By ရွှေဟင်္သာသတင်း

ကျမ်းသစ္စာ ကျိန်ဆိုမည့် စာပိုဒ် ပြင်ဆင် ရေးသားရန် အတွက် အန်အဲလ်ဒီ ပါတီမှ သမ္မတ ရုံးသို့ အကြံပြုလွှာ ပေးပို့ထားပြီးနောက် ယနေ့တွင် အန်အဲလ်ဒီ ပါတီ ဗဟို အလုပ်မှုဆောင် ဦးဥာဏ်ဝင်းမှ ယင်းကိစ္စကို ဆောင်ရွက် ရန်အတွက် နေပြည်တော်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည် လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။ အဆိုပါ ဖော်ပြချက် စာပိုဒ်အား ပြင်ဆင်ပေးရန်အတွက် အန်အဲလ်ဒီမှ တောင်းဆို ထားခြင်း ဖြစ်သည်။
ဧပြီ (၂၃) ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ ဒေါ်အောင်ဆန်းစြု
ကည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်မျာ
း တက်ရောက်မည်၊ မတက်ရောက်မည်ကို ဧပြီလ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်မည်ဟု သတင်း ထုတ်ပြန် ထားပြီး ဖြစ်သော်လည်း ထပ်မံ ရွှေ့ ဆိုင်းလိုက်ကြေ
ာင်း NLD ပြောခွင့်ရ ပုဂ္ဂိ
ုလ် ဦးအုံးကြိုင်က ပြောကြားသည်။ မည်သည့်နေ့ရက်တွ
င် အနိုင်ရ အန်အဲလ်ဒီ ကိုယ်စားပြု အမတ်လောင်းများ လွှတ်တော်သို့ တက်ရောက်နိုင်မည
်ကို ဦးဥာဏ်ဝင်း၏ နေပြည်တော်မှ ပြန်ရောက် လာပြီးမှသာ ထပ်မံ အတည်ပြု နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Voice Weekly
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။