Pages

Saturday, June 9, 2012

အပိုင်း (၅) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော..းး  ည ၀၁း ၁၀ မိနစ်

အခုသတ်ဖြတ်ခံနေရသော ရိုဟင်ဂျာမူစလင်များသည် မိမိတို့၏ အိမ်တွင်း၌ အချို့ က အိမ်စက်နေစဉ်
အချို့ က ထိုင်နေစဉ်၊ အိမ် မီးရှို့ ခံရပြီး အိမ်ပြင်ထွက်လာရာမှ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
အခြားမြို့ ပြင်က ရိုဟင်ဂျာ မူစလင်များသည် မိမိတို့၏ လုံခြုံရေးအတွက် လူများစု မူစလင်များရှိရာ
မောင်တောမြို့ သို့ ဝင်လာစဉ် ရခိုင်အကြမ်းဖက် လုံထိန်းတပ်က စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် အများအပြား သေဆုံးကာ အချို့ မှာ မြို့ ပြင်သို့ ထွက်ပြေးသွားကြောင်းသိရသည်။ အခု လက်နတ်ကိုင်
အကြမ်းဖက်သတ်ဖြတ်သူများ အချို့ သည် ရခိုင်လက်နတ်ကိုင် တပ်ဖွဲ့ဝင်များလည်းပူးတွဲပါဝင်နေကြောင်း
မောင်းတောမြို့ ခံ ရိုဟင်ဂျာများကဆိုကြသည်။
ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်အားလုံးကို ဘုန်းကြီးကျောင်းများ၌ အစေားအသောက်များဖြင့် ဧည့်ခံထားကာ
ကုလားအားလုံးကိုသတ် ကုလားအားလုံးသတ်ဟူ၍ ကြွေးကြော်အော်ဟစ်နေကြောင်းသိရသည်။
အခု စီမံချက်ဟာ ရိုဟင်လူမျိုးတစ်ယောက်မကျန်း အကြမ်းဖက် သတ်ဖြတ်ရေးအတွက် လအနည်းငယ် ကတည်းက ကြိုတင် စီစဉ်းထားခဲ့ကြောင်း အခုပစ်ခတ်ရာတွင် အသုံးပြုနေသော လက်နတ်များသည်
ဘုန်းကြီးကျောင်းအသီးသီး၌ လျှို့ ဝှက်သိမ်းဆယ်ထားသော လက်နတ်များဖြစ်နိုင်ကြောင်း မြို့ များကပြောနေ
ကြသည်။ သတ်ဖြတ်မှု မခံရအောင် ထွက်ပြေးလွှတ်မြောက်သွားသူတို့၏ အိမ်များကို ဓါတ်ဆီပုလင်းများဖြင့်
ပစ်ပေါက် မီးရှို့နေကြောင်းသိရသည်။

မီဒီယာနှင့် လူမှုကွန်ယက်ဝက်ဆိုဒ်များတွင်းမူ ရိုဟင်ဂျာကုလားတွေက ရခိုင်အိမ်များကိုမီးရှို့နေကြောင်း
သတင်းလွှင့်ထားပြီး ပြည်တွင်းထဲမှာ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုများ သတ်ဖြတ်မှုများနှင့် အိမ်မီးရှို့
မှုများကို အကြီးအကျယ်လုပ်နေသူတွေဟာ ရခိုင်အရပ်သား လက်နပ်ကိုင် အချို့ နှင့် န.စ.က၊ရဲ ၊လုံထိန်းနှင့်
စစ်သားတို့ကသာ ရိုဟင်ဂျာမူစလင်များကို ၎င်းတို့နေထိုင်ရာ အိမ်တိုင်ရာအရောက် လိုက်လံသတ်ဖြတ်
နေခြင်းဖြစ်ကြောင်းမောင်းတောမြို့ ခံမူစလင်များက ပြောနေကြသည်။

ဆက်လက်တင်ပေးပါမယ်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။