Pages

Friday, July 6, 2012

ကုလသမဂ္ဂမှ ရခိုင်အရေး ယနေ့ သတင်းအစီရင်ခံစာ ထုတ်ပြန်

06 July 2012
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်၌ မြန်မာအာဏာပိုင်များက ကမ္ဘာ့ကုလသမဂ္ဂဝန်ထမ်းများအပါအဝင် စုစုပေါင်း လူမှုကယ်ဆယ်ရေးဝန်ထမ်း ၁၀-ဦးကို ဖမ်းဆီးထားကြောင်းနှင့် ရိုဟင်ဂျာ မွတ်စလင်များအားလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ United Nations က ယနေ့သောကြာနေ့တွင် အတည်ပြုသတင်း ထုတ်ပြန်လိုက်သည်။

‘စုံစမ်းမေးမြန်စစ်ဆေးရန်’ အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မေးမြန်းစုံစမ်းခြင်းများကိုလည်း မြန်မာအစိုးရမှ ပြန်လည်ဖြေကြားခြင်း မရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဖမ်းဆီးထားခြင်းခံရသည့် အကြောင်းရင်းအချက် အလက်များပေးပါရန်လည်း မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ Medecins Sans Frontieres (Doctors Without Borders)မှ ဝန်ထမ်း ၆-ဦးပါရှိပြီး မြန်မာအစိုးရထံမှ မည်သည့်အကြောင်းပြချက်မျှ မရရှိကြောင်း အဖွဲ့ကြီးက ပြောကြားလိုက်ပြီး လက်ရှိအချိန်၌ လူမှုကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုလည်း အခြေအနေအရ ယာယီ ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။



ယနေ့သောကြာနေ့၌ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က သတင်းထုတ်ပြန်ရာတွင် မြန်မာစစ်တပ်နှင့် လုံထိန်းများက ရိုဟင်ဂျာ မွတ်စလင်မြောက်များစွာအား ဖမ်းဆီးထားခြင်း၊ ဥပဒေဘောင်မဲ့ကျူးလွန်ခြင်း အများအပြားပြုလုပ်လျက်ရှိကြောင်း၊ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ပိုမိုဆိုးရွားလာကြောင်း သတင်းပါရှိသည်။
လင်းယုန်နက် (ခြင်္သေ့မြို့တော်)
အကိုးအကားနှင့် မူရင်းသတင်းများ

http://www.channelnewsasia.com/stories/afp_asiapacific/view/1211950/1/.html
http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_819344.html
http://vancouverdesi.com/news/10-aid-workers-held-for-questioning-in-myanmar-un/
http://presstv.com/detail/2012/07/06/249568/10-aid-workers-detained-in-myanmar-un/
http://www.taiwannews.com.tw/etn/news_content.php?id=1959363
http://www.onenewspage.com/n/Asia-Pacific/74rc57wjk/10-aid-workers-held-for-questioning-in-Myanmar.htm
http://www.qatar-tribune.com/data/20120630/content.asp?section=southasia1_1

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။