Pages

Monday, September 10, 2012

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ အမေရိကန်သံအမတ် လေ့လာ


source-RFA News.
 
အမေရိကန်သံအမတ်က ၁၉၄၂ခုနှစ်က ရိုဟင်ဂျာဆိုပြီး ထုတ်ပေးထားတဲ့ သန်းကောင်စာရင်းကို ရရှိလာကြောင်း။ သန်းကောင်စာရင်းပိုင်ရှင်ရဲ့ မျိုးဆက်တွေကတော့ ဘင်္ဂါလီဖြစ်သွားကြောင်းကို RFA မှာ ဖတ်နိုင်ပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသား ဖြစ် မဖြစ် ကျနော်မဆွေးနွေးပါ။ ဒါက တစ်ချိန်မှာ ရခိုင်ခေါင်းဆောင်များ၊ ရခိုင်ပညာရှင်များ အပါအဝင် သမိုင်းပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် အစိုးရတို့ကသာ စီစဉ်ဆုံးဖြတ်ရမဲ့ကိစ္စလို့ ကျနော် အစဉ်တစိုက် ပြောခဲ့ပါတယ်။ ဒီအတိုင်းဘဲ ကျနော်အမြဲ ရပ်တည်ခဲ့တယ်။ သို့သော် မြန်မာ့စွယ်စုံကျမ်း၊ ကျောင်းသုံးစာအုပ်၊ တပ်မတော်စာစဉ်စသဖြင့်တွေမှာ ရိုဟင်ဂျာဆိုတဲ့ အထောက်အထားတွေ ယူမကုန်အောင် ရှိခဲ့ဘူးလျှက်နှင့် ရိုဟင်ဂျာဆိုတာ လုံးဝ မရှိဘူးပါဘူး။ မကြားဖူးပါဘူးဆိုသူတွေဟာ မြန်မာ့သမိုင်းဖြစ်စဉ်တွေကို မသိတဲ့သူ(သို့မဟုတ်) မသိချင်ယောင်ဆောင်သူတွေသာဖြစ်ပါလိမ့်မယ်။

ဒီအထဲမှာ သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆေင်တွေပါ၊ ပါနေတော့ကာ မြန်မာ့သမိုင်းဆိုတာ မဆလ၊ မဝတ၊ နဝတခေတ်က တိုင်းရင်းသားမှန်သမျှတွေကို ဘုန်းရှင်ကံရှင် မြန်မာတွေရဲ့ အလုပ်အကြွေးသာသာ သရုပ်ဖေါ် လုပ်ကြံထားတဲ့ နှစ်ငါးဆယ် သမိုင်းပုတ်၊ သမိုင်းယုတ်ကို ခေါ်တာလား။ ဘယ်သူမှ ပြန်ပြင်ခွင့် မရှိ။ သင်ခန်းစာယူရန်သာရှိတဲ့ ဖက်မလိုက်သော သမိုင်းမှန်လားဆိုတာ ခွဲခြားသိမြင်ဖို့ အချိန်တန်ပြီ။ အတိတ်ကို မေ့ပြီး ပစ္စုပ္ပန်ကို လိမ်တဲ့သူဟာ အနာဂတ်ကို သစ္စာဖေါက်သူဘဲ။

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ အမေရိကန်သံအမတ် လေ့လာ
2012-09-09 RFA

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာဖို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ဟာ ဒီကနေ့မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ သက္ကယ်ပြင်၊ ဘောဒူဖအပါအ၀င် စစ်တွေ အောင်မင်္ဂလာရပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က စစ်တွေမြို့တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun(ယာ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell (ဝဲ)တို့ ရခိုင်ပြည်နယ် လူ့အခွင့်အရေးကိစ္စ မေးမြန်းနေစဉ်။

အမေရိကန် သံအမတ်ကြီးဟာ ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်း နှစ်ဖက်ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ပြေလည်နိုင်ရေး အပါအ၀င် ဒေသခံ လူမျိုးအားလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နေရာပြန်လည် ရရှိရေးစတဲ့ အချက်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ အောင်မင်္ဂလာရပ် ဒေသခံ မူဆလင်တဦးကပြောပါတယ်။


"ဒီမှာ ရှင်းပြတာကတော့ သူ သန်းခေါင်စာရင်းတစ်ခု ယူလာတယ်။ ဒီရွာထဲကနေ။ အဲတာ သန်းခေါင်စာရင်းမှာ ၄၂ ခုနှစ်မှာ ပါလာတဲ့ ရိုဟင်ဂျာ မူဆလင်ဆိုပြီးတော့ သန်းခေါင်စာရင်းမှာ ရေးပြီးသားပါတယ်။ သူတို့ရဲ့ ကလေး၊ သူတို့ရဲ့မိသားစုဟာ နောင် ပေါက်ဖွားလာတဲ့ ကလေးတွေကြတော့ ဘင်္ဂါလီလူမျိုး ဖြစ်သွားတယ်။ အဲဒီ သန်းခေါင်စာရင်းပေါ်မှာ။ ရိုဟင်ဂျာ လူမျိုးနဲ့ ရသွားတယ်။ ရပြီးတော့ နောက်ပိုင်း သူကလေးတွေ ရသွားတော့ ဘင်္ဂါလီလူမျိုး အဖြူကတ်ပြားတွေ၊ ဘာတွေ ရသွားတယ်။ မင်းသားက ရိုဟင်ဂျာနဲ့ ရပြီးတော့ သူက ပေါက်ဖွားလာတဲ့ ကလေးတွေက ဘာဖြစ်လို့ ဘင်္ဂါလီဖြစ်ရမယ် ဆိုတာ သူက အဲဒီလို ဖြေသွားတယ်"

ဒါအပြင် သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့လည်း မေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။
အမေရိကန် သံအမတ်ကြီးဟာ စစ်တွေမြို့မှာ ရခိုင်ဆရာတော်တွေဖြစ်တဲ့ ရွှေစေတီ ဆရာတော်နဲ့ ဗုဒ္ဓဟိဟာရ ဆရာတော် နှစ်ပါး အပါအ၀င် ရခိုင်လူမှုရေး အဖွဲ့အစည်း (၅) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။




Rohingya Idendity in Family Census Paper of 1942.pdf

1 comment:

  1. မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ဘာသာရေးပြသနာတွေက ဘယ်တော့မှ အဆုံးသတ်သွားနိုင်မယ်မထင်ပါဘူး ... ခရစ်ယန်ဘာသာဝင်ဖြစ်ကြတဲ့ ကချင်တိုင်းရင်းသား နဲ့ချင်းတိုင်းရင်းသားတွေကလည်း ဗမာတွေရဲ့လုပ်ရပ်တွေကို နှစ်သက်ကြတာမဟုတ်ပါ ... မတတ်သာလို့ အံကြိတ်ခံနေကြရတဲ့အခြေအနေပါ .. မြန်မာနိုင်ငံရဲ့ဗုဒ္ဒဘာသာဖွဲစည်းပုံအခြေခံကိုက လွဲနေတာပါ ... ဘုန်းကြီးတွေဟာလည်းလူသားတွေပဲမို့ ကျွေးသူကို ခင်တွယ်ပြီး ... မကျွေးသူတွေကို ရန်ပြုလိုနေတာဟာ သဘာဝပါပဲ ... သူတို့ကပဲ ပြသနာဖြစ်အောင် ဟောပြောသွန်သင်နေကြတာပါ ... ရလာဒ်အနေနဲ့ကတော့ စာရေးဆရာ .... မီဒီယာနဲ့ ..... နိုင်ငံရေးသမားတွေကိုယ်တိုင် လမ်းမှားကိုရောက်သွားကြပါတယ် ... ဒီနိုင်ငံ တိုးတက်ဖို့ဆိုတာ ... မလွယ်လှပါဘူး .... ပြသနာရဲ့အခြေခံ မူလဇစ်မြစ်တွေကို ရှာဖွေနိုင်ပြီး ပြုပြင်နိုင်အုံးမှသာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်မှာပါ .... တကယ်တော့ မလွယ်ပါဘူး....

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။