Pages

Friday, June 8, 2012

ရခိုင်ပြည်နယ် မောင်းတောမြို့ တွင် အစ္စလာမ်းဘာသာဝင် ရိုဟင်ဂျာအမျိုးသမီး တစ်ဦးအား န.စ.က တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့မှုကြောင်း ဒေသခံ ရိုဟင်ဂျာများ ဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြပွဲတရပ်ဖြစ်ပွားခဲ့သည်။

ဖြစ်ပုံမှာ ..ရသေ့တောင်မြို့ နယ် အနောက်ပြင်းကျေးရွာ တောင်းပိုင်းနေ မဟာမီဒါ အသက်(၂၆)နှစ်သည်
သူမ၏ မောင်တော်စပ်သူ တစ်ဦးနှင့် အမျိုးသမီးအဖေါ်များနဲ့အတူ ဆွေမျိုးများထံမှ အိမ်လည်အပြန် ၂၉.၀၅.၂၀၁၂ ရက်နေ့တွင် န.စ.က တပ်ဖွဲ့ဝင် ဦးနေဝင် ဆိုသူနှင့် ၎င်း၏ လုပ်ဖေါ်ကိုင်ဘက် န.စ.က တပ်ဖွဲ့ဝင် လေးဦးတို့မှ မဟာမီဒါဆိုသူကို ဝိုင်းဝန် အဓမ္မကျင့် သားမယားပြုခဲ့သည်ကို သူမ၏ အဖေဖြစ်သော ဦးအဒူဂေါ်နီနှင့် အတူဒေသခံ ရိုဟင်ဂျာလူထုများသည် သက်ဆိုင်ရာသို့ သွားရောက် တိုင်းကြား အမှုဖွင့်ခဲ့သော်လည်း ၎င်းကိစ္စကို ဥပဒေအရ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိဘဲ အော်ဟစ် ဆဲဆိုလွှတ်သဖြင့် မကျေနပ်သော ဒေသခံ ရိုဟင်ဂျာလူထုများသည် ဥပဒေစိုးရေးနှင့် တရားမျှတစွာဖြေရှင်းပေးရေး ဥပဒေအရ အကာကွယ်ပေးရေး စသည့်တို့အတွက်
ဂျူမာ ဝတ်ပြုပြီးနောက် အေးချမ်းစွာ ဆန္ဒထုတ်ဖေါ်သည်ကို လုံထိန်းရဲများ၏ သေနတ်ဖေါက် လူစုခွဲခြင်းကို ခံခဲ့ရသည်ဟုစုံစမ်းသိရှိရပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။