Pages

Thursday, July 26, 2012

ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။ ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း Burma Campaign (UK) ၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်သည့်အဖြစ်သို့
ပြောင်းလဲသွားခဲ့ကြောင်း ဤကြေညာချက်တွင် ရေးသားထားသည်။
Anna-Roberts-BCUK
Burma Campaign (UK) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် (ဓါတ်ပုံ :: Facebook)
ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရိုဟင်ဂျာ အရပ်သားများကို အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ညှဉ်းပန်း
ခြင်းနှင့် အရမ်းကာရော သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း
လွန်ခဲ့သော ရက်သတ္တပတ်များ အတွင်း သတင်းများ ရရှိထားသည်
ဟု BC (UK) က ပြောသည်။

ဒုက္ခသည် စခန်းများတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့်
ဆေးဝါးကုသပေးမှုများ မရှိကြောင်းလည်း သတင်းများ ရရှိထား
သည်ဟု သူတို့က ဆိုသည်။

“အရေအတွက် မသိရသည့် ထောင်ပေါင်းများစွာသော လူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ဝင်ရောက်ခဲ့ကြပြီး သူတို့သည် အကာအကွယ်ပေးမှု သော်လည်းကောင်း၊ အကူအညီ အထောက်အပံ့
သော်လည်းကောင်း မရရှိခဲ့ကြဘဲ ထောင်ပေါင်းများစွာသည် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာ
သေနတ်နှင့်ချိန်၍ ပြန်လည် နှင်ထုတ်ခြင်းကို ခံခဲ့ရသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

ဒေသန္တရ အာဏာပိုင်များသည် ရိုဟင်ဂျာ အများအပြားကို သူတို့၏ ကျေးရွာများ၊ ဈေးဆိုင်များ၊ အိမ်များသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ဘဲ ယင်းသည် ဒေသအတွင်း ရိုဟင်ဂျာလူမျိုး `သန့်စင်ရေး´ရည်ရွယ်ပြုလုပ်သည့် မူဝါဒတရပ် လည်း ဖြစ်ကြောင်း BC (UK) က ပြောဆိုထားသည်။

သမ္မတ ဦးသိန်းစိန် က လူမျိုးသန့်စင်ရေး ပြုလုပ်ရာရောက်သည့် မူဝါဒတရပ်ကို တင်ပြခဲ့ပြီး ယင်းမူဝါဒအရ ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ ရှင်းလင်းဖယ်ရှားပြီး တတိယနိုင်ငံသို့ ပို့ဆောင်ပေးရေး စီစဉ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ သည်။

“ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန်စိုးရိမ်ဖွယ်ရာ ကောင်းသည့် အခြေအနေတရပ် ဖြစ်ပြီး အခြေအနေမှာ အလွန်လျှင်မြန်စွာပင် ယိုယွင်းလာနေသည်” ဟု BC (UK) ၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောသည်။

“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံတကာ၏ တုံ့ပြန်မှု မျိုးကို မရရှိခဲ့ပါ။ အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ဖမ်းဆီးခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ရပ်တန့်နိုင်ရေး၊ လူများကို သူတို့နေအိမ်များသို့ လုံခြုံစွာ ပြန်ခွင့်ပြုနိုင်ရေးတို့အတွက် လိုအပ်သော အရေးယူ
ဆောင်ရွက်မှုများကို ပြုလုပ်ရန်လို အပ်ပါသည်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပြည်တွင်းတွင် သိရှိကာ အရေးတယူ ရှိလာရေး အတွက် ဗြိတိန်နိုင်ငံအနေဖြင့် သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားချက်အား
ပြန်လည် ရုတ်သိမ်းသင့်ကြောင်း ရောဘတ် က ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတယူရှိလာရေး လှုပ်ရှားဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဦးဆောင် ပါဝင်သင့်ကြောင်း လည်း သူကပြောသည်။ သို့သော် အစိုးရသည် အပြုသဘော ဆောင်သည့် သတင်းများအပေါ်တွင်သာ ပိုမိုအာရုံစိုက်
နေပုံရပြီး ဝန်ကြီးများ အနေဖြင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ပြောကြားမှုများမှာလည်း ရှားရှားပါးပါးသာ ရှိသည်ဟု သူက ဆိုသည်။

“ဤသို့ ပြုလုပ်ခြင်းဖြင့် ရိုဟင်ဂျာများကို ဝိုင်းဝန်းဖမ်းဆီးပြီး တိုင်းပြည်တွင်းမှ နှင်ထုတ်ရေး ဆောင်ရွက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ပိုအားရှိသွားအောင် လုပ်ပေးလိုက်သလို ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မရှိပါက အခြေအနေသည် ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

1 comment:

  1. မြန်မာလိုရေးသားပြီးတင်ပြနေလို့ ဘာမှဖြစ်လာမည်မဟုတ်ပါ ပြည်တွင်းမှာ မီဒီယာတွေဟာလည်း အားကောင်းကောင်းနဲ့ တစ်ဖက်သတ်ဖိနှိပ်ဖို့ အားပေးရေးသားနေပါတယ် ... ဗမာလူထုတစ်ရပ်လုံးဟာ ဘုန်းကြီးတွေရဲ့အဆက်မပြတ်သော လူမျိုးရေးမုန်တီးမှုအားပေးတဲ့ဟောပြောမှုတွေအောက်မှာ တစ်ဖက်သတ်မုန်းတီးစိတ်တွေ အပြည့်အ၀ရှိနေကြတာသေချာပါတယ် ... အစိုးရကိုယ်တိုင်က ခွဲခြားဆက်ဆံနေတဲ့ ဒီနိုင်ငံမှာ နိုင်ငံတကာဖိအားသာလျှင် တစ်ခုတည်းသော ရွေးချယ်ရန်ဖြစ်ပါတယ်... ပြည်တွင်း မွတ်ဆလင်အားလုံးလည်း ခွဲခြားဆက်ဆံခံနေကြရတာ ကာလကြာမြင့်ပါပြီ

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။