Pages

Showing posts with label သမိုင်း ဆောင်းပါး. Show all posts
Showing posts with label သမိုင်း ဆောင်းပါး. Show all posts

Monday, December 3, 2012

"ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်"





 ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ

...
ရေးသူ – ဒေါက်တာမြင့်ဆွေ

"ကျောင်းအုပ်ကြီး မစ္စတာစလော့၏ ခွင့်ပြုချက်အရ ကိုထွန်းစိန် ယူနီဗာစီတီဘက်သို့ပြောင်းရွှေ့လာပြီး ပြည်ကျောင်းဆောင်တွင် နေထိုင်၍ကျောင်းတက်ပါသည်။ ထိုကဲ့သို့ကောလိပ်ပညာကိုသင်ကြားလာရင်း နယ်ချဲ့၏ လက်ပါးစေဗျူရိုကရက်များက ဖိနှိပ်မှုတွေနှင့်ကျောင်းအများစုကို ချုပ်ချယ်ကြသည်ကို တွေ့ရှိနေရသည်။ အလိုတော်ရိကျောင်းသားတစ်စုကို လက်သပ်မွေးနေကြောင်း ကျောင်းသားကြီးများထံမှ မကြာခဏလိုလိုလည်း ကြားသိနေရသည်။ သတင်းစာများထဲ၌လည်း ဖတ်ရှုနေရသည်။ ငါတို့နိုင်ငံရေးစိတ်ထက်သန်တဲ့ ကျောင်းသားတွေ၊ ဖာသည့်ဖာသာနေတဲ့ကျောင်းသားတွေဟာ အနှိမ်ခံနေရတယ်။ ဗျူရိုကရက်တွေလည်း သူတို့တစ်တွေကို အရိုအသေပေး၊ စလုပေးမှသဘောကျပါတယ်။ မပေးရင်မကြိုက်ဘူး။ ဒီနယ်ချဲ့တွေဟာလည်း ဒို့နိုင်ငံကိုလာပြီး နိုင်ငံသူနိုင်ငံသားတွေကို အမျိုးမျိုးဖိနှိပ်ရင်း အမြတ်ထုတ်နေကြတယ်။ ကြာရင်ဒို့တစ်တွေအားလုံးတော့ ကျွန်သပေါက်တွေဖြစ်ကုန်တော့မှာပဲဟု တွေးမိလာသည်။"
 
 
 

Friday, September 7, 2012

ကိုကိုကြီး (၈၈၈၈) ခေါင်းဆောင်သို့ ပေးစာ



 

ရခိုင်ပြည်နယ်က မွတ်စလင်များကို သမိုင်းမသိဘဲ တောင်ပြော မြောက်ပြော ပြောချင်ရာ ပြောနေသူများ
အတွက် ဖတ်သင့် လေ့လာသင့်တဲ့ စာတိုလေးပါ။


Source: ကိုကိုကြီး (၈၈၈၈) ခေါင်းဆောင်သို့ ပေးစာ MMSY and MM.net

ကိုကိုကြီး
၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်သို့ ပေးစာ
ဦးလှဝင်း (မင်းညိုငယ်-သံတွဲ)
B.A(Hist), H.G.P., R.L.I, C.B.D.S
တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀)

သို့
တူတော်မောင်ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ဦးအနေနဲ့ ဒီစာကို ရေးရကောင်းနိုး၊ မရေးရကောင်းနိုး ချီတုံချတုံ စဉ်းစားခဲ့ပြီးမှ လူအုပ်စုတစ်စု၊ ရွာတစ်ရွာကို ရပ်တည်ရာမဲ့အောင် သေဒဏ်ပေးသလို အခြေအနေမျိုး ဆိုက်သွား နိုင်တာမို့ ၀င်ရှင်းမပြရင် တာဝန်မကျေသလို ခံစားရလို့ ဒီစာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ငါ့တူအနေနဲ့ အကျဉ်းထောင်က လွတ်လာခါစက မီဒီယာတွေနဲ့ တွေ့တဲ့အခါ လက်လွတ် စပယ် မဖြေသေးဘဲ ပြင်ပနဲ့ ကင်းကွာနေတာကြာပြီဖြစ်လို့ လေ့လာစရာတွေ လေ့လာရဦးမယ်လို့ ချင့်ချင့်ချိန်ချိန် ပြောခဲ့တာကြောင့် ငါ့တူတွေ ရင့်ကျက်လာပြီဆိုပြီး လေးစားချီးကျူးမိခဲ့ပါတယ်။ နိုင်ငံရေးသမားလုပ်မဲ့ လူတစ်ယောက် အနေနဲ့ သမိုင်း၊ ပထ၀ီ၊ ဒဿနိက၊ စီးပွားရေး၊ နိုင်ငံ တကာရဲ့ မျက်မှောက်အခြေအနေ စတာတွေကို မသိဘဲ မလေ့လာဘဲ ရှေ့ဆက်လို့မရနိုင်ဘူး ဆိုတာ အမှန်ပဲမဟုတ်လား။
ဒီနောက်ပိုင်းမှာ ငါ့တူတို့ ၈၈-လူငယ်တွေ တစ်ပြည်လုံးအနှံ့သွားပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအခြေခံနဲ့ လွတ်လပ်လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးဆိုပြီး ရဲရဲဝံ့ဝံ့ အလုပ်လုပ် နေကြတာကိုလည်း အားတက်ဂုဏ်ယူမိသလို ငါ့တူတို့ ခလုတ်မထိ ဆူးမငြိစေဖို့၊ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းမပျက်ခဲ့တာ အမှန်ပါ။ လူထုကို ပန်းတိုင်မပျောက်အောင် လမ်းပြ ထိန်းသိမ်းတည့်မတ်ပေးနေတာတွေကိုကြည့်ပြီး ဒီမိုကရေစီဘက်တော်သား ပြည်သူတစ်ယောက် အနေနဲ့ ကျေးဇူးကမ္ဘာပါ။

၈၈-ဆိုတာ ဦးကိုယ်တိုင် ယုံကြည်အားကိုးတဲ့ နိုင်ငံရေးအရိယာလေးတွေ၊ ဖြူစင်တယ်၊ ပြတ်သားတယ်၊ ဘက်မလိုက်ဘဲ အမှန်တရားအတွက် တည့်တည့်ပြောတတ်သူတွေလို့ နှလုံးသားမှာ သစ္စာဆိုထားခဲ့တာပါ။ ၈၈ ဆိုတာကို စကတည်းက ယုံကြည်လို့လဲ ဦးရဲ့ တစ်ဦးတည်း သော သားကို ခွပ်ဒေါင်းသစ္စာနဲ့ တူမောင်တို့လက်ထဲကို ၀ကွက်အပ်နှံခဲ့တယ်။ မိုးဒဏ်၊ လေဒဏ် ကြံ့ကြံ့ခံရင်း သားပျောက်၊ သမီးပျောက်နဲ့ ၀ရုန်းသုန်းကား မိသားစုဘ၀ ပြိုကွဲပြီး ကျောက်ကပ် ရောဂါသည် ဇနီးဖြစ်သူကို အနီးကပ်ပြုစုနေရလို့ အဝေးရောက် သားသမီးတွေအတွက် အလွမ်းပြေအောင် တူတော်မောင်တို့ လူသိုက်ကိုကြည့်ရင်း အားမွေးနေရသူပါ။


Friday, July 13, 2012

ဦးစိန္တာ၏ ရခိုင်နိုင်ငံတော် (၃)

ဓည၀တီ၊ ဝေလာလီ၊ လေးမြို့၊ မြောက်ဦး ဆိုတဲ့ အမည်နာမနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံငယ်ဟာ အင်္ဂလိပ်ခေတ်မှာ အာရ်ကန်နိုင်ငံရယ်လို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မယူမှီထိ အဲ့ဒီ နိုင်ငံငယ်ကို “ရခိုင်နိုင်ငံ” ခေါ်တွင်စေရမယ်လို့ ပြန်တမ်း မရှိဘူး။ သံကွဲမြန်မာရခိုင် လူမျိုးနွယ် လူမျိုးစု နေထိုင်ခြင်းကို အမှီသဟဲပြုပြီးသာ ရခိုင်နိုင်ငံရယ်လို့ အလွယ်ပြော၊ အလွယ်သုံးတာမျိုးသာ ရှိခဲ့တယ်။ ဒါကြောင့် မြန်မာတို့က အဲ့ဒီဒေသကို ရခိုင် ဒေသတိုင်း၊ ရခိုင်ပြည်နယ်လို့ လွတ်လပ်ရေးရပြီးနောက် သုံးနှုန်းပြောဆိုပေမယ့်- တစ်ခြားတစ်ဘက်မှာ ကမ္ဘာ ကို Arakan လို့ အင်္ဂလိပ်လိုရေးပြီး ခပ်တည်တည်နဲ့ ဗြောင်လိမ်နေခဲ့ရတယ်။ အဲ့လို ခပ်တည်တည်နဲ့ နှစ်ပေါင်း ငါးဆယ်လောက် ဗြောင်လိမ်နေပြီး- ကမ္ဘာက အသားကျလောက်ပြီထင်တဲ့အခါ- ၁၉၈၈ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းတက်လာတဲ့ အစိုးရလက်ထက် မှာမှ Rakhine State ဖြစ်တယ်လို့ ပြောင်းလဲလိုက်တယ်။

Burma ကို Myanmar လို့ ပြောင်းတဲ့အပေါ် အချေအတင်၊ အငြင်းအခုံတွေ ရှိပေမယ့်- Arakan ကို Rakhine လို့ ပြောင်းတဲ့အပေါ် ဘယ်သူ့အသံကိုမှ မကြားခဲ့ရဘူး။ ရခိုင်တွေက အဲ့ဒီနယ်မြေကို သူတို့ရဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်လိုချင်တာ အလိုပြည့်သွားသလိုပဲ။ သမိုင်းကို ဖြေးဖြေးချင်း လှည့်ယူသွားတဲ့ သဘောလို့ ဆင်ခြင်မိဘို့ လိုတယ်။