Pages

Thursday, August 9, 2012

Tragedy of Arakan People

This video shot by some journalists when they went to Arakan for the investigation of mystic tragedy of Muslims. UN is closing her both eyes not to see this tragedy and not only that she does not want this tragedy to be heard. On the other side, still there are some organizations like IHH is trying to become voice of Arakan people. IHH is one of the biggest NGOs in Turkey. For further information about Arakan people go to IHH's offical web-site:

Thursday, August 2, 2012

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသို့


ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသို့
စစ်အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့်
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မိသားစုမှ အိတ်ဖွင့်ပေးစာ

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရှင့် ...

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း စစ်အစိုးရရဲ့ ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။

ကျမတို့မိသားစုအကြောင်းကို ကိုကိုကြီး ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရစေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အတွက် အကိုကြီးက သေဒဏ်၊
ကျမက ထောင်ဒဏ် ၉ နှစ်၊ ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် ရ နှစ်၊ ဘာမှ အပြစ်မရှိတဲ့ မိဘ
နှစ်ပါးက ထောင်ဒဏ် ၅ နှစ်စီ၊ မောင် အငယ်ဆုံးကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်းပန်းခံခဲ့ရ ... စသဖြင့် မိသားစုတစုလုံး ဘ၀ပျက်ခဲ့ရတာ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကျမတို့မိသားစုတစုပ ရှိမယ်ထင်ပါတယ်။ ဒီလို ဘ၀ပေးအသိ ရရှိခဲ့တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံမုန်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ရဲရင့်သတ္တိရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေကို လေးစားချစ်ခင်တဲ့နေရာမှာ ကျမတို့ထက်သာသူ မရှိဘူးလို့တောင် ပြောနိုင်ပါတယ်ရှင်။