By ... ရွှေဟင်္သာ သတင်းဌာန

အလားတူ ယမန်နေ့ ဧပြီလ (၁၇) ရက်နေ့တွင်လည်း KIAတပ်ဖွဲ့ဝင် (၂) ဦးသည် မြစ်ကြီးနားမြို့ တပ်စခန်းသို့ လည်းကောင်း၊ ည နေပိုင်းတွင် တပ်ဖွဲ့ဝင် (၅) ဦးသည် တာလောကြီး တပ်စခန်းသို့ လည်းကောင်း ထပ်မံ ၀င်ရောက် လာခဲ့ပြီး စုစုပေါင်း တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက် ချခဲ့ကြကြောင်း သတင်းက ဆိုပါသည်။
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ ကချင်အရာရှိ ၊စစ်သည် ၃ဦး အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာသည့် KIA နှင့် မြန်မာ စစ်တပ်ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တ ဖြည်းဖြည်းအ ရှိန်မြင့် လာခဲ့ကြပါသည်။
တိုက်ပွဲများကြောင့် အပြစ်မဲ့တဲ့ပြည်သူများ၊ ဒုက္ခသည်များ ဖြစ်ခဲ့ကြသည်ဟု KIO ဖက်က ပြောဆိုခဲ့သလို မြန်မာစစ်တပ်မှ အရာရှိ တစ်ဦးကလည်း ဒုက္ခသည်များသည် KIO မိသားစုဝင်များ သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
KIA ၏မြေပုံ စစ်ဆင်ရေး သင်တန်းပြကွက် တခု (ဓါတ်ပုံ - KIA)
ယခုဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာ စစ်တပ်၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားနေသလို KIA၏ ခံစစ်အားကောင်းမှု ကြောင့်လည်းကောင်း၊ နယ်မြေ စိုးမိုးရေး ကျွမ်းကျင်မှုတွေကြောင့် လည်းကောင်း နှစ်ဖက်စလုံး ထိခိုက်မှု များပြား သည်ဟု ဆို ပါသည်။
အစိုးရနှင့် KIO တို့သည်၊ အပစ်အခတ် ရပ်စဲရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါသည်။ တိုက်ပွဲများသည်၊ နိုင်ငံရေးပြသနာ ၏နောက်ဆက်တွဲဖြစ်သည်၊ နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်ပါက အပစ်အခတ် ရပ်စဲရေးသည်လည်း ရပ်တန့်မည်ဟု KIO ဖက်မှ ရပ်တည်သလို၊ အပစ်ရပ်ပြီးမှ နိုင်ငံရေးအရ ဆက်ဆွေးနွေးလို့ ရမည်ဟု အစိုးရ ဖက်က သဘောထား ခဲ့သည့်အတွက် အခုချိန်ထိ မပြေလည်ခြင်း ဖြစ်ပေသည်။
Source: http://freedomnewsgroup.com/2012/04/18/kia-defect/
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။