Pages

Tuesday, April 17, 2012

ကံမ ဖျက်စီးမူ နောက်ဆက်တွဲသတင်း


ဟာဂျီမ ဒေါ်ဝါ၀ါ ပိုင်တဲ့ နန္ဒာမြတ်နိုး(၁)စက်လှေကို တနင်္ဂနွေနေ့ညတွင်ထပ်မံ ဖျက်ဆီးခဲ့သည်။ (ပုံပါ)

ဟာဂျီမဒေါ်ဝါ၀ါအိမ်ကို ဖျက်ဆီးခံရသဖြင့် ကံမမြို့နယ်ရဲစခန်းသို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏မောင် ဦးဌေးလွင်က သွားရောက်တိုင်ကြားခဲ့ရာ ကံမရဲစခန်းမှူးက
အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော့်အဆင့်က အသေးအဖွဲအဆင့်ပဲရှိတယ်၊ ဒီကိစ္စက Heavy ဖြစ်တယ်။
ကျွန်တော်လုပ်မပေးနိုင်ဘူး၊ တိုင်းကလုပ်မှရမယ်။ ဒီကိစ္စက အဆင့်ဆင့်တင်ပြပြီး အထက်က ခွင့်ပြုမှလုပ်လို့ရမှာ၊ (၇)အိမ်ပျက်စီးတာမှာ
ခင်ဗျားအိမ်တစ်အိမ် တည်းကပဲ ဘာဖြစ်လို့လာပြီးအမှုဖွင့်တာလဲ” ဟု ကံမမြို့ ရဲစခန်းမှူးက ပြန်ပြောကြောင်း


ကိုယ်တိုင်အမှု ဖွင့်ရန် သွားရောက်ခဲ့သူ ဦးဌေးလွင်က myanmarmuslim.net သို့ ပြောကြားခဲ့သည်။
ယခုအထက်ပါဖြစ်ရပ်သည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အမတ် ဦးဝင်းနိုင် ၏ လှုံ့ဆော်ကြိုးပမ်းမှုဖြစ်သည်ဟု ဟာဂျီမ ဒေါ်ဝါ၀ါ က myanmarmuslim.net သို့ ပြောကြားသည်။
“ကျွန်မတို့အမျိုးတွေအိမ်အားလုံး အဖျက်ခံရတယ်၊ တစ်ယောက်ပဲအဖျက်မခံရဘူး၊ အဲဒါက ကျွန်မဦးလေး ဦးမောင်ကိုအိမ်၊ သူက ဦးဝင်းနိုင်ရဲ့ အဒေါ်၊ ဒေါ်အမလေးနှင့် အိမ်ထောင်ကျတာ ဒါကြောင့်မို့လို့အဖျက်မခံရတာ”ဟု ဟာဂျီမ ဒေါ်ဝါ၀ါ က ပြောကြားသည်။
 

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။