Pages

Saturday, June 9, 2012

အပိုင်း (၆) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော ည ၀၂း ၂၀ မိနစ်

အခုလက်ရှိ မောင်းတောမြို့ ပေါ်က အကြမ်းဖက် သတ်ဖြတ်မှုများကို ပြည်ပ သတင်း မီဒီယားများ၌ သတင်းပို့
နေသူများသည် ပြည်တွင်းက အစွန်းေ၇ာက်ရခိုင် စစ်သွေးကြွများဖြစ်သည်။ မောင်းတောမြို့ က ထို့လက်ရှိ သတ်ဖြတ်မှုကြီးကိုရိုဟင်ဂျာတွေကဘဲ လုပ်နေသလိုလို ဘင်္ဂါလီတွေကဘဲ ဝင်ရောက်လုပ်နေသလိုလို online မီဒီယာများကိုအသုံးချ၍ အဖြစ်အဖျက်အမှန်များကို ပြောင်းပြန် ဝါဒဖြန့်နေပြီး တဘက်ကလည်း ရိုဟင်ဂျာ လူထုများကိုကျူးပင်ခုတ် ကျူးငုတ်မကျန် အားလုံးကို တပြိုင်နက်တည်း အကြမ်းဖက် သတ်ဖြတ်ရန် ကြိုတင် အကွက်ချစီစဉ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်း ဘာသာဝင် ယောင်္ကျားသားများ အားလုံး ဝတ်ပြုဆုတောင်းတတ်သော သောကြာနေ့ကို ရွေးချယ်ခဲ့သည်။ ထိုနေ့ ထိုအချိန်တွင် ယောင်္ကျားသားအားလုံး ဝတ်ပြုရန်လက်ဗလာဖြင့် ဗလီကျောင်းသို့ လာမည်ကို သိထားသော စစ်သွေးကြွ အကြမ်းဖက်သမား ရခိုင်တို့သည်မူစလင် ရိုဟင်ဂျာများကို ထိုအချိန် ထိုအခါ စတင်တိုက်ခိုက်ရန် ကြိုတင် အကွက်ချ စီစဉ်းမှုဖြစ်သည်ဟုဒေသခံ ရိုဟင်ဂျာမူစလင်များက ဆိုကြသည်။ ဝတ်ပြုအပြီး ဗလီကျောင်းက အထွက်မှာ ရခိုင်စစ်သွေးကြွတို့၏ ဓါးဖြင့် တိုက်ခိုက်ခြင်းကို စတင်ခံခဲ့ရပြီး ထိုနေရာတွင်ပင် ရိုဟင်ဂျာ မူစလင် (၉)ဦး နီးပါး သေဆုံးသွားကြောင်း မောင်းတောဒေသခံ ရိုဟင်ဂျာ မူစလင်များက ဆိုကြသည်။အခုအချိန်ထိ အိမ်များကို ရခိုင် လုံထိန်းတပ်ဖွဲ့နှင့် န.စ.ကတို့က ဓါတ်ဆီ ပုလင်းပစ်ပေါက်၍ မီးရှို့ နေကြောင်းဒေသခံများက ပြောနေကြသည် မောင်းတောမြို့ ပေါ် အခြား ရပ်ကွက်များက  ရိုဟင်ဂျာများသည်လည်းအရမ်းတုံ့လှုပ် ခြောက်ခြားနေကြကြောင်း ငိုသူကငို ပြေးသူကပြေး ကစဉ်းကလျား ထွက်ပြေးရှောင်တိမ်းနေနေရကြောင်း အိမ်အတွင်း ပုန်းနေသူများသည်လည်း အိမ်မီးရှို့ခံရမှာကို ထိပ်လန့် ကြောက်လန့်နေကြောင်း
ဘယ်အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို တွေးပြီး မောင်းတောမြို့ က ရိုဟင်ဂျာလူထုများ အရမ်းစိုရိမ်းနေကြကြောင်းသိရသည်။

နိုင်ငံတော် စစ်တပ် ရဲတပ်ဖွဲ့၊ န.စ.က နှင့် လုံထိန်းများသည်လည်း ဤသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်
၍ အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာ မူစလင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရာတွင် အားဖြည့်
နေရာယူခဲ့သည်။ ဤသတ်ဖြတ်မှုကြီးကို နောက်ကွယ်က နိုင်ငံတော် အကြီးအကဲများ ကိုယ်တိုင်း
ပါဝင်နိုင်သည်ဟု ဒေသခံ ရိုဟင်များက ငိုယိုပြီးကျွန်တော်ကို ပြောပြကြသည်။
ကလေးငိုသံများကြောင်း ဖုန်းနားထောင်ရတာ အခတ်ရှိနေသော်လည်း သတင်းမှန်ကို လူထုကြား
ရောက်ရှိရန် ကြိုးစားတင်ပေးသွားပါမည်။
ဆက်လက်ပြီး တင်ပြပေးသွားပါမည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။