Pages

Tuesday, April 17, 2012

ဆရာဦးကျော်မင်းနှင့် မိသားစု ဆေးကုသခံယူပြီး ရန်ကုန်မြို့ နေအိမ်သို့ပြန်ရောက်ရှိ



ဆရာကြီးဦးကျော်မင်း (ဦးအနုဝါရူလ်ဟောက်) နှင့်  မိသားစုဝင်များသည်  ထိုင်နိုင်ငံ ဘန်ကောက်မြို့၌
သုံးပတ်ကြာမျှ ဆေးကုသမှုခံယူပြီးနောက် ၁၃ ၊ ၀၄ ၊၂၀၁၂ ရက်နေ့ ညနေ (၇)နာရီခွဲခန့်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာပါသည်။ ဆရာကြီးဦးကျော်မင်းသည် လိုအပ်သော
ခွဲစိတ်ကုမှုများကိုအောင်မြင်စွာခံယူခဲ့ကြောင်းသိရပါသည်။ ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည့်
ဆရာကြီးဦးကျော်မင်း  ( ဦးအနုဝါရူလ်ဟောက် )သည်။


လက်ထောက်မြို့ နယ်ပညာရေးမှူး တစ်ဦးဖြစ်ခဲ့သည်အပြင် အလယ်တန်းကျောင်းအုပ်အဖြစ်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရေတစ်ပါတီမှ ဘူးသီးတောင်မြို့ နယ်၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးစီးဦးဆောင်ဖွဲ့ခဲ့သော လွှတ်တော်ကိုယ်စားပျြုက်ာမတီ (CRPP)တွင် အမျိုးသား လူ့အခွင့်အရေးနှင့် ဒီမိုကရေတစ်ပါတီ(NDPHR) အားကိုယ်စားပြု၍ လှုပ်ရှားဆောင်ရွက်ခဲ့ရာမှ ထောင်နန်းစံရန် အကြောင်းဖြစ်ပေါ်ခဲ့ရပြီး။၂၀၀၅ ခုနှစ်တွင် ဆရာကြီးဦးကျော်မင်းနှင့်တကွ မိသားစုများအားဖမ်းဆီးပြီး၊ဆရာဦးကျော်မင်း ထောင်ဒဏ် (၄၇)နှစ်နှင့် သူ့၏မိသားစုဝင်များဖြစ်သော (ဇနီး၊သမီး နှစ်ယောက်တို့အား ထောင်ဒဏ်(၁၈)နှစ်စီအသီးသီးချမှတ်
ခဲ့လေသည်။နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အမိန့်ဖြင့် ၁၁၊၀၁၊၂၀၁၂
ရက်နေ့တွင်ဆရာဦးကျော်မင်းသည် မြင်းခြံအကျဉ်းထောင်မှလည်းကောင်း၊ မိသားစုဝင်များသည် အင်းစိန်
အကျဉ်းထောင်မှလည်းကောင်းအသိးသီးပြန်လည်းလွတ်မြောက်သည်။






No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။