Pages

Friday, March 23, 2012

မြန်မာ ရိုဟင်ဂျာ စာကြည့်တိုက် အမှာစာ။

ရိုဟင်ဂျာ လူမျိုးစုတို့၏ သမိုင်းဆိုင်ရာ မှတ်တမ်း မှတ်ရာများအား မိမိတို့ ရိုဟင်ဂျာ အမျိုးသားတို့က ထိန်းသိမ်း စောင့်ရှောက်မှု မပေးခဲ့ခြင်း၊ ဂရုစိုက်၍ အလေးနက်ထား ပြုစု ထိန်းသိမ်းမှုမပေးခဲ့ခြင်း ပြီးတော့ အချိန်ကာလ ကြာမြင့်စွာ မပြုစု မထိန်းသိမ်း မစောင့် ရှောက်မိခဲ့သဖြင့် မိမိတို့ ရိုဟင်ဂျာလူမျိုးစု တစုလုံး ကြောက်ခမန်လိလိ ပျောက်ကွယ် လုနီးပါး ဖြစ်လာနေသည့် အတွက် မိမိတို့ သမိုင်းများကို ထိန်းသိမ်း စောင့်ရှောက်ရန် ရိုဟင်ဂျာအမျိုးသားတိုင်းမှာ သမိုင်းပေး တာဝန် တရပ်အဖြစ် မှတ်ယူရမည်။ မိမိတို့ ရိုဟင်ဂျာ အမျိုးသားများကို ကိုယ်စားပြုသော သမိုင်း အတိုအထွာ များအား ထိန်းသိမ်း စောင့်ရှောက် ပြုစု ကာကွယ်ပေးရန် ခေတ်ကာလက တောင်းဆိုလာသဖြင့် မလွဲမသွေး ပြုစု ထိန်သိမ်း စောင့်ရှောက်ရမည် တာဝန်တရပ်လည်းမိမိတို့ ရိုဟင်ဂျာအမျိုးသားများအပေါ်ကျရောက်လို့လာပါပြီ။ ခုနေခါမှာသာ မိမိတို့ အမျိုးသားကို ကိုယ်စားပြုတဲ့ သမိုင်းများကို မထိန်းသိမ်း မစောင့်ရှောက်ဘူး ဆက်လက်ပြီ လစ်လျူရှုထားမယ်ဆိုရင် မျှာမကြာမီ မိမိတို့ အမျိုးသားထုကြီး တစ်ခုလုံး မြေခသွားနိုင်တဲ့ အန္တရာယ်ကြီးက မိမိတို့ လက်တကမ်းမှာသာရှိနေကြောင်း ရိုဟင်ဂျာတစ်မျိုးသား လုံးအား အသိပေး နိုးဆော်လိုက်ပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။