Pages

Saturday, June 9, 2012

အပိုင်း (၉) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော အချိန် နံနက် ၀၆း ၃၀ မိနစ် ၊ ၀၉ ၊ ၀၆ ၊ ၂၀၁၂ စနေနေ့

မောင်းတောမြို့ ပေါ်က အကြမ်းဖက် သတ်ဖြတ်မှုများ အေးအေးချမ်းချမ်း ဖြစ်သွားပြီးဟုသိရသည်
သို့သော် ရိုဟင်ဂျာမူစလင်များနေထိုင်ရာ ရွာများအားလုံးနီးပါးတွင် စစ်တပ်က နေရာယူထားသည်ဟု
ဆိုသည် အချို့ မီးသတ်ကားဟုယူဆရသော ကားများဖြင့် လမ်းပေါ်တွင် စွန်းထင်နေသော သွေးကွက်များ
ကို လိုက်လံ ရေပတ် ဆေးကြောနေနေတာတွေ အထင်သားတွေ့နေရကြောင်း ဒေသခံများကဆိုကြသည်။

မောင်းတောမြို့ အနှံ့မီးရှို့ ခံခဲ့ရသော အိမ်များသည် လူချမ်းသာ ရိုဟင်ဂျာ မူစလင်အိမ်များ အများအပြား
ဖြစ်ပြီး အနည်းငယ်မှာ၎င်းတို့၏ ဘေးပတ်လည် အနီးတဝိုက်က အိမ်များဖြစ်ကြောင်း သိရသည်။ အခုထိ အချို့ အိမ်များသည်မီးဆက်လက် လောင်ကျွမ်းနေတာကို အဝေးမှ အထင်သာ တွေ့မြင်နေရကြောင်း
မြို့ ခံ ရိုဟင်ဂျာများက ဆိုကြသည်။

 ရိုဟင်ဂျာလူထုများကို စွဲချက်အမျိုးမျိုးဖြင့် စစ်တပ်မှ လာရောက်ဖမ်းဆီးနေသည်ဟု သတင်းများ
မြို့ အနှံ့ ပြန့်နေပြီး မဆီးမဆိုင်း စွပ်စွဲ ဖမ်းဆီး၍ နှိပ်စက်ခံရမှာကို မြို့ ခံ ရိုဟင်ဂျာလူထုများကြား အရမ်းစိုးရိမ်း မကင်း ဖြစ်နေရသည်ဟုဆိုကြသည်။ အချို့ ကလေးငယ်များ ဆာလောင်မူကြောင့် အော်ဟစ်ငိုကြွေနေကြသည်ဟုလည်း သိရသည်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ သေသေချာချာ မသိသေးပင်မဲ့အခုတွေ့မြင်နေရတဲ့ မောင်းတောမြို့ မြင်ကွင်းကတော့ စစ်ဖြစ်နေတဲ့ ဒေသတစ်ခုလို ဖြစ်နေပြီး မြို့ အနှံ့နေရာတိုင်းတွင် စစ်သား ရဲ န.စ.က
နှင့် လုံထိန်းများဖြင့် ပြည့်နပ်နေကြောင်း အခုချိန်ထိ ပုန်းနေရာမှ အပြင်ကိုမထွက်ရဲသေးကြောင်း မြို့ ခံ ရိုဟင်ဂျာလူထုများက ဆိုကြသည်။


1 comment:

  1. ရိုဟင်ဂျာ ငါတို့မြန်မာနိုင်ငံမှာ မရှိ။ ဘယ်ကအလေအလွင့် ခွေးဝဲစား ကုလားတွေလဲ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။