Pages

Thursday, July 12, 2012

မျက်နှာလိုက်တဲ့ တရားစီရင်ရေး မဏ္ဍိုင်

ရခိုင်ပြည်နယ် ရမ်းဗြဲ ကျောက်နီမော်အုပ်စု ရိုဟင်ဂျာမွတ်စလင်ရွာအနီးမှာ ဓါးဒဏ်ရာဖြင့် သေဆုံးနေသော
ရခိုင်အမျိုးသမီးဟုဆိုသူ မသီတာထွေးအလောင်းကို ရှာတွေ့ပြီး ၂၄ နာရီအတွင်း လူသတ်တရားခံဟု
ယူဆရသူဆိုပြီး အလောင်းတွေ့ရှိရာ အနီးနား ရိုဟင်ဂျာရွာထဲက ရိုဟင်ဂျာလူငယ် သုံးဦးကို ရခိုင်အမျိုး
သားရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လူသတ်မှု၊မုဒိမ်းမှုနှင့် လုယက်မှုများဖြင့် တရားစွဲဆိုကာ သေဒဏ်ချမှတ်လိုက်ကြသည်။

တရားခံဟုစွပ်စွဲခံခဲ့ရသူ သုံးဦးထဲက တစ်ဦးက တရားရုံးမတင်မီ ရဲစခန်းအတွင်း၌ပင် အသက်ခံ
ရပြီး ဇာတ်သိမ်းသွားသည်။ မသီတာထွေးကိစ္စကို အနီးကပ် စောင့်ကြည့်နေသူ အချို့ ၏ အဆိုအရ ရဲစခန်း
တွင် အသက်ခံရသူသည်။မသီတာထွေးကို သူတို့လုပ်ခဲ့ကြောင်း သတ်ခဲ့ကြောင်း အတင်းအဓမ္မ ထွက်ဆို
လက်မှတ်ထိုးခိုင်သဖြင့် သူတို့လုပ်တာ မဟုတ်တဲ့ အတွက် ဝန်ခံစရာလဲ မလိုကြောင်း လက်မှတ်လဲ
မထိုးနိုင်ကြောင်း အပြန်အလှန်ငြင်းခုံပြောဆိုခဲ့သဖြင့် ရခိုင်ရဲတပ်ဖွဲ့များ၏ ရိုက်နှက် ထိုးကြိတ်ခြင်းကို
ပြင်းပြင်းထန်ထန်ခံရပြီး သွေးအန်ပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အခြားနှစ်ကိုလည်းသူလို အသေမခံချင်ရင် မင်းတို့ကျူးလွန်ခဲ့ကြောင်းဝန်ခံဖို့ အကြိမ်းကြိမ်း ရိုက်နှက် ထိုးကြိတ်ပြီး ဝန်ခံလက်မှတ်ထိုးခိုင်ခဲ့ကြောင်း အရိုက်မခံရအောင် သုံးမှုထဲက အနည်းဆုံး လူသတ်မှု မုဒိမ်းမှုကို ကျူးလွန်ကြောင်း ဝန်ခံခိုင်လာသဖြင့် အရိုက်သက်သာအောင် ဝန်ခံလက်မှတ်ထိုးပေးလိုက်
ခဲ့ကြောင်းစုံစမ်းသိရှိရသည်။တရားခံဟု စွပ်စွဲခံရသူများဘက်က တစ်စုံတရား ခုခံချေပခွင့်နှင့် သက်သေ
ထွက်ဆိုခွင့်မရရှိဘဲ တရားရုံးတော်က တဘက်သက် သေဒဏ်ချမှတ်ခဲ့သည်။

ဘယ်သူသတ်လို့ သတ်မှန်မသိ၊ မျက်မြင်သက်သေမရှိ  ဘယ်တုန်းက ဘယ်နေရာမှာ အသတ်ခံရမှန်
ရေရေရာရာ မသိဘဲ မမြင်ဘဲ၊ သက်သေအထောက်အထားတစ်စုံ တစ်ရာ ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့
ရခိုင်အမျိုးသမီး မသီတာထွေးဆိုသူကို သတ်သည်ဟူ၍ စွပ်စွဲခံရသူ ရိုဟင်ဂျာမွတ်စလင် သုံးဦးမှ လုယက်မှု၊မုဒိမ်းမှုနှင့် လူသတ်မှုစသည့်  ပြစ်မှုများဖြင့် တဘက်သက် ဖမ်းဆီး အမှုဖွင့် တရားရုံးတင် သေဒဏ် ချမှတ်လိုက်နိုင်ခဲ့ပေမဲ့......



တောင်ကုတ်မှာ ခရီးသွား မွတ်စလင် (၁၀)ဦးကို နေ့လည် နေ့ခင်း လူမြင်ကွင်းမှာ လူ (၃၀၀)လောက်ရှိတဲ့ လူအုပ်ကြီးက ခရီးသည်များကိုကားပေါ်က အတင်းအဓမ္မဆွဲချပြီး ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်
သွားသော လူအုပ်ကြီးထဲက တစ်ယောက်တလေတောင် ဖမ်းမမိသေးလို့မျက်မြင်  သက်သေထွက် ဆိုပေးမယ့် လူမရှိလို့ အကြမ်းဖက်သတ်ဖြတ်မှုကနေ လူသတ်မှု၊ လူသတ်မှုကနေ ယခုလူသေမှု အဖြစ်သက်မှတ်ဖို့ လုပ်လာနေတာကို ကြည့်ချင်အားဖြင့် မြန်မာနိုင်ငံရဲ့  တရားဥပဒေဆိုတာ မျက်နှာ လိုက်တဲ့ တရားဥပဒေဖြစ်သလို လူမျိုးဘာသာအပေါ် အခြေခံတဲ့ တရားစီရင်ရေး မဏ္ဍိုင်၊ဥပဒေ အထက်
မှာ မည်သူမှ မရှိဘူးဆိုတဲ့ တိကျမှန်ကန်ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေး မဏ္ဍိုင် မဟုတ်ဘူး ဆိုတာ မရှက်မကြောက် ကမ္ဘာ့ လူသားထု တရပ်လုံးကို ပြသလိုက်ခြင်းဖြစ်သည်။




1 comment:

  1. အံ့သြစရာပါလား .... ဒီလောက် အမ်ပီဖိုးတွေ ဟန်းဖုန်းတွေ ပေါနေတဲ့ခေတ်ကြီးမှာ သက်သေမရှိဘူးတဲ့လား သံတွဲသားတွေရဲ့ အမ်ပီဖိုးတွေ ဟန်းဖုန်းတွေကို စစ်ဆေးနိုင်တဲ့ ရဲစုံထောက်တွေ မရှိတော့ဘူးလား ... အမှန်တော့ ဗမာအစိုးရရဲ့ သောက်ကျင့်ကို ထင်ထင်ရှားရှားပြလိုက်တဲ့လုပ်ရပ်ပါပဲ ... လူညီရင်လုပ်ချင်တာလုပ်လို့ ရမယ်ဆိုရင် ... လုပ်လိုက်ကြစို့လေ

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။