Pages

Tuesday, April 17, 2012

ဥပဒေနှင့် မညီသည့် ဟားခါးမြို့အနီး စေတီ တည်ဆောက်ရေးမဲခွဲမှူ ပယ်ဖျက်ရန် စီအဲန်ပီ တောင်းဆို

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အနီးတွင် စေတီတစ်ဆူတည်ဆောက်ရန် ချင်းပြည်နယ်အစိုးရ အဖွဲ့ ၏ ဖေဖေါ်ဝါရီလ ၂၄- ၂၆ ရက်အစည်းအဝေး မဲခွဲဆုံးဖြတ်ချက်သည် တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက် များနှင့် ညီညွတ်မှု မရှိသဖြင့် ယင်း ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန် ချင်းအမျိုး သားပါတီ ( စီအဲန်ပီ) က ပြီးခဲ့သည့် ဧပြီလ ပထမ ပတ်က တောင်းဆို လိုက်သည် ဟု ကြားသိရသည်။
ချင်း ပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှုးအား ပြည်နယ်အစိုးရအဖွဲ့ဝင် အဖြစ်ဆွဲထည့်ခြင်းအား အမြန်ဆုံး ရပ်တန့်ရန် နှင့် ပြည်နယ်အထွေထွေအတွင်းရေးမှုး ပါဝင် သည့် စေတီ တည်ဆောက်ရေး မဲခွဲဆုံးဖြတ် ချက်နှင့် စေတီ တည်ဆောက်ရေး အစီအစဉ်အား ပယ်ဖျက်ပေးရန် တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။



စီအဲန်ပီပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်းက“ မဲခွဲဆုံးဖြတ်ရာမှာ ပြည်နယ် အစိုးရ အဖွဲ့ဝင်မ ဟုတ်တဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဌေးပါ မဲထည့် ခိုင်းတယ် လို့ လေ့လာ သိရှိရတယ်၊ အဲဒါ ဥပဒေ နှင့် မညီလို့ ပယ်ဖျက်ပေးဖို့ ပြည်နယ် အစိုးရကို တောင်းဆို တာပါ ” ဟု ပြောသည်။
လက်ရှိ ပြည်နယ်အစိုးရတွင် အဖွဲ့တွင် ၀န်ကြီး ၁၁ ဦး တရားဝင် ရှိသော်လည်း စေတီ တည်ဆောက် ရေး ကိစ္စမဲထည့် ရာတွင် ၇ မဲ၊ ၅ မဲ စုစု ပေါင်း ၁၂ ဦးဖြင့် မဲခွဲ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဆက်ဆို သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၄၈) နှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ ဥပဒေ ပုဒ်မ(၃) (က) အရ ပြည်နယ် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေ သကြီး ၀န်ကြီးများ၊ ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး ဥပဒေချုပ် စသည့်ပုဂ္ဂိုလ် များဖြင့်ဖွဲ့စည်းရမည်ဖြစ်သည်။
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှုးသည် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ ဥပဒေပုဒ်မ (၃)(ခ) ပါပြဌာန်းချက် အရ “ပြည်နယ်အစိုးရအဖွဲ့” ၏ “အတွင်းရေးမှုး” အဖြစ်သာတာဝန်ယူ ရမည် ဖြစ်ပါသည်။
တောင်းဆိုစာကို သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နေပြည်တော်၊ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်၊ နေပြည် တော်။ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ နေပြည်တော်။ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်လွှတ်တော်၊ ချင်းပြည်နယ်အပြင် နိုင်ငံရေး ပါတီများအား မိတ္တူပေးထား သည်ဟု သိရသည်။

By ... CNG

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။