Pages

Wednesday, March 28, 2012

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

နှင်းမိုးမိုးမှကူးယူဖေါ်ပြပါသည်။

လူ့အခွင့်ရေး နိဒါန်း

အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ၁၉၄၈ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ၊ စတင် အ သုံးပြုပြီး ၊ ထိုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့တွင်၊ ပြင်သစ်နိုင်ငံရှိ Palais de chaillot တွင် အတည်ပြုခဲ့သည် ၊ ကမ္ဘာ့ အံဘွယ်အခြင်းအရာများကိုရေးသားထားသည့် The Guinness book 0f Records စာအုပ်တွင် လူ့အခွင့် ရေးကျေညာစာတမ်းသည် ၊ ကမ္ဘာပေါ်တွင်အများဆုံးဘာ သာပြန် ဆိုထားရသည့် စာတမ်းတခုအဖြစ် အသိ မှတ်ပြုခံသည့်အထိ ကြီးကျယ်ခဲ့သောစာတမ်းတ ဆောင် ဖြစ်ပါသည် ၊ ထိုစာတမ်းကြီးတွင် ဒုတိယကမ္ဘာစစ်ပြီး သည့်နောက်ပိုင်း ကမ္ဘာတ၀ှမ်းမှ တောင်းဆိုခ သော လူသားတိုင်းသာတူညီမျှအခွင့်အရေးရရှိရန်ဟူသော အကြောင်းအရာအချက် လက်များကို အခြေခံပြီး ၊ နိုင်ငံတကာနှင့် ဆက်ဆံမှု ၊ ပြည်တွင်းလူ့အခွင့်အရေး အုတ်မြစ် ချနိုင်စေရန်ဥပဒေ နှင့်နိုင်ငံတိုင်းတွင်အခြေခံဥပဒေအဖြစ်ထည့်သွင်းမှီးငြမ်းရေးသားနိုင် ရန်ဟူသော အချက်တို့ ကို အခြေခံ၍ ဤအချက်၃၀ ရှိသောလူ့အခွင့်ရေးကျေညာစာတမ်းကို ကုသလမဂ္ဂအထွေထွေညီ လာခံ၏ တာဝန်ပေးချက်အရ ၊ John Peters Humphrey (ကနေဒါ) Rene Cassin(ပြင်သစ်) P. C. Chang (တရုတ်) Charles Malik (လက်ဘနွန်) Eleanor Roosevelt (အမေရိကန်),စသော ဥပဒေပညာရှင် များနှင့် အသိပညာ ရှင်အတတ်ပညာရှင်များက စုပေါင်းရေး သားပြုစုခဲ့ခြင်းဖြစ်သည်…။

ကျေညာချက်၏နိဒါန်းတွင်
PREAMBLE
Whereas recognition of the inherent dignity and of the equal and inalienable rights of all members of the human family is the foundation of freedom, justice and peace in the world,
Whereas disregard and contempt for human rights have resulted in barbarous acts which have outraged the conscience of mankind, and the advent of a world in which human beings shall enjoy freedom of speech and belief and freedom from fear and want has been proclaimed as the highest aspiration of the common people,
Whereas it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law,
Whereas it is essential to promote the development of friendly relations between nations,
Whereas the peoples of the United Nations have in the Charter reaffirmed their faith in fundamental human rights, in the dignity and worth of the human person and in the equal rights of men and women and have determined to promote social progress and better standards of life in larger freedom,
Whereas Member States have pledged themselves to achieve, in co-operation with the United Nations, the promotion of universal respect for and observance of human rights and fundamental freedoms,
Whereas a common understanding of these rights and freedoms is of the greatest importance for the full realization of this pledge,
Now, Therefore THE GENERAL ASSEMBLY proclaims THIS UNIVERSAL DECLARATION OF HUMAN RIGHTS as a common standard of achievement for all peoples and all nations, to the end that every individual and every organ of society, keeping this Declaration constantly in mind, shall strive by teaching and education to promote respect for these rights and freedoms and by progressive measures, national and international, to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction.


ကြေညာချက်နိဒါန်း
ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ ကုလသ မဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာ ပါ မည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထို ကြေညာ စာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်း လင်း ဖော်ပြစေရန် ဆောင်ရွက် ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိ အမှတ် ပြုခြင်း သည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ငြိမ်းချမ်းမှုတို့၏အခြေခံအုတ်မြစ်ဖြစ် သော ကြောင့် လည်းကောင်း၊ လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ် ပေါ်စေခဲ့သော ကြောင့်လည်း ကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက် မွေးနိုင် မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ် သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သော ကြောင့် လည်းကောင်း၊လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာလက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကိုဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီး စွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်း ကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့် အရေးများ ကိုလည် ကောင်း၊လေးစားယုံကြည်ပါသည်ဟုကုလသမဂ္ဂတွင် ထပ်မံ၍အတည်ပြုပြီး သည့်ပြင်၊ လူမှုကြီးပွား တိုး တက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့် တင်ရန် သန္နိ ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂ အဖွဲ့ နှင့်ပူပေါင်း၍ လူအခွင့်အရေး များကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့် အရေးများ ကိုလည်း ကောင်း၊ကမ္ဘာ့ တဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်း ကောင်း၊



ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့ အစည်း တိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတဝှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို ရိုသေ လေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည် ဟု လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်း သူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့် လွတ် လပ် ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိ ရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင် ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက် နိုင် ကစိမ့် သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။

ဟူ၍ ၁၉၄၈ခုနှစ်ဒီဇင်ဘာလ၁၀ရက်နေ့တွင်အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ကုလ သမဂ္ဂမှ တရားဝင်ကျေညာလိုက်သည် ၊ ထိုကျေညာလိုက်နေ့နေ့ကိုအစွဲပြု၍ နှစ်စဉ်ဒီဇင်ဘာ ၁၀ရက်နေ့ကို လူ့အခွင့် ရေး နေ့အဖြစ်သက်မှတ်ပြီး အခမ်းအနားများစာတမ်းဖတ်ပွဲများ ၊ လူထု ဟောပြောပွဲများ ၊(မြန်မာပြည်မပါ ) ကမ္ဘာ အနှံ့ အပြားတွင် ပြုမူပြောဆိုလုပ်ကိုင်ကြပါကြောင်းရေး သားရင်း ၊ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ ။

ဘိုလိုဖက်ချင်သော်ဒီမှာဖက်
http://www.un.org/en/documents/udhr/index.shtml#ap

ကြေညာစာတမ်း (၁+၂)
လူ့ အခွင့်အရေးဟူသည် ၊ လူသားတယောက်၏ ၊ လွတ်လပ်စွာပြောဆိုခွင့် ၊ လွတ်လပ်စွာရေးသား ထုတ် ဝေခွင့်၊ လွတ်လပ်စွာလူသားပီသစွာနေထိုင်ရေးစသောလူ သားတယောက်တွင်လိုအပ်သော ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက် ၊ ဘာသာရေးအရသော်လည်းကောင်း ၊နိုင်ငံရေးအရသော်လည်း ကောင်း ၊ လူမျိုး ရေးအရသော်လည်းကောင်း ၊ ဓလေ့ထုံးထမ်းအရသော်လည်း တစုံတယောက် ကဖြစ်စေ ၊ အဖွဲ့အစည်းတခုကဖြစ်စေ ၊ အတင်းအဓမ္မမဟုတ်ဘဲ ၊ မိမိစိတ်ဆန္ဒအလျှောက် ပါဝင်ပတ် သက်နိုင် ခွင့်(စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်) ကိုယေဘုယျအားဖြင့်လူ့ အခွင့် ရေး ဟုဆိုရမည်ဖြစ်ပါသည်။
မည်သူကမည်သူ့ကိုမှ၊အာဏာနှင့်သော်လည်းကောင်း ၊အုပ်စုဖြင့်သော်လည်းကောင်းအတင်းအ ကြပ် အထက် ပါ လူသားတို့၏မွေးရာပါ အခွင့်ရေးကိုထိပါးခွင့် ၊ စော်ကားခွင့် ၊ ချုပ်ချယ်ခွင့် ပတ်သက် ခွင့်မရှိပါ၊ ထိုကြောင့် လူ့ အ ခွင့်ရေးကျေညာစာတမ်း အပိုဒ်(၁)တွင် ဤကဲ့သို့ပြဋ္ဌာန်း ထားခြင်းဖြစ် ပါ၏……….။

Article (1)
All human beings are born free and equal in dignity and rihgts. They are endowed with reason and conseience and should act towards one another in spirit of brotherhood.
အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့် အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။


လူသားတိုင်းသည်အားလုံးတူညီသည်ဖြစ်တဲ့အတွက်ကြောင့် ၊ မည်သည့်အကြောင်းရာနှင့်မျှ ၊ ခွဲခြား ဆက် ဆံခြင်း ပြုခြင်းငှာမထိုက်ကြပေ ၊ အယူအဆကြောင့်ဖြစ်စေ ၊ လူမျိုးကြောင့်ဖြစ်စေ ၊ အ သား ရောင် ကြောင့်ဖြစ်စေ ၊ ပိုင်ဆိုင်မှုကြောင့်ဖြစ်စေ ၊ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ မည်သည့် နေရာ မဆို ထိုထိုအကြောင်း အရာ တို့ကြောင့် ခွဲခြားဆက်ဆံခြင်းကိုတားမြစ်ထားပြီး ၊ အောက်တန်း ကျ
သော ၊ လူသားမဆန်သော ၊ လုပ်ရပ်များ အဖြစ်သက်မှတ်ထားသည် ၊ သို့သော်လည်း တိုင်းရင်း သား များစွာစုပေါင်းနေထိုင်ကြသော ရွှေတို့နိုင်ငံတွင် ၁၃၅ မျိုးသော လူမျိုးများ အချင်းချင်း မတည့် ကြသည်မှာ ၊ အဲသလိုအကြောင်းလေးတွေကြောင့်ဖြစ်သလို ၊ အိန္ဒိယ နိုင်ငံ တွင် မကြာခဏဖြစ် တတ် သော ဇာတ်နိမ့် ၊ ဇာတ်မြင့် ပြဿနာများ ၊ အရှေ့လည်ပိုင်း အစ္စရေးပါ လက် စတိုင်း ပြဿနာ များ ၊ အိန္ဒိယ+ ပါကစ္စတန် နယ်စပ်ရှိ ကတ်ရှမီးယားဒေသပြဿနာများ ၊ တရုပ်နှင့်တိဘက် ပြဿ နာများ ၊ ရုရှားနိုင်ငံ ၏ ချေချင်းညာဒေသပြဿနာ ၊ တောင်မြောက်ကိုးရီးယား စသောစသောပြ ဿနာ များဟာ ၊ ထိုထိုအချက်များအခြေခံပြီး ဖြစ်သည့်အတွက်ကြောင့် ကျေညာစာတမ်း၏ ဒုတိယအပိုဒ်တွင်ဤကဲ့သို့ ပြဋ္ဌာန်းထားပေသည်……။


Article (2)
Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.
အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ် လပ်ခွင့် အား လုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာ ဝ အားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း မရှိစေရ။ ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။


ထိုကဲ့သို့ လူသားများလိုက်နာကျင့်သုံးရန် လူသားများကဥပဒေများရေးသားပြဋ္ဌာန်းထားပါသော် လည်း လဲ ၊ ထိုထိုဥပဒေတို့ကို လိုက်နာကျင့်သုံးပါ့မည်ဟု ၊လက်မှတ်ရေးထိုး ကတိပြုထားသောလူ သားများ ကပင် ထိုထို ဥပဒေ များကို ၊ ချိုးဖောက်နေကြသဖြင့် ၊ စာဖက်သူတစ်ယောက်အနေဖြင့် မေး ခွင့်ရှိပါ က ၊ မင်းတို့စာ ကိုမင်းတို့ နားလည်သလား ၊ မင်းတို့စာရောဖက်တတ်ကြလား ၊ မင်းတို့ ရှက် ရောရှက်တတ်လား ၊ လို့မေးလိုက်ချင်စမ်းပါဘိတောင်း …..ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ..။

ဘိုလိုဖက်မည့်သူများက ဒီကိုကြွ

http://www.fourmilab.ch/etexts/www/un/udhr.html



လူ့အခွင့်ရေး (၃+၄+၅+၆)
လူတိုင်းတွင်တူညီသောအခွင့်ရေးများရှိသည်အားလျှော်စွာ ၊ ရုပ်ဝတ္ထု၏လိုအပ်ချက်အရလွတ်လပ် စွာ ပြော ဆိုရေးသားခြင်း ၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အရ ၊ အယူဝါဒကိုလည်းကောင်း ၊ ဘာသာ ကိုး ကွယ်မှုကိုလည်းကောင်း ၊ နိုင်ငံရေးလူမှုရေးစသော အရေးကိစ္စများတွင်မည်သူတဦးတယောက် ၏ ၊ ဖိအား တွန်းအားကင်းလွတ်စွာ ပါဝင်ပတ်သက်ခွင့်ရှိသည် ၊ ထိုပါဝင်ပတ်သက်မှုကို ၊ အဖွဲ့အ စည်းတခု ၊ သို့မဟုတ်အုပ်စုတစုက အသက်ကိုခြိန်းခြောက်ခွင့်မရှိစေရ ၊ ထိုသို့သောအကြောင်းအ ရာတို့ကို ရည် ရွှယ် ၍ ၊ ကြေညာစာတမ်း၏ တတိယပိုဒ်တွင်ဤကဲ့သို့ဖော်ပြထားသည်..။


Article (3)
Everyone has the right to life, liberty and security of person.
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။


လူသားအားလုံးကိုလူဟူ၍အသိမှတ်ပြုရမည်ဖြစ်သဖြင့် ၊ လူသားအချင်းချင်းကို တိရိစ္ဆာန်များကဲ့ သို့ ရောင်း ၀ယ်ဖောက်ကားခြင်း ၊ လူသားများကိုလိင် ကျေးကျွန်အဖြစ်အသုံးချခြင်း ၊ ကာလာကိုအ စွဲပြု၍ ၊အစိမ်းရောင်သည် နိုင်ငံသားအားလုံး၏ အထက်၌ရှိသည်ဟူ၍လည်းကောင်း ၊ အဖြူနှင့် အစိမ်း ၀တ် သော သူများသည်သာနိုင်ငံ၏လူရည်လူမွန်များဟူသောအချက်ကိုလည်း ၊ ပန်းရောင် အ၀ါ ရောင် တို့ သည် သာမြင့်မြတ်သူများဟူ၍လည်းကောင်း ၊ ကာလာကိုအစွဲပြု၍ ၊အတင်းအဓမ္မမ တူမ တန် ဟူသော သဘောဖြင့်မဆက်ဆံအပ်ပေ ၊ထိုထိုအကြောင်းရာများကိုရည်ရွယ်၍ စတုတ္ထအ ပိုဒ်တွင် ဤကဲ့သို့ ဖော်ပြသည်…။


Article (4)
No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.
အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအဝယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။


တရားခံကိုလည်းကောင်း ၊တရားလိုကိုသော်လည်းကောင်းတရားဥပဒေအားလျှော်စွာ ၊ အပြစ်ပေး ရမည် သာဖြစ်သဖြင့် ၊ တရားခွင်ရင်ဆိုင်နေဆဲကာလတွင် ကိုယ့်သဘောနဲ့ကိုယ်စိတ်ခံစားချက်ရှိ သည့် အတိုင်း လူရှေ့တွင်လည်းကောင်း ၊လူ့တို့၏ကွယ်ရာတွင်၎င်း နိုင်ထက်ကလူပြုခွင့်မည်သူမျှမ ရှိပေ ၊ ဥပဒေဟူသည် အများစုကနိုင်ငံသားတို့အတွက်ကျင့်ဆောင်ဘွယ်ရာများကိုရေးသားပြုစု ထားသော စီးကမ်းနည်းလမ်းများကိုသာ ဥပဒေဟုခေါ်ဆိုသည် ၊ လူတစ်ယောက်၏ပါးစပ်မှ အရူး ချေးပန်းလို ရာ ပြောပြီး ဥပဒေကဲ့သို့အာဏာတည်စေရမည်ဟု သတင်းစာထဲထည့်လိုက်ရုံဖြင့် ဥပဒေ ဟူ၍ဖြစ်ရိုးမရှိပေ ၊ ထုတ်ပြန်ထားသောဥပဒေအရပ်ရပ်သည် ၊ နိုင်ငံသားတို့အပေါ် ညီညွတ်ခြင်း ၊ မျှတခြင်း ၊ စည်း လုံး ခြင်းဟူသော တရားဥပဒေ၏ ဥပဒေဖြစ်သော ဤအကြောင်းအရာသုံးခုကိုသာ အခြေံပြီး ရေး သားပြဋ္ဌာန်းခြင်းဖြစ်စေရမည် ၊ထိုထို ဥပဒေတို့ကိုသာလျှင် ဥပဒေဟုခေါ်ဆိုအပ်ပါ၏ ၊ ထိုကဲ့သို့ နိုင်ငံ သားတို့တို၏ အကျိုးစီးပွားနှင့်စပ်ဆက်သည့် ဥပဒေမျိုးနဲ့အရေးယူဆောင်ရွတ်တာ မျိုးပါမဟုတ် ပါဘဲလျှက် ၊ လမ်းသရဲ ၊ ဓားပြအုပ်စု ၊ သခိုးဂျပိုး ၊ ကလေက၀ဆန်ဆန် သဏ္ဍာန်တူ အုပ်စုဖွဲ့ရိုက် နှက်ခြင်း ၊ လက်နက်အားကိုးအနိုင်ကျင့်ခြင်း ၊ ပြည်သူပြည်သားအားလုံးတို့၏၊ အခြေ ခံရပိုင်ခွင့်ဖြစ် သောအခွင့်အရေးများကိုရပ်စဲခြင်း (မီးဖြတ်၊ ရေဖြတ် )စသောသိမ်ငယ်စေမည့်မည် သည့် အနိုင် ကျင့်မှုမျိုးကိုမဆိုမပြုမှုမဆက်ဆံစေရန် ကြေညာစာတမ်း၏ ပဉ္စမအပိုဒ်တွင်ဤကဲ့သို့ ဖော်ပြကျေညာ ထားသည် (လူလိုနားလည်လျှင် အထက်ပါကိစ္စရပ်များသည် အင်မတန်ရှက် ဘွယ်ရာ) ကိစ္စ များ ဖြစ် သည်…။


Article (5)
No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.
အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ် စေသောဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
နိုင်ငံသားတိုင်းအတွက်အကျိုးစီးပွားအလို့ငှာ ရေးဆွဲထားသောဥပေဒ များအရ ၊ နိုင်ငံတွင်းတွင် မှီတင်း နေထိုင်သော မည်သည့်လူမျိုး ကိုမဆို ၊ လူဟူ၍အသိမှတ်ပြုပေးရမည် ၊ ဗမာသည်သာလူ ကုလား များ သည် လူမဟုတ်ဟူသော ၊ အယူအဆတို့ဖြင့်နိုင်ငံတော်တွင်းမှီတင်းနေထိုင်ကြသော မည်သူ့ လူမျိုးကိုမျှ ၊ အပ်ဖာစီဟူ၍လည်းကောင်း ၊ ဧည့်နိုင်ငံသားအဖြစ်လည်းကောင်းနေထိုင်စေ ခြင်း ၊ နေထိုင် ဘို့ရာအတင်းအကြပ်ပြုလုပ်ခြင်းများကိုတားမြစ်သောအားဖြင့် ၊ ကြေညာစာတမ်း၏ ဆဋ္ဌမ အပိုဒ်တွင်ဤကဲ့သို့ပြဋ္ဌာန်းကျေညာထားသည်…..။

Article (6)
Every one have to rights to recognition every where as a person before the law.
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။


ထိုထိုအချက်အလက်တို့ကိုလူ့အခွင့်ရေးဟူ၍ ၊လိုက်နာကျင့်သုံးသော နိုင်ငံများသည်အများအားဖြင့် ပြည် သူလူထုကတင်မြောက်ထားသောအစိုးရ (ဒီမိုကရေစီအစိုးရ)တို့သာ လိုက်နာကျင့်သုံးနေ ကြ သည်ကိုယနေ့ခေတ်တွင်တွေ့ရပေသေးသည် ၊ ဘုရင်စနစ်ရှိသောနိုင်ငံများ (ဗြိတိန်+ဂျပန်+အိုမန် +ဆော်ဒီ+ဘရူးနိုင်း +ထိုင်း+)စသောဘုရင်စနစ်လဲမဟုတ် ၊ ဒီမိုကရေစီဟူ၍လည်းမဆိုသာ ဟို မရောက် ဒီမရောက်နိုင်ငံများတွင် အပြည့်အ၀မသုံးစွဲကြသေးပေ၊ အာဏာရှင်ကြီးများဖြစ်ကြ သော (မြောက်ကိုးရီးယား + ဂျူးဘား +လစ်ဗျား + ရွှေနိုင်ငံ)စသောနိုင်ငံများတွင် အရိပ်အယောင် မျှကျင့် သုံးခြင်းကိုမတွေ့မြင်ရသလို ၊ ဒီမိုကရေစီဟူ၍ အရှက်ကင်းမဲ့စွာ အော်ဟစ်ဆူပူ၍ ကုလသမ ဂ္ဂတွင် လူတွင်ကျယ်လုပ်နေသော တရုပ် + ရုရှားတို့ကဲ့သို့သောနိုင်ငံများတွင်း ထိုဖော်ပြပါ လူ့အ ခွင့် အရေး များကိုလိုက်နာဘို့ဝေးစွ ယနေ့တိုင်ပြောင်ပြောင် တင်းတင်းပင်ချိုးဖောက်နေဆဲဖြစ်ပါ ကြောင်း….

ကြေညာစာတမ်း (ရ+၈+၉+၁၀)

လူသားအားလုံးသည်အလုံးစုံတူညီသည်ဖြစ်၍ ၊ အခွင့်အရေးနှင့် ပြစ်ဒဏ်တူညီရမည်ဖြစ်ရာ မည် ကဲ့သို့သောအကြောင်းအရာတို့နှင့်မျှ ၊အခွင့်ရေးပိုမိုရရှိခြင်း ၊ ပြစ်ဒဏ်ပေါ့လျှော့ခြင်းမရှိစေရ အား လုံး တပြေးညီသာဖြစ်စေရမည် ၊လူ့အခွင့်ရေးကြေညာစာတမ်းပါ အကြောင်းအရာအချက်လက်တို့ မည် သည့် အဖွဲ့ အစည်း ၊ မည်သည့်အုပ်စု ၊ သို့တည်းမဟုတ် တစုံတယောက်၏ အမိန့်အရ သရော်ဖီ ဆန်မလုပ်စေရ ထိုသို့သောအချက်တို့ကိုရီရွယ်ပြီး ၊ ကျေညာချက်၏ သတ္တမအပိုဒ်တွင် ဤကဲ့သို့ ရေး သားထားသည် ။


Article (7)
All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။


နိုင်ငံဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ၊ တခြားသောဥပဒေများတွင်လည်းကောင်း ပြဋ္ဌာန်း ထားသောလူတိုင်းအတွက်အခြေခံအခွင့်အရေးများကို တစုံတယောက် ၊ အုပ်စုတခု အဖွဲ့စည်း တရပ်က ချိုးဖောက်ခဲ့သော်ထိုကိစ္စအတွက်နိုင်ငံတော်တရားရုံးမှ နစ်နာမှုကို ကြားနာစစ် ဆေးသက် သာစေရမည် ၊ (ဒီနားလေးစကားမစပ်)၁၉၄၈လောက်ကပေါ့ဗျာ အာရှတိုက်မှာမြန်မာ နိုင်ငံရဲ့တရားစီ ရင်ရေးကို ခေတ်အမှီဆုံးတရားစီရင်ရေးရှိတဲ့နိုင်ငံလို့တောင်သမုတ်ကြသတဲ့ ၊အဲဒီ ခေတ်အဲဒီ အခါ တုန်းကတော့တရားစီရင်ရေးဋ္ဌာနကိုဘယ် အာဏာပိုင်ကမှ ၀င်ရောက်စွက်ဖက်လို့ မရအောင်ကို အခြေခံဥပဒေကကန့်သက်ထားပေးသပေါ့ ၊ တရားရုံးတော်ကလဲဘယ်လောက် လက်စောင်းထက် သလဲ ဆိုရင် ၊ ၁၉၄၀နှောင်းပိုင်းတွေမှာ အစိုးရကိုလက်နက်ကိုင်ပုန်ကန်နေတဲ့ ရောင်စုံသူပုန်တွေကို ဟိုဟာတွေကဖမ်းကြလွန်းလို့၊ ရုံးတော်က မည်သူတဦးတစ်ယောက်ကိုမျှ တရားမ၀င်ဖမ်း ဆီးခြင်း မရှိစေရလို့ တရားရုံးက ရဲကိုအမိန့်ထုတ်လိုက်တာကို သတင်းစာဟောင်း တွေမှာဖက်ဖူးသေးသပေါ့ တရားရုံးဆိုတာအဲလောက်အာဏာရှိပါတယ် ၊ နောက်ကျတော့တဖြေး ဖြေးတရားရုံးသြဇာကျလာလိုက် တာ သွားလေသူခေါင်းဆောင်ကြီးလက်ထက်မှာ တရားသူကြီးချုပ် ဦးမြင့်သိန်းကို ထောင် ဒဏ်၆နှစ် အပြစ်ပေးရာကနေစလိုက်တာယနေ့တိုင်တရားရုံးဟာ ဗောင်း တော်ငြိမ့်စိတ်တော်သိ အဆင့်ကို ဒလက်မန်းကြမ်းကိုထိုးကျသွားပါတော့တယ် ၊ မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ Human Rights Watch အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရွှေပြည်ကြီးရဲ့ တရားရေးဋ္ဌာနဟာ အေးချမ်းဖြိုးအဖွဲ့ရဲ့ အကျိုးကို သာသယ်ပိုးတဲ့ဋ္ဌာနဖြစ်ပါသတဲ့ ၊ အဲလိုအ ကြောင်းအရာတွေကိုတားမြစ်သောအားဖြင့် ၊ ကြေညာချက် ရဲ့ အဋ္ဌမအပိုဒ်မှာ ဒီလိုလေးရေးသား ထုတ်ပြန်ထားပါတယ်။


Article (8)
Every one has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.
အပိုဒ် ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာ ခွင့်ရနိုင်စေရမည်။


လူတစ်၏ယုံကြည်ချက်အရလုပ်သင့်သည်ဟုယူဆသောအလုပ်ကိုလုပ်သောအခါ ၊ ထိုလူ၏လုပ်ဆောင် ချက် သည် တိုင်းပြည်သို့လည်းကောင်း၊ လူမျိုးသို့လည်းကောင်းထိခိုက်နစ်နာမည်ဆိုပါက ထို သူ သည်ရာဇ၀တ်မှုမြောက်သည်ဟုယူဆဘွယ်ရာရှိကြောင်း ရာဇသက်ကြီးတွင်ဆိုပါတယ် ၊ ထို သို့မဟုတ် ပါဘဲလျှက် ၊ လူတစ်ယောက်၏ပြောဆိုရေးသားမှုသည် မကောင်းမှုလုပ်နေသောလူတစ် ယောက် ၊ မကောင်းမှုမျိုးစုံကိုကျုးလွန်နေသောအဖွဲ့စည်းတရပ်ရပ်အား ၄င်းတို့လုပ်ဆောင်နေ သောမကောင်းမှု ကို မီးမောင်းထိုးပြသကဲ့သို့ ထင်သာမြင်သာအများပြည်သူသိရှိသွားသည်ဆိုပါ ကထိုမီးမောင်း ထိုးပြ သောလူသည်ရာဇ၀တ်မူထိုက်သူမဟုတ်ပေ ၊ ထိုကြောင့်ထိုသူသည် ဥပဒေကို လေးစား လိုက်နာ သူသာဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ကို ဖမ်းဆီးအကျဉ်းချခြင်းခြင်း ၊ နိုင်ငံတော်ပုန်ကန် မှုကဲ့သို့သော ပုဒ်ထီးပုဒ်မ တပ်ခြင်းများသည် တရားဥပဒေအရသော်လည်းကောင်းလူ့အခွင့်ရေးအ ရသော်လည်း ကောင်းတရားဝင်သောဖမ်းဆီးခြင်းများမဟုတ်ချေ လူ့အခွင့်ရေးကြေညာစာတမ်း တွင်ထိုထိုအကြောင်း တို့ကိုရီရွယ်၍ န၀မမြောက်အပိုဒ်တွင်ဤကဲ့သို့ဖော်ပြထားပါသည်..။


Article (9)
No one shall be subjected to arbitrary arrest. detention or exile.
အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်း ကိုဖြစ်စေ မခံစေရ။


မည်သည့်တရားခံမဆို တရားရုံးတော်တွင် လူ့အခွင့်ရေးတာဝန်ဝတ္တရားအရ ကမ္ဘာကျော်လူသက် ကောင် ဆမ်ဒမ်ဟူစိန်သည်ပင် ၊ရှေ့နေငှားရမ်းခွင့်ကိုရရှိခံစားနိုင်သည် ၊ လူများရှေ့မှောက်တွင် ရုံး တင်စစ်ဆေးခံယူနိုင်ခွင့်ရှိသည် ၊ အထူးတရားရုံးဟူ၍ ထောင်တွင်းတွင်ဖွဲ့စည်းခြင်း ၊ တိက်တဆိတ် တံခါးပိတ်ဆုံးဖြတ်ခြင်း ၊ ရုံးတော်မှပြစ်ဒဏ်မချရသေးဘဲ ၊ ထောင်ဘယ်နှစ်နှစ်ဟူ၍ ရှေးပြေးသ တင်း ထွက်ခြင်း ၊ ထိုကဲ့သို့လူကိုလူမဆန်စွာရိုင်းပြသောအမူအကျင့်စရိုက်တို့ကိုတားပြစ်သောအား ဖြင့် ကြေညာ စာတမ်း၏ ဒဿမအပိုဒ်တွင်ဤကဲ့သို့ဖော်ပြသည်…။


Article (10)
Every one is entitled in full equality to a fair and public heauing by an independent and impartial tribunal,in the determination of his rights and of any criminal charge against him.
အပိုဒ် ၁ဝ
အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။


ကြေညာစာတမ်း (၁၁-၁၂)

လူများရှေ့မှောက်ဥပဒေအတိုင်းစစ်ဆေး၍၊ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားစီရင်ခံရသည့်အချိန်ထိ ပြစ်မှု နှင့် တရားစွဲဆိုခြင်းခံရသူတိုင်းအပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့်ရေးရှိသည်၊အမှုစီ ရင်နေ သည့် ကာလအတွင်း၊မည်သည့်နည်းနှင့်မဆို နှိပ်စက်ညှင်းပန်းခွင့်မရှိစေရ၊ ထိုအမှုအတွက် လိုအပ် သော ခုခံ ချေပနိုင်ရန်တရားခံဘက်မှ အခွင့်ရေးရှိသည် ၊ ထိုထိုအချက်တို့ကိုရီရွယ်၍ ကြေညာစာတမ်း ၏ ၊ ဧကာဒသမအပိုဒ်၏ အပိုင်း၁ တွင်ဤကဲ့သို့ဖော်ပြသည်…။


Article (11)
Every one charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has all guarantees necessary for his defence.
အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။


အပိုဒ်ခွဲ၂တွင်လည်း ၊ လူတဦးတယောက်သည် ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပြစ်ဟု ယူဆ မထားသော လုပ်ရပ်များ လူထုဟောပြောပွဲ ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်း ၊ အများပြည်သူ ကိုမ ထိ ခိုက်စေသောအပြောအဆိုအရေးသားတို့အတွက် တစုံတရာသောအဖွဲ့အစည်းကဖြစ်စေ လက်နက် ကိုင် တပ်ဖွဲ့ကဖြစ်စေ ၊ တရားစီရင်ရာဋ္ဌာနကဖြစ်စေ ရာဇ၀တ်မှုဟူ၍သက်မှတ်ခြင်းမရှိစေ ရ၊ထိခိုက် သော အပြုအမှုအပြောအဆိုဖြစ်ခဲ့ပါကဥပဒေကပြဋ္ဌာန်းထားသော ပြစ်ဒဏ်ထက်ပိုလွန်ပြစ် ဒဏ် ပေး ခြင်းမရှိစေရ ၊ ထိုအကြောင်းအရာတို့ကိုတားမြစ်သောအားဖြင့်ကြေညာချက်တွင်ဤကဲ့သို့ ဖော်ပြ သည်..။

Article(11.2) No one shall be held guilty of any penal offence on account of any act or onnission which did constitute a penal offence, under national or international law , at the time when it was commited .Nor shall a heavier penalty be imposed than the one that was applicable at the time the penal offence was committed.
(၂)လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှု မမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အေးချမ်းစွာနေထိုင်သူများ၏ အ၀န်းအ၀ိုင်းကို မီးကွင်းပြစ်ဖမ်းခြင်း၊ ဘိန်းထုတ်ပြစ်ဖမ်းခြင်း၊ ဘုန်း တော်ကြီးကျောင်းများအတွင်းသို့ ထမိန်ထုတ်ပြစ်ခြင်း ၊ ကာမဆက်ဆံသောvcdချပ်များ၊ ကွန်ဒုံးများ ပြစ်၍ ဖမ်းဆီးခြင်း၊ရိုက်နှက်ခြင်း၊သာသနိအဆောက်အအုံများကိုချိပ်ပိတ်ခြင်းမပြုလုပ်ရ ၊အေးချမ်း သောလူ့အသိုင်းအ၀ိုင်းတွင် တဦးတစ်ယောက်ချင်း၏ စာပေးစာယူကိစ္စများကို အိမ်သို့မရောက်မှီ နိုင်ငံတော်လုံခြုံရေးအရဟူသောအကြောင်းပြချက်ဖြင့်ဖောက်ဖက်ခြင်း ၊ဖုန်းခိုးနားထောင်ခြင်းမပြု လုပ်ရ ၊ ပြုလုပ်ခဲ့ပါသော် ပြုလုပ်ခံရသူများမှ ဥပဒေအရအရေးယူတရားစွဲဆိုခွင့်ရှိသည် ၊ ထို ကြောင့် ဒွါဒသမအပိုဒ်တွင် ဤကဲ့သို့ရေးသားထားသည်..။


Article (12)
No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အဝန်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင် ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။

လူကြီးမင်းကိုသိစေချင်(၁၂-၂၀)
လူ့အခွင့်ရေးကြေညာစာတမ်းရေးရတာပျင်းလာပါပြီ ၊ မေးတွေလဲပို့လာသေးတယ် ကိုယ်မြင်ကိုယ် တွေ့ တာလေးတွေရေးပေမဲ့၊ တချို့ကမကြိုက်ဘူးရယ် ၊ ဘယ်သူ့ကိုမှပုတ်ခတ်ရေးသားတာမ မဟုတ် ပါဘူး ၊ စာအရှိကိုအရှိတိုင်းရေးတာတိုက်ဆိုင်သွားရင်ခွင့်လွတ်စေချင်ပါတယ်၊ တချို့ကမေး ထဲမှာ ဘယ်လို ရေးပို့လဲဆိုရင်ကဗျာလေးနဲ့ဗျ ၊ အဲကဗျာလေးကိုပြချင်ပါတယ် ၊ အဓိပ္ပါယ်ကတော့ ခွေးတွေ သာနိုင်ငံရေးလုပ်တယ်ပေါ့ဗျာ ၊ ဇေကနိုင်ငံရေးမလုပ်ပါဘူးဝါသနာလဲမပါဘူး၊ လူ့အခွင့် ရေးကြေညာ စာတမ်းကိုရေးတယ်ဆိုတာက ၊ မသိသေးတဲ့သူငယ်ချင်းတွေသိအောင်လို့ရေးတာ ပါ အခုတော့ တချို့လူတွေကနိုင်ငံရေးသမားမှတ်နေတယ် ၊ မဟုတ်ပါဘူးနိုင်ငံရေးသမား မြန်မာနိုင်ငံ သား တယောက်ဖြစ်ရင်နိုင်ငံရေးလုံးဝမလုပ်ရဘူးဆိုတဲ့ပညတ်ကသံမှိုနှက်ထားသလိုစွဲနေတာ လူ့အ ခွင့်ရေး ဆိုတာကနိုင်ငံရေးမဟုတ်ပါဘူး ၊ ဘာအရေးလဲဆိုတာ စာထဲမှာရေးထားသားဘဲကိုယ့်ကိုယ် ကိုယ်လူလို့သက်မှတ်တဲ့လူတွေအတွက်ထားတဲ့စည်းကမ်းပါ ၊ ကိုယ့်အကြောင်းကိုယ်သိဘို့ရေး တာပါ ၊ လူလို့ မသတ်မှတ်ထားရင်တော့ ကိုယ့်စေတနာနဲ့ကိုယ်ပေါ့ ၊ လူတွေအတွက်လူ့အခွင့်အ ရေးကိုရေးတာဖြစ်ပါတယ် ၊ လူတွေနဲ့သာဆိုင်တဲ့အခွင့်ရေး လူ့အခွင့်ရေးလို့ပြောကြားပါရစေ မေးပို့ လာတဲ့လူကြီးမင်းခင်များ…………။

(တချို့သောပုဂ္ဂိုလ်များဟာ လေ့ကျင့်ပေးခံရတာများတော့ ကိုယ့်ကိုကိုယ်လူလို့မထင်တတ်တော့ ဘဲ ၊ သူတို့ကိုလေ့ကျင့်ပေးတဲ့လူတွေကိုသာလူလို့ထင်တတ်ကြပါတယ် ၊ ဒါကြောင့် လေ့ကျင့်ပေး ခံထား သူများရော ၊ လေ့ကျင့်ပေးသူတွေပါလူသားတွေဖြစ်ကြောင်းသတိပေးပါရစေ)

Article(13.1)
Every one has the right to freedom of movement and residence within the borders of each state.
အပိုဒ် ၁၃
(၁)လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင် ခွင့် ရှိသည်။
Article(13.2)Every one has the right to leave any country, including his own and to return to his country.
(၂)လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွား ပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။


Article(14.1)
Every one has the right to seek and to enjoy in ther countries asylum persecution.
အပိုဒ် ၁၄
(၁)လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့်ရှိသည်။
Article(14.2) This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.
(၂)နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ် မှု ကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်များတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။


Article(15.1)
Every one has the right to a nationality.
အပိုဒ် ၁၅
(၁)လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
Article(15.2) No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.
(၂)ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။


Article (16.1)
Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.
အပိုဒ် ၁၆
(၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံ သား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျား နှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော် လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်း သင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.
(၂)သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြား ခြင်း ကို ပြုရမည်။
Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.
(၃)မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစု သည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။


Article (17.1)
Every one has the right to own property alone as well as in association with others.
အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။
Article (17.2) No one shall be arbitrarily deprived of his property.
(၂) ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။


Article (18)
Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိ တစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော် လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။


Article (19)
Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။


Article (20.1)
Everyone has the right to freedom of peaceful assembly and association.
အပိုဒ် ၂ဝ
(၁)လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
Article (21.2) Everyone has the right of equal access to bublic servece in his country.
(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။

လု့အခွင့်ရေးကြေညာစာတမ်းနိဂုံး(၂၀-၃၀)



Article (21.1)
Everyone one has the right to take part in the government of his country, directly or through freely chosen representatives.
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ် စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
Article (21.2) Everyone has the right of equal access to bublic servece in his country.
(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေး ရှိသည်။
Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
(၃)ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန် ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့်ထင်ရှားစေရမည်။ ရွေးကောက် ပွဲများ တွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။

Article (22)
Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,
အပိုဒ် ၂၂
လူတိုင်းတွင်လူ့အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးအနေနှင့်လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့်အပြင်နိုင်ငံ
ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်း ကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့် အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

Article(23.1)
Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment.
အပိုဒ် ၂၃
(၁)လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့် အရေးရှိသည်။
Article(23.2) Everyone, without any discrimination, has the right to equal pay for equal work.
(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
Article(23.3) Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.
(၃)အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင် ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
Aricle(23.4) Everyone has the right to form and to join reade unions for the protection of his interests.
(၄)လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။

Article(24)
Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။

Article(25.1)
Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.
အပိုဒ် ၂၅
(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊
မကျန်းမမာဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော် လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်း လမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့် အရေးရှိသည်။


Article(25.2) Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.
(၂)သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အား လုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။

Article (26.1)
Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.
အပိုဒ် ၂၆
(၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများ တွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိ စေရမည်။
Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.
(၂)ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့် အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရ မည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင် လည်း ကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.
(၃)မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
Article(27.1)
Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.

အပိုဒ် ၂၇
(၁)လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမ ပညာရပ် များကို လွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
Article(27.2) Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.
ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

Article(28)
Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေ အနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

Article(29.1)
Everyone has duties to the community in which alone the free and full development this personality is possible.
အပိုဒ် ၂၉
(၁)မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်း အတွက် လူတိုင်း၌ တာဝန် ရှိသည်။
Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.
(၂)မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့် အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ရိုသေ လေးစားစေရန်အလို့ငှာလည်း ကောင်း၊ ဒီမို ကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာ ယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်း ကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
(၃)အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည် ရွယ် ချက်များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

Article(30)
Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.
အပိုဒ် ၃ဝ
ဤကြေညာစာတမ်းပါအခွင့်အရေးနှင့်တကွလွတ်လပ်ခွင့်များပျက်စီးရာပျက်စီးကြောင်းတို့ကိုရည် ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိ သည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ ။


Credit: နှင်းမိုးမိုး



No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။