Pages

Monday, July 16, 2012

တွေးကြည့်ကြပါ | ကျော်ဝင်း (UK)


အမှန်တရား တခုပေါ်လာဖို့ဆိုတာ အမှန်တရား ကိုပဲအချေခံပြီး ဆွေးနွေးဖို့လိုတယ်။ အမှန်တရား ဆိုတာ ကလည်: သက်သေသာဓက အထာက်အထား နဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး မှ ပြတ်သားတဲ့အဖြေထွက်မှာဖြစ်တယ်။ အမှန်တရားကို ရှာဖွေသူတိုင်းဟာ မိမိရဲ့ဆန္ဒ နဲ့ အတ္တ ကို ဘောင်ခတ်နိုင်ရတယ်။ အမျိုးသားရေး စိတ်ဓါတ် ရှိတာ တော့ ကောင်းပါတယ်။ ဒါပေမဲ့ အစွန်းမရောက် ဖို့တော့လိုတယ်။ မိမိ လိုရာ ကိုပဲတဖက်သပ် အတင်းဖိ ပြော လို့ တော့ ဘယ်တော့ မှ ညှိနှိုင်းလို့ရမှာမဟုတ်ဘူး။

ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်၊ အိမ်ထောင်ပြုခွင့်၊ ပညာသင်ကြားခွင့် နှင့် အခြား အခြေခံ လူ့အခွင့်အရေး တွေကိုပိတ်ပင်ထားတာ ဆယ်စုနှစ်မနည်းတော့ဘူး ရခိုင်အရေးကိုတခါမျှ မကြားဖူးတဲ့ သူတွေကတော့ အလိမ်ခံရမှာပဲဆိုတာ အမျိုးထိရင် အားလုံးနာတတ်သူတွေပါပဲလေ။ ဒါကို အခွင့်ကောင်းယူပြီး ပြသနာ ကိုမကြီး ကြီးအောင် ဖန်တီး နေတာ ဘယ်သူလဲဆိုတာ အားလုံး သိသင့်ပြီ။ လူဦးရေ သန်းခြောက်ဆယ်လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ မုဒိမ်းမှု နဲ့လူသတ်မှု ဆိုတာမဆန်းပါဘူး။ သတင်းစာတွေနဲ့ မှုခင်း ဂျာနယ်တွေမှာလည်း အဲဒီလိုအမှုတွေအကြောင်းပလူပျံနေတာပဲ။ ထောင်ထဲမှာလည်း အဲဒီလိုတရားခံတွေက အများကြီး။ ဘာဖြစ်လို့ မသီတာထွေးကိစ္စကျမှ ဒီလောက်တောင် မျိုးဖြုတ် လူသတ်ပွဲကြီးဖြစ်နေရတာလဲ ဆိုတော့ ဒေါ်စုပြောသလို တယောက်ယောက်ကပဲ တမင်တကာဖန်တီးနေတာလား။

အနောက်နိုင်ငံသတင်းဌာနတွေကို ယခုတလော အရမ်းဆဲနေကြတယ်။ အဲဒီသတင်းဋ္ဌာနတွေ ဟာ သတင်းကိုလုပ်ကြံဖန်တီး ပြီး ပြောလို့မရဘူး။ ကိုယ်က သူတို့အမှားကို သက်သေနှင့် တကွ ထောက်ပြနိုင်ရင် သူတိုတွေပြသနာတက်သွားမှာ။ စစ်အစိုးရကို တော်လှန်တုန်းက အဲဒီ မီဒီယာတွေကိုပဲ အားကိုးလာခဲ့တယ်မဟုတ်လား။ အခုကျတော့ ကိုယ့်အကြိုက်လိုက်မပြောတာနဲ့ သူတို့တွေ အလိမ်ဖြစ်သွားရော်လား။ လွယ်ပါတယ်။ အဲဒီ မီဒီယာတွေ အားလုံးကို ရခိုင်ပြည်နယ်ထဲ လွတ်လပ်စွာသွားလာခွင့် နှင့် သတင်းယူခွင့်ပေးလိုက်ပါ။ စဉ်းစားစရာက ဘာလို့ အစိုးရက ဒီမီဒီယာတွေကို ရခိုင်ပေးမသွားလဲ။ ဒါနဲ့ ထူးထူးဆန်းဆန်း မွတ်စလင် အဖွဲ့တချို့ကို ရခိုင်သွားခွင့်ပြုလိုက်တယ်။ လေဆိပ်ကနေ ရဟတ်ယာဉ်နဲ့ တနေရာခေါ်သွားပြ ပြီး မွတ်ဆလင် တွေအားလုံးအေးအေးဆေးဆေးရှိပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ညတောင်အိပ်ဖို့မပေးဘူး ချက်ချင်းပြန်ခိုင်းလိုက်တယ်။ ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အစိုးရက တခုခု မဟုတ်တာလုပ်ထားပုံရတယ်။

နောက်ထပ် သတိထားမိတာက တက်လာလိုက်တဲ့ သတင်းတွေကလည်း တဖက်သတ်၊ ရယ်စရာ ကောင်းတာက အခုဘဲ ဘင်္ဂလီတွေလက်နက် တွေနဲ့ ကျူးကျော် ဝင်ရောက်လာပြီတဲ့။ ဒါဟာ (စိုက်ကို) သုံးပြီး ပြည်သူတွေကို လှည့်စားသွားတာ။ ဘာလို့လဲဆိုတော့ တိုင်းပြည်ကိုထိပါးလာပြီဆိုရင် လူတိုင်း တသံထဲဖြစ်သွားပြီး မျိုးချစ်စိတ်ဓတ် တက်ကြွလာတယ်လေ။ နှစ်ဖက်စလုံးကို အရှိန်မြှင့်တင်ပေးပြီး အခြား တဖက်မှာ လုပ်ချင်သလိုလုပ်သွားတာတွေ့ရတယ်။ နည်းနည်း စဉ်းစားကြည့်ပါ။ ဘယ်သူက ကိုယ့်တိုင်းပြည်ကိုလွတ်ပြီး မြန်မာပြည်လို အဖက်ဖက်က ပိတ်စို့ ထားတဲ့ တိုင်းပြည်ကိုလာချင်မလဲ။ ရိုဟင်ဂျာတွေ မိုဘိုင်းဖုန်းတောင် ကိုင်ပိုင်ခွင့် မရှိတာ။

အမှန်တကယ်တော့ ဒီပြသနာကို ဖန်တီးဖို့ မသီတာထွေး နဲ့ တောင်ကုတ် က အကြမ်းဖက်မှုကြီး ကိုဖန်တီးခဲ့တာ။ ဒါတွေရဲ့ နောက်ကွယ်မှာ တဦးဦးက ကြိုးကိုင်နေတယ်ဆိုတာ ပေါ်လွင်နေတယ်လေ။ အဖြေမှန်လိုချင်ရင် ကိုယ့်ကိုကိုယ် နှစ်ဖက်စလုံးကထားပြီးစဉ်းစားကြည့်ပါ။ အမုန်းတရားနဲ့တော့အဖြေမှန်ထွက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။

ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလား နိုင်ငံသားလား ဆိုတာ တဦးဦးက ကိုယ်ထင်ရာ လျှောက်ပြောလို့မရဘူး။ တိုင်းရင်းသားလားဆိုတာ ကမ္ဘာ့အဆင့်မှီသမိုင်းပင်ညာရှင်တွေနဲ့ တိုင်းရင်းသားရေးရာ ကျွမ်းကြင် သူတွေကလေ့လာ စီစစ် ပြီးမှ လွတ်တော်မှာဆုံးဖြတ်ရမှာလေ။ နိုင်ငံသားလားဆိုတာကိုလည်း နိုင်ငံတကာအဆင့်မှီ ဥပဒေရှိရမှာဖြစ်ပြီး ပင်ညာရှင် တွေနဲ့ လေ့လာစီစစ်ပြီးမှ ဆုံးဖြတ်ရမှာလေ။ ဒါပေမဲ့ ရိုဟင်ဂျာတွေလူသားတွေလားဆိုတာတော့ လူစိတ်ရှိပြီး လူ့အခွင့်အရေးကို နားလည်တဲ့ သူတွေက ကောင်းကောင်းဆုံးဖြတ်တတ်ပါလိမ့်မယ်။ အကယ်၍ မြန်မာမီဒီယာများစွပ်စွဲနေသလို ဘင်္ဂလီတွေဆိုရင် ဘာ့ကြောင့် ဘင်္ဂလားဒေ့ နိုင်ငံက ဒီလူတွေကိုပြန်ပြီး သေတွင်းထဲတွန်းပို့လိုက်တာလဲ။ သိထားဖို့က ဘင်္ဂလားဒေ့ခ်ျ ကဒီမိုကရေစီနိုင်ငံနော်။ အာဏာရှင်တိုင်းပြည်မဟုတ်ဘူး။ ကျုပ်တို့စီကလို လုပ်ချင်သလိုလုပ်လို့မရဘူး။

ဘယ်သူကမီးစရှို့တယ်ဆိုတာအတိအကျမသိရပေမဲ့ "ရခိုင်သားအိမ်" လို့ဆိုပြီးဘာလို့အိမ်ရှေ့တွေမှာ ဆိုင်ဘုတ် ချိတ်ထားတာလဲ။ ကိုယ့်ကိုယ်ကို မလိမ်ပဲအမှန်အတိုင်းစဉ်းစားကြည့်ပေါ့။ တောင်ကုတ်အကြမ်းဖက်မှုဟာအခုတော့သက်သေထွက်မဲ့လူ မရှိလို့ လူသေမှုလို့ပဲယူစရတော့မယ်တဲ့။ ဒါပဲလား မြန်မာမွတ်ဆလင်တွေ အပေါ်ထားတဲ့ခင်ဗျားတို့ရဲ့ သဘောထား။ ဒီမိုကရေစီလှုပ်ရှားမှု မှာတော့ အတူတူ အေးတူ ပူအမျှ စစ်ဖိနပ် အောက်ကနေလွတ်မြောက်အောင် ကြိုးပမ်းခဲ့ကြတယ်။ ဒီမိုကရေစီရဲ့ အငွေ့တောင်မှမရသေးဘူး ကျုပ်တို့မွတ်ဆလင်တွေကို သူစိမ်းသဖွယ် ရန်သူလိုမျိုး ဆက်ဆံ နေပြီ။ ကျုပ်တို့ ကတော့ဘယ်တော့မှ သစ္စာမဖောက် တသွေးတည်း တသားတည်း မြန်မာတိုင်းရင်းသား အားလုံးနဲ့ အမြဲ ရပ်တည်ခဲ့တယ်။ အစ္စလမ်ဘာသာဟာ မြန်မာပြည်ကို ရောက်ရှိလာတာ နှစ်ပေါင်းတထောင်ကျော်သွားပါပြီ။ အကယ်လို့ မြန်မာနိုင်ငံကို မွတ်ဆလင်နိုင်ငံပြုလုပ်ဖို့အကြံအစည် ရှိခဲ့ရင် အမျိုးပျောက်မှာစိုးကြောက်လှပါပြီဆိုတဲ့ ဝါဒဖြန့်နေတဲ့ ပုဂ္ဂိုဟ်တွေပါ ယနေ့ မွတ်ဆလင် ဖြစ်လောက်ပြီ။ အမှန်တကယ်တော့ ကျွန်တော်တို့ မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာ ညီနောင်များကို ဂေါ်တမ ရဲ့ ဆုံးမစကားကို လိုက်နာတဲ့ ဗုဒ္ဓဘာသာဝင် ကောင်းတွေပဲဖြစ်စေချင်တယ်။ ဘယ်ဘာသာကမှ မကောင်းမူကို မကျူးလွန်ခိုင်းဘူး။

မိမိ ကိုယ်ကျိုးအတွက် ဘာသာတရားတွေကို ခုတုံးလုပ်ပြီး လူသားတွေအပေါ်မှာ အစဉ် မကောင်းကြံစည်နေသူတွေကို ကျွန်တော်တို့ ပူးပေါင်းပြီးတိုက်ရမဲ့အစား သူတို့ရဲ့အကြိုက်လိုက်မလုပ်မိဖို့လိုတယ်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။