Pages

Saturday, April 21, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ..




တချို့အင်တာနက် စာမျက်နှာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မှောက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်...။ အဆိုပါသတင်းအတွက် ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ ၂၃ရက်နေ့ မှာ ပြန်လည် စတင်မယ့် လွှတ်တော်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်..။ သဘောတူညီချက် ရတာနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါကိစ္စအတွက် အဆင်ပြေနိုင်ဘို့ ရှိတယ်လို့လည်း သိရှိရပါတယ်..။ ဒီကြားထဲမှာလည်း သဘောတူညီချက် ရကောင်း ရနိုင်ပါသေးတယ်လို့လည်း ပြောဆိုပါတယ်...။

အခြေခံဥပဒကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ နေရာမှာ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့စကားလုံးအတွက် လောလောဆယ် သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် (၂၃)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် လောလောဆယ်မှာ လွှတ်တော်သို့ တက်ရောက်နိုင်မှာ မဟုတ်သေးပါဘူး။

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လအလယ်မှာ ပြည်ပခရီးစဉ် သွားရောက်မယ်လို့ ကြားသိရပါတယ်.

ဗမာ့နိုင်ငံရေး မိတ်ဆွေ ပါတီတွေရဲ့သတင်းစာ ရှင်းလင်းပွဲ




ဗမာ့နိုင်ငံရေး မိတ်ဆွေ ပါတီများ၏ ရွေးကောက်ပွဲ အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲ
ဗမာ့နိုင်ငံရေး မိတ်ဆွေ ပါတီတွေရဲ့ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းမှာရှိတဲ့ City Star ဟိုတယ်မှာ ဧပြီလ ၂၁ ရက်
နေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ် အဖွဲ့ချုပ်နဲ့ မြန်မာအမျိုးသား ကွန်ဂရက် ပါတီတို့က ကြားဖြတ်
ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိ မရှိနဲ့ ပက်သတ်ပြီး လာမယ့် မေလထဲမှာ နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက် တွေ့ဆုံမဆွေးနွေးမီ မီဒီယာတွေကို အကြို
တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Rohingya Refugees protests outside UNHCR in India









Making pavements as their homes, over 500 hundred Myanmar nationals, among them women and children, have camped for the past 12 days near the United Nations High Commissioner for Refugees (UNHCR) office here, demanding a refugee status.
"Life is not easy for refugees like us, who fled our country... at the age of 18... I have faced torture, extortion, trauma and starvation," Dilwana Begum, who works as a maid in Jammu, told IANS. "We are at least happy that unlike in our own country or Bangladesh, in India we feel safe and are not harassed for being Muslims. But the UNHCR is not paying heed to our plight."



ထိုင်းနိုင်ငံ၌ မြန်မာယာယီပတ်စပို့ ထုတ်ပေးရေးရုံးဖွင့်လှစ်

ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီပတ်စပို့စ်ထုတ်ပေး ရေးရုံး (၂) ရုံးကို ဘန်ကောက်နှင့် စမုတ်ပရာကန်တွင် ယမန်နေ့က တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့အပြင် တနင်္လာနေ့ မနက် (၉) နာရီတွင်လည်း ချင်းမိုင်၊ စမုတ်ဆာခွန်နှင့် ဆူရတ်ဌာနီ တွင် စင်တာ (၃) ခု ထပ်မံဖွင့်လှစ်ဦးမည်ဟု လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း HRDF အတိုင်ပင်ခံ Mr. Andy Hall က အာအက်အေကို ပြောကြားခဲ့ပါသည်။

“ဒါဟာ မြန်မာအလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းရဲ့ တိုက်တွန်းတောင်းဆိုမှု ကြောင့် ဖွင့်ဖြစ်တာပါ။



မြန်မာအပေါ် ပိတ်ဆို့ထားမှုများ EU နိုင်ငံများကဆိုင်းငံ့ထား

EUနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုမှ ယာယီ ဆိုင်းငံ့ထားသော အီးယူ ပိတ်ဆို့မှုများ အားလုံးလုံးဝ ဖွင့်ပေးမည်ဟု ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ၀ါဆောမြို့တွင် သ တင်းထောက်များကို ပြောကြားခဲ့ပါသည်။
ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski သည်၊ လာမည့်ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမြို့၌ ကျင်းပမည့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအတွက် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ထားရန် အီးယူအဖွဲ့ဝင်နိုင်ငံများ သဘောတူညီထားကြကြောင်း ကြေညာချက် ထုန်ပြန်ပြီးနောက် ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။




မြန်မာပြည် အပြောင်းအလဲ နဲ့ ရိုဟင်ဂျာလူမျိုး အခွင့်အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်မှာ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲ တိုးတက်လာမှုကြောင့် အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုများကို ဖယ်ရှားဖို့ ပြင်ဆင်နေချိန်မှာ မြန်မာပြည်အနောက်ဖက်အခြမ်းမှာ ရှိနေတဲ့ မူဆလင် ရိုဟင်ဂျာလူမျိုးများရဲ့  လူ့အခွင့်အရေး၊ တရားဝင်နေထိုင်ခွင့်များ ရရှိရေးအရေးကိစ္စများကိုလည်း အမေရိကန်အစိုးရအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအသင်းရဲ့  ခေါင်းဆောင်တဦးဖြစ်သူ Dr. Wakar Uddin ကို ဗွီအိုအေ မြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။



ကျမ်းကျိန်ဆိုရမည့် စာသား သဘောတူညီချက် မရသေး



ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကျမ်းကျိန်ဆိုရမယ့် စာသားနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနဲ့ သဘောတူညီချက် မရသေးတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ပြုလုပ်မဲ့ လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို တက်ရောက်ဖို့ မသေချာတော့ကြောင်း NLD က ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
RFA
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး မှတ်ပုံတင်ရန်အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ရောက်ရှိလာစဉ်။


နိုဘယ်လ်ဆုရှင်များရဲ့The Elders အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အနားယူရမည်

By rfa
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ လက်ရှိ The Elders အဖွဲ့မှာ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်နိုင်ငံရေးထဲ မကြာခင် ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူဝါဒစည်းမျဉ်းအရ အဲဒီနေရာကနေ အနားယူရတော့မှာ ဖြစ်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
Photo courtesy of The elders web page
The Elders web page တွင် အဖွဲ့၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပုံအား ဖော်ပြထားပါသည်။


နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်

By ...rfa
မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။
AFP
ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr Radoslaw Sikorski ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပိုလန်မြို့တော် ၀ါရှောတွင် တွေ့ရပုံ ဖြစ်ပါသည်။
လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။



Rohingya ‘camping out’ at UNHCR office

A Rohingya child lives in harsh conditions at the Kutupalong Rohingya refugee camp, Teknaf, Cox’s bazar.  Photo: Mizzima(Mizzima) – Hundreds Rohingya men, women and children from Burma are living virtually on the doorstep of the United Nations High Commissioner for Refugees (UNHCR) at Vasant Vihar, India, seeking refugee status.

A Rohingya child lives in harsh conditions at the Kutupalong Rohingya refugee camp, Teknaf, Cox’s bazar. Photo: Mizzima
Residents in the area complain that the U.N. should provide some sort of temporary solution to alleviate the congestion in the area, according to an article in The Times of India on Friday.
 
 
 

ရန်ကုန်ပြည်သူ့ ဆေးရုံးကြီးမှ အကျင့်ပျက်မှုများ

ဆိုင်းတောင်ကျေးရွာနှင့် ကံမမြို့ဖြစ်ရပ်များကို မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းတော်များ အဖွဲ့ချုပ်မှ ကန့်ကွက်

   Posted by မိုဟ်စင် on

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ်များ ဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက် သည်။



Friday, April 20, 2012

ဘားမားပို့စ် အယ်ဒီတာချုပ် ဦးသက်လွင်ဦး အတွက် ကျန်ရစ်သူများ ကောင်းမှုပြု”

             
 ဧပြီ ၁၆  ကိုတီး
ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်  ဘားမားပို့စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အားရည်စူးလျှက် ကျန်ရစ်သည့် မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်တို့က စုပေါင်းပြီး ယနေ့တွင် ကောင်မှု ကုသိုလ် ပြုခဲ့ကြသည်။
               ဘန်ကောက်မြို့ ပချာအူထစ် ၃၃ လမ်း တွင် နေထိုင်ခဲ့သည့် ဦးသက်လွင်ဦးသည် (Burma Post) ဘားမားပို့စ် ဟူသည့် မြန်မာစာဖြင့် သတင်းစာ တစ်စောင်အား ၂၀၀၅ ခုနှစ်တွင်  ထည်ထောင် ကာ ၂၀၀၉ ခုနှစ်အထိ လစဉ် ထုတ်ဝေခဲ့သည်။

ကျမ်းကျိန်စာသား မပြင်ပါက NLD လွှတ်တော် မတက်သေး

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ရန်ကုန်၊ ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရမည့်စာသား ပြင်ဆင်ရန် ညှိနှိုင်း မရသေးပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်များသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်ဦးမည် မဟုတ်ကြောင်း NLD က ပြောကြားလိုက်သည်။

“ကျမ်းကျိန်ဆိုရာမှာ ပါတဲ့ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်’ ဆိုတဲ့ စကားလုံးအစား ‘လေးစား လိုက်နာပါမည်’ ဆိုတဲ့ စကားလုံးနဲ့ ပြောင်းပေးဖို့ သမ္မတဆီ အကြံပြုစာ တင်ထားပါတယ်။
 
 
 

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

 

voa
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆုပေးပွဲ အခမ်းအနားအတိုင်း နော်ဝေးနိုင်ငံက ဂုဏ်ပြုကြိုဆိုမည်

DASSK in Kalawလာမဲ့ ဇွန်လအတွင်း နော်ဝေးနိုင်ငံကို အလည်အပတ်ရောက်ရှိလာမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးနိုင်ငံက နှစ်စဉ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပလေ့ရှိတဲ့ အော်စလိုရှိ မြို့တော်ခန်းမမှာ နိုင်ငံတော်အခမ်းအနားပုံစံအတိုင်း ဂုဏ်ပြု ကြိုဆိုမှာဖြစ်တယ်လို့ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီအကြီးအကဲတဦးက ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၈ ရက်နေ့) တွင် ပြောဆိုခဲ့ပါတယ်။
 
 
 

မြန်မာ အပေါ် အရေးယူမှု အီးယူ တစ်နှစ် ရပ်ဆိုင်းမည်

ဓာတ်ပုံ Reuters

မြန်မာ နိုင်ငံမှာ အခုနှစ်ပိုင်းတွေ အတွင်းမှာ တွေ့မြင်နေရတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ထားမှု အများစု ကို ဖယ်ရှားပေးဖို့ ပဏာမ သဘောတူညီချက် ရရှိခဲ့ပြီ လို့ အီးယူ ဥရောပ သမဂ္ဂ အရာရှိတွေ ကပြောပါတယ်။



လွှတ်တော်ပြင်ပ ညီလာခံမှသာ ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟု UNFC ပြော


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။ ။ လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်မှာ တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးတရပ် ကျင်းပနိုင်မှသာ ဖြစ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်အတွင်း အင်အားချိန်ခွင်လျှာနှင့် ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များအရ လွှတ်တော်တွင်းမှ အခြေခံဥပဒေပြင်ဆင်ရေးမှာ မဖြစ်နိုင်ကြောင်း မဇ္ဈိမကို ပြောသည်။

“တမျိုးသားလုံး ညီလာခံက ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ မလွယ်ဘူး။ ဖွဲ့စည်းပုံကို လွှတ်တော်ထဲက ပြင်လို့ မရဘူး။ ၇၅ ရာခိုင်နုန်းဆိုတာ ခံနေတာ။ ဒါကြောင့် ဖွဲ့စည်းပုံထဲက ဖြုတ်ဖို့ ပြင်ဖို့ဆိုတာ တမျိုးသားလုံး ညီလာခံဆိုတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကနေပြီးတော့ လွှမ်းမိုးနိုင်မှသာလျှင် ပြင်လို့ရမယ်။ ဒါကြောင့် ဒီညီလာခံက ၂ဝဝ၈ ကို ပြင်ဖို့အတွက် အရေးကြီးတဲ့ အလုပ်တခု ဖြစ်တယ်။ ဒါကြောင့် အဲဒါကို ဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။