Pages

Showing posts with label သတင်း ဆောင်းပါး. Show all posts
Showing posts with label သတင်း ဆောင်းပါး. Show all posts

Tuesday, July 31, 2012

Targeting Rohingya Muslims in Burma

Gwynne Dyer
Tuesday 31 July 2012


AT last somebody in an official position has said something. United Nations human rights chief Navi Pillay has called for an independent investigation into claims that Burmese security forces are systematically targeting the Rohingyas, a Muslim minority community living in the Arakan region. Even the Burmese government says at least 78 Rohingya Muslims were murdered; their own community leaders say 650 have been killed.
Nobody disputes the fact that about 100,000 Rohingya Muslims (out of a population of 800,000) are now internal refugees in Burma, while others have fled across the border into Bangladesh. As you would expect, the Buddhist monks of Burma have stood up to be counted. Unfortunately, this time they are standing on the wrong side.

 This is perplexing. When the Pope lectures the world about morality, few non-Catholics pay attention. When Ayatollah Khamenei of Iran instructs the world about good and evil, most people who aren’t Shiite Muslims just shrug. But Buddhist leaders are given more respect, because most people think that Buddhism really is a religion of tolerance and peace.
When the Dalai Lama speaks out about injustice, people listen. Most of them don’t share his beliefs, and they probably won’t act on his words, but they listen with respect. But he hasn’t said anything at all about what is happening to the Rohingyas — and neither has any other Buddhist leader of note.



Monday, July 16, 2012

တွေးကြည့်ကြပါ | ကျော်ဝင်း (UK)


အမှန်တရား တခုပေါ်လာဖို့ဆိုတာ အမှန်တရား ကိုပဲအချေခံပြီး ဆွေးနွေးဖို့လိုတယ်။ အမှန်တရား ဆိုတာ ကလည်: သက်သေသာဓက အထာက်အထား နဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး မှ ပြတ်သားတဲ့အဖြေထွက်မှာဖြစ်တယ်။ အမှန်တရားကို ရှာဖွေသူတိုင်းဟာ မိမိရဲ့ဆန္ဒ နဲ့ အတ္တ ကို ဘောင်ခတ်နိုင်ရတယ်။ အမျိုးသားရေး စိတ်ဓါတ် ရှိတာ တော့ ကောင်းပါတယ်။ ဒါပေမဲ့ အစွန်းမရောက် ဖို့တော့လိုတယ်။ မိမိ လိုရာ ကိုပဲတဖက်သပ် အတင်းဖိ ပြော လို့ တော့ ဘယ်တော့ မှ ညှိနှိုင်းလို့ရမှာမဟုတ်ဘူး။

ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်၊ အိမ်ထောင်ပြုခွင့်၊ ပညာသင်ကြားခွင့် နှင့် အခြား အခြေခံ လူ့အခွင့်အရေး တွေကိုပိတ်ပင်ထားတာ ဆယ်စုနှစ်မနည်းတော့ဘူး ရခိုင်အရေးကိုတခါမျှ မကြားဖူးတဲ့ သူတွေကတော့ အလိမ်ခံရမှာပဲဆိုတာ အမျိုးထိရင် အားလုံးနာတတ်သူတွေပါပဲလေ။ ဒါကို အခွင့်ကောင်းယူပြီး ပြသနာ ကိုမကြီး ကြီးအောင် ဖန်တီး နေတာ ဘယ်သူလဲဆိုတာ အားလုံး သိသင့်ပြီ။ လူဦးရေ သန်းခြောက်ဆယ်လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ မုဒိမ်းမှု နဲ့လူသတ်မှု ဆိုတာမဆန်းပါဘူး။ သတင်းစာတွေနဲ့ မှုခင်း ဂျာနယ်တွေမှာလည်း အဲဒီလိုအမှုတွေအကြောင်းပလူပျံနေတာပဲ။ ထောင်ထဲမှာလည်း အဲဒီလိုတရားခံတွေက အများကြီး။ ဘာဖြစ်လို့ မသီတာထွေးကိစ္စကျမှ ဒီလောက်တောင် မျိုးဖြုတ် လူသတ်ပွဲကြီးဖြစ်နေရတာလဲ ဆိုတော့ ဒေါ်စုပြောသလို တယောက်ယောက်ကပဲ တမင်တကာဖန်တီးနေတာလား။

အနောက်နိုင်ငံသတင်းဌာနတွေကို ယခုတလော အရမ်းဆဲနေကြတယ်။ အဲဒီသတင်းဋ္ဌာနတွေ ဟာ သတင်းကိုလုပ်ကြံဖန်တီး ပြီး ပြောလို့မရဘူး။ ကိုယ်က သူတို့အမှားကို သက်သေနှင့် တကွ ထောက်ပြနိုင်ရင် သူတိုတွေပြသနာတက်သွားမှာ။ စစ်အစိုးရကို တော်လှန်တုန်းက အဲဒီ မီဒီယာတွေကိုပဲ အားကိုးလာခဲ့တယ်မဟုတ်လား။ အခုကျတော့ ကိုယ့်အကြိုက်လိုက်မပြောတာနဲ့ သူတို့တွေ အလိမ်ဖြစ်သွားရော်လား။ လွယ်ပါတယ်။ အဲဒီ မီဒီယာတွေ အားလုံးကို ရခိုင်ပြည်နယ်ထဲ လွတ်လပ်စွာသွားလာခွင့် နှင့် သတင်းယူခွင့်ပေးလိုက်ပါ။ စဉ်းစားစရာက ဘာလို့ အစိုးရက ဒီမီဒီယာတွေကို ရခိုင်ပေးမသွားလဲ။ ဒါနဲ့ ထူးထူးဆန်းဆန်း မွတ်စလင် အဖွဲ့တချို့ကို ရခိုင်သွားခွင့်ပြုလိုက်တယ်။ လေဆိပ်ကနေ ရဟတ်ယာဉ်နဲ့ တနေရာခေါ်သွားပြ ပြီး မွတ်ဆလင် တွေအားလုံးအေးအေးဆေးဆေးရှိပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ညတောင်အိပ်ဖို့မပေးဘူး ချက်ချင်းပြန်ခိုင်းလိုက်တယ်။ ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အစိုးရက တခုခု မဟုတ်တာလုပ်ထားပုံရတယ်။

Saturday, July 14, 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် အဖြစ်မှန်ကို အမှန်တကယ် သိလိုလျှင် ကိုယ်တိုင်းသွားရောက် ကြည့်ကြပါ


ယခုတလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သတ်၍ အဖွဲ့အစည်းအသီးသီး၊ သတင်းဌာနအသီးသီးတို့က သူဖက် ကိုယ့်ဖက် လိုရာဆွဲ၍ ပြောဆိုရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။ နိုင်ငံအချင်းချင်းကြား၌ စစ်ပွဲဖြစ်ပွားလျှင် တဖက်၏ ဆုံးရှုံးပျက်စီးမှုကို ချဲ့ကား၍ ပြောဆိုကြသော်လည်း၊ လူမျိုးနှစ်စုအကြား သို့မဟုတ် အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားလျှင်မူ ကိုယ့်ဖက်မှ ဆုံးရှုံးမှုကိုသာ အလေးထားပြောဆိုလေ့ရှိကြသည်။ ဤသည်မှာ ပတ်ဝန်းကျင်၏ သနားကြင်နာမှုကို အခြေပြုသော ထောက်ခံမှုရယူလိုခြင်းနှင့် တဖက်သားကို မုန်းတီးစေလို၍ ဖြစ်သည်။

ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ နောက်ဆုံး၌ အမှန်တရား ပေါ်လာစမြဲပင်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သမျှနှင့် ပတ်သတ်၍ ပြည်တွင်းပြည်ပ မီဒီယာအချို့က မီး ပိုတောက်လောင်လာအောင် ရေးသားဖော်ပြခဲ့ သကဲ့သို့ အချို့မီဒီယာများကလည်း သမာသမတ်ကျကျ ရေးသားဖော်ပြ ခဲ့ကြသည်ကိုတွေ့ရသည်။ အချို့မီဒီယာများက သတင်းမှန်ရယူရန် ခက်ခဲ၍ မဖော်ပြနိုင်ကြသလို၊ အချို့မီဒီယာများက ထိုအချက်ကို အခွင့်အကောင်းယူ၍ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခကြီးထွားလာအောင်၊ တမင်ဖန်တီးခဲ့သည်။ မည်သို့ပင် ပြောဆိုရေးသားနေသည်ဖြစ်စေ၊ အကျိုးအကြောင်းဆီလျှော်စွာ ယုတ္တိ၊ ယုတ္တာရှိရှိ ရေးသားဖို့ လိုသည်။

မီဒီယာတချို့၏ ဘက်လိုက်ရေးသားမှုကြောင့် ဗုဒ္ဓဘာသာ အများစုဖြစ်သော မြန်မာနိုင်ငံတွင် မွတ်စလင်မုန်းတီးရေး စိတ်ဓါတ်များ ပေါ်ပေါက်စေခဲ့သည်။ ဘက်ဆွဲခြင်းသည် မိမိတစ်ဦးခြင်း၏ လွတ်လပ်သော ရွေးချယ်မှု တစ်ရပ်သာဖြစ်၍ အပြစ်တင်စရာမရှိ။ သို့ရာတွင် သတင်းမီဒီယာများအနေ
ဖြင့် ထိုသို့ဘက်ဆွဲ ရေးသားခြင်းကို မီဒီယာကျင့်ဝတ်အရ ကြည့်မည်ဆိုလျှင် လုံးဝခွင့်မလွှတ်နိုင်သော ပြစ်မှုကြီးတစ်ခုပင် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်တွင်းမီဒီယာနှင့် နိုင်ငံခြားအခြေစိုက် မြန်မာ့မီဒီယာ အချို့တို့သည် ကမ္ဘာ့အလည်မှာ မီဒီယာကျင့်ဝတ်အရ ရင့်ကျက်မှု အားနည်းသည်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

သတင်း မီဒီယာလုပ်ငန်းသည် လက်လွှတ်စပယ်လုပ်၍ ရသော လုပ်ငန်းတစ်ခုမဟုတ်ပေ။ သတင်း “ထူးလျှင်၊ ဦးလျှင် ပြီးရော” ဆိုသောသဘောဖြင့် ရေးသားဖော်ပြကြမည်ဆိုလျှင် စာဖတ်သူများနှင့် သတင်းရေးသားသူ နှစ်ဦးစလုံး ဒုက္ခရောက်ကြမည်မှာ သေချာနေသည်။ သတင်းတစ်ပုဒ်ရေးမည်ဆို
လျှင် ထိုသတင်း၏ နောက်ခံအကြောင်းရင်းကို သိရှိဖို့ လိုအပ်သည်။ ထိုသတင်းသည် မည်မျှမှန်ကန်မှု ရှိသည်မရှိသည်ကို နောက်ခံအကြောင်းရင်းနှင့် ချိန်ထိုးကြည့်မှသာ သတင်းမှန် ထွက်ပေါ်လာနိုင်သည်။ ရခိုင်ပြည်နယ်အကြောင်းရေးမည်ဆိုလျှင်လည်း ဦးစွာ ရခိုင်ပြည်နယ်အကြောင်း နောက်ခံအကြောင်း
ရင်းကို သေချာလေ့လာဖို့ လိုပေလိမ့်မည်။
အကြမ်းအားဖြင့်ပြောရလျှင် ရခိုင်ပြည်နယ်သည် ရခိုင်ကမ်းရိုးတန်းတလျှောက် တောင်မြောက် သေး
သွယ် ရှည်လျားသော ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည်။ ရှေးရခိုင်ဘုရင်များလက်ထက်တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရခိုင်ပြည်နယ် နေရာအနှံ့ ပျံ့နှံ့စွာ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။


စိတ်ကူးထဲက အပိုင်းအစများ | ခေဋီဈက်အို

 
 





- ဗမာ့သမိုင်းမှာ နိုင်ငံ့ကောင်းကျိုးအတွက် သစ္စာရှိရှိ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့တာ မွတ်စလင်မ်တွေပါ။ (မွတ်စလင်မ်ဆိုတာ အစ္စလာမ်ဘာသာကိုယ်းကွယ်သူတိုင်းကို ခေါ်ပါတယ်။)

- လက်နက်ရှိစဉ်တုန်းကတော့ အချော့သတ်နဲ့ ပေါင်းပြီး လက်နက်မဲ့သွားတဲ့အခါ နည်းမျိုးစုံနဲ့ ၀ိုင်းဖိကာ လူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားအောင် စနစ်တကျ လုပ်နေတာကို သံဝေဂ ယူစရာပါ။

- ဗမာပြည်မှာ ကိုယ်းကွယ်ရာမတူရင် ရန်သူလို့သတ်မှတ်ပြီး ကိုယ်းကွယ်ရာတူတဲ့ တိုင်းရင်းသားတွေကိုတော့ မဟာဝါဒတစ်ခုအောက်ကို ဘာသာရေးမှိုင်းတွေတိုက်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းသွပ်သွင်းနေခဲ့တာ ဟိုးတုန်းကတည်းကပါ။
 

 

Thursday, July 12, 2012

အမှန်တရားကို ဖျက်ဆီးခံနေရသော လူသားတစ်ရပ်

မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်တွင် အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ယနေ့ ၂၀၁၂ -ခုနှစ် တွင် နှစ်ပေါင်း (၆၄)နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော် လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖနှင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဆိုပြီး ခေတ် အ မျိုး မျိုးပြောင်းလဲခဲ့ပြီးဖြစ်သည်။

လွတ်လပ်ရေးတိုက်ပွဲတွင် လူမျိုးစုံ၊ ဘာသာစုံမှ ပုဂ္ဂိုလ်များ အသက်စတေးကာ လွတ်လပ်ရေးကို အရယူခဲ့ သည်။ ကမ္ဘာ့နိုင်ငံ အများစုသည် ကိုလိုနီလက်အောက်ခံဘ၀မှ လွတ်လပ်ရေးရရှိပြီးနောက် ၄င်းတို့၏ နိုင်ငံ များ အနှေးနှင့်အမြန်ဆိုသလို တိုးတက်ပြောင်းလဲခဲ့သော်လည်ဲး နှစ်ပေါင်း(၆၄)နှစ်တိုင် ရှည်လျားသော သက် တမ်းရှိ မြန်မာနိုင် ငံသည် ခေတ်မှီ နိုင်ငံတော်ပန်းတိုင်သို့ရောက်ရှိရန် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏ နောက်ဆုံးတွင် ကပ်၍ တာထွက်လျက်ရှိနေပါသည်။

ဤကဲ့သို့ အခြေအနေမျိုးရောက်ရှိစေရန် အဓိက အခြေခံအကြောင်းတရားသည် ဗမာကြီးစိုးရေးဝါဒကို ခေတ် အ ဆက်ဆက် အာဏာရှင် ခေါင်းဆောင်များ ကိုင်စွဲထားခြင်းကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကျေညာခြင်းကို ခံခဲ့ရပါသည်။ အကျိုးဆက် အားဖြင့် တိုင်းရင်းသားအားလုံး ဒုတိယံမိ ကိုလိုနီခေတ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ရှည်ကြာစွာ ပြည်တွင်းစစ်မီးများဖြင့် သံသရာ ၀ဲဂယက်ထဲတွင် လည်မြဲလည်နေဆဲဖြစ်သည်။

မျက်နှာလိုက်တဲ့ တရားစီရင်ရေး မဏ္ဍိုင်

ရခိုင်ပြည်နယ် ရမ်းဗြဲ ကျောက်နီမော်အုပ်စု ရိုဟင်ဂျာမွတ်စလင်ရွာအနီးမှာ ဓါးဒဏ်ရာဖြင့် သေဆုံးနေသော
ရခိုင်အမျိုးသမီးဟုဆိုသူ မသီတာထွေးအလောင်းကို ရှာတွေ့ပြီး ၂၄ နာရီအတွင်း လူသတ်တရားခံဟု
ယူဆရသူဆိုပြီး အလောင်းတွေ့ရှိရာ အနီးနား ရိုဟင်ဂျာရွာထဲက ရိုဟင်ဂျာလူငယ် သုံးဦးကို ရခိုင်အမျိုး
သားရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လူသတ်မှု၊မုဒိမ်းမှုနှင့် လုယက်မှုများဖြင့် တရားစွဲဆိုကာ သေဒဏ်ချမှတ်လိုက်ကြသည်။

တရားခံဟုစွပ်စွဲခံခဲ့ရသူ သုံးဦးထဲက တစ်ဦးက တရားရုံးမတင်မီ ရဲစခန်းအတွင်း၌ပင် အသက်ခံ
ရပြီး ဇာတ်သိမ်းသွားသည်။ မသီတာထွေးကိစ္စကို အနီးကပ် စောင့်ကြည့်နေသူ အချို့ ၏ အဆိုအရ ရဲစခန်း
တွင် အသက်ခံရသူသည်။မသီတာထွေးကို သူတို့လုပ်ခဲ့ကြောင်း သတ်ခဲ့ကြောင်း အတင်းအဓမ္မ ထွက်ဆို
လက်မှတ်ထိုးခိုင်သဖြင့် သူတို့လုပ်တာ မဟုတ်တဲ့ အတွက် ဝန်ခံစရာလဲ မလိုကြောင်း လက်မှတ်လဲ
မထိုးနိုင်ကြောင်း အပြန်အလှန်ငြင်းခုံပြောဆိုခဲ့သဖြင့် ရခိုင်ရဲတပ်ဖွဲ့များ၏ ရိုက်နှက် ထိုးကြိတ်ခြင်းကို
ပြင်းပြင်းထန်ထန်ခံရပြီး သွေးအန်ပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အခြားနှစ်ကိုလည်းသူလို အသေမခံချင်ရင် မင်းတို့ကျူးလွန်ခဲ့ကြောင်းဝန်ခံဖို့ အကြိမ်းကြိမ်း ရိုက်နှက် ထိုးကြိတ်ပြီး ဝန်ခံလက်မှတ်ထိုးခိုင်ခဲ့ကြောင်း အရိုက်မခံရအောင် သုံးမှုထဲက အနည်းဆုံး လူသတ်မှု မုဒိမ်းမှုကို ကျူးလွန်ကြောင်း ဝန်ခံခိုင်လာသဖြင့် အရိုက်သက်သာအောင် ဝန်ခံလက်မှတ်ထိုးပေးလိုက်
ခဲ့ကြောင်းစုံစမ်းသိရှိရသည်။တရားခံဟု စွပ်စွဲခံရသူများဘက်က တစ်စုံတရား ခုခံချေပခွင့်နှင့် သက်သေ
ထွက်ဆိုခွင့်မရရှိဘဲ တရားရုံးတော်က တဘက်သက် သေဒဏ်ချမှတ်ခဲ့သည်။

ဘယ်သူသတ်လို့ သတ်မှန်မသိ၊ မျက်မြင်သက်သေမရှိ  ဘယ်တုန်းက ဘယ်နေရာမှာ အသတ်ခံရမှန်
ရေရေရာရာ မသိဘဲ မမြင်ဘဲ၊ သက်သေအထောက်အထားတစ်စုံ တစ်ရာ ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့
ရခိုင်အမျိုးသမီး မသီတာထွေးဆိုသူကို သတ်သည်ဟူ၍ စွပ်စွဲခံရသူ ရိုဟင်ဂျာမွတ်စလင် သုံးဦးမှ လုယက်မှု၊မုဒိမ်းမှုနှင့် လူသတ်မှုစသည့်  ပြစ်မှုများဖြင့် တဘက်သက် ဖမ်းဆီး အမှုဖွင့် တရားရုံးတင် သေဒဏ် ချမှတ်လိုက်နိုင်ခဲ့ပေမဲ့......



Tuesday, July 10, 2012

၁၉၄၂ ခုနှစ်တွင် အစုလိုက် အပြုံလိုက် အကြမ်ဖက် မျိုးတုံးသတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများ

၂၀၁၂ ခုနှစ် ဇွန်လ (၈)ရက်မှ စတင်ခဲ့သော ရခိုင်ပြည်နယ်က အကြမ်းဖက် သတ်ဖြတ်မှုနှင့် ၁၉၄၂ခုနှစ်
မတ်လ ၂၈ ရက်နေ့လောက်မှာ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာမျိုးတုံး သတ်ဖြတ်မှုကို နှိုင်းယှဉ်ကြည့်ခြင်း။
စာဖတ်သူတို့ ကိုယ်တိုင်း နှိုင်းယှဉ်ကြည့်ကြပါ။ဒါဟာ မျိုးတုံးသတ်ဖြတ်မှု ဟုတ်မဟုတ် ကိုယ်တိုင်း ဆုံး
ဖြတ်ကြပါ။


ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေသော အချိန်ကာလသည် အရေးကြီးသော အချိန်အခါဖြစ်သည်။ပြည်သူများ၏
အသက်အိုးအိမ် ဆုံးရှုံးမှု ပမာဏသည်လည်း နှိုင်းမရလောက်အောင် ကြီးမားခဲ့ပေသည်။ ၁၉၄၁ မှ ၁၉၄၆
ခုနှစ်များအတွင်း ရခိုင်ဒေသတွင် အုပ်ချုပ်ရေး ၃ ၊ ၄ မျိုးပြောင်းလဲပေါ်ပေါက်ခဲ့သည်။ပြည်သူအားလုံး တစ်
နည်းမဟုတ် တစ်နည်း တော်လှန်ရေး အခတ်အခဲ ၊ စစ်ဘေးဒဏ် ၊ လူမျိုးရေးအဓိကရုဏ်၏ အနိဠာရုံများ
အလူးအလဲခံခဲ့ရပေသည်။ တန်ဖိုးရှိသော လူသားအရင်းအမြစ်များ စတေးခံဘဝသို့ တနည်းနည်းဖြင့်
ရောက်ခဲ့ရသည်။အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင် - ရခိုင် ဗုဒ္ဓဘာသာ အဓိကရုဏ်ကြောင့် ဖြစ်ပျက်ခဲ့လေသမျှ နိုင်ငံရေး လူမျိုးရေးဆက်နွယ်နေပါသဖြင့် ရေးသားတင်ပြသူများဘက်တွင်
ချဲ့ကားမှုများဘက်လိုက်မှုများရှိခဲ့ကြောင်း တွေ့ ရသည်။

ဒေသတွင်းနေ လူမျိုးစုများကြား အပြန်အလှန် ယုံကြည်လေးစားမှုများ ဖြစ်တည်လာရေး နှင့် ငြိမ်းချမ်းရေးကိုရှေးရှု၍ အတိတ်က ဖြစ်ပျက်ခဲ့သော ထိုအနိဠာရုံများအား တင်ပြရာတွင် ဘက်လိုက်မှု
မရှိဘဲအတတ်နိုင်ဆုံး အမှန်ကန်ဆုံး အသင့်တော်ဆုံး ပုံစံဖြင့် တင်ပြရန်လိုအပ်ပေသည်။ထိုသို့တင်ပြ
ရာတွင်လည်း အာဃတကြီးထွားပြီ ပဋိပက္ခများ ထက်မှန်ဖြစ်ပေါ်စေနိုင်သောသွေးထိုး
မြောက်ပင့်ပေးခြင်းမျိုးသက်ရောက်နိုင်သော အရေးအသားမျိုးကို အတတ်နိုင်ဆုံး ရှောင်ကျဉ်းရမည်ဖြစ်
ပေသည်။ ဤအကြောင်းကို ရခိုင် - ရိုဟင်ဂျာ ပြည်သူအများလက်ခံနိုင်ရေးကို ဦးတည်ပြီ ရခိုင်အမျိုး နိုင်ငံ
ရေးခေါင်းဆောင် ဘုံပေါက်သာကျော်၏ ရေးသားချက်များနှင့်အစ္စရေးနိုင်ငံသား moshe yegar၏မှတ်တမ်း
များကိုကိုးကား၍ တင်ပြလိုပါသည်။