Pages

Sunday, June 3, 2012

နယ်လှည့်တရားအားထုတ်သူ အစ္စလာမ်းဘာသာဝင်များ တောင်ကုတ်တွင် အုပ်စုဖွဲ့ အနိုင်ကျင့် သတ်ဖြတ်ခံရ။



ကျနော် ဆက်သွယ်စုံစမ်းလို့ရခဲ့ပါပြီ။

- အခု သေဆုံးသူတွေကတော့ သံတွဲသစ္စာဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ နယ်လှည့် တရားအားထုတ်သူများ ဖြစ်ပါတယ်။

- အသက် (၆၀)ကျော်အရွယ် အသက်ကြီးပုဂ္ဂိုလ်တစ်ဦးအပါအ၀င် (၆)ဦးကတော့ တောင်တွင်းကြီးကလို့ သိရပါတယ်။
- စပယ်ယာတစ်ဦးနဲ့ အုန်နာအင်ရှက်စ်တစ်ယောက်ပါ စုစုပေါင်း 10ယောက်ပါ။

အုန်နာအင်ရှက်စ်ကတော့ မိန်းကလေးလို့ သိရပါတယ်။

- တောင်ကုတ်လမ်းခွ လ၀ကဂိတ်မှာ လူအုပ်ကြီးတစ်ခုက ကားကို တားတယ်။ တားပြီးကုလားတွေပါရင် ဆင်းခဲ့ အကုန်သတ်ပစ်မယ်လို့ အော်ဟစ်ပြီး တုတ်ဓားလက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။ အင်ရှက်က ကားတံခါးပိတ်ထားကာ စပယ်ယာက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါကို မရတော့ဘဲ ကားပေါ် အတင်းတွန်းတက်သွားပြီး တရားအားထုတ်သူ အစ္စလာမ်ဘာသာဝင်တွေကို တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့”လို့ အော်ဟစ်လိုက်တော့ နောက်ထပ်လူတွေ တိုးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွားတယ်။






တံခါးပေါက်ကဆင်းဆင်းခြင်းမှာတင် အောက်က လူအုပ်ကြီးက အသေအလဲ ၀ိုင်းရိုက်ရင်း (၈)ယောက်စလုံး သေဆုံးသွားတယ်။ သူတို့ မလှုပ်ရှားတော့တဲ့အချိန်မှာ အားလုံး မှင်သက်ပြီး ကြောင်ကြည့်နေတုန်း စပယ်ယာကို ဟယောင် မင်းလဲ ကုလားပဲမဟုတ်လားလို့ မေးလိုက်တော့ နောက်က လူအုပ်ကြီးက ၀ိုင်းလာပြီး ပြောဆိုချိန်မရတော့ဘဲ သူလဲ သေသွားတယ်။

အင်ရှက်မိန်းမကိုလဲ စပယ်ယာကို လုပ်နေတဲ့အချိန်မှာပဲ ဒီကောင်မလဲ ကုလားမပဲဟေ့လို့ဆိုပြီး မင်းတို့ကုလားမတွေကိုလဲငါတို့ -ိုးသတ်မယ်။ ကောင်မလာခဲ့ဆိုပြီး လိုက်ဆွဲတယ်။ ဟိုမိန်းမက ကားအနောက်ပိုင်းကို ၀င်ပြေးတော့ အတင်းလိုက်ပြီး ဖမ်းတယ်။ ဆံပင်ကိုဆွဲပြီး အောက်ကို ဆွဲခေါ်သွားတယ်။ အောက်ရောက်တော့ ဟိုဆွဲဒီဆွဲဖြစ်ပြီး အင်္ကျီအ၀တ်အစားတွေ မရှိတော့ဘဲ ကိုယ်လုံးတီးဖြစ်သွားတယ်။ တုတ်တွေနဲ့ မိန်းမတွေက ခေါင်း၊ ခြေသလုံး၊ ခါး၊ လက်တွေကို ၀ိုင်းရိုက်တယ်။ ယောက်ျားတွေက သူ့အင်္ဂါကို တုတ်တွေနဲ့ မသေမရှင်ဖြစ်နေချိန်မှာ ဆောင့်ထိုးတယ်။ ရင်သားတွေကို အပေါ်ယံရှပ်ပြီး တုတ်တွေနဲ့ ရိုက်ကြတယ်။ လည်ပင်းကို လမ်းမပေါ်မှာ ဆင်းထားပြီး လည်ချောင်းကို တုတ်နဲ့ရိုက်ရင်း သွေးသံတရဲရဲနဲ့ သွေးတွေအန်ထွက်လာပြီး သေသွားတယ်။


သေဆုံးသူများ၏ အမည်နာမများ
No. Islam Name Myanmar Name Father's Name Age NRC Number Address
1.Muhammed Sharief ,U Ne Pwe U Ahmed Suban 58 8/Ta Ka Ta (N)095548- Taung Dwingyi
2.Muhammed Hanif U Maung Ni U kay Pe Sufi 65 8/Ta Ka Ta (N)095530- Taung Dwingyi
3.Shafield Bai U Aye Lwin U A Hpoe G 52 8/Ta ka Ta(N)093573 - Taung Dwingyi
4.Aslam Bai U Aung Myint U Hla Maung 50 8/Ta ka Ta (N)094557 - Taung Dwingyi
5.Balai Bai Tayzar Myint U Yakub 28 8/Ta ka Ta (N)189815 - Taung Dwingyi
6.Shuaib Tin Maung Htwe U Tin Oo 21 8/Ta ka Ta (N)231084- Taung Dwingyi
7.Salim Bai Aung Bo Bo Kyaw U Tun Tun Zaw 26 14/Ma La Na (N)231084 Myaung Mya
8.Lukman Bai Zaw Nyi Nyi Htut U Ibrahim 33 14/Ma La Na (N) 148133 Myaung Mya
  

ရိုးမသစ္စာကားတွေရဲ့ပိုင်ရှင်ဟာ မွတ်စလင်မ်ဖြစ်လို့ ကုလားပိုင်ကားဆိုပြီး ကားကိုလဲ ထုထောင်းထားတာ ရစရာမရှိအောင် ပျက်ဆီးကုန်ပြီး အခု အဲ့ဒီနားမှာတင် ရပ်ထားပါတယ်။

- ညနေသုံးနာရီထွက်တဲ့ ကားနဲ့ပါလာတာပါ။ တောင်ကုတ်မှာဖြစ်တာက ၅-နာရီဝန်းကျင်ပါ။

- အလောင်းတွေကို စုပုံထားပြီး မိန်းမ၊ ယောက်ျားများ အရက်သောက်ရင်း ကခုန်နေကြတယ်။ အလောင်းတွေပေါ်မှာလဲ အရက်ပုလင်းတွေကို လှမ်းပစ်တာတွေ၊ ကျင်ငယ်နဲ့ပန်းတာတွေ၊ အန်ချတာတွေ လုပ်နေကြတယ်လို့ သတင်းရထားပြီး ဖြစ်ပါတယ်။ အစ္စလာမ်းဘာသာဝင် လူနည်းစုများသည် မိမိတို့ နေထိုင်ရာ ဒေသများ၌ သတိဝိရိယထားပြီး အခြားလူများစု ဗုဒ္ဓဘာသာဝင်များနှင့် ပူးပေါင်းကာ လူမျိုးရေး အဓိကရုဏ်
မဖြစ်ရလေအောင် ဘာသာပေါင်းစုံ ဝိုင်းဝန် တားဆီးကြပါရန် တိုက်တွန်းလိုက်ပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။