Pages

Sunday, April 22, 2012

အပူရှိန်ဒဏ်ကြောင့် နေပူထဲအကာအကွယ်မဲ့သွားခြင်း၊ ကြာမြင့်စွာနေခြင်းမပြုရန် မိုးလေ၀သ ပညာရှင်သတိပေး

မြန်မာပြည်မြောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများမှလွဲ၍ ကျန်ဒေသများရှိနေရောင်ခြည်တွင် UV Index တန်ဖိုးမှာ ၈ မှ ၁၀ ထိရှိနေသဖြင့် အကာအကွယ် မရှိဘဲ နေ ရောင်ခြည်ထဲ သွားလာမှုမှ ရှောင်ရှားရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်း လွင်က ပြောသည်။
“ကောင်းကင်မှာ တိမ်တွေ နည်းလို့ဖြစ်တာ၊မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ အပူချိန်တွေ ကအိအိတက်နေတယ်”ဟု ဦးထွန်းလွင်ကဆိုသည်။

နေရောင်ခြည်ဖြာထွက်မှု အနည်းအများကို UV Index (သို့မဟုတ်) Solar Index တို့ဖြင့် ဖော်ပြပြီး၊




အမြင့်ဆုံးမှာ ၁၁ နှင့် အထက်ဖြစ်သည်။ ကမ်းရိုးတန်းဒေသမှ လွဲ၍ ကျန်ဒေသများတွင် UV Index တန်ဖိုး ၈ မှ ၁၀ အတွင်းရှိနေသောကြောင့် နေပူထဲတွင် အကာအကွယ်မဲ့ သွားလာခြင်း၊ နေပူထဲတွင် အချိန်ကြာမြင့်စွာနေခြင်း တို့ကိုရှောင်ရှား သင့်ကြောင်း ဒေါက် တာထွန်းလွင်က အကြံပြုသည်။

ယခုရက်ပိုင်း၌ရန်ကုန်မြို့၏အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်ရှိပြီး ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီ ဂရိတ်ထိရှိခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင် တနင်္ဂနွေနှင့် တနင်္လာ(ဧပြီ ၂၂၊ ၂၃)နေ့များတွင် မိုးရွာနိုင်သည်ဟု ခန့်မှန်းထားသည်။ အနောက် မြောက်ဘက်မှ ရွှေ့လျားလာသောတိမ်တိုက် သည်မြန်မာနိုင်ငံ သို့ရောက်ရှိလာပါက စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လာမည့် စနေ၊ တနင်္ဂနွေရက်များ၌ မိုးရွာခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်နိုင် ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။ မိုးရွာလျှင် အပူဒဏ်လျော့ကျသွားမည်ဖြစ်သည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။