ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသို့
စစ်အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့်
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မိသားစုမှ အိတ်ဖွင့်ပေးစာ
စစ်အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့်
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မိသားစုမှ အိတ်ဖွင့်ပေးစာ
ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရှင့် ...
အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း စစ်အစိုးရရဲ့ ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။
ကျမတို့မိသားစုအကြောင်းကို ကိုကိုကြီး ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရစေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အတွက် အကိုကြီးက သေဒဏ်၊
ကျမက ထောင်ဒဏ် ၉ နှစ်၊ ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် ရ နှစ်၊ ဘာမှ အပြစ်မရှိတဲ့ မိဘ
နှစ်ပါးက ထောင်ဒဏ် ၅ နှစ်စီ၊ မောင် အငယ်ဆုံးကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်းပန်းခံခဲ့ရ ... စသဖြင့် မိသားစုတစုလုံး ဘ၀ပျက်ခဲ့ရတာ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကျမတို့မိသားစုတစုပ ရှိမယ်ထင်ပါတယ်။ ဒီလို ဘ၀ပေးအသိ ရရှိခဲ့တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံမုန်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ရဲရင့်သတ္တိရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေကို လေးစားချစ်ခင်တဲ့နေရာမှာ ကျမတို့ထက်သာသူ မရှိဘူးလို့တောင် ပြောနိုင်ပါတယ်ရှင်။


