Pages

Wednesday, June 6, 2012

အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်



"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကိုထိထိမိမိနဲ့မှန်မှန် ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။

အခုဥပဒေစိုးမိုးရေးအမြင်နဲ့ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံး ကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေ ချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင် တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည် သူပြည်သားတွေ ပြေ လည်မှု ရှာစေချင်တယ်။"
 
အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေး က ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော် တဲ့သူများရှိ သလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာ တစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာ မရှိဘူး။ ပြသနာ တစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ် ကျယ်ပေါ်လာပြီ ။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ ကျူး လွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မ လုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေ မယ်လို့ ကျွန်မထင်တယ် ။အခြေ အနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာ မျိုးဖြစ်စေ ချင်တယ် ။ နိုင်ငံ တစ်နိုင် ငံ ရဲ့သိ က္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်း သာမှု့ဆို တာလုံခြုံ မှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည် သူပြည် သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်း အ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာ ကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အား ကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင် တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။