Pages

Saturday, April 21, 2012

ဆိုင်းတောင်ကျေးရွာနှင့် ကံမမြို့ဖြစ်ရပ်များကို မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းတော်များ အဖွဲ့ချုပ်မှ ကန့်ကွက်

   Posted by မိုဟ်စင် on

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ်များ ဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက် သည်။



မြန်မာနိုင်ငံ လုံးဆိုင်ရာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌ ဆရာတော် အရှင် ပဏ္ဍ၀ံသ မှ လက်မှတ်ရေးထိုး ထုတ်ပြန် မိန့်ကြားတော် မူလိုက် သော ယင်းကြေငြာချက်တွင် ဆိုင်းတောင် ကျေးရွာနှင့် ကံမြို့များ ၏ ဖြစ်ရပ်များ သည် မြန်မာနိုင် ငံတွင် သီတင်းသုံး နေထိုင်တော်မူသော ဆရာတော်များ၊ သံဃာတော်များ၊ သောတုဇနများ၏ ပယောဂသဘောထားများ လုံးဝ ပါဝင် ပတ်သက် မှုမရှိပါကြောင်း၊ ငြိမ်းချမ်းမှုမဟုတ် ၊ ဆူပူမှုအုံကြွမှုသာဖြစ်ကြောင်း ၊ ကျွန်ုပ်တို့ ရဟန်းတော် သံဃာတော်များက မနှစ် သက် လက်ခံနိုင်ခြင်းမရှိကြောင်း ၊ဥပဒေ ချိုးဖောက် ဖြစ်ခြင်းကြောင့် သဘောမတူ ကန့်ကွက်ကြောင်း ပရိသတ်လေး မျိုးတို့ အား အသိပေးကြေငြာချက်ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။
မွတ်စလင်သတင်းစဉ်မှ တင်ပြသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။