Pages

Friday, June 8, 2012

အပိုင်း (၂) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

မောင်းတော (၅) ရပ်ကွက်၌ အိမ်ခြေအမြောက်အများကို ယခု ညအခါတွင် န.စ.က တပ်ဖွဲ့များမှ ကိုယ်တိုင်းမီးရှို့ ၍ ရိုဟင်ဂျာများက မီးရှို့ နေကြောင်း N.G.O အဖွဲ့အစည်းနှင့် U.N. လူကြီးများကို
ခေါ်ပြနေကြောင်းသိရသည်။ မောင်းတောမြို့ တစ်ခုလုံးကို စစ်တပ်မှ ထိန်းချုပ်ထားပြီး တွေ့ရာလူများကို  စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်နေကြောင်း၊ရခိုင်များကို ဘုန်းကြီးကျောင်းတွင် ခေါ်ဆောင်ထား၍ အကာအကွယ်ပေးထား၍ ရိုဟင်ဂျာများကို တွေ့ရာနေရာတွင် ပစ်ခတ်သတ်ဖြတ်နေသည်ဟုသိရသည်။

ဖြစ်ပုံအစကို မေးမြန်းရာတွင် သူက အခုလိုပြောသည်..မောင်းတောမြို့  ခရမ်းဒေါင် ချိဒါဖရာ မာရ်ကာစ်
ဗလီတွင် မူစလင်များဂျူမာ ဘုရားဝတ်ပြုနေစဉ်း ရခိုင်အစွန်းရောက် အကြမ်းဖက်သမားများက တုတ်၊ဓါး
လက်နတ်အစုံဖြင့် ဗလီကိုဝိုင်းရံထားပြီး ဗလီမှ ထွက်လာသူများကို ရခိုင်အကြမ်းဖက်သမားများက စတင်
တိုက်ခိုက်ခဲ့သဖြင့်ကုရ်ဘာန်အာလီဆိုသူနှင့်၎င်း၏ အစ်ကို နှစ်ဦးလုံး အနီးကပ်ဓါးခုတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီး ထိုအချိန်မှ စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ၃ မိုင်အနီး ရိုဟင်ဂျာ (၇) ဦး စစ်တပ်၏ ပစ်ခတ်မှုတွင်သေဆုံးသွားကြောင်း သူကဆက်ပြောသည်။



ဟာဘီရွာတွင်လည်း အာမီဆဖ်တစ်ယောက်ကို အခုလေတင် သတ်လိုက်ကြောင်းသတင်းရသည်။
၃ မိုင်အနီးက  အေတိလာရွာ၊ ဟိုင်ဒါဖရာရွာနှင့် ဒူလာဖရာရွာများကိုလည်း ယခုသတင်းယူနေစဉ်း အတောအတွင်းမှာ န.စ.က မှ မီးတင်ရှို့နေကြောင်း အိမ်တွင်းမှ ထွက်လာသူ မူစလင် ရိုဟင်ဂျာများကိုလည်း ပစ်ခတ်သတ်ဖြတ်နေကြောင်းသူကဆက်ပြောသည်။
ပစ်ခတ်သတ်ဖြတ်မှုတွင် ရိုဟင်ဂျာအမြောက်အများနှင့် ခလေးငယ်များလည်းပါဝင်ကြောင်းသိရသည်။


အခုလောလောဆယ် သေဆုံးသူ ရိုဟင်ဂျာဦးရေမှာ အယောက်(၅၀) ရှိသွားပြီးဖြစ်ကြောင်းသိရသည်။
မင်းတို့ ကုလားတွေအားလုံးကို တစ်ယောက်မကျန် အကုန်သတ်ပစ်မည် ဟူ၍ ကြွေးကြော်ကာ ရိုဟင်ဂျာ မူစလင်အိမ်များကို မီးတင်ရှို့ နေကြောင်း သတင်းလွှင့်ရာတွင် ရိုဟင်ဂျာတွေက မီးရှို့နေကြောင်း သတင်းလွှင့်နေသည် ယခု နာရီပိုင်အတွင်းမှာတင် စစ်တပ်ပစ်ခတ်လို့ ရိုဟင်ဂျာနှစ်ဦးထက်မှန် သေဆုံးသွားကြောင်း အခုလေတင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်း၍ သိရသည်။

ရိုဟင်ဂျာလူထုများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ရန် အစိုးရမှ စနစ်တကျ စီစဉ်းနေသည်ဟု ယူဆရ
ကြောင်းမောင်းတောမြို့ ခံများက ယူဆနေကြသည်။ ဖုန်းဆက်သွယ်သတင်းပေးသူ၏ အဘိုးအိမ်လည်း
န.စ.ကများ မီးရှို့ရာတွင် မီးထဲပါသွားကြောင်း၎င်းမှဆက်ပြောသည်။

အခြား ရိုဟင်ဂျာလူငယ် အများအပြားပျောက်ဆုံးနေကြောင်း ပစ်ခတ်မှုတွင် ကျည်းသင့်၍ သေသလား ရှင်သလားဆိုတာ မသိရသေးကြောင်းမြို့ တွင်နေ ရိုဟင်များ စိုးရိမ်း ထိပ်လန့်နေကြောင်း သေဆုံးသူများသည် အမှတ်(၅) ရပ်ကွက်မှဖြစ်ကြောင်းသေဆုံးသူ ခန့်မှန်ခြေ (၂၀) မှ (၃၀) ထိရှိနိုင်ကြောင်းသိရသည်။ န.စ.ကနှင့် စစ်တပ်ပေါင်း၍ လူနေအိမ်ကို မီးရှို့ ထွက်လာတဲ့လူများကို စီပြီး သေနတ်နဲ့ပစ်သတ်နေကြောင်းတဘက်ကလည်းရိုဟင်ဂျာတွေကရခိုင်ရွာကိုမီးရှို့ကြောင်းဝါဒဖြန့်နေကြတယ်။ သေသူတွေက ရိုဟင်ဂျာတွေ အိမ်မီးရှို့ခံရသူတွေက ရိုဟင်ဂျာတွေ အကြမ်းဖက်သတ်ဖြတ်ခံနေရတာက ရိုဟင်တွေပါ ရခိုင်တွေဆိုတာ လုံးဝ လုံးဝမဟုတ်ရပါဘူး။ စစ်သား ၆၀၀၀ နှင့် ရဲ ၅၀၀၀ကျော်တို့သည်
အရပ်သားဟန်ဆောင်၍ ရိုဟင်ဂျာရွာများကို မီးတင်ရှို့နေကြောင်း အပြင်ထွက်လာသူ ရိုဟင်ဂျာများကို
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်နေမှု အကြီးအကျယ်လုပ်နေကြောင်းသိရသည်။
ယခုလို ရိုဟင်ဂျာအိမ်များကို မီးရှို့ အကြမ်းဖက်သတ်ဖြတ်ရာတွင် ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များနှင့် န.စ.က
တပ်ဖွဲ့ဝင်များက အဓိက ဦးဆောင်သတ်ဖြတ်နေကြောင်းသတင်းရသည်။

ဆက်လက်ပြီး ရသမျှသတင်းများကို တင်ပေးပါမည်။


No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။