Pages

Saturday, June 9, 2012

အပိုင်း (၄) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် တယ်လီဖုန်းပေါ်က
မောင်းတော အချိန် ည ၁၂း၄၅

အရပ်သားဟန်ဆောင်ထားတဲ့ စစ်သား ရဲနှင့် လုံထိန်းများက ရှေ့ဆုံးက အိမ်များကို မီးရှို့ အိမ်တွင်းထဲက
ထွက်လာတဲ့ ရိုဟင်ဂျာများကို ယူနီဖောင်းဝတ် န.စ.က၊ လုံထိန်းနှင့် ရဲများက စီကြိုပစ်ခတ် အကြမ်းဖက်
သတ်ဖြတ်နေကြသည်။ အမှတ်( ၅ ) ရပ်ကွက်ထဲက ရိုဟင်ဂျာ မူစလင်အိမ်များကို သီးသန့် ရှာဖွေး၍
မီးရှို့  သတ်ဖြတ်နေခြင်းဖြစ်ဟုသိရသည်။ အမှန်(၅)ရပ်ကွက်မှ အာမီဆာဖ်ရဲ့ အိမ် မီးစွဲလောင်းရာ၌ အာမီရ်ဆာဖ်ဆိုသူက အပြင်ထွက်လာရာမှ အသင့်စောင့်နေသော လုံထိန်းများက ပစ်ခတ်သဖြင့် သေဆုံးသွား
ပြီး သား(၂)ဦးဖြစ်သူ အသက် (၁၈) နှစ်နှင့်  (၇) နှစ်အရွယ်တို့သည် ဖခင် အပြင်ထွက်ရာတွင် ပစ်ခတ်သေဆုံးသွားသည်ကို တွေ့ရှိသွားပြီး အပြင်မထွက်ရဲသဖြင့် အိမ်တွင်း၌ပင် မီးလောင်းသေဆုံး
သွားကြောင်းအခုလေတင်သိရသည်။ သေဆုံးသူတို့၏ အလောင်းများကို စစ်ကားပေါ်တင်၍ အလောင်း
များကို ဖျောက်ဖျက်နေကြောင်းလည်းဆိုကြသည်။ လုံထိန်း၊ရဲ၊ န.စ.ကနှင့် စစ်သားတို့၏ ပစ်ခတ်ခံရပြီး
မသေဘဲ အသက်လုပြေးလာသူများနှင့် အိမ်မီးရှို့ခံရပြီးနောက် ထွက်ပြေးလွှတ်မြောက်လာသူတို့မှ ၎င်းသတင်း
များကို စုံစမ်းသိနေရခြင်းဖြစ်သည်။ ဆက်လက်ပြီ သေဆုံး သတင်းတစ်ခုကို သယ်ဆောင်လာသူတင်္စဦးနှင့်
ကျွန်တော်စကားပြောနေပါသည်။ မိုဟာမက်စီဒီခ် အသက် ၅၅ နှစ်ခန့် ရာန်မောဂုနာ(ခ)ရေတွင်းကျွန်းမှဖြစ်
ပြီး၊ ကော်ဘိရ်အာမတ်(အဘ) ရှော်ဘိရ် အသက် (၁၈)နှစ် ရေတွင်းကျွန်းတို့သည်လည်းသေနတ် ဒဏ်ရာဖြင့် ပြေးလာကာ အခုစကားပြောနေသည့် အိမ်နဲ့ မလှမ်းမကမ်း၌ သေဆုံးသွားကြောင်းသိရသည်။
 ရိုဟင်ဂျာရွာအမည်များကိုမြန်မာလို အတိအကျရေးရန်ခတ်ခဲ့သောကြောင်း အသံထွက်အတိုင်း အမီရေးရခြင်းဖြစ်သည်။ရွာအမည်များ အသံထွက်မမှန်ပါက ခွင့်လွှတ်နားလည်းပေးကြပါ။

ရိုဟင်ဂျာမူစလင် စုစုပေါင်း ၁၂၀ လောက် ယခုလက်ရှိမှာ သေဆုံးသွားကြောင်း သိရသည်။
လူမျိုးတုံး အကြမ်းဖက်သတ်မှုကြီးတရပ်ကို အစီစဉ်းတကျ စနစ်တကျ ယူနီယောင်းဝတ်များက လုပ်နေသည့် အတွက် ဒေသခံ ရိုဟင်ဂျာ မူစလင် အားလုံး ကြောက်လန့် နေကြကြောင်း ငိုယိုးပြောသူများဖြင့် ဆူညံနေသဖြင့် သတင်းကိုတောင် မနည်းနားထောင်ယူရသည်။
ဆက်လက်ပြီးတင်ပေးပါမည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။