Pages

Tuesday, April 17, 2012

ဒုတိယ အကြတ်နေ့ ပေးဆပ်မှုများ

၁၅၊ ၄၊ ၂၀၁၂ (ဒုတိယ အကြတ်နေ့) နံနက် (၇း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ နံနက်ခင်းစာ အာဟာရဒါနအဖြစ် အာလူးပူတီနှင့် တိုရှည်တို့အား အသင်းသူဖြစ်သူ မထားထားအောင် (ခ) မပြားလီမှ အသင်းသူ/သားများ၊ ၀န်ထမ်းများအား ကျွေးမွေးခဲ့ပါသည်။ ယင်းနောက် နံနက် (၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ဦးစီးတည်ထောင်၍ ဖွင့်လှစ်ထားသော သုခရိပ်မြုံ HIV ပိုး ဝင်ရောက်နေသော မိဘမဲ့ကလေး
 
 
သူငယ်များဂေဟာမှ ကလေးငယ်များသည် မော်တော်ယာဉ် (၂) စီးဖြင့် ကလေးငယ် (၅၀) ဦးခန့်နှင့်အတူ အုပ်ထိန်းသူ ဆရာ/မများ၊ သူနာပြုဆရာမများနှင့် ရေပက်ခံထွက်ရာမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဝင်ရောက်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အသင်းသူ/သားများနှင့်အတူ ပျော်ရွှင်စွာဖြင့် ကခုန်ရေကစားခဲ့ကြသည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကလေးငယ်များ သင်္ကြန်တွင်း ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် အလှူငွေ (၅) သောင်းကျပ် အား ဥက္ကဋ္ဌ ဦးကျော်သူကိုယ်စား အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာမှ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအလင်းစာကြည့်တိုက်တွင် တာဝန်ကျ လုပ်အားပေးများတို့မှလည်း ကလေးငယ်များအား မုန့်ထုပ်များ ဝေငှပေးခဲ့ကာ (၁၀း၀၀) နာရီအချိန်တွင် ကလေးငယ်များနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) ဒု ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သုခရိပ်မြုံအဖွဲ့နှင့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအဖွဲ့မော်တော်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။
နေ့လည် (၁၀း၃၀) နာရီခန့်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မဟာသင်္ကြန်ပွဲတော်ရက်အတွင်း သီလရှင် ဝတ်နေကြသော ဝန်ထမ်းများနှင့် လုပ်အားပေး အမျိုးသမီး (၉) ဦးတို့သည် သီလရှင်ဘဝ နှင့် အသင်းရှိရာသို့ ကြွရောက်လာခဲ့ပြီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအဟာရ (စားသောက်ဆိုင်) တွင် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ပါသည်။
ယနေ့ ၁၅၊ ၄၊ ၂၀၁၂ (ဒုတိယအကြတ်နေ့) တွင် နာရေးကူညီမှုစုစုပေါင်းသည် ယခင် သင်္ကြန်နေ့ရက်များထက် နာရေးလမ်းကြောင်းများ ပိုမို များပြားလာသည်ကို တွေ့မြင်ရသည်။ ယနေ့တွင် နာရေးကူညီမှု စုစုပေါင်း (၄၄) ကြောင်း ရှိသည့်အနက် မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက်၊ သုမိတ္တာ (၁၄) လမ်းတွင် နေထိုင်သော ကျောင်း၊ ရဟန်း ဒါယိကာမကြီး ဒေါ်စန်း အသက် (၉၂) နှစ်၏ ဈာပနနှင့် မြောက်ဥက္ကလာပ မြို့နယ် (င) ရပ်ကွက်၊ သန္တာ (၁၂) လမ်းတွင် နေထိုင်သော အဖွားဒေါ်သန်းရှင် အသက် (၈၅) နှစ်တို့၏ ဈာပနလမ်းကြောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် ၀ိုင်းဝန်း ကူညီ ဖေးမ သဂြိုံဟ်ပေးမှုကို နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်သို့ ပို့ဆောင် သဂြိုံဟ်ပေးနိုင်ခဲ့သလို ရေဝေးသုဿန်တွင် ဈာပန လိုက်ပါပို့ဆောင်သူများနှင့် စည်ကား ပြည့်နှက်နေခဲ့ပြီး အများသူငါ ပျော်ပါးနေသည့် အချိန်၊ ရေကစားနေကြသည့် အချိန်၊ ကခုန်နေကြသည့် အချိန်တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လူမှုရေးသမားများသည် နေ့စဉ်ကြုံတွေ့နေရသော ဈာပန ဖြစ်စဉ်များနှင့် လုံးပန်းနေရင်း နေ့စဉ်ရုံးဆင်းချိန် ညနေ (၅း၀၀) နာရီအချိန်တွင် နေအိမ်သို့ ပြန်လည် ထွက်ခွာသွားကြသော ဝန်ထမ်းများ၊ လုပ်အားပေးများအား ယခုကဲ့သို့ အချိန်ပိုင်းအတွင်းလေးတွင် သင်္ကြန်ရေပက်လောင်းမှုလေးဖြင့်သာ ပျော်ရွှင်မှုများကို ရရှိစေခဲ့သည်။ ညနေ (၅း၃၀) နာရီအချိန်တွင် အောင်ရတနာဆေးရုံတွင် တက်ရောက်၍ အစာအိမ်အူမကြီးအား ခွဲစိတ်ကုသမှုခံခဲ့ရသော အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၏ မိခင် ဒေါ်တင်တင်လတ်သည် ဆေးရုံမှ ပြန်လည်၍ နေအိမ်သို့ ဆင်းရတော့မည် ဖြစ်ပါ၍ လူနာ၏ ခွဲစိတ်ခံအခြေအနေကြောင့် လူနာတင်ယာဉ်နှင့် ပြန်လည် ပို့ဆောင်ရမည် ဖြစ်ပါသောကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်မောင်းနှင်ကာ အသင်းသားများနှင့်အတူ အောင်ရတနာဆေးရုံသို့ သွားရောက်ခဲ့သည်။ အောင်ရတနာဆေးရုံမှ ဆေးရုံပိုင်ရှင်နှင့် ဆရာဝန်ကြီးများမှလည်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့အား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်လူနာတင်ယာဉ်နှင့်အတူ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သေးသည်။ ဆေးရုံမှ မိခင် ဒေါ်တင်တင်လတ်အား လူနာတင်ယာဉ်ပေါ်သို့ ဆေးရုံဝန်ထမ်းများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အသင်းသားများ အကူအညီဖြင့် ဆေးရုံဒုတိယထပ်မှ သယ်ဆောင်ပြီး လူနာတင်ယာဉ်ပေါ်သို့ ပို့ဆောင်ကာ နေအိမ်သို့ ထွက်ခွာလာရာ လမ်းတလျှောက် ရေပက်ကစားနေကြသော မဏ္ဍာပ်များနှင့် ရေကစား ထွက်ကြသော မော်တော်ယာဉ်များမှလည်း လမ်းဖယ်ရှား ရှင်းလင်းပေးခြင်းများကို မိမိတို့ပျော်ပါးနေမှုကြားမှ လူသားချင်း စာနာစိတ်ဖြင့် ယခုကဲ့သို့ တနိုင်တပိုင် ကူညီမှုများ ပြုလုပ်ပေးခြင်းသည် ယခုလို မဟာသင်္ကြန်အချိန်ကာလအတွင်း မင်္ဂလာတရားနှင့်ညီသော ကုသိုလ်ကောင်းမှုပင် ဖြစ်တော့သည်။
ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 16 2012 08:55 PM EST
 
created by ... Burma today
 
 
 
 
 

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။