မောင်းတော (၅) ရပ်ကွက်၌ အိမ်ခြေအမြောက်အများကို ယခု ညအခါတွင် န.စ.က တပ်ဖွဲ့များမှ ကိုယ်တိုင်းမီးရှို့ ၍ ရိုဟင်ဂျာများက မီးရှို့ နေကြောင်း N.G.O အဖွဲ့အစည်းနှင့် U.N. လူကြီးများကို
ခေါ်ပြနေကြောင်းသိရသည်။ မောင်းတောမြို့ တစ်ခုလုံးကို စစ်တပ်မှ ထိန်းချုပ်ထားပြီး တွေ့ရာလူများကို စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်နေကြောင်း၊ရခိုင်များကို ဘုန်းကြီးကျောင်းတွင် ခေါ်ဆောင်ထား၍ အကာအကွယ်ပေးထား၍ ရိုဟင်ဂျာများကို တွေ့ရာနေရာတွင် ပစ်ခတ်သတ်ဖြတ်နေသည်ဟုသိရသည်။
ဖြစ်ပုံအစကို မေးမြန်းရာတွင် သူက အခုလိုပြောသည်..မောင်းတောမြို့  ခရမ်းဒေါင် ချိဒါဖရာ မာရ်ကာစ်
ဗလီတွင် မူစလင်များဂျူမာ ဘုရားဝတ်ပြုနေစဉ်း ရခိုင်အစွန်းရောက် အကြမ်းဖက်သမားများက တုတ်၊ဓါး
လက်နတ်အစုံဖြင့် ဗလီကိုဝိုင်းရံထားပြီး ဗလီမှ ထွက်လာသူများကို ရခိုင်အကြမ်းဖက်သမားများက စတင်
တိုက်ခိုက်ခဲ့သဖြင့်ကုရ်ဘာန်အာလီဆိုသူနှင့်၎င်း၏ အစ်ကို နှစ်ဦးလုံး အနီးကပ်ဓါးခုတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီး ထိုအချိန်မှ စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ၃ မိုင်အနီး ရိုဟင်ဂျာ (၇) ဦး စစ်တပ်၏ ပစ်ခတ်မှုတွင်သေဆုံးသွားကြောင်း သူကဆက်ပြောသည်။
Showing posts with label ပြည်တွင်းမှ ရင်ဖွင့်သံ. Show all posts
Showing posts with label ပြည်တွင်းမှ ရင်ဖွင့်သံ. Show all posts
Friday, June 8, 2012
အပိုင်း (၁) မောင်းတောဆန္ဒပြပွဲတွင် စစ်တပ်နှင့် လုံထိန်းပေါင်းပစ်ခတ်မှုကြောင်း အသေပျောက်များပြား
၂၉.၀၅.၂၀၁၂ ရက်နေ့တွင် ရိုဟင်ဂျာအမျိုးသမီး တစ်ယောက်ကို န.စ.က တပ်ဖွဲ့ဝင်များက အုပ်စုလိုက် မဒိမ်းကျင့်ခံရပြီးနောက် မတော်မတရား သားမယားပြုကျင့်ခဲ့သူများကို တရားဥပဒေအရ အရေးယူအပြစ်ပေခြင်းမရှိသည်အပြင် သွားရောက်တိုင်ကြားသူ မိသားစုဝင်နှင့် ရိုဟင်ဂျာ မြို့ မိ မြို့ ဖများအား လူမျိုး ဘာသာ စော်ကား၍ ဆဲဆို ကြိမ်းမောင်းကာ မောင်းထုတ်ခဲ့သဖြင့် မောင်းတောမြို့ ခံ ရိုဟင်ဂျာများသည် ၎င်းကိစ္စနဲ့ပတ်သက်၍ တရားဥပဒေအရ မျှတမှု မရရှိခြင်းနှင့် တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်မှုတွင်လည်း မူစလင်များကို လူမြင်ကွင်းတွင် ရက်ရက်စက်စက် သတ်ဖြတ်နိုင်ရေး အာဏာပိုင်တချို့ က ကြိုတင်စီစဉ်းခဲ့ကြောင်းယင်းကိစ္စနှစ်ခုကို ပေါင်း၍ မကြေမနပ်ဖြစ်နေသော မောင်းတောမြို့ ခံ ရိုဟင်ဂျာတို့သည် တရားဥပဒေ စိုးမိုးရေးနှင့် ရိုဟင်ဂျာလူထုများ ဥပဒေအရအကာကွယ်ရရေး စသည်များတောင်းဆို၍ ငြိမ်းချမ်းစွာဆန္ဒပြရာတွင်
ရခိုင်ပြည်နယ် မောင်းတောမြို့ တွင် အစ္စလာမ်းဘာသာဝင် ရိုဟင်ဂျာအမျိုးသမီး တစ်ဦးအား န.စ.က တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့မှုကြောင်း ဒေသခံ ရိုဟင်ဂျာများ ဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြပွဲတရပ်ဖြစ်ပွားခဲ့သည်။
ဖြစ်ပုံမှာ ..ရသေ့တောင်မြို့ နယ် အနောက်ပြင်းကျေးရွာ တောင်းပိုင်းနေ မဟာမီဒါ အသက်(၂၆)နှစ်သည်
သူမ၏ မောင်တော်စပ်သူ တစ်ဦးနှင့် အမျိုးသမီးအဖေါ်များနဲ့အတူ ဆွေမျိုးများထံမှ အိမ်လည်အပြန် ၂၉.၀၅.၂၀၁၂ ရက်နေ့တွင် န.စ.က တပ်ဖွဲ့ဝင် ဦးနေဝင် ဆိုသူနှင့် ၎င်း၏ လုပ်ဖေါ်ကိုင်ဘက် န.စ.က တပ်ဖွဲ့ဝင် လေးဦးတို့မှ မဟာမီဒါဆိုသူကို ဝိုင်းဝန် အဓမ္မကျင့် သားမယားပြုခဲ့သည်ကို သူမ၏ အဖေဖြစ်သော ဦးအဒူဂေါ်နီနှင့် အတူဒေသခံ ရိုဟင်ဂျာလူထုများသည် သက်ဆိုင်ရာသို့ သွားရောက် တိုင်းကြား အမှုဖွင့်ခဲ့သော်လည်း ၎င်းကိစ္စကို ဥပဒေအရ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိဘဲ အော်ဟစ် ဆဲဆိုလွှတ်သဖြင့် မကျေနပ်သော ဒေသခံ ရိုဟင်ဂျာလူထုများသည် ဥပဒေစိုးရေးနှင့် တရားမျှတစွာဖြေရှင်းပေးရေး ဥပဒေအရ အကာကွယ်ပေးရေး စသည့်တို့အတွက်
ဂျူမာ ဝတ်ပြုပြီးနောက် အေးချမ်းစွာ ဆန္ဒထုတ်ဖေါ်သည်ကို လုံထိန်းရဲများ၏ သေနတ်ဖေါက် လူစုခွဲခြင်းကို ခံခဲ့ရသည်ဟုစုံစမ်းသိရှိရပါသည်။

A Rohingya Woman from Nyaung Chaung village was raped by NASAKA forces
June 7, 2012
In accord to a villager from Nyaung Chaung village, Buthiduaung Township, a woman namely Hamida the daughter of Abdul Gani was jointly raped by the Nasaka forces.
Ms. Hamida, guessed her age about 29-30 years and together with five females and a male were retuning back from Maungdaw Township to her Anuak Pyin village,Rathedaung
Township after having their social visit to their relatives in Maung Daw Township.
Date on 29 May, She was raped by the Nasaka forces at Thein Taung Pyin village while she stopped there which is enroute to her native Anuak Pyin village, Rathedaung Township.
After Ms. Hameda who was being raped by the Nasaka forces, and in the
next morning, she has complained the case to the people parliament of Buthidaung Township and later on the parliamentarian brought the case to the high ranking official (Deputy BIHQ director) of Border Immigration director, Police officer in Rakhine State and the concerning responsible regional authorities of Rakhine State.
Saturday, May 26, 2012
ပန်းတောင်းအနောက်ဗလီကို ခဲဖြင့်တိုက်ခိုက်မှုများ ညစဉ်ဖြစ်ပေါ်နေ
မင်းမဲ့စရိုက်ကံမအကြမ်းဖက်မှုကဲ့သို့မကြီးထွားရန်အာဏာပိုင်တို့၏အခန်းကဏ္ဍ အရေးပါ မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ပန်းတောင်းမြို့ခံ တစ်ဦးက ပြောကြားသည်။ “ဒီလ ၁၈ ရက်နေ့က စဖြစ်တာပါ။ ဖြစ်ဖြစ်ချင်း ၃ရက်လောက်တော့ ရဲ ၅-၆ယောက်လာတယ်။ အဲဒီနောက်ပိုင်း မလာတော့ဘူး။ အခုရက်ပိုင်း ခဲနဲ့ပေါက်တာ ပိုဖြစ်လာတယ်။”ဟု အမည်မဖော်လိုသူ |
ပန်းတောင်းမြို့ခံတစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။
ပန်းတောင်းမြို့တွင် အရှေ့ဗလီနှင့် အနောက်ဗလီဟူ၍ ဗလီ ၂ လုံးရှိသည့်အနက် မကြာမီက မွမ်းမံပြင်ဆင် ခွင့်ဖြင့် ပြင်ဆင်ထားခဲ့သည့် အနောက်ဗလီကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။
“ခဲနဲ့ပေါက်တာက သာမန်အရပ်သားတွေပါပဲ။ အယောက် ၂၀ ၀န်းကျင်လောက်ရှိမယ်။ ကံမလို လုပ်မယ်လို့လဲ ပန်းတောင်းဈေးထဲမှာ သတင်းတွေဖြစ်နေတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။
ယခုကဲ့သို့ ပန်းတောင်းရှိ အနောက်ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်ဖျက်ဆီးမှုများ မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။ ခဲဖြင့် ပစ်ပေါက်တိုက်ခိုက်ဖျက်ဆီးမှုများ စတင်ခဲ့သည့် မေ ၁၈၊ ၁၉၊ ၂၀ ရက်နေ့တွင် ရဲအချို့ ပန်းတောင်းအနောက် ဗလီသို့ လာရောက်ခဲ့သော်လည်း ခဲဖြင့်ပစ်ပေါက်သူများကို ဖမ်းဆီးမှုမရှိဟု သိရသည်။

Thursday, May 3, 2012
Tuesday, May 1, 2012
သမ္မတကြီးဦးသိန်းစိန်ထံသို့ ရခိုင်ပြည်တွင်းမှ ရင်ဖွင်သံ
သမ္မတကြီးဦးသိန်းစိန်ခင်ဗျား...
ရခိုင်ပြည်နယ် မောင်တောမြို့ နယ်အတွင် တရားဥပဒေမဲ့စွာနိုင်ထက်စီနင်း ဗိုလ်ကျချယ်လှယ်မှု များအား ဥပဒေအရလိုအပ်သလို ဆောင်ရွက်တားဆီးပေးပါရန်။
ကျွန်တော်တို့ရခိုင်ပြည်နယ် မောင်တောမြို့ နယ် အေတိလာအုပ်စု အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ
ဦးအဒူလာမင်းဆိုသူသည် နစက အရာရှိများနှင့် ပူးပေါင်းကာ မောင်တောမြို့ နယ်အတွင်းနေ ဒေသခံ ရိုဟင်ဂျာလူမျိုးစု အစ္စလာမ်းဘာသာဝင်များအား အနိုင်ကျင့်ဗိုလ်ကျခြင်း၊ခြိန်းခြောက်ငွေတောင်းခြင်း
နစက များနှင့်ပေါင်း၍ မဟုတ်မမှန်အမှုဆင် ဖမ်းဆီးနှိပ်စက်ခြင်း၊အကြောင်းမဲ့ လူနေအိမ်များပေါ်
ဝင်ရောက်ရှာဖွေခြင်းနှင့် ရိုဟင်ဂျာအမျိုးသမီးများကို မဖွေမရာ ကိုယ်ထိလက်ရောက် စော်ကားကျူး
လွန်မှုများမကြာခဏလုပ်နေပါသဖြင့် ဒေသခံများမှာ များစွာစိတ်အနှောက်အယှက်ဖြစ်နေရပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ နယ်အတွင် တရားဥပဒေမဲ့စွာနိုင်ထက်စီနင်း ဗိုလ်ကျချယ်လှယ်မှု များအား ဥပဒေအရလိုအပ်သလို ဆောင်ရွက်တားဆီးပေးပါရန်။
ကျွန်တော်တို့ရခိုင်ပြည်နယ် မောင်တောမြို့ နယ် အေတိလာအုပ်စု အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူဦးအဒူလာမင်းဆိုသူသည် နစက အရာရှိများနှင့် ပူးပေါင်းကာ မောင်တောမြို့ နယ်အတွင်းနေ ဒေသခံ ရိုဟင်ဂျာလူမျိုးစု အစ္စလာမ်းဘာသာဝင်များအား အနိုင်ကျင့်ဗိုလ်ကျခြင်း၊ခြိန်းခြောက်ငွေတောင်းခြင်း
နစက များနှင့်ပေါင်း၍ မဟုတ်မမှန်အမှုဆင် ဖမ်းဆီးနှိပ်စက်ခြင်း၊အကြောင်းမဲ့ လူနေအိမ်များပေါ်
ဝင်ရောက်ရှာဖွေခြင်းနှင့် ရိုဟင်ဂျာအမျိုးသမီးများကို မဖွေမရာ ကိုယ်ထိလက်ရောက် စော်ကားကျူး
လွန်မှုများမကြာခဏလုပ်နေပါသဖြင့် ဒေသခံများမှာ များစွာစိတ်အနှောက်အယှက်ဖြစ်နေရပါသည်။
Thursday, April 26, 2012
သမ္မတကြီးထံသို့ ပြည်တွင်းမှ ရင်ဖွင့်သံ
သမ္မတကြီးဦးသိန်းစိန် သို့ ပေးစာ …..

သမ္မတကြီးရှင် —
ကျွန်မအဖေမှာ ယခုလည်ချောင်း အသံကြောတွင် ကင်ဆာဖြစ်နေသည်ဟု သိရပါသည်။ ဓါတ်ကင်ရမည်ဟု ဆရာဝန်ကြီးမှ ပြောသောအခါတွင် တောင်ကြီးဆေးရုံသို့ လွှဲစာရေးပေးပါသည်။အဘယ်ကြောင့်ဆိုသော် ရန်ကုန်တွင် ဓါတ်ကင်ရန် (၅)လခန့် ၊ မန္တလေးတွင် (၂)လခန့် ၊ တောင်ကြီးတွင် အစောဆုံး ဖြစ်နိုင်ကြောင်းနှင့် (၁)လခန့်လောက်သာ စောင့်ရမည်ဟု ပြောပါတယ်။

သမ္မတကြီးထံသို့ ရခိုင်ပြည်တွင်းမှ ရင်ဖွင့်သံ
ဘူးသီးတောင်မြို့ နယ်၊ဒဗြုချောင်းကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းမှ တပ်သားအချို့ ဒေသခံ
ရိုဟင်ဂျာတစ်ဦးကို သေလုနီးပါး အကြောင်းမဲ့ မတရားညှင်းပမ်းနှိပ်စက်
နိုင်ငံတော် သမ္မတကြီးခင်ဗျား ။ ။
ဘူးသီးတောင်မြို့ နယ် ဒဗြုချောင်းကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို
လွန်ခဲ့သော စနေ ၂၁၊၀၄၊၂၀၁၂ နေ့က မတရားညှင်းပမ်း နှိပ်စက်ကာ တပ်ရင်း တစ်နေရာတွင် လူမသိ
သူမသိအောင် ပစ်ထားခဲ့ကြောင်း ဒေသခံများမှသိရသည်။
အခင်းဖြစ်သောနေ့တွင် ဒဗြုချောင်း ကျေးရွာမှ ဦးဘော်ရှိရ်အမတ်(ဘ) ဦးဖေရုစ် အသက်(၇၅)နှစ်သည်
နေဝင်မိုးချုပ်သော်လည်း အိမ်ပြန်မရောက်သဖြင့် မိသားစုနှင့် ရပ်မျိုး ဆွေမျိုးမှ လိုက်လံရှာဖွေရာ ရွာ
တပ်ရင်းထိ မေးမြန်းရာမှ တပ်ရင်း တစ်နေရာတွင် အဆိုပါ ပုဂ္ဂိုလ်သည် သေလုနီးပါး အသက် တစ်ငင်
ငင်ဖြင့်တွေ့ရကြောင်း အကူအညီ မဲ့စွာတွေ့နေခဲ့ကြောင်း ရွားသားများမှ သိရသည်။

Tuesday, April 24, 2012
Subscribe to:
Posts (Atom)