Pages

Tuesday, April 24, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်တွင်း ပါဝင်လာအောင် အားလုံး အတူတူ အလုပ်လုပ်ကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း



20120404 US State Department Spokespersonအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် (http://video.state.gov/en/video/1545502877001)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်တွင်း ပါဝင်လာနိုင်ရန်အတွက် အားလုံး အတူတူ အလုပ်လုပ်ကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ၂၀၁၂ ဧပြီ ၂၃ ရက်နေ့တွင် တိုက်တွန်းလိုက်ပါတယ်။
 
 
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါမှာ သဘောတူညီမှု မရ ဖြစ်နေကြခြင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နျူလန်း (Victoria Nuland) က “ဒီကနေ့ စတင်တဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိကြောင်း၊ ဘာ့ကြောင့်ဆိုတော့ စစ်အာဏာရှင်တွေလက်ထက်မှာ အတည်ပြုခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်တယ်လို့ နားလည်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရ၊ ကျန်တဲ့ ပါတီတွေနဲ့ ဆွေးနွေးနေတယ်လို့ နားလည်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်တွင်း ပါဝင်လာနိုင်ရန်အတွက် အားလုံး အတူတူ အလုပ်လုပ်ကြဖို့ တိုက်တွန်းပါကြောင်း“ ဖြေကြားသွားခဲ့ပါတယ်။
သတင်းထောက်က ဆက်လက်ပြီး “အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့အညီ တုန့်ပြန်သွားမယ်လို့ ပြောထားတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ထဲ ရောက်မလာခင်အထိ လက်ရှိ လုပ်ကိုင်နေတာကို ဆိုင်းငံ့ထားမှာလား“ လို့ မေးတဲ့အခါ “ကျမတို့အနေနဲ့ အစိုးရနဲ့ အတိုက်အခံတို့အနေနဲ့ သူတို့အရေးကိစ္စကို တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ဆက်လက် အလုပ်လုပ်သွားတာကို မြင်လိုပါတယ်။ ဒါဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင် လိုလားနေတဲ့အချက်လို့လည်း နားလည်ပါတယ်။ ကျမတို့အနေနဲ့ လာမယ့်ရက်တွေကို စောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပြီး ဒီ ကိစ္စ ပြေလည်မယ်နိုင်ပါတယ်“ လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ဆက်လက် ပြောဆိုခဲ့ပါတယ်။
ထို့အပြင် ဗစ်တိုရီးယား နျူလန်းက “လုပ်ကိုင်နေတဲ့ သူတို့ရဲ့ အတွင်းဆက်ဆံရေးထဲကို ကျမတို့အနေနဲ့ ၀င်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ၊ တိုင်းပြည်နာမည်ပြောင်းတဲ့ အချိန်မှာ သူတို့အနေနဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေ လုပ်ဆောင်ခွင့် မရတာ အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိပါတယ်။ ဒီတော့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ အထွေထွေ ပွင့်လင်းမှုရှိရမယ်ဆိုတဲ့ ကိစ္စရဲ့ တစိတ်တပိုင်းအဖြစ် ဒီကိစ္စတွေမှာ အတူတကွ သူတို့ အတူလက်တွဲ လုပ်သွားဖို့ လိုပါတယ်“ လို့ ပြောကြားသွားပါတယ်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။