Pages

Tuesday, April 24, 2012

ပြည်မြို့တွင် လျှပ်စစ်မီးအကြောင်းပြု မွတ်စလင်မ်များအား ကြံစည်

ကံမအရေးအခင်းဖြစ်ပြီး ၂ ရက်ခန့်အကြာတွင
ပြည်မြို့ တွင် လျှပ်စစ်မီး လုံလောက်စွာမရရှိသဖြင့်
ဆန္ဒပြကြမည်ဟု လူအချို့မှ လိုက်လံစည်းရုံးကြကြောင်း
သတင်းရရှိပါသည်။ အဆိုပါ စည်းရုံးမှုကြောင့်
လူ ၅၀ ခန့် ရွှေလှလှရပ်ကွက် ဂျင်းတန်းလမ်းတွင်
စုရုံးမိကြပြီး NLD ပါတီဝင်တစ်ချို့လည်းပါဝင်ခဲ့ကြောင်း၊
လူစုထဲကတစ်ချို့ က ကဲအခုငါတို့ ဆင်မ်ဂျီးခြံကိုသွား
ကြမယ် ကုလားအိမ်တွေကိုဖျက်ရမယ်ဟု လှုံဆော်ခဲ့ရာ
လူစုကြီးထဲမှ အများစုက သဘောတူညီမှုမရှိပဲ လူစုခွဲသွားခဲ့သဖြင့်
အဆိုပါအကြမ်းဖက်ရန် လှုံဆော်ကြံစည်မူကြီးမှ အထမမြောက်ခဲ့ကြောင်း
သိရပါသည်။ အဆိုပါ အခင်းမဖြစ်ပွားမီ ကပင်
မွတ်စလင်မ်ဘာသာဝင်များအား အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးထားသော
၃ခေါက်ချိုးလက်ကမ်းစာစောင်များ ..
   နှင့် အမျိုးပျောက်မှာစိုးကြောက်စရာ စာအုပ်ငယ်များအား ပြည်မြို့ဆင်ခြေဖုံး
   ဘုန်းကြီးကျောင်းများတွင် လိုက်လံဝေငှခဲ့ကြောင်း၊ ပြည်မြို့ခံတစ်ဦးမှ myanmarmuslim.net
  သို့ပြောကြားခဲ့ပါသည်။


ထိုရက်များအတွင်း ကံမမြို့တွင်အိမ်များ ဖျက်စီးခံခဲ့ရသော မိသားစု တစ်စု တည်းခိုရာအိမ်ရှေ့သို့ ဗိုလ်ချုပ်လမ်း
ဘူတာရှေ့တွင် Lovely Myanmar ဘီယာဆိုင်ဖွင့်ထားသူ အောင်မိုးဆိုသူက ကံမမြို့ မြ၀တီရပ်ကွက်ရှိလူမိုက်များအား အကြောင်းကြားကာ ပြည်မြို့သို့ဖိတ်ခေါ်ခဲ့ပြီး အဆိုပါအိမ်ရှေ့တွင် ခေါက်တုံခေါက်ပြန်လျှောက်ခါ ပြသနာ စတင်ဖြစ်
ပွားစေရန် ကြိုးစားခဲ့ကြောင်း ၊
အဆိုပါအတောအတွင်း အောင်နိုင်စာပေတိုက်မှ ကြံခိုင်ရေးအမတ် ဦးဝင်းမြင့် ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ
အမျိုးသမီးငယ် တစ်ဦး အဆောင်ပိတ်ချိန်နောက်ပိုင်း (၁၀) နာရီ တွင် တပ်လမ်းရှိ တော်ဝင်ရတနာ အဆောင်သို့
ပြန်လာရာ အဆောင်ပိတ်ချိန် ကျော်သွားသဖြင့် အဆောင်စည်းကမ်း အရ မဖွင့်ပေးသဖြင့် ကြံခိုင်ရေးအမတ်
ဦးဝင်းမြင့်က မင်းတို့ဒီခမ်းမကို ဖျက်ပျက်မယ်ဘာမှတ်နေသလဲဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ဒေသခံများကပြောကြား
ခဲ့ပါသည်။ ပြည်မြို့တွင် မွတ်စလင်မ်များ၏ ပလီများနှင့် အသက်အိုးအိမ်စည်းစိမ်များအား သတ်ဖြတ်ခဲ့မူများမှာ
 ယခင် မဆလ နှင့် န၀တ အစိုးရခေတ်များတွင် ၂ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ဘူးပါသည်။

ယခုအချိန်တွင် စည်းရုံးလုံဆော်သူများက အစိုးရကို ဆန္ဒပြမည့်သဖွယ်လုပ်ကြံပြီး NLD ပါတီဝင်များပါ ပါဝင်လာအောင်ကြိုးစားပြီး ဦးတည်ချက်ပြောင်းကာ လူထုကိုသွေးဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ ပြည်မြို့ခံများက NLD ပါတ်ီရုံးချုပ်သို့အကြောင်းကြားခဲ့ရာ ဦးတင်ဦးမှ ပြည်မြို့နယ် ပါတီခွဲသို့ဆက်သွယ်ပြီး အဆိုပါကိစ္စများတွင် ပါတီဝင်များ ပါဝင်မူမှရှိစေရန် ထိမ်းသိမ်းသွားရန် ညွှန်ကြားပေးခဲ့ကြောင်း၊ ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမူး ဦးတင်စိန်သို့ အကြောင်းကြားရာ ၄င်းမှ ယင်းသို့ လှုံ့ဆော်မူများဖြစ်ပွားခဲ့သည်ကို မသိပါကြောင်း၊ အကြမ်းဖက်မူတစ်စုံတစ်ရာမဖြစ်စေရန် လုံးဝတာဝန်ယူပါကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့ရှိ ပြည်မြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
အဆိုပါဖြစ်ရပ်များ၏ နောက်ကွယ်တွင် လမ်းသစ်ထိပ်တွင် သံဆိုင်ဖွင့်ထားသော သံလုပ်ဝင်း ဦးစိုးမင်း၏ သားဖြစ်သူနှင့်
ယခင် ကောင်စီဥက္ကဌဟောင်း ဗိုလ်မူးတင်စိန်၏သား ကိုအေးတို့မှ အဆိုပါ လှုံဆော်မူများကို ဦးဆောင်ခဲ့ဟန်တူကြောင်း ဒေသခံများက ယုံကြည်လျက်ရှိသည်ဟု သတင်းရရှိပါသည်။

MMM

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။