Pages

Showing posts with label ရုပ်သံ. Show all posts
Showing posts with label ရုပ်သံ. Show all posts

Saturday, May 26, 2012

50 Chinese convert to Islam in Saudi Arabia - July 2011



2011  julyလက ဆော်ဒီအာရေဗျနိုင်ငံမှာ တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင် အယောက်(၅၀)
အစ္စလာမ်းဘာသာသို့ကူးပြောင်းလာပြီး အစ္စလာမ်းညီနောင်များနှင့် မိတ်ဆက်ပေး အခန်းအနား ရုပ်သံ။

Friday, April 27, 2012

ဗိုလ်ချုပ်တွေနဲ့ စီးပွားဖက် ဇေကမ္ဘာ၊ ဝါဝါဝင်း ကုမ္ပဏီတို့ရဲ့  လယ်မြေဝါးမျိုမှု



ရန်ကုန်တိုင်းဒေသကြီးအတွင်းက လယ်မြေ တွေ အသိမ်းခံရတဲ့ လယ်ပိုင်ရှင် ၆၀ ခန့်ဟာ ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ မှာ စုဝေးခဲ့ကြပြီး အသိမ်းခံထားရတဲ့ လယ်တွေ ပြန်ရဖို့အတွက် မည်သည့်သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးမည် ဖြစ် သည်ကို လယ်သမားများအရေးဆောင်ရွက်ပေးသူ ဦးဝင်းချို၊ ဦးနေမျိုးဝေ တို့နှင့်အတူ အိုးအိမ်ဦးစီးဌာနသို့ တရားဝင် စာတင်မေးမြန်းခဲ့ကြတယ်။ လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ကြံ့ဖွံ့အမတ် ဦးခင်ရွှေ ရဲ့ ဇေကမ္ဘာကုမ္ပဏီ နဲ့ ဝါဝါဝင်း ကုမ္ပဏီတို့က မတရား သိမ်းယူခဲ့တာဖြစ်ပြီ၊ ဒီကုမ္ပဏီတွေဟာ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

Sunday, April 22, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဗီဒီယိုဖိုင့်များ


                                 ကျမ်းကျိန်စာသားကိစ္စ NLD သတင်းစာရှင်းလင်း
 

Saturday, April 21, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ..




တချို့အင်တာနက် စာမျက်နှာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မှောက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်...။ အဆိုပါသတင်းအတွက် ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ ၂၃ရက်နေ့ မှာ ပြန်လည် စတင်မယ့် လွှတ်တော်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်..။ သဘောတူညီချက် ရတာနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါကိစ္စအတွက် အဆင်ပြေနိုင်ဘို့ ရှိတယ်လို့လည်း သိရှိရပါတယ်..။ ဒီကြားထဲမှာလည်း သဘောတူညီချက် ရကောင်း ရနိုင်ပါသေးတယ်လို့လည်း ပြောဆိုပါတယ်...။

အခြေခံဥပဒကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ နေရာမှာ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့စကားလုံးအတွက် လောလောဆယ် သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် (၂၃)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် လောလောဆယ်မှာ လွှတ်တော်သို့ တက်ရောက်နိုင်မှာ မဟုတ်သေးပါဘူး။

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လအလယ်မှာ ပြည်ပခရီးစဉ် သွားရောက်မယ်လို့ ကြားသိရပါတယ်.

ရန်ကုန်ပြည်သူ့ ဆေးရုံးကြီးမှ အကျင့်ပျက်မှုများ

Monday, April 16, 2012

NLD ရုံးချုပ်ရှေ့  စတုဒီသာ အလှူမြင်ကွင်း




၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ မုန့်လက်ဆောင်း စတုဒီသာ အလှူ ကျွေးမွေးလှူဒါန်းခြင်းနှင့် BG သွေးကူညီပေးရေးအဖွဲ့ ဖျော်ဖြေရေးယာဉ် လာရောက်ဖျော်ဖြေ။

သင်္ကြန်ရေကစားခဲ့တဲ့ အမေစု (ရုပ်/သံ)



၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ BG သွေးကူညီရေးအဖွဲ့ သင်္ကြန်ဖျော်ဖြေရေးယာဉ်ဖြင့် လာရောက်ဖျော်ဖြေ။ ဒေါ်အောင်ဆန်းစုကြည်မှ သင်္ကြန်ရေပက်ကစားသော ပြည်သူများအား စတုဒီသာ အလှူဖြင့် ပြန်လည် ဧည့်ခံ။