Pages

Saturday, June 9, 2012

အပိုင်း (၇) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော အချိန် ည .. ၀၂း ၅၀ မိနစ်

မောင်းတောမြို့ မှ ဘူးသီးတောင်ဘက် အတက်လမ်းမကြီး   ၃ မိုင် ၄ မိုင်များတွင် တည်ရှိသော  ရိုဟင်ဂျာ
မူစလင်ရွာများရှိအိမ် အားလုံးကို ရခိုင် စစ်သွေးကြွ အကြမ်းဖက် အုပ်စုတို့၏ မီးတိုက်ရှို့မှုကြောင့် အိမ်အားလုံး
နီးပါးပြာကျသွားပြီး ၎င်းရွာများတွင် နေထိုင်သည့် ရိုဟင်ဂျာ မူစလင်များသည် အများအပြား သတ်ဖြတ်ခံ
ရပြီး ကျန်ရှိရွာသား ရိုဟင်ဂျာမူစလင်များသည် လွတ်ရာ ကျွတ်ရာကို ကိုယ်လွတ်ထွက်ပြေးသွားပြီး အချို့ များ
သည် နီးစပ်ရာ အခြားရွာများရှိ ဆွေမျိုးများထံထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။

မောင်းတော အကျဉ်းထောင်အနီးတဝိုက်က ရိုဟင်ဂျာရွာများနှင့် ဆိုင်ခန်းအများအပြား လုယက်ဖြတ်ဆီး
မီးရှို့ခြင်းခံရသည်ဟု ဒေသခံ ရိုဟင်ဂျာတို့၏ ပြောပြချက်အရသိရသည်။
အခုလက်ရှိ အခြေအနေမှာ သေနတ်သံများငြိမ်းသက်သွားသော်လည်း ဒေသခံ ရိုဟင်ဂျာလူထုများ
မအိပ်ဘဲ မိမိတို့၏ အိမ်အတွင်း၌ အခြေအနေကို စောင့်ကြည့်နေကြကြောင်းသိရသည်။

အခြေအနေ ငြိမ်းသက်သွားသော်လည်း သားကောင်း ဖြစ်နေသော ရိုဟင်ဂျာလူထုများကို ထောင်ချောက်ဆင်
ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှာကို ရိုဟင်ဂျာများ အထူးစိုးရိမ်းနေကြကြောင်း မောင်းတောမြို့ ခံ ရိုဟင်ဂျာ လူထုများအကြား တီးတိုးပြောနေကြကြောင်းသိရသည်။

ဒီအကြမ်းဖက်မှုကို အစိုးရမှ လုံးဝ တာဝန်ယူပြီး အကြမ်းဖက်မှုတွင် ပါဝင်သော စစ်သွေးကြွများကို
ဖေါ်ထုတ်ပြီး ဥပဒေအရ လိုအပ်သလို အမြန်းဆုံး အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။