ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းများမှ ပစ္စည်းများကို ယနေ့ ဇွန်၂၇ ရက်နေ့မှ စတင်ပြီးရွှေ့ပြောင်းခိုင်းကြောင်း၊ ဆိုင်ရှိပစ္စည်များကို ရွှေ့ခိုင်းပြီးဆိုင်ခန်းသော့များအား ဈေးအာဏာပိုင်များမှ သိမ်းယူလိုက်ကြကြောင်းသိရှိရသည်။ စစ်တွေ မြို့မဈေးရှိ ဆိုင်ခန်းများ၏ ၃ ပုံ ၂ ပုံခန့်မှာ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် ဆိုင်ခန်းများ ဖြစ်ကြကြောင်း ၊ မိမိတို့ အဘိုး၊အဘွား၊ အဖေ၊အမေများ လက်ထက်ကတည်းကမှ စစ်တွေမြို့တွင်နေထိုင် လုပ်ကိုင်စားသောက်လာခဲ့ကြသူမျာ ဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးမှ ပြောကြားပါသည်။
ယခုလို နှစ်ဘက် အပြန်အလှန်ဖြစ်ပွားသည့် ပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်ခန်းများအား အဓမ္မသိမ်းယူခြင်းမှာ တရားဥပဒေမဲ့ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများအား ဓါးပြတိုက်သည့် အသွင်ဆောင်ကြောင်း နိုင်ငံတော်အစိုးရအနေဖြင့် စစ်တွေမြို့အုပ်ချူပ်ရေး အာဏာပိုင်တို့၏ တရားဥပေဒေမဲ့ လုပ်ရပ်အား အမြန်ဆုံး တရားမျှတစွာ အရေးယူဖြေရှင်းပေးစေဖို့ အဆိုပါ စစ်တွေမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဆက်လက်ပြောကြားခဲ့ပါသည်။








