေထိုင်နေသူ တိုင်းရင်းသားအချင်းချင်း လူမျိုးတစ်စုကိုနောက်
လူမျိုး တစ်စုက မသိတာတွေ မြန်မာနိုင်ငံမှာဒုနဲ့ဒေရှိနေပါတယ်။ အဲလို လူမသိသေးတဲ့ မြန်မာလူမျိုး
စုများကြားထဲက လူမျိုးတစ်စုဆိုရင်လည်း မှားမယ်မထင်ပါဘူး။

 ခွဲခြားဆက်ဆံမှုမျိုးစုံနှင့် အကြောက်တရားမျိုးစုံကြားမှ ဘဝကို လိပ်တကောင်ကဲ့သို့ တရွေ့ရွေ့
သွားနေရပြီ မြက်ခင်းတစ်ခင်းလို အနင်းမခံရအောင် ရှောင်ရင်း တိမ်းရင်းနဲ့ ဘဝကို ခတ်ခဲ ကြမ်းတမ်း
စွာ ဖြတ်သန်းကြီးပြင်းနေရတဲ့  မိမိတို့ ရိုဟင်ဂျာတို့ ဘဝကို တကယ်နာလည်ပေးနိုင်မယ့် လူဆိုလို မြန်မာနိုင်ငံရဲ့  နယ်စပ် ဒေသတစ်လျှောက်မှာ စစ်ဘေးဒဏ်ကြောင့် ပြေးလွှာ တိမ်းရှောင်ရင်း မိမိတို့ ရိုဟင်ဂျာတို့ ဘဝများနဲ့မခြားလှသော တိုင်းရင်းသား လူနည်းစုများသာ မိမိတို့ အခတ်ခဲများကို စာနာ နာလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရိုဟင်ဂျာတို့ ပြောဆိုသုံးနှုန်းသော ဘာသာစကားနှင့် စာပေများအား မြန်မာနိုင်ငံသား တိုင်းရင်းသား
လူနည်းစုများနဲ့ ရင်နှီးစေချင်တဲ့ ဆန္ဒဖြင့် ရိုဟင်ဂျာ ဖတ်စာအုပ် တစ်အုပ်ကို အောက်မှာ ပေးထားပါ
တယ်။အချိန်ရရင် လေ့လာသွားဖို့ တိုက်တွန်းပါရစေ။ ဒါကလည် လူမျိုးတစ်စုရဲ့  စာပေကို အခြားလူမျိုး တစ်စုက လေ့လာတဲ့သဘော တင်ပြပေးခြင်းသာဖြစ်ပါတယ်။

                                              ရိုဟင်ဂျာ စာအုပ်ကို ဖတ်ရန် ဒီမှာကလစ်ပါ     







ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ဇီးကုန်းကျေးရွာမှ ရိုဟင်ဂျာ လူမျိုးများအား မတရားဖမ်းဆီး နှိပ်စက်နေခြင်း



 

မြန်မာ မူစလင်သည် ဘင်္ဂါလီမဟုတ်ပါ အပိုင်(၂)



မြန်မာမူဆလင်သည် ဘင်္ဂါလီမဟုတ်ပါ (၂)
(၉) အလောင်းမင်းတရားလက်ထက် အောက်ပြည်အောက်ရွာသို့ ချီတက်တိုက်ခိုက်ရာတွင် မွန်စစ် သူကြီး တလပန်း နှင့်ပြည်မြို့ အနီး တိုက်ခဲ့ရသည်။ မွန်တို့ဖတ်မှ ပသီကုလား ၊ ပန်းသေး တို့က မြောက် စိန်ပြောင်း နှင့်လှမ်းကာပစ်လွှတ် လေလျှင် ရဲမတ်တော် အပေါင်းတို့ ထိပါးသေဆုံးသည်ကား မရေ တွက်နိုင်အောင်ရှိ၏။
(လက်ဝဲအနော်ရထာ၊ အလောင်းဘုရား အရေးတော်ပုံမှတ်တမ်းများ ၊စာ -၇၀)
အလောင်းမင်းတရား ရန်ကုန်ကိုအောင်နိုင် သောအခါ မွန်တို့ဘက်မှ အလောင်းမင်းတရားကြီး ကို သစ္စာခံကြသည်။ထိုသစ္စာ ခံ တပ်များထဲတွင် တစ်ကျွန်းသား ပသီကုလား သင်္ဘောသူဌေး (၄)ဦးတို့လည်း ရွှေရက် ငွေရက် အုပ်မျိုးထည်မျိုး သေနက်လက်နက် လက်ဆောင်တောများ ဆက်သ၍ သင်္ဘော၎စင်းနှင့် တကွ အမှုတော်ကိုထမ်းပါမည် ဟု ခြေတော်ရင်း ခိုဝင်လာ၏။
(အလောင်းဘုရားအရေးတော်ပုံ မှတ်တမ်း စာ ၇၇)
ဆက်လက်တိုက်ပွဲဝင်ရန် လူမျိုးပေါင်းစုံထဲမှ သင့်တော်သူများကို သွေးသောက်ကြီးများအဖြစ် လိုက်ပါစေခဲ့၏။



မြန်မာ မူစလင် ဘင်္ဂါလီ မဟုတ်ပါ အပိုင် (၁)

မြန်မာမူဆလင်သည် ဘင်္ဂါလီ မဟုတ်ပါ (၁)
သြဂုတ်လ ၂၉ရက်နေ့ ပထမအကြိမ် အမျိုးသားလွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဇာယာဒ် ရော်မ (ခ) ဦးဌေးဝင်း ၏မေးခွန်းကို
“မြန်မာ မွတ်စလင် ဟု သုံးနှုံးသွား သူများသည် ရခိုင်ပြည်နယ် ၊မောင်းတော ဒေသအတွင်းမှာ နေထိုင်ကြသည့် ဘင်္ဂါလီ လူမျိုးများကို ရည်ညွန်းပြော ဆိုခြင်းဟု ယူဆ ပါကြောင်း..”
ဟု ဖြေကြားချက်ကို ကြားမိ၍ မြန်မာမွတ်စလင် ဟူသည်မည်သူများနည်းဟု ဆိုသည်ကို သမိုင်း အထောက် အထား များရှာဖွေ ၍ ပြည်သူ ထဲမှ ပြည်သူ တစ်ဦး က ပြည်သူ့အသံဖြင့် တင်ပြ လိုပါသည်။
အစ္စလာမ်၊ မွတ်ဆလင်မ်၊ မဟာမေဒင်
“ အစ္စလာမ်”ဟုသည် အရဘီစကား ဖြစ်ပါသည်။ “ငြိမ်းချမ်းစေခြင်း၊ အမိန့်နာခံခြင်း”ဟု အဓိပ္ပါယ်ရပါသည်။ (အလ်-ဖရာအိဒ် အရဗီ-အင်္ဂလိပ် အဘီဓါန် ၊ဘေရွက်မြို့ထုတ်)
“မွတ်ဆလင်မ် ”ဟူသည်အရဘီသာသာစကားဖြစ်သည်။ “ငြိမ်းချမ်းစေသူ၊ အမိန့်နာခံသူ ” ဟု အဓိပ္ပါယ်ရပါသည် ။ (အထက်ပါ အဘိဓါန်)
လက်တွေ့အသုံးချတွင် အစ္စလာမ် ဟူသည် ဘာသာတရားတစ်ခုဖြစ်၍ ယင်းဘာသာတရားကို သက်ဝင်ယုံကြည်သူ မည်သူကိုမဆို မွတ်ဆလင်မ် ဟု ခေါ်ပါသည်။ ထို့ကြောင့် “မွတ်ဆလင်မ် ” ဟူသည်မှာ “အစ္စလာမ်” ဘာသတရားကိုကိုးကွယ် သူမည်သည့်လူမျိုးမဆိုခေါ်ပြီးလူမျိုးတစ်မျိုး ၏ အမည်မဟုတ်ပါ။
“မဟာမေဒင်” ဟူသည် ဗြိတိသျှနယ်ချဲ့တို့ က ခရစ်တော် ၏သာသနာ “ခရစ်ယာန်” ဟုခေါ်သကဲ့သို့ အစ္စလာမ် ဘာသာ၏ ခေါင်းဆောင်ကြီး “တမန်တော် မုဟမ္မဒ်” ကိုအစွဲပြု၍ “မဟာမေဒင်” ဘာသာတရားဟု မှားယွင်းစွာ အမည်ပေးထားခြင်းဖြစ်သည်။ (ဗြိတိသျှတို့သည် မြန်မာ ကိုဘားမား ၊ ရန်ကုန်ကို ရဲန်ဂူးန် ဟု မှားယွင်းစွာ အမည်ပေးသကဲ့သို့ ဖြစ်ပါသည်။ ) (စာရေးသူ၏ ဥပဒေဘွဲ့စာတမ်း)



၁၁ ရာစုမှ ၁၉၆၂ အထိ မြန်မာ့ မွတ်စလင် သမိုင်းစာအုပ်

ဂျေရုစလင် ရွှေမြို့ တော်ရှိ ဟီဗရူး တက္ကသိုလ်၌ ပညာဆည်းပူးခဲ့သော အစ္စရေး အမျိုးသားကြီး မိုးရှေးယေဂရ်ဆိုသူသည်။ ၁၉၆၀ ပြည့်နှစ် ဇွန်လအတွင်းက ရန်ကုန်မြို့ ရှိ အစ္စရေးသံရုံးတွင်
သံအမတ်ကြီး ဒုတိယ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိခိုက် သူ၏ မဟာဝိဇ္ဇာဘွဲ့ အတွက် မြန်မာနိုင်ငံမှ မွတ်စလင်များ
(The muslims of Burma) အကြောင်း ကျမ်းပြုစုတင်သွင်းရန် စီစဉ်လုပ်ဆောင် သုတေသန ပြုသွားခဲ့ပါသည်။ဤကျမ်းတွင် ၁၁ ရာစုမှသည် ၁၉၆၂ခုနှစ် အထိ မြန်မာ့မြေမှ မွတ်စလင်များ အကြောင်းကို သုတေသနပြုတင်ပြထားပါသည်။

အပြည့်စုံ ဖတ်ရန်

ရိုဟင်ဂျာများ သေရေးရှင်ရေး အကြပ်အတည်း နှင့် ကြုံနေဟု CSW ကပြော

 

နယူးဒေလီ။ ။ ရက်စက် ကြမ်းကြုတ်လှသည့် မြန်မာစစ်အစိုးရ လက်အောက်မှ ထွက်ပြေး လွတ်မြောက် လာခဲ့သော်လည်း ရာနှင့်ချီသော လူနည်းစု မြန်မာမူဆလင်များသည် ဘင်္ဂလာဒေ့ရှ် မြန်မာနယ်စပ်၌ ခိုလှုံနေကြရာ၌ သေရေး ရှင်ရေး ဘေးကျပ်နံကျပ် အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်ဟု ခရစ်ယာန် အဖွဲ့အစည်း တခုဖြစ်သော 'Christian Solidarity Worldwide' (CSW) က ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် လူနည်းစု လူမျိုးစု တခုဖြစ်သည့် ရိုဟင်ဂျာ မူဆလင်များသည် စစ်အစိုးရ၏ ကြောက်မက် ထိတ်လန့်ဘွယ် ဖိနှိပ်မှုကို ခံနေကြရသည်ဟု ယမန်နေ့က ထုတ်ပြန်လိုက်သော “ပျောက်ကွယ်လု ဖြစ်နေသည့် လူမျိုးတမျိုး” အမည်ရှိ အစီရင်ခံစာ အသစ်တခုတွင် ဖေါ်ပြထားပါသည်။
 
 

Saturday, March 24, 2012

နစက ဆွဲတင်စစ်ဆေးရေးကြောင်း ရိုဟင်ဂျာ အထိနာ

နစက ဆွဲတင်စစ်ဆေးရေးကြောင်း ရိုဟင်ဂျာ အထိနာ
မောင်တော (ကုလားတန်)။ ။ မြန်မာအစိုးရ ၏ လက်အောက်ခံ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက) မှ နှစ်စဉ် စစ်ဆေးလျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူဦးရေး စာရင်း ကောက်ယူရေး (၂၀၁၁ ခုနှစ်၊ ဆွဲတင်စစ် လုပ်ငန်း) ကို ဇန်နိုဝါရီ ၁ ရက်နေ့မှ စ၍ ယနေတိုင် ပြုလုပ်နေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး နှင့် လူမှုရေး ကဏ္ဍများတွင် များစွာ ထိခိုက် ဆုံးရှုံး နစ်နာ လျက် ရှိကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦး၏ ပြောပြချက်အရ သိရသည်။

လူဦးရေး စာရင်း ကောက်ယူစစ်ဆေးရေး(သို) ဆွဲတင်စစ် လုပ်ငန်း သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို မြန်မာနိုင်ငံ လူဦးရေးစာရင်းမှ ဖယ်ထုတ် နိုင်သည့်ကို၎င်း၊ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို ရခိုင်ပြည်နယ်မှ လျော့နိုင်သည့်ကို၎င်း လေ့လာ စစ်ဆေးပြီး မည်သည့် စီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်သော စစ်ဆင်းရေးသာ ဖြစ်သည်ဟု ၎င်းကပင် ပြောသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် အိမ်ထောင်စု အလိုက် လူဦးရေးကို ဓါတ်ပုံတင်ထားခြင်း၊သေဆုံးသူများ နှင့် အိမ်မှ ထွက်ခွါသွားသူများ၊ စစ်ဆေးစဉ်မရှိသူများကို အိမ်ထောင်စု စာရင်းမှ ဖယ်ထုတ်ခြင်း၎င်း၊ တနေရာ မှ တနေရာသို့ လက်ထပ်ပြီး ပြောင်းရွေ့သော်၎င်း၊ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပြောင်းရွေ့သော်၎င်း၊ မွေးဖွါးခလေးများကို တရားမ၀င် ခလေးဟူ၍သော်၎င်း ပြောဆိုပြီး စာရင်းတင်မပေးပြီး စာရင်းမဲ့ဖြစ်အောင် ပြုလုပ်လေ့ရှိသည်ဟု မောင်တောမြို့မှ မြိုခံ လူကြီးတဦးက ပြောသည်။


တောင်းဆိုချက်များ ရမှသာ မိမိနိုင်ငံသို့ပြန်မည်ဟု ရိုဟင်ဂျာ ဒုက္ခသည်များပြော

တောင်းဆိုချက်များ ရမှသာ မိမိနိုင်ငံသို့ပြန်မည်ဟု ရိုဟင်ဂျာ ဒုက္ခသည်များပြော

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည်များ အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ရရှိမှ သာ မြန်မာနိုင်ငံသို့ ပြန်သွားမည် ဖြစ်ကြောင်း “နော်ယာပါရာ” ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဒုက္ခသည် ခေါင်းဆောင် တဦး က ပြောသည်။

“ကျနော်တို့ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယာယီခိုလှုံရန် အတွက် လာခြင်း ဖြစ်ပါတယ်။ အမြဲတန်း နေထိုင်ရန် လာခြင်း မဟုတ၊် နိုင်ငံရေးအခြေအနေ ကောင်းမယ်ဆိုရင် ပြန်သွားမှာဖြစ်တယ်” ဟု ပြောသည်။

နေရပ်သို့ ပြန်သွားနိုင်ရန် အချက် ၄ ချက်ပါဝင်သော တောင်းဆိုချက် တခုကို ဒုက္ခသည်များက တောင်းဆို ထားသည်။

၎င်းတောင်းဆိုချက်များမှာ နိုင်ငံသားရပိုင်ခွင့်၊ နိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်မှု၊ အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်ရရှိရေး၊ ရိုဟင်ဂျာလူမျိုးများအား ကွက်ပြီး ဖိနှိပ် ချုပ်ချယ်မှုကို ရုပ်သိမ်း ပေးရန် နှင့် ဆုံးရှုံးခဲ့သော ပစ္စည်းပစ္စယများ အတွက် လျော်ကြေး ပေးရန်တို့ ဖြစ်သည်။
 
 

သမိုင်းကို ဖာထေ့သူ(သို့)အချုပ်တန်းက သမိုင်းဆရာ

လပိုင်းများအတွင်း မြန်မာ သန်းစိန်အစိုးရ ပါလီမန်ထဲတွင် ရိုဟင်ဂျာတို့၏ အခွင့်အရေးများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်မှုများရှိခဲ့ရာ ၀န်ကြီး ခင်ရီ အပါအ၀င် အခြားဝန်ကြီး အချို့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံကို ဆန့်ကျင်ပြီး အောက်တန်းကျကျ၊ လူမျိုးဘာသာ အစွန်း ရောက်သူများပီပီ ဖြေဆိုခဲ့သည်ကို တစ်ကမ္ဘာလုံး အထူးအံ့သြခဲ့လေသည်။ ယင်းကဲ့သို့ ပြောဆိုမှုကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်နေကြောင်း ပြောဆိုချက်များကို နဂိုက သံသယရှိ နေသောသူများအဖို့ သန်းစိန်အစိုးရ အနေဖြင့် ကမ္ဘာကို လိမ်ညာနေကြောင်း ထောက်ပြသက်သေထူနိုင်ရန် လုံလောက် ခိုင်လုံသော သာဓကတစ်ရပ်ဖြစ်လာရပါသည်။

ဤသည်ကိုပင်နားမလည်သော အစွန်းရောက် ရခိုင်အမျိုးသား နိုင်ငံရေးသမားဆိုသူများနှင့် RNF ရခိုင် အမျိုးသားတပ်ဦး ခေါင်းဆောင်များသည် ထိုလွှတ်တော်မှ ပြောဆိုရှင်းလင်းခဲ့သည့် အချိန်အခါကို အခွင့် ကောင်းယူ၍ ရန်ကုန်မြို့၌ အခမ်းအနားတစ်ရပ်ကျင်းပကာ Arakan ဟူသော အသုံးအနှုန်းသည် ရခိုင်အမျိုး သား ဗုဒ္ဓဘာသာဝင်များနှင့်သာ သက်ဆိုင်ကြောင်း အရှက်အကြောင်းကင်းကင်း ထုတ်ဖော်ပြောဆိုပြီး၊ ထိုအသုံးအနှုန်းကို အလွှဲသုံးစားမလုပ်ရန် တောင်းဆိုလာလေသည်။ ထိုတောင်းဆိုမှုနှင့်ကိုက်ညီသည့် ထောက်ခံပြောဆိုမှုများကို ပြည်ပရောက် ရခိုင်အစွန်းရောက်ဝါဒီများကလည်း အမျိုးမျိုးပြုလုပ်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။ ယင်းတို့သည် ထို Arakan ဟုခေါ်သော အသုံးအနှုန်းသည် ယင်းတို့နှင့်မသက် ဆိုင်ကြောင်း ပြောဆိုပြီး၊ ၁၉ရ၄-ခုနှစ်တွင် ”ရခိုင်” ဟူသောအခေါ်အဝေါ်ကို အစားထိုးကာ ”ရခိုင်ပြည်နယ်” ဟူ၍ ခေါ်ထွင်ခဲ့သည်ကိုပင် သတိမေ့ဟန်တူလေသည်။ မည်သို့ပင်ဆိုစေ ထိုတောင်းဆိုမှုကို မှန်ကန်သော လုပ်ရပ်အဖြစ်ထောက်ခံရာတွင် သမိုင်းပညာရှင်ဆိုသူ ဒေါက်တာ အေးချမ်းက သမိုင်းဆိုင်ရာ အချက်အ လက်အချို့ကို အောက်ပါအတိုင်း လိမ်လည်ဖော်ပြလာသည်ကို လေ့လာတွေ့ရှိရပါသည်။


အမေ့ခံ လူသား သို့မဟုက် မြေဇပင်

အမေ့ခံ လူသား သို့မဟုက် မြေဇပင်
ထက်မြတ်မေသူ၊ တောင်ကြီး

နိုင်ငံတော်၏ အမြှင့်ဆုံး အာဏာရှိ ကုလားထိုင်ပေါ်က လူအချို့ရဲ့ နိုင်ငံရေး အမြတ်ထုတ်မှုများ မတူညီတဲ့ လူ နှစ်စုကြား လောင်စား နဲ့ မီးစား တလှည့်စီ ကမ်းပေးခြင်း၊ ဘာသာ သာသနာကို စစ်လက်နတ် သဖွယ် လိုအပ် သလို အသုံးချ၍ လူထုကို အပြန်အလှန် သတ်ဖြတ်ရန် အမုန်း မီးဖန်တီးပေးခြင်း။ ဘာသာရေး ၊ လူမျိုးရေး ပဋ္ဌိပက္ခာတွေကြား သားကောင် အဖြစ် မကြာခဏ ဆွဲသွင်းခံရလေ့ရှိတဲ့ ပြည်သူ လူထုက အာဏာရှိ ကုလားထိုင်ပေါ်က လူအချို့ရဲ့ လှည့်ကွက်တွေကို ရိပ်မိလာတာနဲ့ အမျှ လုပ်ကွက်ဟောင်း တွေက အလုပ်မဖြစ် တော့ဘူး ခေတ်မမီတော့ဘူး End date ဖြစ်နေပြီး လူထုကလည် စိတ်ဝင်စားမှု မရှိကြတော့ဘူး၊ အာဏာရှင် လူတစ်စုတို့၏ သားကောင်းအဖြစ် ထောင်ဖမ်းခြင်းကို ခံခံ နေရတဲ့ ပြည်သူလူထုက ခံရ ပေါင်းများ လာတော့ အရိပ်မြင် အကောင်သိ ဆိုသည့် အတိုင်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်တွေကို မည်သူတွေက ဖန်တီးနေသလဲ ဘာရည်ရွယ်ချက်ကြောင့် လုပ်ရသလဲ ဆိုတာ လူထုက သိရှိ နေသောကြောင့် လူမျိုးရေး နှင့် ဘာသာရေး ရန်တိုက် ပေးနည်းတွေ အလုပ် မဖြစ်တော့ဘူးဆိုတာ အာဏာရှင်တွေ သိအောင် ပြည်သူလူထုက သက်သေပြသနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေ့မြို့ က အဖြစ်ပျက်တွေကို ကြည့်ရှုခြင်းဖြင့် သိနိုင်လေ၏။

ရခိုင်ပြည်နယ် စစ်တွေ့မြို့က ဘုရား ဆင်းတုတော် အချို့၏ မျက်နှာတော်၌ ရေနံချေးသုပ်၍ ၎င်းဒေသတွင်း နေထိုင်နေတဲ့ အစ္စလာမ်း ဘာသာဝင် ရိုဟင်ဂျာ လူမျိုး နှင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့ အကြား ဘာသာရေး အဓိကရုဏ် ဖြစ်ရလေအောင် အဖွဲ့အစည်း တစ်ခုခုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဆိုတာ ဗုဒ္ဓဘာသာဝင်တို့ သိရှိခဲ့သောကြောင့် ရိုဟင်ဂျာ နှင့် ရခိုင် ဘာပြဿနာမှ မဖြစ်ပဲ အပြန်အလှန် နာလည်မှုရခဲ့ကြတယ်။ ရခိုင် ပြည်နယ် က ကိစ္စကို ကြည့်ရှုခြင်းအားဖြင့် ကုလားထိုင်ပေါ်က လူအချို့ရဲ့လုပ်ရပ်တွေကို ပြည်သူ လူထုက သိနေတယ် ဆိုတာ ပြသလိုက်ခြင်း ဖြစ်ပါတယ်။



ရိုဟင်ဂျာ လူမျိုးနွယ်စုသည် နိုင်ငံသား ၊တိုင်းရင်းသား နှင့် မြန်မာမျိုးနွယ်စု ဟုတ်မဟုတ် ဓါတ်ခွဲ စမ်းသပ်ခြင်း

ရိုဟင်ဂျာ လူမျိုးနွယ်စုသည် နိုင်ငံသား ၊တိုင်းရင်းသား နှင့် မြန်မာမျိုးနွယ်စု ဟုတ်မဟုတ် ဓါတ်ခွဲ စမ်းသပ်ခြင်း
ကိုမင်းထွန်း၊ ရန်ကုန်။

ကျွန်တော်ရဲ့  လေ့လာတွေ့ရှိချက်တွေကို ချမရေးခင် ဦးစွာပထမ စာဖတ်သူတွေသိအောင် ကျွန်တော်အနေနဲ့ ပြောစရားလေးအနည်းငယ်ရှိနေလို့ ပြောခွင့်ပြုပါလို့ ခွင့်ပန်းပါရစေ။

ကျွန်တော်ဟာ ရိုဟင်ဂျာလူမျိုးစုတွေကို ထောက်ခံနေသူလုံးဝမဟုတ်ပါဘူး၊ ကန့်ကွက် ဆန့်ကျင်းနေသူ တစ်ဦးလည်းမဟုတ်ကြောင်းဆိုတာ စာဖတ်သူများအနေနဲ့ သိစေချင်းပါတယ်။ အမှန်တရားကို မြတ်နိုးသူ ပီပီ ရှာတွေ့ သမျှကို အမှန်အတိုင်း ဖေါက်သည် ချပေးခြင်းသာဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါတယ်။

ရိုဟင်ဂျာလူမျိုးအကြောင်း၊၎င်းတို့၏ သမိုင်းဆိုင်ရာအကြောင်းအရာများနှင့် ယင်းလူမျိုးတို့၏ ဇစ်မြစ်ကို မလေ့လာဘဲ မနေနိုင်လောက်အောင် တွန်းအားပေးနိုင်ခဲ့တဲ့ အဓိကအချက်ကတော့ အင်တာနက်စာမျက်နှာကို
ဖွင့်ကြည့်တိုင်း ဖွင့်ကြည့်တိုင်း ရိုဟင်ဂျာတွေကို ဆန့်ကျင်းနေသူ လူတစ်စုနဲ့တခြားတဖက်မှာ ရိုဟင်ဂျာတွေကို ထောက်ခံနေသူလူတစ်စု ယင်းလူနှစ်စုတို့၏ အငြင်းအခုံကြောင်း ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ တကယ်ရှိနေသလား ရှိခဲ့ဖူးသလား ဆိုတာကိုလေ့လာဖြစ်သွားအောင် တွန်းအားပေးခဲ့သောကြောင့် (လ)ပေါင်း&များစွာ အချိန်ပေးကာ ရိုဟင်ဂျာလူမျိုးနဲ့ဆက်နွယ်ပက်သက်နေသမျှစာအုပ်စာပေ တိုင်းကို အလွတ်မပေးဘဲ လေ့လာ မှတ်သားခဲ့မိပါတယ်။

ထို့သို့ရှာဖွေလေ့လာရာတွင် ရိုဟင်ဂျာဆန့်ကျင်းသူတွေက ထုတ်ဝေထားသောစာအုပ် စာပေတိုင်းကို ဖတ်ခဲ့ရပြီ၊ တဖန် ရိုဟင်ဂျာထောက်ခံသူတွေက ထုတ်ဝေသော စာအုပ် စာပေတွေကိုလည် ဖတ်ကာလေ့လာ မှတ်သားမိပါတယ်။ ပြီတော့ ရိုဟင်ဂျာဆန့်ကျင်းသူ နှင့် ထောက်ခံသူ နှစ်ဖက်စလုံးနဲ့ မသက်ဆိုင်သော ကြားလူ ၊ကြားအဖွဲ့အစည်း ၊ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများ၊လွတ်လပ်ရေးမတိုင်မီ နှင့် လွတ်လပ်ရေးနောက်ပိုင်း တက်လာတဲ့အစိုးရအဖွဲ့အစည်းတို့မှ ရေးသားထုတ်ဝေခဲ့သော စာအုပ်စာပေ စသည့် စသည့် စာအုပ်ပေါင်းများစွာကို ကြိုးစား ရှာဖွေပြီးမှ ရရှိခဲ့သော ရိုဟင်ဂျာလူမျိုးတို့၏ မှတ်တမ်း မှတ်ရာများကို စာဖတ်သူများသိရှိရန် ရေးသားချပြခြင်းဖြစ်ပါတယ်။

လူတတ်ကြီးလုပ်ကာ ရေးခြင်းမဟုတ်ဘဲ ကျွန်တော့်ရဲ့  ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့သော ရလဒ်အချို့ကို
အမှန်အတိုင်း ရေးသားခြင်းသာဖြစ်ပါတယ်။ အမှန်တရားဘက်ကရပ်တည်း ပေးဖို့လူတိုင်းမှာ တာဝန်ရှိလှတယ် မဟုတ်ပါလား။ ရိုဟင်ဂျာလူမျိုးနဲ့ပက်သက်ပြီ ငြင်းနေခုန်နေကြရတဲ့ အဓိကကျသော အချက်တွေကို အောက်ပါအတိုင်း ကျွန်တော့်ရဲ့  ရှာဖွေတွေ့ရှိချက်တွေဖြင့် နှိုင်းယှဉ် ရေးသားထားတာတွေကို တွေ့ရမှာပါ အဲဒါတွေကို ဖတ်ပြီးသွားရင်စာဖတ်သူတို့ရဲ့  လေ့လာတွေ့ရှိချက်တွေကို ရဲဝံ့စွာ ရေးသားပေးခဲ့ကြပါ။

(၁) ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ရိုဟင်ဂျာဆန့်ကျင်းရေး လှုပ်ရှားသူတွေက စွပ်စွဲထားသည်။ (ကျွန်တော့်၏ လေ့လာတွေ့ရှိချက်) ၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီ
မြန်မာနိုင်ငံ အသံလွှင့်ဦးစီးဌာနမှ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုရဲ့  မိန့်ခွန်းပြောရာတွင် ရခိုင်ပြည်နယ်တွင် နေထိုင်နေသော ရိုဟင်ဂျာ လူမျိုးများသည် အခြား ဒေသများတွင် နေထိုင်နေတဲ့ မြန်မာ့ တိုင်းရင်းသားများကဲ့သို့ တိုင်းရင်းသား မျိုးနွယ်တစ်စု ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ခြင်းကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာ့တိုင်းရင်းသား စစ်စစ်ဖြစ်ကြောင်း အတိအကျ ပြောလိုနိုင်တယ်။



ရခိုင်ပြည်နယ်နှင့်ရိုဟင်ဂျာ လူ့အဖွဲ့အစည်း

ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာ လူ့အဖွဲ့အစည်း

အာမန် (ပညာရေး)

(၁)
ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင်ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တို့သည် မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ တရေတည်းသောက်ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။


Friday, March 23, 2012

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုး။

ရခိုင်ပြည်၏နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ဤအကြောင်းအရာအသေးစိတ်အောက်လင့်ကိုနှိပ်၍ဖတ်ပါ။


ရခိုင်ပြည်နယ်သည်မြောက်လတ္တီတွဒ် ၁၇ံ ၁၅ နှင့် ၂၁ံ ၁၇’၊ အရှေ့လောင်ဂျီတွဒ် ၉၂ံ၅၅’ ကြားတွင် တည်ရှိသည်။ဧရိယာစတုရန်မိုင်းပေါင်း ၁၄၂၀၀ ကျော်ရှိသည်။မြန်မာဘင်္ဂလား ရေကြောင်း၊ ကုန်း ကြောင်း မိုင် (၁၇၀) ရှည်လျးသည်။တောင်မြောက် အရှည် (၃၆၀)မိုင် ရှည်ပြီး၊အရှေ့ အနောက် မိုင် (၁၇၀)မိုင်ကျယ်သည်။တောင်ကန်းတောင်တန်းမှာ ၈၀% ခန့်ရှိ၍ ကုန်းမြင့လွင်ပြင်မှာ ၂၀% ခန့်ရှိ သည်။
ရခိုင်ပြည်နယ်ရှိမြို့များ
ပြည်နယ်မြို့တော် စစ်တွေ
အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်
လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)
ခရိုင် ၅ ခရိုင်
မြို့နယ် ၁၇ မြို့နယ်
၁။ – ကျောက်တော်မြို့
၂။ – ကျောက်ဖြူမြို့
၃။ – ဂွမြို့
၎။ – စစ်တွေမြို့
၅။ – တောင်ကုတ်မြို့
၆။ – ပုဏ္ဏားကျွန်းမြို့
၇။ – ပေါက်တောမြို့
၈။ – ဘူးသီးတောင်မြို့
၉။-မာန်အောင်မြို့
၁၀။ – မောင်တောမြို့
၁၁။ – မင်းပြားမြို့
၁၂။-မြေပုံမြို့
၁၃။ – မြောက်ဦးမြို့
၁၄။ – ရသေ့တောင်မြို့
၁၅။-ရမ်းဗြဲမြို့
၁၆။ – သံတွဲမြို့
၁၇။ – အမ်းမြို့
ရခိုင်ပြည်နယ်တွင် ယခင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ လ ၊ ပထမအကြိမ် ထုတ်ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ် ၏ မှတ်တမ်း အရအောက်ပါလူမျိုးများသည် တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့သည်။


မြန်မာသမိုင်းတွင် ရိုဟင်ဂျာများသည် တိုင်းရင်းသားလူမျိုးစု တစ်စုအဖြစ် ရပ်တည်ခဲ့။

စကားဦး ::…လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights – (လူ့အခွင့်အရေး) ကိုတန်ဖိုးထားရာ ရောက်ပါမည်၊ Human Rights သည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် အဓိကအခြေခံကြသော မရှိမဖြစ်အချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် Human Rights ကို လေ့ကျင့်မှု၊ တန်ဖိုးထားမှု အားနည်းသော စစ်အစိုးရလက်အောက်ရှိ ကျနော်တို့ မြန်မာလူမျိုးများသည်လည်း အနဲနှင့်အများ Human Rights ၏ တန်ဖိုးကို အပြည့်အဝနားမလည်ကြပါ။ ယ္ခုအချိန်သည် မြန်မာလူမျိုးများ အားလုံးအတွက်နောက် အဓိကအချက်တစ်ရပ်သည် ဘာသာရေးသွေးခွဲမှုဖြစ်ပေသည်။ နအဖ၏ နိုင်ငံတော်မတည်ငြိမ်အောင်ဖန်တည်းရေးမူတွင် ထိုအချက်သည် အရေးအပါဆုံးနှင့်အထိရောက်ဆုံး လက်နှက်ဖြစ်ပေသည်။ ယ္ခု ထိုလက်နှက်ကို နအဖ မှ အပူတပြင်းအသုံးပြုနေပါသည်။ အထူးသတိပြုကြပါ။ ဘာသာရေးအဓိကရုဏ်းကို ဖော်ဆောင်နေပါသည်။ အထူးသဖြင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်ဆလင်ဘာသာဝင်များ အတွက်ဖြစ် အထူးသတိရှိကြပြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်မှုရယူ၍ ဘာသာရေးအစွန်းမရောက် ကြစေလိုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်များအတွက်လည်း အထူးတိုက်တွန်းလိုသည်မှာ မြတ်ဗုဒ္ဓဘုရားသည် မေတ္တာတရားနှင့်သာ လူသားများကိုကယ်တင်ခဲ့ပါသည် တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။ ယ္ခုအချိန်သည် နအဖစစ်အစိုးရကိုသာ အဓိကထားတိုက်ခိုက်ကြပါ၊ တိုင်းရင်းသားအချင်းချင်း ဘာသာအချင်းချင်း လူမျိုးအချင်းချင်း တိုက်ခိုက်ရမည့်အချိန်မဟုတ်ပါ။ ကျတော်တို့စည်းလုံးမှ အောင်ပွဲရပါမည်။ စည်းလုံးကြပါ။ ညီညွတ်ကြပါ။


မြန်မာ ရိုဟင်ဂျာ စာကြည့်တိုက် အမှာစာ။

ရိုဟင်ဂျာ လူမျိုးစုတို့၏ သမိုင်းဆိုင်ရာ မှတ်တမ်း မှတ်ရာများအား မိမိတို့ ရိုဟင်ဂျာ အမျိုးသားတို့က ထိန်းသိမ်း စောင့်ရှောက်မှု မပေးခဲ့ခြင်း၊ ဂရုစိုက်၍ အလေးနက်ထား ပြုစု ထိန်းသိမ်းမှုမပေးခဲ့ခြင်း ပြီးတော့ အချိန်ကာလ ကြာမြင့်စွာ မပြုစု မထိန်းသိမ်း မစောင့် ရှောက်မိခဲ့သဖြင့် မိမိတို့ ရိုဟင်ဂျာလူမျိုးစု တစုလုံး ကြောက်ခမန်လိလိ ပျောက်ကွယ် လုနီးပါး ဖြစ်လာနေသည့် အတွက် မိမိတို့ သမိုင်းများကို ထိန်းသိမ်း စောင့်ရှောက်ရန် ရိုဟင်ဂျာအမျိုးသားတိုင်းမှာ သမိုင်းပေး တာဝန် တရပ်အဖြစ် မှတ်ယူရမည်။ မိမိတို့ ရိုဟင်ဂျာ အမျိုးသားများကို ကိုယ်စားပြုသော သမိုင်း အတိုအထွာ များအား ထိန်းသိမ်း စောင့်ရှောက် ပြုစု ကာကွယ်ပေးရန် ခေတ်ကာလက တောင်းဆိုလာသဖြင့် မလွဲမသွေး ပြုစု ထိန်သိမ်း စောင့်ရှောက်ရမည် တာဝန်တရပ်လည်းမိမိတို့ ရိုဟင်ဂျာအမျိုးသားများအပေါ်ကျရောက်လို့လာပါပြီ။ ခုနေခါမှာသာ မိမိတို့ အမျိုးသားကို ကိုယ်စားပြုတဲ့ သမိုင်းများကို မထိန်းသိမ်း မစောင့်ရှောက်ဘူး ဆက်လက်ပြီ လစ်လျူရှုထားမယ်ဆိုရင် မျှာမကြာမီ မိမိတို့ အမျိုးသားထုကြီး တစ်ခုလုံး မြေခသွားနိုင်တဲ့ အန္တရာယ်ကြီးက မိမိတို့ လက်တကမ်းမှာသာရှိနေကြောင်း ရိုဟင်ဂျာတစ်မျိုးသား လုံးအား အသိပေး နိုးဆော်လိုက်ပါသည်။