Pages

Tuesday, March 27, 2012

ဒေါက်တာအေးချမ်းနှင့်အပေါင်းပါများသို့

by ကိုကိုလင်း (ရန်ကုန် တက္ကသိုလ်)

လူကြီးမင်း ဒေါက်တာအေးချမ်း တို့က ရိုဟင်ဂျာဆန့်ကျင်ရေးဆိုရင် မောတောင် မမော နိုင်ပါဘူး။ မောရင်တောင် အမောလေးဖြေဖို့ မအားနိုင်ပါဘူး။ အားနဲ့မာန်နဲ့ ဇွဲကောင်းကောင်း ရေးနေပြီဟယ့်။ ရေးတော့လဲ ဟုတ်တာတွေရော့၊ မဟုတ်တာ တွေရော့ အငမ်းမရ ရေတော့ တာပါဘဲ။ သမိုင်းပညာရှင် ဖြစ်လို့ သူရေးတိုင်းသမိုင်းဖြစ်တယ်လို့ အယူဝင် စားနေတော့ သာ မန်ကုသရ ခက်ပါတယ်ခင်ဗျား။
အခုလဲကြည့်ပါအုံး၊ ဘာလဲ-သူရေးတာ – ရိုဟင်ဂျာဆိုတာကို သူကအသိအမှတ်မပြုပါဘူးးတဲ့ ခင်ဗျား။ ဒေါက်တာ အေး ချမ်း ခင်ဗျားကို ဘယ်သူဘာလဲဆိုတာ ထောက်ခံချက်ပေဖို့၊ အသိ အမှတ်ပြုပေးဖို့ အခွင့်အာဏာ ဘယ်သူကပေး တာလဲ၊ မသိလို့ ပါ။ ပြောရင်တော့ ငါ့စကား ငါနွားရ ဖြစ်လေမလား။


ပြီးယင် လူမျိုးကြီး (၈)မျိုးနဲ့ မြန်မာနိုင်ငံဆိုတာ ဘယ်လိုသဘောပေါက်ရမလဲဗျာ။ သမိုင်းမှာ အဲဒီအတိုင်းမဟုတ်ခဲ့တော့ ခင်ဗျားတို့တတွေ ရခိုင်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရတာ နစ်ဘယ် လောက်ကြာခဲ့ပြီဆိုပြီး ၀မ်းနဲမှုအခမ်းအနားတွေ ကျင်းပ နေတာတို့၊ လွတ် လပ်ရေးသာ ပထမ၊ လွတ်လပ်ရေးသာ ဒုတိယ၊ လွတ်လပ်ရေးသာ တတိယ၊ အချုပ်အချာပိုင် ရခိုင်နိုင် ငံတော် ဆိုပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနဲ့အတူ တိုက်ပွဲတွေဆင်နွှဲလာတာ ခင်ဗျားလဲ ရန်ပုံ ငွေ တွေ ပေေးနကျမ ဟုတ်ဘူးလား။ ရိုဟင်ဂျာနဲ့မှ နအဖ ရဲ့ မြန်မာတိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုးအကြောင်း ဘာလို့ထည့်ပြောနေရပါလိမ့်။
ရှင်းရှင်းလေးပြောရရင် ဘယ်ပြည်နယ်မှ ဗမာနိုင်ငံမဟုတ်ခဲ့ပါဘူး။ ဗမာဘုရင်တွေက သိမ်း ယူခဲ့တာမဟုတ်လား။ အဲဒီနိုင် ငံတွေမှာ လူမျိုးတစ်မျိုးတည်းမက ရှိခဲ့ပါတယ်။ ဒီနေ့ (၈) ပြည်နယ်နဲ့ လူမျိုးကြီး (၈) မျိုးကို လက်ခံတယ်ဆိုရင် အရှိတ ရားကို လက်ခ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အဲလိုအရှိတရားကို လက်ခံတယ်ဆိုရင် သမိုင်းကိုထည့်စဉ်းစားစရာ လို သေးသလား။ လိုက်နာ တယ်ဆိုရင် တဖက်တည်းကို မျှမျှတတရှိအောင်လိုက်ပါ။ မိမိလိုရာ ရောက်ဖို့ နအဖ တစ်ပိုင်း၊ သမိုင်းတစ်ပိုင်း မလုပ်ကောင်းပါဘူးလေ။
ခင်ဗျားတို့ရဲ့အာစရိ မဆလ၊ န၀တ၊ နအဖ အစရှိတဲ့ စစ်အစိုးရကလဲ ပြည်နယ်တွေ ခွဲထွက် ရေးပြဿနာ နောက်ကြောင်း အေးပြီး၊ နောင်အတွက်လဲ စိတ်ချလက်ချ ရှိနေနိုင်ရန် ပြည်နယ် တွေမှာ သွေးနောခြင်း၊ ဗမာဦးရေတိုးပွားအောင်လုပ်ခြင်း အစရှိတာတွေ စီမံကိန်းချပြီး လုပ်နေ တာ၊ အဲဒီမှာ ရိုဟင်ဂျာတွေက သွေးခွဲအုပ်ချုပ်ရေးရဲ့ သားကောင်ဖြစ်နေတာဘဲ။ အခုလဲ ခင်ဗျားတို့က ရိုဟင်ဂျာတွေနောက် တကောက်ကောက်လိုက်သာနေပျော်တယ်၊ ဗမာကလေး တွေရဲ့ အမေမဖြစ် တဲ့ ရခိုင်အမျိုးသမီးလေးတွေ ဘယ်လောက်များ ကျန်နေသေးပါလိမ့်။ သံတွဲ အထက်ပိုင်းဆို ပြောတဲ့ဘာသာစကား တောင် ဗမာတွေ ဖြစ်ကုန်နေပြီလေ။




ထားပါတော့၊ ခင်ဗျားတို့က သူ့ကျွန်ဖြစ် သွေးနှောခံပျော်တာကို ကျွန်ုပ်စိတ်ပူလို့ အပိုပါဘဲ။ ပြောချင်တာက အရှိတရားကို လက္ခံတယ်ဆိုရင် သမိုင်းကိုထည့်မပြောနဲ့ ဆိုတာပါဘဲ။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးတစ်မျိုးရှိနေတာလဲ အရှိ တရားထဲကပါဘဲ။ သူတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ခင်ဗျားတို့ ကန့်ကွက်လို့ မောတာဘဲ အဖက်တင်လိမ့်မယ်။
သမိုင်းကြောင်းအတိုင်း ဖြစ်စေချင်တယ်ဆိုရင်လဲ ရှည်ရှည်ဝေးဝေး သွားစရာမလိုပါဘူး။ ခင်ဗျား ရဲ့ ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ရခိုင်မှာ မူဆလင်တို့ တည်ရှိနေမှုကို မဖုံးမဖိနိုင် ရေးသားထားတာ ရှိနေတယ်လေ။ (၈) ရာစု လောက်ကစပြီး အာရပ်သင်္ဘောပျက် ကုန်သည်တွေကို အကြောင်းပြုပြီး ရခိုင်မှာ အစ္စလာမ်ဘာသာ ရောက်ရှိနေ ကြောင်း၊ တဖန် ဘုရင် စောမွန် လက်ထက်ကတည်းက ရခိုင့်အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးမှာ မူဆလင်တွေ အရေး ပါခဲ့တဲ့အကြောင်း ဒါတွေအားလုံး ခင်ဗျားထည့်ရေးခဲ့ပြီဘဲ။ ဒီကနေ့ ရခိုင်မှာ ရှိနေသမျှ စစ်တကောင်းသားတွေပါလို့ ပြော မယ်ဆိုရင် ဟိုခင်ဗျားရေးခဲ့တဲ့ အထက်က မူဆလင်တွေ ဘယ်ရောက်နေပြီလဲ ခင်ဗျားဘဲဖြေကြည့်ပေါ့။
အဲဒီတုန်းက မူဆလင်ဦးရေ အနည်းငယ်သာဖြစ်တယ်လို့ ခပ်လွယ်လွယ် ဖြေအုန်းမလား။ ဒါဆိုရင် ဒေါက်တာအေးချမ်း တို့ကို သမိုင်ပညာရှင်အစား ရီစရာလေးတွေ ပြောတတ်တဲ့ လူရွှင်တော်တွေဘဲလို့ … ပြောရမှာ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ ဆိုတာမရှိတာ ဘာကြောင့်လဲ။ ဒီမေးခွန်းကို ကျွန်ုပ် ဖြေ မယ်ဗျ…မရှိတာမဆန်းပါဘူး။ ဘာ ကြောင့်လဲဆိုတော့ အဲဒီမှာ ဒေါ်နီနီမြင့် နဲ့ ဦးနေ၀င်း အနားမှာ ကပ်ပါးနေတဲ့ ခင်ဗျားတို့၊ ဦးအေးကျော်တို့၊ ဦးရွှေဇံတို့ အစ ရှိတာတွေ ရှိနေလို့ဘဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ရှိခဲ့ပါတယ်။ အဲလိုရှိတာကို ခင်ဗျားတို့က မလိုလားပါဘူး။ ဒါကို ခင်ဗျားတို့က မရှိအောင်လုပ်ခဲ့တယ်။ ပြီးတော့ ဒီနေ့ဒီအချိန်မှာ ဒီမေးခွန်းမေးလောက်အောင် ရည်ရွယ်ပြီး ပိုင်ပိုင်နိုင်နိုင် လုပ်ထားတယ်။ မြန်မာ့သမိုင်းကို မလိမ့်တပတ်လုပ်ခဲ့သမျှ ခင်ဗျားတို့လက်ချဖြစ်ပါတယ်လေး။ အခုလဲကြည့်ပါအုန်း၊ နိုင်ငံတကာသမိုင်းစာ မျက်နှာမှာ ရူး ကြောင်ကြောင်နိုင်လွန်းတာ။
ဒီလောက်ကလေး သတိထားမိယင် လူကြီးမင်းရဲ့ အတွင်း၊ အပြင် အကြံအစည်အားလုံးကို သဘောပေါက်လောက် ပါတယ်ဗျာ။
မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာဆိုတာ မရှိယင်လဲ ကိစ္စမရှိပါဘူး။ မြန်မာပထ၀ီမှာ ရှိနေပြီဘဲ။ မြန်မာ ကျောင်းသုံး၊ အထက် တန်း ပထ၀ီစာအုပ်ပါ တိုင်းရင်းသားလူမျိုးများ ပြန့်ဝေနေထိုင်ပုံ ဆိုတဲ့ မြန်မာနိုင်ငံမြေပုံကို လေ့လာကြည့်ပါ။ မြန်မာ့ စွယ်စုံကျမ်း၊ မြန်မာ့ရာဇ၀င်ကျမ်းတွေကို လေ့လာ ကြည့်ပါ။ ၁၉၆၀၊ ဂျုလိုင်လထုတ် မြ၀တီမဂ္ဂဇင်းကို လေ့လာပါ။
ခင်ဗျားတို့က ၀န်ကြီးချုပ် ဦးနှကိုလဲ နေ၀င်းနောက်လိုက်ကောင်းပီပီ သူ့လေသံအတိုင်း အမျိုးမျိုးအပုပ်ချ စွတ်ပြောနေ သေးတယ်။ အမှန်က ဦးနုဟာ ဖြစ်သင့်ဖြစ်ထိုက်တာကို မျှမျှတတရှိအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ သူကျတော့ ခင်ဗျားတှိ့ တတွေကို သမိုင်းမှာ မလိမ့်တပတ်လုပ်ဖို့ ခွင့်မပြုခဲ့ဘူး ထင်ပါရဲ့။ ဦးနုကိုထားပါတော့… သမတ စောရွှေသိုက် ရော့၊ သူ့ကျတော့ ဘယ်လို ဆင်ခြေများပေးအုန်းမလဲနော်။
ဦးအောင်ကြီးကိုလဲ ခင်ဗျားတို့က တစ်စုံတစ်ရာ ကဲ့ရဲ့ရအုန်းမှာဘဲ။ နိုင်ငံခြား သုတေ သီတွေ ကိုကျတော့ ရခိုင့်သမိုင်း ဂဃနဏ မသိဘူးလို့ … ခပ်ပြတ်ပြတ်ပြောတာပါဘဲ။ ငါသာလျှင် အကုန်သိပါတယ်…ဆိုတဲ့လူကို မဟာလူသားပါလို့ ဘယ်သူ့မှအလေး မထားဒါ စဉ်းစာဖို့တော့ ကောင်းပါပြီ။
ရိုဟင်ဂျာပတ်သက်လို့ ကမ္ဘာ့သမိုင်းပညာရှင်ဆိုလဲ ဘာမှမသိဘူးတဲ့၊ ရိုဟင်ဂျာတွေ ရေးတော့လဲ သမိုင်းလိမ်…တဲ့၊ နိုင်ငံ့ခေါင်းဆောင်တွေ ပြောတော့လဲ ရွေးကောက်ပွဲ မဲဆွယ်တာ…တဲ့၊ တခြားမြန်မာ့သမိုင်း ပညာရှင်တွေကျတော့လဲ ရခိုင့်သမိုင်း နားမလည် ဘူး …တဲ့၊ အထောက်အထား အကိုးအကားတွေ ထောက်ပြတော့လဲ အခြေအမြစ်မရှိဘူးလို့… ဆိုပြန်ရော့။ ကိုယ်ကလွှဲ ရင် ဘယ်သူ့မှမတတ်ဘူးလို့ပြောနေတာ တစိတ်မလွန် ဘူးလား ခင်ဗျား။ တော်တော် လက်ခံစ ရာကောင်းတဲ့ ပါရမီရှင်တွေပါဘဲ။ ဦးအေးချမ်း ခင်ဗျား… ကိုယ့်ကိုယ်ကို ဘယ်လောက်တော်တဲ့၊ တတ်တဲ့ ကျောင်းသား ဖြစ်ခဲ့ဘူးသလဲဆိုတာ ထည့်စဉ်း စားဖို့ မမေ့အုံးနဲ့လေ။
မကြာခဏ ပြောပြောနေတဲ့ “ဦးနု မမှန်မကန်လုပ်ခဲ့တယ်” ဆိုတဲ့အကြောင်းကို ဒီတစ်ချီရှင်းပြမှ ရေးနေကျသူတွေ လက္မခံရင် တောင်၊ ဖတ်နေသူတွေတော့ သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။ အမှန်က… ဦးနု အဲဒီလိုလုပ်ရခြင်း ဟာ သူနဲ့ နန်းရ၀န် အက်တလီ လက်မှတ် ရေးထိုးခဲ့တဲ့ လွတ်လပ်ရေး စာချုပ်ပါအချက်အရ လုပ်ရခြင်းဖြစ်ပါတယ်။ အဲဒီ ဦးနုသဘောတူ လက်မှတ်ထိုးရတဲ့ စာချုပ်ပါ အချက်ရဲ့အနှစ်သာရကို အကျဉ်းလေ့လာမယ်ဆိုရင်…မြန်မာပြည် လွတ် လပ်ရေး ရယူနေတဲ့အ ချိန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့သတ်မှတ်တဲ့ နယ်နိမိတ်အတွင်း နေထိုင်သူများအား လုံးဟာ မြန်မာတိုင်းရင်းသား တွေဖြစ်ပြီး၊ ယင်းတို့ရဲ့ အခွင့်အရေးနှင့် ရပိုင်ခွင့်အရာတွင် အားလုံးတန်းတူရည်တူဖြစ်ရ မယ်လို့…ပါရှိလာတယ်။ လေ့လာ ကြည့်ပေါ့ဗျာ။ ခင်ဗျားကြံဖန်ရေးတာတွေကျတော့ ပေါ်သွားနိုင်တာကလွှဲရင် ဗဟုသုတ အဖြစ်ပေါ့။
အထက်သဘောပါ အချက်အလက်အရ ဦးနုက အရှိတရားတရပ်ကို ယတာဘူတကျကျ အကောင်အတည်ဖော်ဆောင်ခဲ့ ခြင်း ဖြစ်ပါတယ်။
နောက်အချက်တစ်ခှကိုလည်း ဆက်လက်ဖြေကြားပေးပါမယ်။ ဘာလဲဆိုတော့… ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၅၀ ၀န်း ကျင်က ကြံဖန်ထွင်လိုက်တယ်ဆိုတဲ့… အချက်ပါဘဲ။ ဟုတ်တော့ဟုတ်ပါတယ်။ ၁၉၅၂ ခုလောက်က ဒီလိုဘဲ အတိအလင်း သုံးစွဲလာခဲ့ရပါတယ်။ အသစ်ထွင်ခြင်း လုံးဝမဟုတ်ပါ၊ အကြောင်းမဲ့လဲ မဟုတ်ပါဘူး။
ချန်န္ဒရာမင်းဆက်မှသည် ကိုလိုနီခေတ်အထိ ရခိုင်ပြည်သူတွေမှာ မည်သည်လူမျိုးဖြစ်သည်ကို ဖော်ပြရန် အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ခြင်း မတွေ့ရပေ။ ဒါကြောင့် အဲဒီမှာ နေထိုင်လျက်ရှိတဲ့ ပြည်သူတိုင်းကို ရခိုင်လို့ခေါ်တဲ့ ဒေသကို အခြေခံတဲ့ အသုံးအနှုန်းနဲ့ လူသိများတယ်။ ဒီကနေ့အထိ မြန်မာပြည်အနှံ့ ပြည်သူတွေက အဲဒီအတိုင်းဘဲ သတ်မှတ်ကြ တယ်။ ရခိုင် ဗမာ၊ ရခိုင်-မူဆလင် စသဖြင့် ခေါ်နေတာ အားလုံးသိနေပါတယ်။
၁၉၅၂ ခုနစ်မှာဆိုရင်၊ လူမျိုးစုအလိုက်အမည်ကို သီးသန့်ဖော်ပြရန် အကြောင်းတရားတွေ ပေါ်ပေါက်လာတဲ့အခါကျ တော့၊ မောဂ် တွေက ရခိုင်လူမျိုး ဆိုပြီး…အခိုင် အမာသုံး စွဲလာတောင်မက ရခိုင်ဆိုတာ ဗုဒ္ဓဘာသာနဲ့ တသားတည်းပါ ဟု ပြောဆို လာခဲ့ပြန်တယ်။ ဒီတော့ မူဆလင်တွေ အနေနဲ့ ခေါင်းကိုက်လာရတာပေါ့။ တစ်ပြည်နယ်တည်းနေသူ အချင်း ချင်း လူမျိုးအခေါ်အဝေါ် လွန်းဆွဲပွဲကြောင့် ပြဿနာတက်သည်က လူမျိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေး စတဲ့ကိစ္စတွေအတွက် ကောင်းတာမဟုတ်။ ဤတွင် မူဆလင်တွေက မိမိတို့လူမျိုးအတွက် အခေါ်အဝေါ်တစ်ရပ်ကို ခေါင်းချင်းဆိုင် အပူတ ပြင်း ရှာဖွေ သတ်မှတ် ပေးရ တာပေါ့ဗျာ။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ အဆန်းထွင်ခြင်းမ ဟုတ်ပါ။ ဒီနာမည်နဲ့ လူမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ပြည် နယ်မှာလဲ ၈၀% ရှိနေပါသေးတယ်။ မောဂ် တွေဟာ စစ်တကောင်း၊ ဘန်ဒေါဘောန် နဲ့ ကော့စ်ဘဇား ဘင်ဂါလီတွေကြားမှာ ရခိုင် ဆိုပြီး မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သလို့၊ ဒီလူမျိုးဘဲ ရန်ဂါမာတီမှာ ”မာရာ” ဆိုပြီး ရပ်တည်နေနိုင်တယ်။ ပြဿနာတစ်စုံတစ် ရာမရှိ။ ရိုဟင်ဂျာတွေ စစ်တကောင်း သားတွေ မှန်တယ်ထားပါတော့၊ သူတို့က မြန်မာပြည်မှာ ရိုဟင်ဂျာပါလို့ခေါ်နေတော ဘာထူး ဆန်းလို့လဲ၊ ခင်ဗျား ဘာ လက်မခံစရာရှိသေးလဲဗျာ။ ဒီလိုလူမျိုး တူ နံမယ်ခြားတွေ ကမ္ဘာပေါ်မှာ ရေတွက်လို့မကုန်ဘူး။ မြန်မာနိုင်ငံ အနီးတ၀ိုက် မှာတောင် အများကြီး လက်ညိုးထိုးပြနိုင် တာ တွေ ရှိပါတယ်ဗျာ။
အဲဒီအကြောင်းကို ပုံကြီးချဲ့ကာ ဂျပိုးလေးကို လိပ်ကြီးပါလို့ ပြောနေကြတာ မဟုတ်ဘူးလား။ အမှန်က အဲဒီအခေါ်အဝေါ် ”ရိုဟင်ဂျာ” ဆိုတာ သူများပြောသလို အသစ်ထွင်ခြင်း လုံးဝ မဟုတ်။ မူဆလင်တို့က မူရင်းဒေသအမည်ကို ယင်းတို့ ခေါ် နေကျ လေသံအတိုင်း ထုတ်ဖော် သုံးစွဲ ခြင်း ဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်ဟာ ရခိုင်ဆိုတဲ့ ဗမာအသံထွက် စကားလုံးရဲ့ ဆင့်ပွားဖြစ် တယ်ဆိုတာ ဦးအေးချမ်းတို့ ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့်လဲ ဒီနာမည်ကြားတိုင်း သူတို့အား လုံး ဗိုက်အောင့်လာပြီး ၀မ်းသွားနေရတာ ဖြစ်ပါတယ်။ ဦးအေးချမ်း ခင်ဗျား ကျွန်ုပ်နဲ့ အပြန်အလှန်ရေးတုန်းက ဒီလိုဘဲ ၀န်ခံထားဘူး ပါတယ်။ မေ့လိမ့်မယ် မထင်ပါဘူး။ စာ ရှည်မှာစိုးလို့ ထည့်မရေးပါဘူး။

                                              (ဒုတိယ ပိုင်း)
ဒေါက်ချမ်းတို့ လုပ်လိုက်ရင် ဒီအတိုင်းချည်းဘဲ။ ဘင်္ဂလားဒေ့ရှ် လာလည်တုန်းကလဲ တွေ့ချင် ပါတယ်ဆိုတာနဲ့ လစ် တော့တာ ပါဘဲ။ အဲဒီတုန်းက တွေ့ဖို့ကောင်းပါတယ်ဗျာ။
သူရေးတိုင်း စစ်တကောင်းသားတွေဆိုတာ မပါလိုမဖြစ်ဘူး။ အဲဒါလဲရှင်းပြပါမယ်ခင်ဗျား။ ဒီလို ပါ…ရှေ့ ရခိုင်မင်းဆက် များကနေ အိန္ဒိယအင်ပါယာရှင် အော်ရန်ဇစ် သိမ်းပိုက်ခဲ့တဲ့ ၁၆၆၆ ခုအထိ စစ်တကောင်းဟာ ရခိုင်လက်အောက်ခံဒေ သ ဖြစ်ပါတယ်။
ဘုရင်စောမွန်လက်ထက်က ဘင်္ဂလား (၁၂) မြို့ကို စူလတန်ဘုရင် ထံပေးလိုက် ရသော် လည်း ဘဲ၊ မင်းဘစောဖြူ လက်ထက်ကျတော့ ပြန်လည်ရယူခဲ့ပါတယ်။ စစ်တကောင်း အုပ်ချုပ်ရေး ကလည်း ရခိုင်ချန္ဒရာများ လက်အောက်ခံတွေဖြစ်ပြီး မြောက်ဦးမင်းဆက်တွေကဘဲ ပေါ်တူဂီ တွေကိုပေး၊ ကျွန်လုပ်ငန်းတွေကို လုပ်ကိုင်စေခဲ့ တယ်။ ဒီတော့ စစ်တကောင်းဟာ ရခိုင်ရဲ့ အစိတ် အပိုင်းတစ်ရပ် ဖြစ်တယ်ဆိုတဲ့ ရခိုင်ရာဇာဝင်လာ အချက်အလက်ကို စောဒက မတက်နိုင်ပါ။
စစ်တကောင်းဟာ ရခိုင်ရဲ့အစိတ်အပိုင်း တစ်ရပ်အဖြစ် တည်ရှိနေဆဲကာလတလျှောက် ရှည် လျား ကြီးကျယ်တဲ့ ပင် လယ်ဆိပ်ကမ်းကြောင့် အကျိုးစီးပွားအလွန်ဖြစ်ထွန်းကာ စီးပွားအချက် အချာအဖြစ် ကမ္ဘာကျော်ကြားခဲ့ရတယ်။ အထူး သဖြင့် ရေကြောင်းသွား အာရပ်ကုန်သည် များအဖို့ စီပွားမြူဆွယ်ရာလည်းဖြစ်၊ ပင်လယ်အထပ်ထပ်ကို ရက်ပေါင်းများ စွာ ဖြတ်သန်း လာရတဲ့အတွက် နားခိုရာဒေသလဲ ဖြစ်ခဲ့ရပါတယ်။ နကိုယ်က မင်းစောမွန် ပင့်ဆောင်ခဲ့တဲ့ ဘင်္ဂလား စစ်တပ် (၅) သောင်းနဲ့ ယင်းတို့ရဲ့မိသားစုတွေ အခြေကျနေထိုင်လျက်ရှိတဲ့ ရခိုင်ဟာ အာရပ်ကုန်သည်တွေရဲ့ ဈေး ကွက်ဖြစ်လာတာက တစ်ကြောင်း၊ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး မူဆလင်တို့လက်အောက် ကျရောက်ရာကနေ ဂိုအား ဘင်္ဂလားနယ်အထိ အစ္စလာမ် ဘာသာက လွှမ်းမိုးလာတာက တစ်ကြောင်း၊ ဒီလိုအချက်အလက်များကြောင်း ကုလာ တန်းမြစ် အနောက်ဖက်ကမ်းမှ သည် စစ်တကောင်းနယ်တစ်ခုလုံး အစ္စလာမ်ဘာသာဝင်တွေ ပြန့်နှံ့ နေ လာခဲ့တယ်ဆို ရင် သိပ်အံ့သြစရာ မဟုတ်ပေ။
၁၆၆၆ ခု၊ စစ်တကောင်းဒေသကို အိန္ဒိယအင်ပါယာထဲ အပြီးသိမ်းသွင်းခံရတဲ့နောက် ရခိုင်ပြည် သူတွေအချင်းချင်း ခေတ္တ သူစိမ်းတွေ ဖြစ်လာခဲ့ရတယ်။ သို့သော်လည်းဘဲ ၁၇၈၄ မှာ ကျန်တဲ့ ရခိုင်အစိတ်အပိုင်းကို ဗမာပြည်ထဲသိမ်း သွင်းလိုက်တဲ့ တိုက်ပွဲဒဏ်နဲ့ ဗမာစစ်တပ်များရဲ့ နှိပ်ကွပ် မှုဒဏ်ကြောင့် ရခိုင်ပြည်သူတွေဟာ ဗြိတိသျှအပိုင် စစ်တ ကောင်းနယ်ထဲ အစု လိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့အတွက် အချင်းချင်းပြန်လည် အချိတ် အဆက်ဖြစ် လာရတယ်။
၁၈၂၃ ခု ဗြိတိသျှတွေက ရခိုင်ကို သိမ်းယူပြီးနောက်ပိုင်း အားလုံး ယင်းတို့လက် အောက် ခံဖြစ်သွားတော့ တစ်နိုင်ငံ တည်း ဖြစ်သွားပြန်တယ်။ ဒီလိုနဲ့ မြန်မာပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုအထိ ဒီလိုဘဲ တစ်ခုတည်းသော နိုင်ငံသား တွေအဖြစ် နေထိုင်လျက် ရှိခဲ့ကြတာပါဘဲ။
စစ်တကောင်းနယ်ကို အိန္ဒိယအင်ပါယာရှင်က သိမ်းပိုက်ခဲ့သော်လည်း၊ ထိုဒေသအတွင်း မိမိရခိုင်နိုင်ငံကို သစ္စာရှိသူ များ၊ ချစ်မြတ်နိုးသူများ မြောက်များစွာ ရှိနေမည်မှာ သဘာဝ သာဖြစ်ပြီး သံသယမရှိကောင်းပေ။ ထို့အပြင် ဗမာစစ် တပ်တို့ရဲ့ နှိပ်ကွပ်မှုဒဏ်ကြောင့် မိမိအိုးအိမ်မြေကို စွန့်ကာ ထွက်ပြေးခဲ့သူတွေလည်း ရှိနေသေးတယ်။ ထိုကဲ့သို့သော လူများ၊ ရခိုင်ကို အင်္ဂလိပ်တွေ သိမ်းပိုက်တဲ့နောက်ပိုင်း ရခိုင်ပြည်မထဲ ပြန်လည်ဝင်ရောက် နေထိုင် လျက်ရှိကြတယ်။ ဒီလိုအဖြစ်အပျက်ကို ကိုးကားပြီး ဦးအေးချမ်းတို့က ဗြိတိသျှခေတ်က အိန္ဒိယကနေ လယ်ယာလုပ်ငန်းအတွက် ခေါ် လာခဲ့တဲ့ လယ်သမားအချို့နဲ့ ရာသီ အလိုက်အလုပ်ရှာဖွေရင်း ရောက်လာတတ်တဲ့ အလုပ်သမားအချို့ကို အကြောင်း ပြုရင်း ရခိုင်ပြည်ဖွား ဒေသခံအရင်း အချာတွေကိုတောင် ရောနှောပြီး ”ကိုလိုနီခေတ်မှာ စစ်တကောင်းသားတွေ ၀င် ရောက်နေထိုင်လျက်ရှိတယ်၊ ရခိုင်တိုင်းရင်း သားမဟုတ်ဘူး” အစရှိသလို လျှာအရိုးမရှိတိုင်း ဇွတ်ပြောတော့ဒါပါဘဲ။ ဒီနေရာမှာ တဆက် တည်း တင်ပြမယ်ဆိုရင် ဟိုတုန်းက စစ်တကောင်းကို အိန္ဒိယထဲသိမ်းပိုက်တုန်းကရော့ ဗမာစစ်တပ် ကြောင့် ထွက်ပြေးခဲ့သူများထဲမှာပါ ရိုဟင်ဂျာနည်းတူ မောဂ်တွေလဲပါခဲ့တယ်။ ယင်းတို့အထဲမှာ လူမျိုးနှစ်ခုစလုံး အင်္ဂ လိပ်ခေတ်ကျပြန်တော့ ရခိုင်ပြည်ထဲ ပြန်ဝင်နေထိုင်လျက်ရှိ ခဲ့တယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေဆိုရင် လှိုက်လှိုက် လှဲလှဲကြိုဆိုမှုများပြုကြပြီး၊ မူဆလင် တွေကျ တော့ မတရားဝင်လာသူတွေပါလို့ ပြောဆိုနေတာပါဗျာ။
ဦးအေးချမ်းတို့ လူမျိုးးအစွန့်ရောက်တွေကို မေးရအုန်းမယ်။ အခု နအဖ၊ န၀တအစိုးရက ရခိုင် ကို ဆက်လက်ကိုလိုနီ လုပ်ထားပြီး ဗမာတွေကို ရခိုင်ပြည် အတွင်းပြောင်း ရွှေ့ နေထိုင် လျက်ရှိစေတယ်။ ဆိုပါတော့ တစ်ချိန်ချိန်မှာ ရခိုင်လွတ် မြောက်လာပြီးဆိုရင် အခုပြောင်း ရွှေ့ခိုင်းတဲ့ ဗမာတွေကို ဘယ်လိုသဘောထားမလဲလို့။
အမှန်ကတော့ စစ်တကောင်းသားဘဲဖြစ်ဖြစ်၊ ကျန်တဲ့ရခိုင်ပြည်အစိတ်အပိုင်းထဲက လူ
ဘဲဖြစဲဖြစ်ရခိုင်တိုင်းရင်းသား တွေပါ ဘဲ။ သမိုင်းကြောင်းအရဘဲကြည့်မလား၊ လူမှုရှုဒေါင့် ကဘဲကြည့်မလား၊ ဥပဒေအရဘဲကြည့်မလား၊ ဘယ်ဘက် ကဘဲကြည့် ကြည့် ရိုဟင်ဂျာတွေကို ကန့်ကွက်နေခြင်းဟာ ဒေါက်တာအေးချမ်းတို့ရဲ့ စိတ်အာသီသကို ခေတ္တကျေနပ်မှု ပေး နေနိုင်ရုံက လွဲပြီး အဓိပ္ပါယ်မဲ့တဲ့၊ ယုတ္တိမထန်တဲ့ လူမျိုးရေးအစွန်းရောက် လုပ်ရပ် သာဖြစ်ပါကြောင်း ထောက်ပြ လိုပါတယ်။
ဒီနေ့ ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း တွေဟာ ဗမာတွေနဲ့ Indigenous ဖြစ်နေနိုင်တယ်ဆိုရင် ရိုဟင်ဂျာကို ကန့် ကွက်တာကျတော့ မျက်ကန့်မျိုးချစ်ဝါဒီ နဲ့ အများတကာပြောနေတဲ့ မဟာလူမျိုးကြီးဝါဒီပါလို့ ဆိုရမှာပါ။
သူတပါးအကြောင်းကို အချိန်ကုန်၊ လူပမ်းပြီး ပြောနေခြင်းထက် ကိုယ့်အကြောင်းကိုယ် သတိထားဖို့လိုပါတယ်။ သူ များရေး တဲ့ဟာတွေကို သမိုင်းလိမ်၊ လံကြုပ်သမိုင်း အစရှိသလိုနဲ့ သူခိုးကလူလိုဟစ်နေခြင်းထက် ကိုယ်ရေးတဲ့ဟာ ကျတော့ လုံသလား၊ ရှေ့နောက်လုံသလား၊ ကိုယ့်အဆင့်နဲ့ အောက်တန်းများကျနေသလား ဆိုတာကို တစ်ချက် ဆန်းစစ်၊ ဆင်ခြင်ဖို့တော့ ကောင်းပါတယ်။
အထက်က ကျွန်ုပ်ပြောပြသလို ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောဆိုနေတဲ့ ဒေါက်တာ အေးချမ်းကဘဲ ကျွန်ုပ်ဆီမှာ အဲဒီအသုံးအနှုန်းဟာ ရခိုင်အစားသုံးတဲ့ Bengali Colloquial ဖြစ်တယ်လို့ ၀န်ခံခဲ့ဒါရှိပါတယ်။ အဲဒီတုန်းက အဲဒီရခိုင် ဆိုတာဘယ် သူလဲ…ဆိုတဲ့အကြောင်း ဆက်မမေးဖြစ်ခဲ့ပါ။ ဒီကနေ့ ကျွန်ုပ်ထပ်မေးပါရစေ။ ဒေါက်တာအေးချမ်းခင်ဗျား… ရခိုင်ဆိုတာ ဘယ်သူလဲ။ ရခိုင်ဆိုတဲ့ အခေါ်အဝေါ်ကို ဘယ်အချိန်က ဘာကိုအခြေခံပြီး စသုံးနေကြတာလဲ ခင်ဗျား။
ခင်ဗျားက ရခိုင်ဆိုတာ ရက္ခ၊ ရက္ခိတ အစရှိတဲ့စကားလုံးတွေက ဆင်းသက်တယ်လို့ ဖြေကြား မယ်မဟုတ်လား။ တဖန် အဲဒီ အသုံးအနှုန်းဟာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်လျက်ရှိတယ်လို့လဲ ပြောမှာဘဲမဟုတ်ပါလား။ ဒီလိုသာမှန်ယင် ရခိုင်ဒေ သအတွင်း ဗုဒ္ဓဘာသာ ထွန်းကား လာတဲ့အချိန်ကစပြီး ဒီအသုံးအနှုန်း သန္တေတည်လာခဲ့တယ်လို့ သုံးသပ်ရမှာပါ။ ထိုအ ချိန်ကစပြီး ထိုဒေသအတွင်းနေထိုင်သူတွေဟာ ရခိုင်တွေပါဘဲ။ အဲဒီလူတွေဟာ ဘယ်သူ တွေလဲဆိုတာ သုံးသပ်ရ အောင်လားဗျာ။
(၁၁) ရာစုလောက်က မွန်ဂိုလိုက်အနွယ်ဝင်၊ တီဗက်တို-မြန်မာ အုပ်စုတစ်ခုက ဝေသာလီ (Veshali) ကို ၀င်ရောက် သိမ်း ပိုက်ခြင်းမပြုမီ အထိ ဝေသာလီနန်းတော်ဟာ ဟိန္ဒူမင်းဆက် ချန္ဒရား အုပ်စိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဝေသာလီနိုင် ငံသားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လင့်ကစား အာရီယန်တွေဘဲ ဖြစ်ပါတယ်။ ပြီးရင် အဲဒီလူတွေဟာ ဘင်္ဂလား နယ်က ပြည်သူများနဲ့အတူတူ ဖြစ်ပါတယ်လို့ အထင်ကရ သမိုင်းဆရာကြီး တစ်ပါးက ရှင်းရှင်း လင်းလင်းဘဲ ဖော်ပြ ထားပါတယ်။ ဒါကြောင့် ရခိုင်ဆိုတာ အဲဒီလူတွေသာလျှင်ဖြစ်ပြီး မွန်ဂိုလိုက်နဲ့ ဒီအခေါ်အဝေါ် ဘယ်လို့မှ မသက်ဆိုင် နိုင်ပါ။ ပြီးရင်း မွန်ဂိုလိုက်တွေဟာ ရခိုင်ပြည်သား၊ ရခိုင် လူမျိုးအစစ်အမှန် မဟုတ်သလို၊ အဲဒီလူအုပ်စုက ရခိုင်ပြည်မှာ နောက်ဆုံး ၀င်ရောက် အခြေချနေထိုင်သူတွေလည်း ဖြစ်ပါတယ်။
မိမိကိုယ်ကို သာကီမျိုးနွယ် အာရီယန်တွေပါလို့ ပြောလိုကပြော၊ တဖန် မွန်ဂိုလိုက်တဲ့၊ ဟော့… တော်ကြာဖြစ်ပြန်ပြီး မွန်ဂို-အာရီယာန်… တဲ့။ အစက ဒီလူတွေက Arakaness ဆိုတဲ့ အသုံးအနှုန်းကို ဝေးဝေးကရှောင်တယ်၊ ခုကျတော့လဲ ဖြစ်ပြန်ပြီး Arakaness ရခိုင်တဲ့။ ခေတ်အလိုက်ရှာတွေ့တဲ့ သမိုင်းအထောက်အထားများနဲ့အညီ အပြောင်းအလဲတော် တော် ဖြစ်တတ်တဲ့ ပုတ်သင်ညိုကြီးတွေပါလားလို့။ သမိုင်းမှာ နှစ်ပေါက်တစ်ပေါက် တော်တော် ရိုက်တတ်ပါတယ်။
အခုလဲဘဲ ကျွန်ုပ်ဆီက စာကိုဖတ်ပြီဆိုရင် ယင်းတို့ဝသီအတိုင်း အမျိုးမျိုးလာလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီပုဂ္ဂိုလ် တွေက ပိုင်ရှင်အကွယ်မှာ ပစ္စည်း တစ်ခုခု သယ်ယူနေတုန်း ရုတ်တရက် ပိုင်ရှင်နဲ့တိုးတော့ ချောက်ချားတုန်လှုပ်တတ် သလို ရိုဟင် ဂျာဆိုတဲ့ စကားလုံးကြားရတိုင်း ရခိုင်ဆိုတဲ့ အခေါ်အဝေါ်လေးအတွက် ရက်တက်မအေး ဖြစ်တတ်တာ မို့လို့ပါ။ ဒေါက်တာ အေးချမ်းခင်ဗျား သမိုင်းဘယ်လိုလဲဖြစ်ဖြစ်၊ လက်ရှိ ရခိုင်ဆိုတဲ့ လူမျိုးတစ်မျိုးကို ကျွန်ုပ်တို့တတွေ ကန့်ကွက်ရန်မရှိပါ။ အဲလောက်ကြီးလဲ စိတ်မပူပါနဲ့။ လူမျိုးနှစ်မျိုး အတူတူရပ်တည်ရေးကို ရိုဟင်ဂျာတွေ လက်ခံမြဲ လက်ခံပါတယ်။
တဖက်ကလဲ ရိုဟင်ဂျာတွေအနေနဲ့ အခုလို မိမိတို့လူမျိုးတစ်ခုလုံးကို ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမဲ့စေတဲ့အထိ အရှက်ခွဲ စေခြင်းကို လက်ပိုက်ကြည့်နေမယ်ဆိုရင် ရှေ့ဆက်ပြီး ဒီထက်မက ခံရဖို့ဘဲရှိပါတယ်။ အခုလဲကြည့်ပါ အုံး…ယင်းတို့ကြောင့် မိတကွဲ၊ ဖတကွဲ၊ အိုးအိမ်မဲ့၊ နိုင်ငံမဲ့ လူတန်းစားတစ်ရပ်အဖြစ် ကမ္ဘာ့နေရာအနှံ့ ဘယ်လောက် ဒုက္ခရောက် ရပြီလဲ။ ဒီထက်ရှက် စရာ၊ ဒီထက်အောက်တန်းကျစရာ နောက်ထပ်ဘယ်လိုများ ဖြစ်စေ ချင်ပါလိမ့်။
ဒေါက်တာအေးကျော်ကြောင့် ၁၉၇၈၊ ၇၉ ခု-နဂါးမင်းစစ်ဆင်းရေးကာလ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့၊ အားကိုးရာမဲ့ ကျွန်ုပ် တို့ ရဲ့ မိဘမောင်နှမ၊ အရွယ်မမယ် ခလေးသူငယ်လေးတွေ ဘယ်လောက်ရှိခဲ့ပြီလဲ။ ၁၉၄၂ ခုနှစ်မှာ ယင်းတို့ သတ်ခဲ့ လို့ ဘယ်လောက် သေခဲ့ရပြီလဲ။ ၁၇၈၄ ခု ဗမာဘုရင်ကို ဖိတ်ခေါ် ပင့်ဆောင်ခဲ့ပြီး ဘယ်လောက်သတ်ခိုင်းခဲ့သလဲ။ အဲဒါတွေ အရုပ်ဆိုး အကျဉ်းတန်၊ မျက်ဝါးထင်ထင် သာဓကတွေပါဘဲ။ ပြောရရင်တော့ ဘယ်လို့မှ သင်ပုန်းကျေစရာ မရှိပါဘူး။
မိမိတို့နယ်မြေလဲယူ၊ လူလဲသတ်၊ သမိုင်းကိုငြင်း၊ တစ်မျိုးလုံးနီးပါးမောင်းထုတ် အဲလောက်ကြီး နဲ့တောင် ဒီလူတွေ ရပ် တန့်ဖို့ အနေအထားမရှိပါဘူး။ ရိုဟင်ဂျာတွေဆို လူမျိုးတစ်ခုလုံးကို မျိုးဖြုတ်သည်အထိ သုတ်သင်ချေမုန်းပြီး၊ ယင်းတို့ ဂုတ်သွေးနဲ့ ရေမချိုးနိုင်သမျှ ဒီလူတွေကျေနပ်လိမ့်မယ်မဟုတ်။ ရိုဟင်ဂျာတွေ ထိတွေ့ခံစားနေရတာကို နေစဉ်ကြားသိ နေရတာတောင်၊ သင်းတို့ကဘဲအပြန် သင်းတို့လူတွေကိုသတ်နေတယ်၊ ဘုရားကျောင်း ကန်တွေ ဖျက်ဆီးနေတယ်၊ အမျိုးသမီးတွေကို စော်ကားနေတယ် အစရှိသလို အရှက်မရှိ ပြောင်းပြန်စောက်ထိုး ၀ါဒဖြန့်ရေးတော့တာပါဘဲ။ ရခိုင်အမျိုးသားတစ်ရပ်လုံးမက၊ ဗုဒ္ဓ ဘာသာဝင် ကျန်တဲ့တိုင်းရင်းသားတွေကိုတောင် သွေးဆူအောင် လုပ်ဆောင်လို တဲ့ ကြိုးပမ်းမှုပေါ့။
ဒေါက်တာအေးချမ်းခင်ဗျား…နည်းပညာနဲ့ ဆက်သွယ်ရေးလုပ်ငန်းက အထွဋ္ဋ်အထိပ်ရောက် နေတဲ့ အခုလိုအခြေအနေ မှာ အဲဒီဒေသရဲ့ အခြေအနေကို မသိနားမလည်တဲ့ လူတစ်ချို့ကို ခေတ္တ အရူးလုပ်ကောင်းလုပ်နိုင်မယ်၊ ဒါပေမယ့် အဲဒီ မှာ လက်ရှိ အလုပ်လုပ်နေတဲ့ အပြည်ပြည်ဆိုင်ရာ NGO တွေနဲ့၊ အခြားတိုင်းရင်းသားတွေ ရာနဲ့ချီရှိနေပြီဘဲ။ ကိုယ့်လူ မျိုး၊ ကိုယ့်ဘာသာ အမျိုးသမီးတွေတောင် တရားဝင်လက်ထပ်ခွင့်ရဖို့ ဘယ်လောက်ခက်နေတယ်၊ လူငယ်တို့ဘာဝ အချင်းချင်း ချစ်ရေးကြိုက် ရေးကြောင့် အရေးယူခံနေရတဲ့ ဘ၀၊ ဗုဒ္ဓဘာသာ ရခိုင်အမျိုးသမီးလေးတွေကို ထိဖို့မပြော နဲ့၊ ကြည့်ဝံ့ပါ့မလားဗျာ။ ကိုယ်ဗလီ ကျောင်းကိုယ် မထိန်းရ၊ အသစ်ဆောက်ဖို့မပြောနဲ့ ပြုပြင်ဖာထည့်တယ်ဆိုပြီး ဖမ်း ဆီးအရေးယူခံနေတဲ့ ဘ၀၊ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်ဆီ မော့ကြည့်ရဲပါ့မလားဗျာ။ ပညာရှင်တွေပါဆိုပြီး အဲဒီ လောက်အထိလဲ အောက်တန်းကျဖို့၊ အယူသည်းဖို့မကောင်း ပါဘူးဗျာ။ ဒီလိုမမှန်အရေး အသားကြောင့် ထင်ပါရဲ့၊ နိုင်ငံ ရေးမှာ ဇောက်ထိုးဗြောင်းပြန် နာမည်ကြီးနေတာဗျာ။
တစ်ချို့ ကျွန်ုပ်တို့ ညီအစ်ကိုတွေကလဲ ကျွန်ုပ်ဒီလိုရေးသားချေပနေတာကြောင့် လူမျိုး နှစ်မျိုးကြား ပိုမိုတင်းမာလာမယ် လို့ စိုးရိမ်ပြီး ထင်ကြေးတွေ ရေးလာပါတယ်။ ကျွန်ုပ်အရေး အသားတွေက ချေပချက်တွေပါ။ ဒီလိုရေးလို့ သူတို့ကို အ ကျိုးသက်ရောက်မယ်လို့ မထင်မှတ်ပါ။ သို့သော်လည်းဘဲ ယင်းတို့ရေးသားချက်တွေကို အမှန်လို့ထင်နေတဲ့ တခြားလူ တွေ မှန်တာတွေကို တွေးတော့ဆင်ခြင်နိုင်ရန်နှင့် လေ့လာနိုင်ရန်၊ အခြား အပြည်ပြည်ဆိုင်ရာ resources တွေကိုလဲ လေ့လာရန် ရည် ရွယ်ပြီး ရေးသားချေပနေတာ ဖြစ်ပါတယ်။ တကယ်စိတ်ကောင်းရှိတဲ့၊ တရားမျှတပြီး ခေါင်းဆောင် ကောင်းပီသတဲ့ ရခိုင်အမျိုးသား ခေါင်းဆောင်ကြီးတွေက ကျွန်ုပ်အရေးအသားကိုဖတ်ပြီး စိတ်မကောင်းဖြစ်မှာ သိပါ တယ်။ သို့သော်လည်းဘဲ ကျွန်ုပ်အရေး အသားတွေက တိုက်ခိုက်စာ မဟုတ်ဘဲ၊ ချေပချက်ဖြစ်တာကို သိနေယင်တော့ သီးခံခွင့်လွှတ်လိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်။
သမိုင်းတလျောက် အတူတကွနေထိုင်လာကြတဲ့ ညီအစ်ကိုလူမျိုး နစ်မျိုးကြား ချစ်ခင်ရင်းနှီးမှု၊ ရိုသေလေးစားမှု၊ ငြိမ်း ချမ်းစွာ အတူတကွပူးပေါင်းနေထိုင်မှု အစရှိတာတွေကို ကျွန်ုပ်မ လိုလားသည်မဟုတ်ပါ။ သို့သော်လည်း မိမိတို့ရဲ့ အ သက်အိုးအိမ်၊ စည်းစိမ်းတို့ ရဲ့လုံခြုံမှု၊ ဘာသာဓလေ့ ယဉ်ကျေးမှု ထုံးထမ်းအစဉ်အလာတို့ရဲ့ အကာအကွယ်ကို ထောက်ပြီး ရိုဟင်ဂျာတို့အနေဖြင့် သတိလစ်လပ်မနေသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။
လေးစားလျက်၊
ကိုကိုလင်း
ရန်ကုန်တက္ကသိုလ်
၃၁၊ သြဂုတ်၊ ၂၀၁၁











No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။