အမှာစကား
ရိုဟင်ဂျာဟူသောဝေါဟာရ ကို ယခင်က မရှိဘူး၊မကြားဘူး၊အခုမှဘင်္ဂလားဒေရှ် က ကူးလာ သော လူမျိုး ဟု ဝပ်ဆိုဒ် အသီးသီးမှာဝါဒဖြန့်ကာတိုင်းရင်းသားအချင်းချင်းကြားတွင်ရန်တိုက်ပေးပြီး လူမျိုး ရေး အဓိကရုဏ်း ဖြစ်အောင်ဖန်တီးနေ သည် ကိုတွေ့ရသည်။သို့ဖြစ်ရာ ရိုဟင်ဂျာဟူသော ဝေါဟာ ရ သည် ရှေး ယခင်မြန်မာ မင်းလက်ထက်က ဆင်းသက်လာသည်ကို လက်လှမ်းမီ ရာ သမိုင်း အထောက် အထားများနှင့် တကွ ရေးသားတင်ပြခြင်းဖြစ်ပါသည်။အင်္ဂလိပ် စကားပုံ တစ်ခု နှင့် ပြောရလျှင် “ The dog has his History “ ခွေးတစ် ကောင်မှာ တောင် သူနှင့်ဆိုင်သော အကြောင်းအရာရှိ တယ်။အခုလည်းဘဲ ရိုဟင်ဂျာဆိုသော လူမျိုးသည် တစ် ချိန် တိုင်းရင်းသား(၁၄၄)မျိုးတွင် ပါဝင်ခဲ့သည့် ခိုင်မာသော အထောက် အထား များရှိ၍ ဖြစ်သည်။ သို့သော် အစ္စလာမ် ဘာသာကိုကိုးကွယ်သူများဖြစ်သည့်အတွက်(မဆလ အစိုးရ၊ စစ်အစိုးရ)ကတိုင်းရင်းသားအဖြစ်မှဖြုတ် ချခဲ့ခြင်းဖြစ် သည်။ရိုဟင်ဂျာကိုအကြောင်းပြု၍ ဝပ်ဆိုဒ် အသီးသီးတွင် မဟုတ် မမှန်လုပ်ကြံ ဖန်တီးရေး သားပြီးတိုင်းရင်း သားအချင်းချင်း စိတ်ဝမ်းကွဲ အောင် ပြုလုပ်ခြင်းကို လုံ့ဝလက် သည်းမ ခံနိုင်ပေ။ယခင်တူိုင်းရင်းသားလု မျိုး(၁၄၄) မျိုး တွင်ရှိ ခဲ့စဉ်ကလည်းကောင်း၊ ရေဒီယိုက တို င်းရင်း သား အစီစဉ် တပတ် လျှင် (၃) ကြိမ် စီိလွင့် ထုတ်ခဲ့စဉ်ကလည်းကောင်း ၊သတင်းစာ၊ ဆောင်း ပါ များတွင် ရိုဟင်ဂျာအကြောင်းကို ပေးရေး သား သည့် အချိန်၌လည်း ကောင်း၊ နိုင်ငံ ခေါင်းဆောင်များ အသိ အမှတ်ပြုသည့် အချိန် ၌လည်း ကောင်း မည်သည့်စောဒက မတက်ခဲ့ပေ။ထို အချိန် က ဒေသခံရခိုင်သားများရှိ၍ နိုင်ငံ ခြားရခိုင် သားအနည်းငယ်သာရှိသည်။ အခုမှ ဘင်္ဂလားဒေရှ် မှအနောက် သားရခိုင် လူမျိုး ၃၅% ဝင်ရောက် နေထိုင်ကြသည်။ ၎င်းတို့က သွေးထိုးလှုံ့ဆော် မှုများ၊ လုပ်ကြံဖန်တီးသောစကား များဖြင့် ဝါဒ ဖြန့် နေခြင်းဖြစ်သည်။
နိုင်ငံတော်ကချမှတ်သော မူဝါဒမှာ —
တို့တာဝန်အရေးသုံးပါး
ပြည်ထောင်စုမပြိုကွဲရေး..…………………………….. ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ……….ဒို့အရေး
အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး…………….. ဒို့အရေး
ပြည်သူ့သဘောထား (၄)ခုအနက် ၂ ခု ဖြစ်သော
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်နိုင်ငံတော် တိုးတက်ရေးကိုနှောက်ယှက်ဖျက် ဆီးသူများအား ဆန့်ကျင်ကြ။
ပြည်တွင်းပြည်ပအဖျက်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။
ထို့ကြောင်းမြန်မာနိုင်ငံသားများ ရိုဟင်ဂျာအကြောင်း လုပ်ကြံပြောဆိုချကများကို ဟုတ်မဟုတ် သိရှိ စေရန်အတွက် နိုင်ငံသား ကောင်းပီပီ ရေး သား တင်ပြခြင်းဖြစ်ပါသည်။
လူတိုင်းတိုင်းသည်နိုင်ငံချစ်စိတ်ထားရှိရမည်။မိမိလူမျိုးကိုချစ်မြတ်နိုးသည်ဆိုပြီးအခြားလူ
မျိုးစုကို ခုတုံး လုပ်ကာ တိုင်းပြည်မငြိမ် မသက်ပြုလုပ် သူသည် နိုင်ငံတော်သစ္စဖေါက်ဖြစ် သည်။ တိုင်းပြည် တည် ငြိမ် အောင်၊ အန္တရယ် မရောက်အောင်အကာအကွယ်ပေး ရန်နိုင်ငံ သား တိုင်း၏ တာဝန် ဖြစ် သည်။ သမိုင်း အမှန် ကိုဖုံးကွယ်ပြီး လူမျိုးရေးကို ပုတ်ခတ် ပြော ဆို ကာဝါဒဖြန့်ချီခြင်း၊ ၀ပ်ဆိုဒ် အသီသီး မဟုတ် မမှန် လုပ်ကြံပြောဆို ရေးသားခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း ကွဲအောင်ဖန်တီးပြီး လူမျိုးရေး အဓိက ရုဏ်းဖြစ် အောင်ဖန်တီး နေသည်ကို ဝပ်ဆိုဒ် အသီးသီးတွင်ရေးသားသောစာအရ သိ သာ ထင်ရှားထင်နေ ပါသည်။ ထို သူတို့ သည် နိုင်ငံတော် သစ္စဖေါက်များဖြစ် သည်။ ဤကဲသို့ မဟုတ်မမှန် လီဆယ် ရေး သားကာ တိုင်းရင်း သားအချင်းချင်း စည်းလုံး ညီညွတ်မှုမ ပြိုကွဲ စေရန်၊ လူမျိုးရေးပဋိပက္ခ ၊ ကုလားရခိုင် အဓိကရုဏ်း မဖြစ် စေ ရန် ဤ ဆောင်းပါးကို ဆက်လက်တင်ဆက် ရခြင်းဖြစ် ပါသည်။
ယခင်ကတိုင်းရင်းသား(၁၄၄) မျိုးတွင်ပါဝင်သော ရိုဟင်ဂျာဟူသောဝေါဟရနှင့်နောက်ခံသမိုင်းဇစ်မြစ်
ရခိုင်ဒေသရှိအစ္စလာမ်ဘာသာကိုလေ့လာပါက ရခိုင်ဒေသ ရှိအမည်နာမဖြစ်ပေါ်ပုံ နှင့် တွဲဖက် ၍ လေ့လာ ရမည်ဖြစ်သည်။ရောမ အင်ပါယာပျက်သုန်းပြီးဥရောပ တိုက်သည် အမှောင် ထုပြည့် နေ ချိန် ကာလမှ စပိန်နိုင်ငံ ကာဒူဘာမြို့ ၊အီရက်နိုင်ငံ ဘဂ္ဂဒတ်မြို့နှင့် ဆီရီးယားနိုင်ငံ ဒမစကတ်မြို့ တို့တွင် မူဆ လင်ယဉ်ကျေးမှုအထွဋအထိပ် သို့ရောက်ရှိခဲပသည်။အလယ်ခေတ်မှအာရဗ်တို့က ဥရောပ ကို စာပေ ယဉ်ကျေးမှု သိပ္ပံပညာအရ ကူညီလမ်းညွှန်နိုင်ခဲ့သည်။1
အရှေ့ဖျားကုန်သွယ်ရေးမှာ အာရဗ်နှင့်ပါရှားလူမျိုးတို့ ၏လွှမ်မိုးမှုလက်အောက်တွင်ရှိခဲ့သည်
အရှေ့ဖျားဂျာဗာ၊စူမတြာ၊မလေး၊မြန်မာ ကမ်းခြေ နှင့်အိန္ဒိယသမုဒ္ဒရာတွင် ၁၇ ရာစု အထိ ပြည်ပ ကုန် သွယ်ရေး သည် အာရဗ်တို့လက်အောက်တွင်ရှိခဲ့သည်။ ရခိုင်ကမ်းခြေအပါအဝင် ကမ်းရိုး ဒေ သ တွင် သူတို့၏ကိုလိုနီများရှိခဲ့သည်။2 အာရဗ်တို့သည် ကုန်သွယ်ရေး ကိုပြုလုပ်ရင်း သာသနာ ပြုလုပ်ငန်း ကိုလည်းလုပ်ဆောင်သဖြင့် အရှေ့ဖျားဒေသ၌ အစ္စလာမ်သာသနာ အမြစ်တွယ်လာ ခဲ့သည်။ပေါ်တူဂီ၊ ဒါခ်ျနှင့်အင်္ဂလိပ်လူမျိုးများသည် ၁၆ ရာစုနောက်ပိုင်း မှသာယှဉ်ပြိုင်လာပြီး ကိုလိုနီနယ်ချယ်ချဲ့ လာခဲ့ သည်။3 သို့ဖြစ်ပါ၍ ရခိုင်ဒေသ သို့ရှေးဦးရောက်ရှိခဲ့ သူပါရှား၊ အာရဗ်၊ ပေါ်တူဂီ၊ဒါခ်ျ နှင့် အင်္ဂလိပ်လူမျိုး တို့က (Arkan)ဒေသကို လူမျိုးအလိုက် ခေါ်ဝေါ်သော အမည်နာမများရှိသည်။
ဥပမာ ပါရှန် လိုရေးထားသော Aini Akhbare, Bahristan Gaibi, Siyarul Muthakharin စာအုပ်များတွင် ရခိုင်ဒေသကို Arkhaung ဟုရေးသားထားကြောင်းတွေ့ရ ပြီး Fatiya Barria, Alamgeernama စသည့်စာအုပ်များတွင် ထိုအသံထွက်မျိုးနှင့် ရေးသားထားကြောင်းတွေ့ရသည်။
( စာအုပ်များသည် အာရဗ်၊ပါရှားနှင့်အိန္ဒိယ တို့တွင် ထင်ပေါ်ကျော်ကြားသော သမိုင်းမှတ်တမ်း များ ဖြစ်ကြသည်။)4 ၁၆ ရာစု တူရကီ သဘောင်္သားများ Sidi Ali က Rakhaj ဟုရေးထားသည်။ အချို့ စာပေများတွင် ရခိုင်ဒေသကို Recon အမည်ပါရှိသည်ဟု Dr,Kanungo က ဖေါ်ပြသည်။5
ဗဲနစ်မြို့သားအီတလီ ကမ္ဘာလှည့်ခရီးသည်ဖြစ်သူ Mancci ၏မှတ်တမ်းတွင် ပါရှန်တို့က ရခိုင် ဒေသကို Recon ဟုဆိုကြောင်းရေးထားသည်။ ၁၄ ရာစု အန္ဒိယ သမိုင်းဆရာက Rashiddudin (AD -1310 ) ၏မှတ်တမ်းတွင် ရခိုင်ဒေသ၏အမည်မှာ Raham ဖြစ်သည် ဟုပါရှိသည်။6 Nicolo di Conti (AD-1420-1430) ကမူ Rachami ဒေသဟုရေးထားသည်။7 အာရဗ်မှတ်တမ်းတွင် Mulk-Rahmi ဟုရေးသားထားပြီး အချို့မှတ်တမ်း တွင် Arkan ဟုလည်းပါရှိသည်။ မည်သည့်အခေါ်အဝေါ်သည် မည် သည့်အချိန်က စပေါ်လာ၍ မည်သည့်အခေါ်အဝေါ်က ရှေးကျသည်၊ နောက်ကျ သည် ကို တိကျစွာ ပြောာရန်ခဲ့ယဉ်းသည်။ ဤ အခေါ်အဝေါ်သည် ကမ္ဘာ အသိအမှတ်ပြုထားသည့် အာရဗ်လူမျိုး ပထဝီ ဆရာ ၊သမိုင်းဆရာများဖြစ်ကြသော Ibn-Khurdaih,Masudi,Yacut,Sulai Maan စသည်တို့မှတ်တမ်း တွင်တွေ့ရသည်။8
ပါရှားတို့အခေါ်အဝေါ် Recon မှ Arkan ဖြစ်လာနိုင်ကြောင်း Sir H . Yule က Arkan မှာ Tamil ဘာသာစကားဖြစ်၍ ငွေဟု အဓိပ္ပါယ်ရသည်။ယခင်က ရခိုင် မှာငွေတွင်း ရှိခဲ့ပြီး ငွေ အ ရောင်းအဝယ် ကိုအစွဲပြု၍ Arkan ဟုခေါ်ခြင်းဖြစဟုရှင်းလင်းထားသည်။ 9
အာရဗ်ပထဝီဆရာ Potolomy ရေးသား မှတ်တမ်းတွင် Argyre ဟုတွေ့ရှိရပြီး Sir Arthir Phyre က ၎င်းသည် ရခိုင်ဒေသတွင် ယခင်က ဘီလူးများတွေ့ရှိခဲ့ရ၍ နှင့်ဆက်နွယ်ကြောင်း ဖြစ်နိုင် သည် ဟု ရေးသားထားကြောင်း Dr. Kanungo က ရှင်းလင်းရေးသားထားသည်။10
AD ၈ ရာစုက ဝေသာလီမဟာစန္ဒြားလက်ထက် ရခိုင်ကမ်းရိုးတမ်း`၌ အာရဗ်ကုန် သည် သဘောင်္ သည် မုန်တိုင်းဒဏ်ကြောင်းပျက်စီးခဲ့ရာကျွန်းတစ်ကျွန်း (ယခု ရမ်းဗြဲကျွန်း) သို့ရောက်ရှိခဲ့ သည်။ ၎င်းဒုက္ခသည်ကို ကိုကူညီစောင့်မ ၍ ရခိုင်ဒေသတွင်နေရာချ ထားပေးခဲ့ သည်။ ၎င်းကျွန်းကို ရမ်းဗြဲ ( ကူညီစောင့်မသော)ကျွန်း ဟု အမည်တပ်ခဲ့သည်။11
ထိုအာရဗ်တို့သည် အခြေချနေထိုင်လာခဲ့ရာသာသနာပြန့်ပွါးရေးကိုလုပ်သဖြင့် အစ္စလာမ် သာသနာသည် ပြည်မ ထိပြန့်ပွါးခဲ့သည်။12
နောင်တွင်ရဟမ်းဗြဲ ကျွန်းကို အစွဲပြု၍ ရခိုင်ဒေသ တစ်ခုလုံးကို MUlk – Rahmi (သနား တတ် သောတိုင်းပြည်) ခေါ်ဆိုရာ Ibn – Khurdabih ဆိုသည့် ပထဝီဆရာက( ဂျာဂျီရာ ၊ အလ်ရဟ်မီ၊ မုလ်(က် ) ၊ ရဟ်မီ )ရဟ်မီနိုင်ငံသည် သီဟိုကျွန်း( ဆရန်ဒရိပ်) အလွန်တွင်ရှိကြောင်း ယင်းတွင် ဦးချိုတစ်ချောင်း ပါ (ကြံ့) တိရဆ္ဆာန်မျိုးနှင့် အဝတ်အစားမပါသော လူမျိုးတွေ့ရှီခဲ့သည်ဟု ဆိုထား သည်။ Ya Cut ဆိုသော ကမ္ဘာလှည့်ခရီးသည်ကမူရဟ်မီနိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ အစွန်အဖျား ဖြစ်ပြီး မလက္ကလရေလက်ကြားသို့သွားရာလမ်းမှာ တည်ရှိသည်ဟု ဆိုထားသည်။ AD ၉ ရာစု အာရဗ်ကုန် သည် Sulaiman မှတ်တမ်းတွင် Mulk –Rahmi သည် အင်အားရှိသော နိုင်ငံ တစ်ခုဖြစ်၍ စစ်တပ် အင်အား ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ၊ဆင်ကောင်ရေ ၅၀၀၀၀ (ငါးသောင်း ) ရှိသော နိုင်ငံဖြစ် ကြောင်းံ မှတ်တမ်းတင်ထားသည်ဟု Dr.kanungo ရှင်းလင်း ရေး သားထားသည်။13
၁၆ ရာစု အင်္ဂလိပ် ကမ္ဘာလှည့်ခရီးသည် Ralf Fich က Mulk – Rahmi သည် ( Country of Mogen) မောဂ်လူမျိုးတို့နေထိုင်သောနိုင်ငံဟုဆိုထာသည်။ဤ Mulk Rahmi နှင့် Arkan ဟူ၍ အာရဗ် တို့ ခေါ်ဆိုထားသည့်နိုင်ကို ဥရောပတိုက်သားများက Recon, Rakan Arkan, ဟူ၍ အဆင့်ဆင့်ခေါ်ဆိုကြသည်၁၅၁၆ ခုနှစ် တွင်ပေါ်တူဂီလူမျိုး Baborsa က ပထမဦးယခု အခေါ် Arkan ဟု ရေးသားထားကြောင်း Dr. Kanungo က ဆက်လက်ရှင်လင်းတင်ပြ ထားသည်။ ဆာအာဖီယာ က ကလည်း Ralf Fitch ကိုးကား၍ ရခိုင်ဒေသ အား ရိုဝန်ဒေသ ဟု သုံးနုံးထား သည်။14 ရခိုင်နှင့်အိန္ဒိယ တို့သည်ဘာသာစာပေ ယဉ်ကျေးမှုအရ ရှည်လျားစွယာတည်ရှိခဲ့ပြီး အိန္ဒိယ တိုက်နယ်တွင် ရခိုင်ဒေသ ကို ပါဠိဘာသာတွင် Rakhasa ၊ သက္ကဋဘာသာတွင် Rakhasha ဟုခေါ်ဆိုခဲ့ကြောင်းနှင့် အိန္ဒိယ မြောက် ပိုင်းသားတို့က Rakha Pura (City of Domons) ဟူ၍ခေါ် ဆိုခဲ့ကြောင်း ၎င်းမှတဆင့် Rakhash (ရက္ခိုသှ်ျ) ရက္ခိုတ် ၊ရက္ခိုက်ပြည်၊ ရက္ခိုင်ပြည် ဟူ၍ အဆင့်ဆင့်ပြောင်းလဲလာသည် ဟု သမိုင်းသုတေသန ဌာနမှူး ဗိုလ်မှူး ဘရှင် ၊ နိုင်ငံပန်းလှ -မဆလ ပါတီဌာနချုပ် တိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှုဓလေ့ထုံစံ (ရခိုင်) စာအုပ်အရ သိရှိရသည်။15
အထက်ပါအတိုင်းပါရှား၊တူကီ၊အာရဗ်တို့က Recon , Rakhanj, Rachmi , Rahmi, Raham ဟုခေါ် သော နေရာကို ဘင်္ဂလားဒေသမှာ Roshong,Rowang, Rohang ဟူ၍ (ရှ ၊ ဝ ၊ ဟ ) အသံကွဲ များဖြင့် ခေါ်ဆိုကြသည်။၎င်းကို အလယ်ခေတ်ဘင်္ဂလားစာပေများ`၌ တွေ့ရသည်။ယခု ခေတ်စာပေ အသုံးအနုံးများနှင့်အရပ်သုံးစကားများတွင် လည်းအလားတူပင်တွေ့ရသည်။
တဖန် Dr.Kango က Rennel ၏မြေပုံတွင်Roshang ဒေသဟုဖေါ်ပြထားကြောင်းနှင့် ထရီပူရာ Rakamala သမိုင်းမှတ်တမ်းတွင် ရခိုင်ဒေသကို Roshong ဟုခေါ်ဝေါ် သမုတ်ထားကြောင်း ဆက် လက် ရှင်းပြထားသည်။ ၁၆ ရာစု ထရီပူရာဘုရင် Daniya Manikha ရခိုင်ဒေသ မြောက် ပိုင်းကို တိုက် ခိုက် သိမ်းယူပြီး ဗိုလ်ချုပ် Narayan အား Roshang Mardan (ရခိုင်ဒေ သကို တိုက်ခိုက်အောင်နိုင်သူ) ဟု ဘွဲ့အပ်နှင်းကာ စစ်တကောင်းဘုရင်ခံ ခန့်ထားကြောင်းကိုလည်း ဆက်လက်ရှင်းလင်း တင်ပြထား သည်။16 ၁၇ ရာစု ရခိုင်ဘုရင် စန္ဒသုဓမ္မ နန်းတွင်း ၀န်ကြီး ဖြစ်ခဲ့သူ Shah Aloal ရေးသော The lametation of Sha Ahuja, Saiful Mulk Badiuzzamal, Sikander Nama, Roshan Panchali စသည့်စာအုပ်များတွင် ရခိုင်ပြည်ကို Rohang ဟုခေါ်ဆိုပြီး ထိုဒေသ၌နေထိုင်လူမျိုးကို Rohagya ဟုခေါ်ဆိုရေးသား ထားသည်။ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းထားသည်။17 အာရဗ်ကုန်သည်များက ရာဟမ်း၊ ရာဟမ်း (ကူညီပါ ၊ကူညီပါ) အော်ပြီးအကူ အညီတောင်းဆိုခြင်းကို အကြောင်းပြု၍ ထိုသူများကို ဒေသခံလူမျိုးများ ရာဟမ်းလူမျိုးဟု ခေါ်တွင်ခဲ့ရာမှ ကာလ ရွေ့ လျား သောအခါရာဟမ်း မှ ရာဟန်ဂျာ ၊နောင်တွင် ရိုဟင်ဂျာ ဟူ၍ခေါ်ဆို လာခဲ့ခြင်းဖြစ်သည် ဟု ရှင်း လင်းထားသည်ကိုတွေ့ရသည်။ မည်သို့ပင် ဆိုစေကာမူ ရိုဟင်ဂျာဟူသော အခေါ်အဝေါ်သည် AD ၈ ရာစုလောက်က အာရဗ် လူမျိုးများ ရခိုင်ဒေသ ဆက်သွယ်မှု ရှိလညာရာမှ သန္ဓတည် ဖြစ်ပေါ်လာ သည် မှာ ထင်ရှားနေပါသည်။
၁၇၉၅ ခုနှစ် အင်းဝရှိဗြိသျှသံတမန် Michael Symes ၏အဖွဲ့သံအဖွဲ့ဝင်တစ်ဦးဖြစ်သူ Francis Buchanin က မြန်မာအင်ပါယာ အတွင်းဘာသာစကားများကိုလေ့လာခဲ့ရာတွင် ရခိုင် ၊ထား ၀ယ်၊ ယော့ မြန်မာ ဟု မြန်မာ ဘာသာစကား လေးမျိုးကို နှင့် ဂင်္ဂါမြစ်ဝှမ်းတ၀ိုက်သုံးသော ဘာသာ စကား နှင့် ဆင် တူ ရိုးမှား (အိန္ဒိယ နွယ်သော) စကားသုံးမျိုးကို သုံးမျိုးကိုတွေ့ခဲ့ရသည်။
၎င်းစကားစကား(၃) မျိုးမှာ–
(၁)။ – ဘိုးတော်ဘုရားလက်ထက်ဖမ်းဆီးခေါ်ဆောင်လာသော Banga ဟုဆိုသူ လူမျိုးတို့ပြော သော ဘာသာစကား
(၂)။ – ရခိုင်ပြည်ရှိ ဟိန္ဒူများပြောသောစကားဖြစ်ပြီး
(၃)။ – ရခိုင်ဒေသရှိအစ္စလာမ်ဘာသာဝင်များပြော သောစကား တို့ဖြစ်သည်။
ဟိန္ဒူတို့ကမိမိကိုယ်ကို Rosswan ဟုခေါ်ဆို၍ မူဆလင်တို့ကမူ Rovinga ဟုခေါ်ကြသည်။ ၎င်းတို့နေ ထိုင်ရာဒေသကို Rovinga (Rowang Shor) ခေါ်ကြသည်။ Buchanin က အမရပူရ တွင်သူတွ့ရှိ ခဲ့သောသူ့တပည့်တို့က သူတို့ပြောသော Roinga နှင့် Rosswan ဘာသာစကားသည် ရခိုင်ဒေသ ရှိ လူမျိုးစုက နားလည်သုံးနုံးသော ဘာသာစကားဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ သည်ဟု ရေးသားထားသည်။18
ဤသို့ဖြင့်ရခိုင်ဒေသ ကို Rohang ဟူ၍ခေါ်ဆိုခဲ့လာရာမှ ရခိုင်ဒေသရှိမူဆလင်များက ရိုဟန် ဒေသ တွင်နေထိုင်သူ ရိုဟင်ဂျာ ( Rohingya ) ဟုခံယူကြောင်း သမိုင်းအထောက်အထား သိရ သည်။ အထက်ဖေါ်ပြပါ Buchanin မှတ်တမ်းများအရ Rohingya တို့သည်ရခိုင်ဒေသတွင် ဗြိတိသျှခေတ် မတိုင်မီ ရာစုနှစ်ပေါင်းများစွာ အရင်ကပင် နေထိုင်ကြောင်း သိရသည်။ဘင်္ဂလား ဒေရှ်နိုင်ငံတွင် ရခိုင် လူမျိုးသည် ၎င်းနိုင်ငံလူဦးရေ၏ ၂၃ % ခန့် နေထိုင်သည်။တောင်ပေါ်တွင် နေထိုင် သောရခိုင်လူမျိုး များကို ဇူမီယာမောဂ် (Jumia Magh) ဟူ၍ လည်းကောင်း၊ မြေပြန့် တွင်နေထိုင်သော ရခိုင်များကို ရိုဟင်ဂျာ မောဂ်( Rohangya Magh ) ဟူ၍လည်းကောင်းခေါ် ဆိုသည်ကိုတွေ့ရသည်။19
ရခိုင်ပြည်ရှိ ရိုဟင်ဂျာမူဆလင်များက ရခိုင်ဒေသဖွားရခိုင်များကို ရိုဟင်ဂျာမောဂ် ဟုခေါ်ဆိုပြီး ဘင်္ဂလားဒေသဖွား ရခိုင်များကို အနောက်ကျားမောက်(အနောက်သားမောဂ်)ဟုခေါ်ဆိုကြောင်း တွေ့ရ သည်။
ထို့အပြင်အနောက်ဘင်္ဂလားတွင် Karnaphuli မြစ်နှင့် Shanka မြစ်တို့ကြားဒေသတွင် နေ ထိုင် သော မူဆလင်တစ်ချို့ကို Roing (or) Rohingya ခေါ်သည်။ Roing မှာရခိုင်ဒေသမှ ရခိုင် ဒေသတွင်နေထိုင်သော လူမျိုးများဟုအဓိပ္ပါယ်ရသည်။ရခိုင်ဘုရင်များခေတ် အဆက်ဆက် တွင် နိုင်ငံ ရေးမ တည်ငြိမ်မှု များ ကြောင်း ရခိုင်ပြည်မှ ရွေ့ပြောင်းနေထိုင်သူများဟု Dr.Kanungo က ရှင်းလင်း ထား သည်။20
ရိုဟင်ဂျာစကားအပြောအဆို၌ Usage တစ်မျိုးမှာလူနှင့်နေရာအမည် နာမပုဒ်၏ နောက်တွင် (အာ၊ ဂျာ၊ ယာ၊ မာ၊ ညာ၊ကာ၊ လာ —- စသည် နောက်ဆုံးအမည်၏အက္ခရာ ကိုလိုက်၍ ခေါ်ဝေါ်ပြော ဆိုကြခြင်းဖြစ်သည်။
၎င်းအသုံးအနုံးမှာ ရိုဟင်ဂျာ တို့၏ အသုံးအနုံး Usage ဖြစ်သည်။ဥပမာအဖြစ် အချို့ကို နေရာဒေသ အမည်နာမ ကို တင်ပြရလျှင်-
သံတွဲသား ကို (သံတွဲ ယာ) ၊ကျောက်ဖြူသား ကို(ကျောက်ဖြူ ဂျာ) မန်အောင်သား ကို (မန်အောင်ညာ) မြေပုံသား ကို (မြေပုံညာ) ၊ရန်ကုန်သားကို (ရန်ကုန်ညာ) ရိုဟင် ကို (ရိုဟင်ဂျာ )၊ ရိုဟန်ကို ရိုဟန်ညာ)– စသည်ဖြင့်လည်းကောင်း
လူနာမည် နှင့်ပြောဆိုရာတွင်- မောင်မောင် ကို (မောင်မောင်ညာ)၊ ဘဖြူ ကို (ဘဖြူယာ)၊ နေ၀င်း ကို (နေ၀င်းညာ)၊ဆွာလေကို (ဆွာလေယာ)၊ နော်စိမ် ကို ( နော်စိမ် မျာ) – စသည် စကားလုံး အပိုတွဲဖက်ခေါ်ဆိုကြသည် မှာ ရိုဟင်လူမျိုးတို့၏ အသုံးအနုံး Usage ပင် ဖြစ်သည်။
ရိုဟင်ဂျာဘာသာစကားသည် ( ပါဠိ ) ဘာသာစကားကဲ့သို့ အပြောဘာသာ စကားဖြစ် သည်။ ပါဠိဘာသာ မှာကိုယ်ပိုင်အက္ခရာမရှိပေ။ ပါဠိ ဘာသာစကားကို ရေးသားရန် သီးခြားအက္ခရာမရှိ သည့်အတွက် အခြားဘာသာ စာပေ များ၏အကူအညီဖြင့်ရေးသားသည်။မြန်မာနိုင်ငံတွင် မွန် ဘာသာ၊ မြန်မာ ဘာသာ ၊အလားတူ အိန္ဒိယတွင် အိန္ဒိယ စာ ။ထိုင်းတွင်ထိုင်းစာ၊ဘင်္ဂလားဒေရှ်တွင် ဘင်္ဂလီ စာ စ သည်ဖြင့် ရေးသားကြ သည်။21 (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၀၃-၂၀၀၄ နှစ်ပတ်လည်မဂ္ဂဇင်း စာ၊ ၈၁-၈၄ တွင်ဆောင်းပါး ရေးသူ ဒေါ်စန်းစန်းဝင်း၊ တွဲဖက်ပါမောက္ခ၊ အရှေ့ပိုင်းဌာန)
အလား တူရိုဟင်ဂျာ ဘာသာလည်း အပြောဘာသာစကားဖြစ်ပြီး အူရ်ဘာသာဖြင့်လည်း ကောင်း၊ အာရဗီ ဘာသာဖြင့်လည်းကောင်း၊ ပါရစီ၊ အင်္ဂလိပ်၊ လက်တင် စသောဘာသာဖြင့် ရေးသား ကြ သည်။ယခုအခါဘ အင်္ဂလိပ်စာလုံးနှင့် လက်တင် အဓိက အခြေခံခားရေးသားကြသည်။
နောက်ခံသမိုင်းအကျဉ်း
ရိုဟင်ဂျာသမိုင်းကို ၁၀ ရာစုမတိုင်မီက ရခိုင်တိုင်းရင်းသားများများဖြစ်သောအိန္ဒိယမှလာသည့်လူမျိုး များ တနည်းအိန္ဒူအာရိယံများနှင့် ဆက်နွယ်နေသည်။(ရခိုင်ပြည်ရိုဟင်ဂျာသမိုင်း အကျဉ်းချုပ်၊ အမျိုးသား လူ့အခွင့်ရေး ဒီမိုကရစ်တစ်ပါတီ ကင်းလွှတ်ခွင့် အမှတ် နသ/ ၀၈၃ – စာမျက်နှာ ၆၅)
၁၀ရာစုမတိုင်မီက ရခိုင်ပြည်တွင် ဗုဒ္ဓဘာသာသင် နေထိုင်ခဲ့ကြပြီအိန္ဒိယနှင့်ဘင်္ဂလားလူမျိုးများဟု
ဆို၏။ရခိုင်တို့က ဤမူရင်းလူမျိုးများနှင့် ပေါင်ဖက်၍လာသည်ဟုခံယူသကဲ့သို့ - ရိုဟင်ဂျာများ က လည်း အင်ဒိုအာရီယံများနှင့်ပေါင်းဖက်ပြီးလူတစ်စုအဖြစ်ဖြစ်ပေါ်လာသည်ဟုခံယူသည် ကိုအောက်ပါ သမိုင်းအကိုး အကားတွင်တွေ့ရသည်။22(ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ် နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ -၂၉)
နေနှင့်လ တံဆိပ်အမှတ်အသားသည် ရခိုင်ပြည်သားရှေးဦးစွာအာရီယံလူမျိုးတို့၏တံဆိပ်အမှတ် သားဖြစ်ပြီး ဝေသာလီခေတ် အေဒီ ၄ ရာစု နောက်ပိုင်းကာလတွင်ခပ်နှိပ်သုံးစွဲခဲ့သော ဒင်္ဂါးများ တွင် နေနှင့်လ တံဆိပ်ကိုကိုတွေ့ရသည်။ထိုခေတ်ကာလာက ဒင်္ဂါးစာ၊ ကြေးနီးပြားစာ၊ကဗျည်းစာများ တွင် ယခုခေတ်ရိုဟင်ဂျာတို့ပြောဆိုနေသောအသံထွက်တစ်နည်းပါဠိဘာသာဖြင့်ရေးသားထားသည် ကို တွေ့ ရသည်။ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ်
နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ -၂၆/၃၀)
ဗိုလ်မှူးထွန်ကျော်ဦး၏အထက်ပါသုတေသနအရ ရိုဟင်ဂျာသည် ရခိုင်ဝေသာလီခေတ် အင်ဒိုအာရီ ယန်နှင့ှ်ဆက်နွယ်နေကြောင်းတွေ့ရပေသည်။
ရခိုင်ပြည်၏ရှေးဦးလူများ
ရခိုင်ရှေးဦးလူများသည် ရခိုင်ပြည်နယ်နှင်နယ်နိမိတ်ဆက်စပ်နေသော အိန္ဒိယည်ြအရှေ့ မြောက် ပိုင်း ဒေသ မှ ဝင် ရောက်လာသူဖြစ်သည်။အိန္ဒိယနိုင်ငံ အတွင်းထိုရှေ့ဦးလူများသည် မည်သည့် အချိန် ကစ၍တိတိကျကျပြောရန်ခဲယဉ်းသော်လည်း Ks Latovrette – A short of the Far East(Newyork) The Macmillan Co:(၁၉၅၇) တတိယအကြိမ်ထုတ်ဝေသည့် စာအုပ်စာမျက်နှာ (၄၂) တွင် ဘီစီ (၂၀၀၀) ထက်စောသော အချိန်က ဟုသိရှိရကြောင်းဖေါ်ပြသည်။ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေးဟောင်း သုတေ သနကျောက်စာ လိုက်စားသူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည်ရှိခဲ့ဘူးသော ဓညဝတီမြို့ဟောင်း၏အရှေ့မြောက်ဖက်တွင်တည်ရှိကြောင်းထိုမြု့တော်၏မြို့ရိုးဟောင်းများကိုယခုတိုင်
တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက်စော၍တည်ထောင်ခဲ့သော အိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာအထောက်အထားများ အကိုးအကား များ စွာ ဖြင့်ပြကြ သည်။
ယခင်လမ်းစဉ် ပါတီထုတ် တိုင်းရင်းသားဓလေ့ထုံတမ်းများ (ရခိုင်) စာအုပ်စာမျက်နှာ (၃၄) တွင် ရခိုင် တို့သည် အိန္ဒိယနိုင်ငံ မဇျိမဒေသ မဂတိုင်းမှ ဝင်ရောက်ခဲ့သည် ဟုထေါ်ပြ သည်။ (မဂဓတိုင်း ဒေသ သည် အိန္ဒိယတိုက်၏ အရှေ့ဖက်ပြည်နယ်တစ်နယ်ဖြစ်သည်။
ယခင်လမ်းစဉ် ပါတီထုတ်သည့်(ကမ္ဘာနိုင်ငံများအမှတ် (၁) စာအုပ်တွင် ပါကိစ္စတန်နိုင်ငံများ အကြောင်း ကို စာမျက်နှာ ၃၀၅ မှ ၃၂၇ ထိ ဖေါ်ပြထားရာအရှေ့ပါကိစ္စတန်(ယခု- ဘင်္ဂလားဒေရှ်) ဘင်္ဂဂါလီလူမျိုးအများအပြားရှိပြီး အခြားလူမျိုးစုမှာ မတ်လူမျိုး(ရခိုင်) များလည်းစစ်တ ကောင်းနေထိုင် ကြောင်းဖေါ်ပြထားသည်။ ဘင်္ဂလားဒေရှ်နိုင်ငံ ၏လူဦးရေအနက် ၂၃ % မှာ ဟိန္ဒူဘာသာဝင်အဖြစ် ဆက် လက်ရှိနေကြောင်းလည်းဖေါ်ပြထားသည်။
ရှေးဘုရင်များလက်ထက်အစ္စလာမ်ဘာသာဝင်များ
ရခိုင်ပြည်တွင်အစ္စလာမ်ဘာသာပျံ့နှံ့ပုံလေ့လာရာတွင် ရခိုင်ရာဇဝင်ကို လေ့လာရန်လိုသည်။သို့ဖြင့်အကျဉ်းရုံးသဘောဖြင့်အထောက်အထားနှင့်တကွ ရှင်းလင်းတင်ပြသွားမည်။
ဗိုလ်မှူးမျို့သန့်(ငြိမ်း) ရေးသော ကစ္စပနဒီ မှ ဓညဝတီသစ္စာ – (၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်) ကို ကိုးကားထားပြီး ဘေးတွင်စာမျက်နှာနှင့်တကွဖေါ်ပြပေးထားပါသည်။
ရခိုင်မျိုးရိုးဗီဇဆင်းသက်ပုံကိုထင်ကြေးပေးရာတွင် မွတ်ဆလင်တို့ကရခိုင်ကို မောဂ်(Magh)ဟု ခေါ် သည် ရခိုင်တို့သည် အရှေ့ မဇ္ဈိ မဒေသ မှဆင်းသက် လာသူ များဖြစ်ပြီးရခိုင် နယ်မြေ သို့ဝင် လာခဲ့ သည် ဟုဆိုသည်။ အိန္ဒိယသားတို့က ရခိုင်ပြည် ကိုအာရကန် ဟုခေါ် သည်။ သာကဋ ဘာသာ အရ အာရက္ခ မှဆင်းသက်သည်ဟုဆိုသည်။ ၁၅ ရာစု ခန့် က ရခိုင်ပြည်ကို အာဂျာရီ (Argyre)ခေါ်ခဲ့ ရာ လက်တင် ဘာသာအရ ငွေမြဟုအဓိပ္ပါယ်ရသည်။(စာ-၈၂)
ဓညဝတီဆိုသည်မှာ ဆန်ရေစပါးပေါများခြင်းဖြစ်၍ ရခိုင်ပြည်တွင် ဆန်ရေစပါးပေါများ သဖြင့် ရခိုင်ပြည် ကို ဓညတီဟုခေါ်ဆိုခြင်းဖြစ်သည်။
ဓညဝတီခေတ် မာရယုမင်းလက်ထက်ကပင် သမိုင်းကြောင်းကြီးခဲ့သည်။မာရယုမင်း သည် ဘီစီ ၃၃၂၅ တွင်ထီးနန်းစံခဲ့ရာ ၆၂ နှစ်ကြာခဲ့သည်ဟုဆိုသည်။ဓညဝတီခေတ်သုံးခေတ် ရှိခဲ့သည်။ မာရယု မင်းမှစ ၍ နှစ်ပေါင်း ၁၈၁၈ နှစ် ၊ဒုတိယဓညဝတီ၉၂၇ နှစ်ကြာခဲ့သည်။ ဘီစီ ၅၈၀ တွင် စန္ဒသူရိယမင်း က တတိယဓညဝတီ စတင် ထူထောင်ခဲ့သည်။(စာ-၁၁၇)
ဝေသာလီခေတ်ကို ခေတ်ကိုတည်ထောင်သောမင်းမှာ မဟာတိုးစန္ဒြာ ခေါ် ငဒွင်းစန္ဒြာ ဖြစ်သည်။ အေဒီ ၃၂၇ တွင်ထီးနန်းစံခဲ့သည်။(စာ-၁၂၈)
ရခိုင်ပြည် မြောက်ဦး အေဒီ ၁၄၃၀ မှ အေဒီ ၁၅၃၁ ထိနှစ်ပေါင်း ၁၀၁ နှစ် ဘုရင် မင်းစောမွန် တည် ထောင် သည်။ ဒုတ်ယမြောက်ဦခေတ်ကို အေဒီ ၁၅၃၁ မှ ၁၆၃၈ ထိ နှစ်ပေါင်း ၁၁ရ နှစ် မင်းဗာကြီး က တည်ထောင် သည်။ တတိယမြောက်ဦးကို အေဒီ ၁၆၃၈ မှ ၁၇၈၄ ထိ နှစ်ပေါင်း ၁၄၆ နှစ် နရပတိမင်းကြီးက ထူထောင်သည်ဟု ခေတ် သုံးခေတ်ကို ကဗည်းရေးထိုး မှတ်တမ်းတင် ထား သည် ကိုတွေ့ရသည်။မြောက်ဦးခေတ် စုစုပေါင် စုစုပေါင်း ၃၅၅ နှစ်ကြာ ခဲ့ သည်။
မြောက်ဦးခေတ်တွင် ဒုတိယမြောက်ဦးခေတ်က အင်အားအကြီးမားဆုံးဖြစ်သည်။ မင်းဗာကြီး လက်ထက် မင်းရာဇကြီးအထိ ရေတပ်အင်အား၊ကြည်းတပ်အင်အားကြီးမားပြီး ဘင်္ဂလား ၁၂ ပြည်နယ် ကိုကောင်း စွာ အုပ် ချုပ် နိုင် ခဲ့သည်။မြောက်ဦးကို အင်းဝ ဘုရင် ဘိုး တော်မင်း တရား ၏ သားတော် အိမ်ရှေ့ ဥပရာဇ တိုက်၍ ပျက် စီး သွားခဲ့သည်။ ရခိုင် သက္ကရာဇ် ၇၉၂ (အေဒီ ၁၄၃၀) မင်းစောမွန် စတင်တည်ထောင်ခဲ့သော သက်တမ်း သည် မင်းဆက် ၄၈ ဆက် ရှိပြီး အေဒီ ၁၇၈၅ ခု မှာ ပျက်စီး သွားခဲ့သည်။(စာ ၂၃၃-၂၃၄)
မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း က လည်း အ ဆန်း မဟုတ်ပေ။ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျသည် ကုလားပြည်မှ ကုလားဘုရင်နှင့်တကွ သုံ့ပန်း တို့ကို ဖမ်းဆီး ခဲ့ရာတွင် ကုလား (၁၀၀၀၀) ကို ဆင်စာမြင်းစာရိတ်အစု၊ ကုလား(၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ ကုလား (၁၀၀၀) ကိုလယ်လုပ်၊ ကုလား(၁၀၀၀၀) ကိုဟင်းသီးဟင်ရွက်၊ ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့အစု ကုလား (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော်များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ ကုလား (၂၀၀၀) လေးကိုင်းစစ်သည်၊ ကုလား (၁၀၀၀) ရက်ကန်းရက် ၊ကုလား (၁၀၀၀) ယာဉ်ထမ်း၊ က်ုလား(၁၀၀၀)ဆားချက်၊ကုလား(၁၀၀၀)မြို့တွင်းမြို့ပြင် အမှိုက် ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း (၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည် ဟုရေးသား ဖေါ်ပြ ထားသည်။(စာ ၂၅၇-၂၅၈)
ရှေ့ခေတ်ဘုရင်မင်းမြတ်က ဘာသာရေးသွေးခွဲမှု မရှီလွတ်လပ်စွာကိုးကွယ်ခွင့်ပြုသဖြင့် ဗုဒ္ဓ ဘာ သာ များ အပြင် မူဆလင် ဘာသာဗလီများထွန်းကားခဲ့သည်။ထိုအပြင်ဘုရင်တပ်တွင် ကမန်မျိုး နွယ်စု တို့သည် လေးကိုင်း စစ် သည် များအဖြစ်လည်းကောင်း၊ ဒိုင်းနက်တို့သည် ဒိုင်းကာ စစ်သည် အဖြစ် လည်းကောင်း ဖွဲ့စည်း ထား ခဲ့လေ သည်။ကမန်တို့သည် မူဆလင်ဘာသာကို ကိုး ကွယ် ကြ သည်။ထို့ကြောင်းပင် ပုဏ္ဏားကျွန်း၊ ဖရုံကာကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီး တောင် ခရီးတစ် လျှောက် ကုလားတို့ အခြေအမြစ်မျိုးစုံဖြင့် နေထိုင်စားသောက်လုပ်ကိုင် နေ သည်ကိုတွေ့ခဲ့ ရလေ သည်။(စာ ၂၅၈)
(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ မို့တွင် ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုးရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊မင်းသားသုံး၊မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ပါသော ငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်းဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်းနှစ်သောင်း ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူဦးရေးသည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင်ကထိုဖမ်းဆီးယူလာသောလူထဲတွင် အတတ်ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦးလျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင် ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့်ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။
(Harvey,Outline of Burmese History Page, 94
မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့လက်ထက်က သောင်းထီး ကျွန်းမှ ကုလားလေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း) သားတော် အိမ်ရှေ့မင်းသား မင်းခမောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။
မောရစ်ကောလစ်ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည်သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများ အဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင် ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီက ရခိုင်ပြည်သည် ကုလား ပြည်တစ်ပြည်ဖြစ်ခဲ့သည်ကတောမှန်ပေ၏ ဟူ၍ လည်းကောင်း - စသည်ဖြင့် ဖေါ်ပြထားသည် ။
ရခိုင်ပြည်ကို ဟိန္ဒူဘာသာဝင်များက အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။
အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး သောက်ကြယ် က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား လေသော်ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်းထင်ရှားနေသည်။
ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင်ဦးရေ အများ အပြာရှိသည် ကိုခန့်မှန်း နိုင် သည်။ ဤ အရပ်ရပ် မူဆလင်များသည်ရှူးဂျားမင်းသား ၁၆၆၀ ခုနှစ်ရခိုင် သိုခိုလှုံလာသည် ကာလ ထက် အချိန်ကာလ အားဖြင့် စော နေကိုတွေ့ရသည်။ ရခိုင်ဘုရင် လေးသည် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များထက် ရှေးကျသူများဖြစ် သည် ထိုသူတို့ သည် ယနေ့ရခိုင်မွတ်ဆလင်(သို့မဟုတ်)ရိုဟင်ဂျာ များ၏မျိုးဆက်ဟောင်း (Ancestors) များသာဖြစ်သည်။
ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင်တစ်ချို့အစ္စလာမ်ဘာသာသို့ကူးပြောင်းခဲ့သည်ဟုဓညဝတီဆရာ တော် ဦးညာဏ၏ ရခိုင်ရာဇဝင်ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်းကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း ကောင်းရေးသားဖေါ်ပြထားသည်ကိုတွေ့ရှိရသည်။
ဤအချက်ကိုထောက်ရှုကြည့်လျှင် ရခိုင်ပြည်တွင် ရခိုင်လူမျိုးများ အစ္စလာမ် ဘာသာကူးပြောင်း ကိုးကွယ်ကြသည်ကို အငြင်းမပွါးးနိုင်ပေ။ ဘာသာကူးပြောင်းကိုးကွယ်သော ရခိုင်များသည် ရခိုင် မူဆလင် များသည်။ ယနေ့ ရခိုင်မျိုးတွင် အစ္စလာန် ဘာသာ မရှိဟု ရခိုင်လူမျိုးများက ပြောဆိုခြင်းသည် တမင် လုပ်ကြံ လီဆယ်ပြီးပြောဆိုခြင်းဖြစ်သည်။
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆိုရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်းပါဝင်ခဲ့၍နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလားပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုးစလုံးပြိုင်တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။
အိန္ဒိယတိုက်ငယ်တွင်အထူးသဖြင့်ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစု သည်အစ္စလာမ်ဘာသာသို့ကူးပြောင်းကိုးကွယ်ရာဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသော
ရခိုင်ပြည်`၌လည်းမြောက်ပိုင်း`၌လည်းရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုးကွယ်
လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။
တစ်ချိန်ကပြည်သည်ဘင်္ဂလားသစ္စာတော်ခံအဖြစ်လည်ူကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည် ရခိုင်ပြည်၏အင်ပါယာအဖြစ်သို့လည်းကောင်း အပြန်အလှန်ကျရောက်ခဲ့ကြကြောင်း History Of Burma နှင့်သမိုင်းစာအုပ်များတွင်ဖေါ်ပြထားသည်ကိုတွေ့ရသည်။
မှတ်ချက်။ ။ဤသို့ပါလာသောလူများသည် ရခိုင်ပြည်တွင်အခြေချနေ ထိုင်သွားခဲ့ သည်။ ၎င်းတို့သည် ထိုခေတ်ထိုအခါကပင်ရှိနေသော (ယနေ့ရခိုင်ပြည်တွင်တွေ့ရှိရသော) အစ္စလာမ် ဘာသာဝင် များဖြစ် သည်။ ဘင်္ဂလားက မနေ့ တစ်နေ့ က ကူးလာ သော နိုင်ငံခြား သားဘင်္ဂလီ လူမျိုး မဟုတ်ပေ။ ရာစုနှစ် ပေါင်းများစွာအရင်ကရောက်ရှိနေသော ရခိုင်မူဆလင်(သို့မဟုတ်) ရိုဟင်ဂျာ များဖြစ်ကြောင်း သမိုင်း အ ထောက်အထားအရခိုင်လုံနေသည်။
၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည် ၍ မြောက် ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြု ထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည် ၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော ကမန်လူမျိုး တစ်မျိုးများရှိသကဲ့သို့ အထက်တွင်ဖေါ်ပြခဲ့သော အစ္စလာမ် ဘာသာကူးပြောင်းြေ့ပာင်း ကိုးကွယ်ကြသောလူတစ်စုမှာ ယနေ့ရခိုင်ပြည်တွင်ခေါ် ဆိုနေသော အစ္စလာမ် ဘာသာကိုးကွယ်ကြ သည့် ရခိုင်မွတ်ဆလင် တိုင်းရင်းသား သို့မဟုတ် (ရိုဟင်ဂျာ) လူမျိုး များပင်ဖြစ်ပါသည်။အထက်ပါ မှတ်ချက် တွင်ရှင်းပြ သကဲ့သို့ ရှိနေခဲ့ သည်။
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်း နှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ်များ တွင်ပင် လယ်များတွင် လွှမ်းမိုး ခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေ ချ နေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာ သည် နောင်တော် သြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့် သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မ မင်းအား ကတိ မတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန် ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန် (လေး သည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန် တို့အား ရမ်းဗြဲ ကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ် စလင်မ် တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသ များ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြ သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိ နေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။
ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င် ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက် ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။အ ထက် ဖော်ပြ ပါ အတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်း ရောင်း ၀ယ် ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်း ကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင် ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။
ကိုးကားသော ကျမ်းစာအုပ်များ
(1)- Edward Alia, The Arab page – 5
(2)-က (Mosheyegar, The Muslim Of Burma page-10 -1972)
-ခ ဒေါ်ကြည်ဝင်း၏မြန်မာနိုင်ငံပြည်ပကုန်သွယ်ရေး သုတေသနစာတမ်း၊ ၁၉၆၆ ခု သုတေသန ညီလာခံ
-ဂ- မြန်မာသမိုင်းအခြေပြ၊ပထမတွဲ ၊မဆလ .ဌာနချုပ်၊ စာ- ၁၉၆၊
-ဃ-D.G.E Hall,Burma,1950, page-51
3(3)-ဒေါက်တာခင်မောငညွန့်၏(၁၆-၁၇) ရာစု ပေါ်တူဂီ-မြန်မာဆက်ဆံရေးတက္ကသိုလ် ငွေရတုသဘင်ဂျာနယ်။
(4)-a- Dr. Abul Fazl,Anin Akhare (trns:H,Blochan,Culcutta,(1873-1877)
- b-Mirza Nathan,Bahristan Ghaibi,( trns: M Borah Gauhati,1936
- c-Shiha buddin Ahmed,Faty Barria( trans: J.N.Sarkar,Bodlein Librry,Oxford)
(5)- (Dr.S.BN.Kanungo ,The History Of Chattagong Vol,1, page 132)
(6)- (Elliot and dowson,page-73 , History OfIndiatold by its own Historian)
(7)- (မြန်မာဓန မဂ္ဂဇင်း ၊၁၉၉၉ ခု ဇွန်၊ဇူလိုင် ထုတ် နှင့် ကလျာ မဂ္ဂဇင်း ၁၉၉၄ ခု သြဂုတ်လထုတ် ဒေါက်တာသန်းထွန်း၏ (မြောက်ပိုင်းကုန်သွယ)ဖွံ့ဖြိုးတိုးတက် ရေးဆောင်းပါး) မှာအထက်ပါ ပထဝီဆရာ သမိုင်းဆရာများအားကိုး ကားတင်ပြသည်။)
(8)- Sir H . Yule In the Procceding of society Nov. 1832)
(9)- Dr. Kanungo,History of Chattagong, Vol.1 /1979
(10)- ( C-H MOND AF Narary : The Dcca Review Page , 35)
(11)- (သာသနာရောဝါထွန်စေဖို့ ၊ နဝတ အစိုးရထုတ် စာ-၆၇)
(12)- ( Dr. S.B Kanaungo Vol- 1, Page 233, 234)
(13)- History ofBurma, Sir Ather Phyre ,Page-172
(14)- (က) -ဗိုလ်မှူး ဘရှင် ၏ အနော်ရထာ အယင်ကမြန်မာနိုင်ငံ၊
- (ခ)- နိုင်ငပန်းလှ၏ Working People Daily ပါဆောင်းပါး၊ ၃၁ – ၁- ၁၉၇၃ ။
(15)- (Dr.S.B Kanungo, History ofChittagong, Vol. -1
(16)- (Dr.S.B Kanungo, History ofChittagong, Charter-11,Section-3
(17)- Asiatic Research, Calcutter,Vol-5,1881
(18)- Bangla Distric Gezetter,Chittagong,Page-115 AD-1798
(19)- Dr.S.B Kanungo, History ofChittagong,page-22,23 (1979)
(20)- ဒေါက်တာအေးချမ်း၏ ၁၉၇၅- ၇၆ ရခိုင်တန်ဆောင်မဂ္ဂဇင်းအမှတ်(၁၄) ဆောင်းပါး
(21)- (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၀၃-၂၀၀၄ နှစ်ပတ်လည်မဂ္ဂဇင်း စာ၊ ၈၁-၈၄ တွင်ဆောင်းပါး ရေးသူ ဒေါ်စန်းစန်းဝင်း၊တွဲဖက်ပါမောက္ခ၊အရှေ့ပိုင်းဌာန)
(22)- (ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ် နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ -၂၉)