Pages

Wednesday, June 6, 2012

မြန်မာမူစလင်အကြောင်း သိကောင်းစရာ


မြန်မာမူစလင်ဆိုတာ အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်သူ မြန်မာတိုင်းရင်းသား၊ နိုင်ငံသား လူမျိုးပေါင်းစုံကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာမူစလင်ဆိုတာ လူမျိုးတမျိုးကို ကိုယ်စားပြုတဲ့ အမည်နာမ တစ်ခုမဟုတ်ပါ အစ္စလာမ်ဘာသာ ကိုးကွယ်သူမြန်မာနိုင်ငံသား မြန်မာတိုင်းရင်းသား အားလုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ မူစလင်(မ်)နဲ့ အစ္စလာမ်ဆိုတာ
မတူပါဘူး တချို့ က မူစလင်ဆိုတာ ဘာမှန်မသိကြသလို၊အစ္စလာမ်ဆိုတာလည်း ဘာမှန်မသိကြဘူး သူများပြောတိုင် သံယောင်လိုက် လိုက်ပြောကြတယ်။
 အစ္စလာမ်နဲ့ မူစလင် ဝေါ်ဟာရ နှစ်ခုရဲ့  အနက်အဓိပ္ပါယ်ကို တိတိပပ ဘာမှန်မသိကြပေ။
အစ္စလာမ်ဆိုတာ ဘာသာ သာသနာကို ခေါ်ဆိုခြင်းဖြစ်ပြီး မူစလင်ဆိုတာ ယင်းအစ္စလာမ်းဘာသာကို ကိုးကွယ် ယုံကြည်သူလူတစ်စုကို ခေါ်ဆိုခြင်းဖြစ်သည်။



 မူစလင်(မ်)ဆိုတဲ့ ဝေါ်ဟာရကို ကိုးကွယ်ရာ ဘာသာတစ်ခုအဖြစ် သက်မှတ်လိုမရပါ ဘာသာ သာသနာ တစ်ခုကို ယုံကြည် ကိုးကွယ်သည့် လူတစ်စုအဖြစ်သာ မှတ်ယူရမည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ရှိသလို ၊ဗမာလူမျိုး ခရစ်ယာန်ဘာသာဝင်တွေလည်းရှိတယ်၊ ဗမာလူမျိုး အစ္စလာ(မ်)ဘာသာဝင်များလည်းရှိတယ်။ ကမန်တိုင်းရင်းသား အစ္စလာမ် ဘာသာကိုးကွယ်သူနှင့် ရိုဟင်ဂျာတိုင်းရင်းသား အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေလည်းရှိကြတယ်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူ လူမျိုးအမည်အားဖြင့် မြန်မာနိုင်ငံမှာ အမျိုးမျိုးပေးထားတာရှိတယ်။ ဥပမာပေး ပြောရရင် အိန္ဒိယအနွယ်ဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သူ၊ ပါကစ္စတန်အနွယ်ဝင် အစ္စလာမ်ဘာသာကိုးကွယ်သူ၊ ဘင်္ဂါလီအနွယ်ဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သူ၊ တရုတ်အနွယ်ဝင် အစ္စလာမ်ဘာသာကိုးကွယ်သူ၊မလေးရှား အနွယ်ဝင်အစ္စလာမ်ဘာသာကိုးကွယ်သူ၊ဟူ၍ ရှိနေသလို
မြန်မာတိုင်းရင်းသား အနွယ်ဝင် စစ်စစ်  အစ္စလာမ် ဘာသာကိုးကွယ်သူများလည်း ရှိကြသည်။ လူမျိုးတစ်မျိုးစီ ခွဲခြားပြပါက  မြန်မာနိုင်ငံ လွတ်လပ်ရေးနောက်ပိုင် ပါလီမန်ခေတ်က သတ်မှတ် အတည်ပြုထားတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ လူမျိုးများအမည်များ အောက်ပါအတိုင်းတွေ့ နိုင်သည်။

၁။ ဗမာမူစလင်  ( ဗမာ တိုင်းရင်းသား အနွယ်ဝင် အစ္စလာမ် ဘာသာ ကိုးကွယ်သူများ ) (ဗမာလူမျိုး အစ္စလာမ်း ဘာသာ ကိုးကွယ်သူများ)   ( မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် )  ( မြန်မာမူစလင် )

၂။ ရခိုင်မူစလင် ( ရခိုင်လူမျိုး အစ္စလာမ် ဘာသာ ကိုးကွယ်သူများ )  ရေနံချောင်း၊ချောက်၊ပြည်၊ တောင်ကုတ်နှင့် သံတွဲဘက်တွင် နေထိုင်ကြသည်။ယခုအခါ ဘေးပယောဂကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် လူမျိုးစု တစ်စု ( မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် )  ( မြန်မာမူစလင် )

၃။ ရိုဟင်ဂျာတိုင်းရင်းသား ၎င်းလူမျိုးစုသည် ရခိုင်ပြည်နယ်၏ အလွန်ရှေးကျသော လူမျိုးစု တစ်စုဖြစ်ကြောင်း မြန်မာသမိုင်းပညာရှင်များနှင့် ကမ္ဘာသမိုင်းပညာရှင်များက အဆိုပြုခဲ့သည်။  (ရခိုင်အနွယ်ဝင် အစ္စလာမ် ဘာသာကိုးကွယ်သူများ)   ( မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် )  ( မြန်မာမူစလင် )

၎။ ကမန်တိုင်းရင်းသား (ရခိုင်အနွယ်ဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သူများ)  ( မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် )  ( မြန်မာမူစလင် )

၅။ ပသျှူးလူမျိုး         ( တနင်္သာရီတိုင်း ၊ ထားဝယ်၊ မြိတ် နှင့် ကော့သောင်းဘက်မှာ အနေများသည် ( အစ္စလာမ်ဘာသာကိုးကွယ်သူများ) ( မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် )
( မြန်မာ မူစလင် )

၆။ ပထန်လူမျိုး (သို့မဟုတ် စူရတီလူမျိုး ) ရန်ကုန်တိုင်း၊ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတွင် အနေများသည် ပါကစ္စတန်အနွယ်ဝင် ( အစ္စလာမ် ဘာသာကိုးကွယ်သူများ ) ( မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် )  ( မြန်မာမူစလင် )

၇။ ကျိုလီယာလူမျိုး အိန္ဒိယအနွယ်ဝင်  ( အစ္စလာမ်ဘာသာ ကိုးကွယ်သူများ) ( မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် )  ( မြန်မာ မူစလင် )

၈။ ပန်းသေးလူမျိုး   တရုတ် အနွယ်ဝင်  ( အစ္စလာမ် ဘာသာ ကိုးကွယ်သူများ )  ( မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် )  ( မြန်မာ မူစလင် )

၉။  ဘင်္ဂါလီလူမျိုး ဘင်္ဂလာအနွယ်ဝင် မော်လမြိုင်ဘက်မှ အနေများပြီး ရန်ကုန်ဘက်မှာ အနည်းငယ်နေထိုင်ကြသည်။ ( အစ္စလာမ်ဘာသာ ကိုးကွယ်သူများ ) မြန်မာနိုင်ငံသား အစ္စလာမ်
ဘာသာဝင် ) ( မြန်မာ မူစလင် )

၁၀။ ကရင်လူမျိုး အစ္စလာမ်းဘာသာ ကိုးကွယ်သူများ ( မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ) ( မြန်မာမူစလင် ) 


အထက်ပါ အစ္စလာမ်းဘာသာ ကိုးကွယ်သူအားလုံးကို မူစလင်ဟုခေါ်ပါသည်။ မူစလင်ဆိုတိုင် နိုင်ငံခြားသားများအဖြစ် ပြေးမြင်နေသူများ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်
ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ အရေးအသားများ မှားယွင်းနေပါက အမှန်ကို ပြင်ပေးပါရန် နွေးထွေးစွာ ဖိတ်ခေါ်ပါသည်။
ကျွန်တော် မသိသေးတဲ့ အခြား မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များလည်း ရှိနိုင်ပါသေးတယ်။ သိတဲ့လူရှိရင် ဆက်သွယ်တင်ပြပေးစေချင်ပါသည်။


လေးစားစွာဖြင့်

မင်းမင်းထွန်း

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။