Pages

Sunday, April 15, 2012

မကွေးတိုင်း ကံမမြို့ နယ်တွင် အုပ်စုဖွဲ့ ဒမြတိုက်မှုများဖြစ်ပွားနေ


ကြားဖြတ် သတင်း

မကွေးတိုင်း ကံမမြို့ နယ်တွင် (၁၃)ရက်နေ့ ည(၈)နာရီခန့်တွင် ဒမြ ၃၀၀ ခန့်လောက်သည် ဒေသခံအိမ်များအား  အိမ်အတွင်း အပြင် ရစရာ မရှိအောင် ဖျက်ဆီးကာ ရွှေ ငွေများကိုလည်း
လုယက်ယူသွားမှုများ ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

 အဆိုပါ လုယက် ဒမြတိုက်မှုသည် ည(၈) နာရီခန့်လောက်မှ စတင်ပြီး အိမ်တွင်ရှိ လူများမှာလည်း
အကြမ်းဖက်မှုများမှ ကိုယ်လွတ်ရုန် ဘေးကင်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ပစ္စည်းဆုံးရှုံးမှုပမာဏသည်
လည်း အလွန်များပြားကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ ကူညီပေးမှု မရှိဘဲ မင်းမဲ့တိုင်းပြည်လို
ဖြစ်နေကြောင်းသိရပါသည်။

တဖန် (၁၄) ရက်နေ့ညမှာလဲ အဆိုပါ လုယက် ဒမြတိုက် အကြမ်းဖက်လူအုပ်ကြီးမှ ကျန်ရှိ အိမ်များကို
ဒမြတိုက် ဖျက်ဆီးခဲ့ကြောင်း သိန်းပေါင်း မြောက်များစွာ ဆုံးရှုံးဖျက်ဆီးသွားကာ ရွှေ ငွေနှင့် အတွင်းပစ္စည်း
အများအပြားလုယူသွားကြောင်းသိရသည်။ သက်ဆိုင်ရာမှ ခုချိန်ထိ ဘာမှလာရောက် ကူညီပေးခြင်း
မရှိသေးကြောင်းနှင့် လုယက်ဖျက်ဆီးခံရသူ ဒေသခံများမှာ မူစလင်(မ်)များဖြစ်ကြောင်း သိရပါသည်။




ကံမမြို့ နယ် ဒေသခံတစ်ဦးမှသတင်းပေးပို့သည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။