Pages

Thursday, December 13, 2012

Monday, December 3, 2012

နိုင်ငံ ဂုဏ်ဆောင် ကမန်တိုင်းရင်းသား အစ္စလာမ် ဘာသာ ၀င် သီရိပျံချီ ဦးစီဘူး




 
(တရားလွှတ်တော်ချူပ် တရားရေးရာဝန်ကြီးဟောင်း)ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ
တွင် အဘ-ပညာဝန် ဦးနော်ဒင် နှင့် အမိ - ဒေါ်ရဲမ တို့ မှ 1898 ခုနှစ် တွင်မွေးဖွားသည်။ မွေးချင်း ၈ ယောက်အနက် အကြီးဆုံးဖြစ်သည်။ဗြိတိသျှ ကိုလိုနီ လက်ထက်ကပင် ရခိုင်တိုင်းစစ်တွေမြို့တွင် စက်ရှင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ဦးစီဘူး သည်ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။
 
 

"ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်"





 ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ

...
ရေးသူ – ဒေါက်တာမြင့်ဆွေ

"ကျောင်းအုပ်ကြီး မစ္စတာစလော့၏ ခွင့်ပြုချက်အရ ကိုထွန်းစိန် ယူနီဗာစီတီဘက်သို့ပြောင်းရွှေ့လာပြီး ပြည်ကျောင်းဆောင်တွင် နေထိုင်၍ကျောင်းတက်ပါသည်။ ထိုကဲ့သို့ကောလိပ်ပညာကိုသင်ကြားလာရင်း နယ်ချဲ့၏ လက်ပါးစေဗျူရိုကရက်များက ဖိနှိပ်မှုတွေနှင့်ကျောင်းအများစုကို ချုပ်ချယ်ကြသည်ကို တွေ့ရှိနေရသည်။ အလိုတော်ရိကျောင်းသားတစ်စုကို လက်သပ်မွေးနေကြောင်း ကျောင်းသားကြီးများထံမှ မကြာခဏလိုလိုလည်း ကြားသိနေရသည်။ သတင်းစာများထဲ၌လည်း ဖတ်ရှုနေရသည်။ ငါတို့နိုင်ငံရေးစိတ်ထက်သန်တဲ့ ကျောင်းသားတွေ၊ ဖာသည့်ဖာသာနေတဲ့ကျောင်းသားတွေဟာ အနှိမ်ခံနေရတယ်။ ဗျူရိုကရက်တွေလည်း သူတို့တစ်တွေကို အရိုအသေပေး၊ စလုပေးမှသဘောကျပါတယ်။ မပေးရင်မကြိုက်ဘူး။ ဒီနယ်ချဲ့တွေဟာလည်း ဒို့နိုင်ငံကိုလာပြီး နိုင်ငံသူနိုင်ငံသားတွေကို အမျိုးမျိုးဖိနှိပ်ရင်း အမြတ်ထုတ်နေကြတယ်။ ကြာရင်ဒို့တစ်တွေအားလုံးတော့ ကျွန်သပေါက်တွေဖြစ်ကုန်တော့မှာပဲဟု တွေးမိလာသည်။"