Pages

Tuesday, March 27, 2012

တချိန်ကရိုဟင်ဂျာအပါဝင် တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးနှင့် နိုင်ငံခြားသား(၂၆)မျိုးရှိခဲ့

တစ်ချိန်ကရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး
( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

အမှာစကား
လူတိုင်းတိုင်းသည်နိုင်ငံချစ်စိတ်ထားရှိရမည်။မိမိလူမျိုးကိုချစ်မြတ်နိုးသည်ဆိုပြီး လူမျိုးကို ခုတုံး လုပ်ပြီး တိုင်းပြည်မငြိမ် မသက်ပြု လုပ် သူသည် နိုင်ငံတော်သစ္စဖေါက်ဖြစ် သည်။ တိုင်း ပြည် တည်ငြိမ် အောင်၊ အန္တရယ် မ ရောက် စေရန်အကာအကွယ်ပေး ရန်နိုင်ငံသား တိုင်း တွင် တာဝန်ရှိသည်။ သမိုင်း အမှန်ကိုဖုံးကွယ်ပြီး လူမျိုးရေး ပုတ်ခတ် ပြော ဆို ကာဝါဒဖြန့်ချီခြင်း၊ ၀ပ်ဆိုဒ်အသီသီး မဟုတ် မမှန် လုပ်ကြံပြောဆို ရေးသားခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း စိတ် ၀မ်း ကွဲအောင်ဖန်တီးပြီး လူမျိုးရေး အဓိကရုဏ်းဖြစ် အောင် ဖန်တီး သူများ သည် နိုင်ငံတော် သစ္စဖေါက်များဖြစ် သည်။ တိုင်းချစ်စိတ်၊ နိုင်ငံချစ်စိတ်မရှိသူဖြစ်သည်။ဝပ် ဆိုဒ် အသီးသီး တွင် ရိုဟင်ဂျာ လူမျိုးနှင့်ပါတ်သက်၍ သမိုင်း အမှန်က ဖုံးကွယ်ပြီးမဟုတ်မမှန် လီဆယ် ရေး သားကာ တိုင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲအောင် လုပ်ပြီး လူမျိုးရေးပဋိပက္ခ ကုလားရခိုင် အဓိကရုဏ်းဖြစ်အောင် ပြသနာ ဖန်တီး နေခြင်းဖြစ်သည်။
ထို့ကြောင့်နိုင်ငံတော်ကချမှတ်သော မူဝါဒမှာ —
တို့တာဝန်အရေးသုံးပါး
ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး
အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး
ပြည်သူ့သဘောထား ()ခုအနက် ၂ ခု ဖြစ်သော
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက်ရေးကိုနှောက်ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။
ပြည်တွင်းပြည်ပအဖျက်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။
ထို့ကြောင်း ရိုဟင်ဂျာကိစ္စကိုအကြောင်းပြပြီး နိုင်ငံတော် ၏စည်းလုံးညီညွတ်မှုကို ပျက် ပြားသွားစေရန် လုပ်ကြံဖန် တီးနေသဖြင့် သမိုင်း ပညာရှင် များက ရိုဟင်ဂျာလူမျိုးနှင့်ပါတ် သက် ၍ မည်ကဲ့ သို့ရေး သား ဖေါ်ပြထား သည် ကို တိုင်းရင်း သား အားလုံးက သိရှိစေရန် နိုင်ငံတော် အပေါ် စေတနာမေတ္တာရှေ့ ထားပြီး အခုလို ရိုဟင်ဂျာအကြောင်းကို သမိုင်းအထောက် အ ထားနှင့် တကွ ရေးသား တင်ပြခြင်းဖြစ် ပါ သည်။ဝပ်ဆိုဒ်အသီးသီး`၌မဟုတ် မမှန်ရေး သားပြီးသွေး ထိုးလှုံ့ဆော် သူမှာဘင်္ဂလားဒေရှ်ဘက်မှာခိုးဝင် နေထိုင်သော အနောက်သား ဗုဒ္ဓဘာသာ ရခိုင် လူမျိုးများဖြစ် သည်။ ရခိုင်ပြည်အတွင်း ဘင်္ဂလားဒေရှ်ဘက် မှာခိုးဝင်နေ ထိုင်သော အနောက် သား ဗုဒ္ဓဘာသာ ရခိုင် လူမျိုး မှာ အနည်းဆုံးခန်းမှန်းခြေ ၃၅ % ခန့်ရှိ မည်ဖြစ်သည်။
ရခိုင်ပြည်တွင် ဘင်္ဂလားဒေရှ်မှနိုင်ငံခြားသား ရခိုင်လူမျိုးများ ၀င်ရောက်နေ ထိုင် အ ထောက် အထား တစ်ခု တင်ပြရလျှင် ယခင်ပြည်နယ် ပြည်သူ့ကောင်စီကောင်ဥက္ကဌ ဖြစ် ခဲ့သူ ဗိုလ်မှူးကျော် မောင် သည် မြန်မာနိုင်ငံ ဖွါးမြန်မာ နိုင်ငံသား မဟုတ်ကြောင်း တိုင်ကြား ခံရပြီး နောက် ပြည်နယ်ပြည် သူ့ကောင်စီဥက္ကဌရာထူးမှ ဖြုတ်ချခဲ့သည်ကို ထောက်ရှူ လျှင် ရခိုင် ပြည်တွင်အနောက်သားရခိုင် လူမျိုး မည်မျှဝင်ရောက်နေထိုင်ကြောင်းခန်းမှန်းနိုင် သည်။ ထိုအနောက်သားရခိုင်းသားများ ကို လ၀က ရုံးတွင် စာ ရင်းသွင်းပေး၊သန်းကောင်စာရင်းများပြု လုပ်ပေးပြီး ဒေသခံ ဖြစ် အောင် လုပ်ပေး သော်လည်း ၎င်းတို့၏ မူရင်းအမည်စာရင်းမှာ(လ၀က) ရုံးချုပ် တွင်လုံ့ဝမရှိနိုင်ကြောင်း ၊ နိုင်ငံ တော် အစိုးရက ထိုကဲ့ ခိုးဝင် လာသော ရခိုင်သား များ ကိုဖေါ်ထုတ်အရေးယူမှသာလျှင် တိုင်း ရင်းသား အချင်း ချင်း ကြားတွင် သွေးထိုး မှု၊ လုပ်ကြံလီ ဆယ်မှု၊ စိတ်ဝမ်းကွဲပြု လုပ်မှုများ လျော့ပါးသွား မည်ဖြစ် သည်။
ထို့ကြောင်းတိုင်းရင်းသားအားလုံးက ရိုဟင်ဂျာသမိုင်းအမှန်ကိုသိရှိနားလည်ပြီး အနာဂါတ် စည်းလုံး ညီညွတ် မှု မပြိုကွဲ ဘဲ အေးချမ်းစွာနေထိုင်နိုင်ရန်နှင့် အနောက် သားရခိုင် လူမျိုး များက ပွဲလန့်အောင် လုပ်ပြီးဖျာ ခင်း နိုင် ရန်ကြိုးစာ;ခြင်းကိုတားဆီးနိုင် အတွက် တာဝန် သိပြည် သူ တစ် ယောက် အနေဖြင့် အပြု သဘောဖြင့် ရိုဟင်ဂျာ သမိုင်း အထောက် များကို ရှာဖွေစုစည်း တင်ပြပါ
ကြောင်းလေးစားစွာအသိပေးပါသည်။




ရခိုင်ပြည်၏နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ဤအကြောင်းအရာအသေးစိတ်အောက်လင့်ကိုနှိပ်၍ဖတ်ပါ။
ရခိုင်ပြည်နယ်သည်မြောက်လတ္တီတွဒ် ၁၇ံ ၁၅’ နှင့် ၂၁ံ ၁၇’၊ အရှေ့လောင်ဂျီတွဒ် ၉၂ံ၅၅’ ကြားတွင် တည်ရှိ သည်။ ဧရိယာ စတုရန်မိုင်းပေါင်း ၁၄၂၀၀ ကျော်ရှိသည်။မြန်မာ ဘင်္ဂလား ရေကြောင်း၊ ကုန်း ကြောင်း မိုင် (၁၇၀) ရှည်လျး သည်။ တောင်မြောက်အရှည် (၃၆၀)မိုင် ရှည်ပြီး၊အရှေ့ အနောက် မိုင် (၁၇၀) မိုင်ကျယ်သည်။ တောင် ကန်း တောင် တန်း မှာ ၈၀% ခန့်ရှိ၍ ကုန်းမြင့လွင်ပြင်မှာ ၂၀% ခန့်ရှိ သည်။.
Map of Arakan State
ရခိုင်ပြည်နယ်ရှိမြို့များ
ပြည်နယ်မြို့တော် စစ်တွေ
အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်
လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)
ခရိုင် ၅ ခရိုင်
မြို့နယ် ၁၇ မြို့နယ်
မြို့ ၁၇
ရပ်ကွက် ၁၂၀
ကျေးရွာအုပ်စု ၁၀၄၁
ကျေးရွာ ၃၈၇၁
ဆက်စပ်နေသောနယ်နိမိတ်
အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်
အရှေ့မြောက်ဘက် တွင် ချင်းပြည်နယ်
အရှေ့ဘက်တွင် မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း
တောင်ဘက်တွင် မလေးရှားနိုင်ငံ တို့ဖြစ်တယ်။
(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)
(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ
ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ
(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)
စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။
မြို့နယ် ၁၇ မြို့နယ်အမည်များ
၁။ – ကျောက်တော်မြို့
၂။ – ကျောက်ဖြူမြို့
၃။ – ဂွမြို့
၎။ – စစ်တွေမြို့
၅။ – တောင်ကုတ်မြို့
၆။ – ပုဏ္ဏားကျွန်းမြို့
၇။ – ပေါက်တောမြို့
၈။ – ဘူးသီးတောင်မြို့
၉။-မာန်အောင်မြို့
၁၀။ – မောင်တောမြို့
၁၁။ – မင်းပြားမြို့
၁၂။-မြေပုံမြို့
၁၃။ – မြောက်ဦးမြို့
၁၄။ – ရသေ့တောင်မြို့
၁၅။-ရမ်းဗြဲမြို့
၁၆။ – သံတွဲမြို့
၁၇။ – အမ်းမြို့
ရခိုင်ပြည်နယ်တွင် ယခင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ လ ၊ ပထမအကြိမ် ထုတ်ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ် ၏ မှတ်တမ်း အရ အောက်ပါလူမျိုးများသည် တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့သည်။
၁။ – ရခိုင်လူမျိုး
၂။ – ကမန် လူမျိုး
၃။ – ခမြီး လူမ်ိဳး
၄။ – ဒိုင်းနက်လူမျိုး
၅။ – မရမာကြီး လူမျိုး
၇။ – မြို လူမျိုး
၈။ – သက် လူမျိုး
၉။- ရိုဟင်ဂျာလူမျိုး
(၁၉ရ၈ ခု ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံကျောင်း သုံး စာအုပ်ကော်မတီ အထက် တန်း နှင့် အ လယ်တန်းမြန်မာနိုင်ငံ ပထဝီဝင်ပထဝီစာအုပ်စာမျက်နှာ - ၈၆ ကိုရှု )
တစ်ချိန်ကရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး
( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့
ပြည်ထဲရေးနှင့်သာသနာရေးဝ်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီး ဌာန မှ ၁၉၇၂ခုနှစ်တွင်ပုံနှိပ် ထုတ်ဝေသော (ပုံစံရေးသွင်းရန်ညွှန်ကြားချက် ) စာအုပ်စာ မျက် နှာ ( ၄၃ ) ပူးတွဲ (က) လူမျိုးများစာရင်းခေါင်းစဉ် အောက်ရှိ တိုင်းရင်းသားလူမျိုး များ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြား သား လူမျိုး ( ၂၆ ) မျိုး ဟုဖေါ်ပြထားသည်။
နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးထဲတွင် ဒိုင်းနက် လူမျိုးကိုလည်း နိုင်ငံခြားသား လူမျိုး အ ဖြစ် သတ်မှတ်ထားသည်။
သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ ပထမ အကြိမ် ထုတ် ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ်တွင်ဒိုင်းနက် ကိုတိုင်းရင်း သား မျိုး နွယ် စု အဖြစ် ထည့်သွင်း အသိအမှတ်ပြုထားသည်ကိုတွေ့ရသည်။
မှတ်ချက်။ ။ထိုအချိန်က ( ၁၄၄ ) မျိုးတွင် ရိုဟင်ဂျာလူမျိုးလည်း အပါအဝင်ဖြစ် သည်။

ကိုးကား။ တိုင်းရင်းသားလူမျိုးစုဘဝသစ်ထူထောင်ရေးပါတီသတင်းလွှာ(ကင်းလွှတ်ခွင့် သက် သေခံ လက်မှတ် –အမိန့်အမှတ် ၂/၈၉ အရ ၁၉၈၉ ကင်းလွှတ် အမှတ် န/သ-၀၈၅ ဖြင့်)အထက် ပါလူမျိုးများတွင် ဒိုင်းနက်လူမျိုး၊သက်လူမျိုး၊ မရမာကြီး လူမျိုး၊ ရိုဟင်ဂျာ လူမျိုး တို့ ၏ဘာသာ စကားများ တူညီနီးစပ်ကြသည်။ဒိုင်းနက်၊ သက်၊မရမာကြီး တို့သည် ဗုဒ္ဓ ဘာ သာ ကို ကိုးကွယ်ကြပြီး ရိုဟင်ဂျာ လူမျိုး များသည်အစ္စလာမ်ဘာသာကို ကိုးကွယ်ကြ သည်။
ဒိုင်းနက်လူမျိုးများသည်မွတ်ဆလင်အနွယ်များဖြစ်ခြင်း
ဒိုင်းနက်လူမျိုးသည် ရခိုင်တိုင်းရင်းသားတွင်၇ှိအများအားဖြင့်ရခိုင်ပြည်မြောက် တွင်နေ ထိုင် ကြောင်း တွေ့ရသည်။ မွတ်ဆလင် အနွယ်များဖြစ်သည်။ စစ်တွေဂေဒဇေတိယား အပိုင်း (က) စာမျက် နှာ (၉၁) အရ ထိုဒိုင်းနက် တို့သည် တိဗက်မြန်မာ အနွယ် ဖြစ်ပြီး စစ်တကောင်း သွေးနွယ်သည် စစ်တ ကောင်း စကားပြောသည်။အဝတ်ဖြူဝတ်တတ်ပြီးတစ်ခြား လူမျိုးများနှင့်ရောနှော ခြင်းမပြုကြပေ။ရခိုင် ဘုရင်၏ ဖမ်းဆီးခံရသောကျွန်မွတ်ဆလင် များနှင့်အဆက် အနွယ်ဖြစ်ကြ သည်။ ယခုအခါ ဒိုင်းနက် တို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ဘင်္ဂလားဒေရှ်စစ်တကောင်း တောင်တန်းဒေသတွင် ဒိုင်းနက် (ချက်မား) တို့က သီးခြားပြည်နယ် ရရှိထားသည်။
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာ စကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြ သည်။
ရခိုင်ဘာသာ စကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ အ သံထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေအရေး အသားသ ည် ဆင် တူသည်။
ဦးနေဝင်း(မဆလ) အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၄၄)မျိုးရှိရာမှ (၈)မျိုးဖြုတ်ချခဲ့ရာ ရိုဟင်ဂျာလူ မျိုး ကို လည်း အစ္စလာမ်ဘာသာဖြစ်၍ဖြုတ်ချခဲ့ဖြစ်သည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာလူမျိုးဖြုတ်ချခြင်းသည် စစ်အာဏာ ရှင်တစ်ပါတီ အစိုးရ နှင့် စစ်အစိုးရသည် ဘာသာရေးကို မုန်းတီး၊လူမျိုးနွယ်စုတုံးအောင်ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ယခုဒီမိုက ရေစီ ထွန်းကား နေသော ပါတီစုံစနစ်အောက်တွင် တိုင်းရင်းသား ဆိုသော ဝေါဟရ ၏အဓိပ္ပါယ် နှင့် ဥပဒေ နှင့်သမိုင်းအထောက်အထား၊လူ့အခွင့်အရေး အရ တိုင်းရင်း သားဖြစ် မဖြစ် ပြည်လွှတ်တော် တွင် အဆုံး အဖြတ်ပေး ရလိမ်မည်ဖြစ်သည်။
ရိုဟင်ဂျာ Rohingya တိုင်းရင်းသားဖြစ်ကြောင်းအထောက်အထားများစွာရှိသည်။
ဤနေရာတွင်အနည်းငယ်တင်ပြခြင်းဖြစ်သည်။
အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထ၀ီဝင်
စာအုပ်၏စာမျက်နှာ(၈၆)တွင်တိုင်းရင်းသားလူမျိုးများပျံ့နှံ့နေထိုင်ပုံပြမြေပုံတွင်
ရခိုင်ြံပည်နယ်တွင် စစ်တွေလွင်ပြင်တွင် ရိုဟင်ဂျာ လူမျိုးကိုထည့်သွင်းဖေါ်ပြထားသည်။
BBC ကလည်းထိုနည်း၎င်းဖေါ်ပြခြင်းမှာလီဆယ်လိမ်ညာ၍ဖေါ်ပြခြင်းလုံ့ဝမဟုတ်ပါ။
မူရင်းပုံကိုကော်နက်ရှင်းကောင်းလျှင်လေ့လာဖတ်ရှုနိုင်ပါသည်။
BBC ကလိမ်ညာတင်ပြခြင်းမဟုတ်ပါ။
အမှန်ကိုအမှန်အတိုင်းတင်ပြခြင်းဖြစ်ပါသည်။အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထ၀ီဝင်
စာအုပ်၏စာမျက်နှာ(၈၆)တွင်တိုင်းရင်းသားလူမျိုးများပျံ့နှံ့နေထိုင်ပုံပြမြေပုံတွင်
ရခိုင်ြံပည်နယ်တွင် စစ်တွေလွင်ပြင်တွင် ရိုဟင်ဂျာ လူမျိုးကိုထည့်သွင်းဖေါ်ပြထားသည်။
၎င်းပထ၀ီဝင်စာအုပ်ကို၁၉၇၈ ခုနှစ် က မြန်မာဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ကျောင်းသုံးစာအုပ်ကော်မတီကထုတ်ဝေ၍ ကျောင်တွင်သင်ကြားခြင်းဖြစ်သည်။
(၁၉၇၈ -ခု ၇တန်း၊၈တန်း၊၉တန်း ၊၁၀ တန်း ပထ၀ီဝင်စာအုပ်စာမျက်နှာ -၈၆ မှ
မူရင်းပုံကိုစကင်ဖတ်၍အောက်တွင်တင်ပြထားပါသည်။


ရိုဟင်ဂျာ Rohingya လူမျိုး
သမိုင်းကြောင်းအရ တည်ငြိမ်စွာဖြစ်ပေါ်တည်ရှိနေသည့် တိုင်းရင်းသားလူမျိုးစု ဖြစ် သည်။ ရခိုင် ဘုရင်နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ ၌ လည်း ကောင်း ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တို့၏ အစုအဝေး လူမျိုးစု ပင်ဖြစ် သည်။ မွတ်စ လင်မ် စာဆိုတော် စိုင် ယက်ဒ်ရှားအာလ်ဝါလ်(Sayued Shah Al wal) အဆိုအရ စန္ဒသူဓမ္မ ဘုရင်၏ နန်းရင်းဝန် ] `မာဂန်´မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်း ၀န်ကြီးများ ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီး ဖြစ်ကြောင်း။
၁။ MKရာမန်-ရ ၂။ မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀-ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူ မျိုးများ။ မဇ္စိုမဒေသ အန္ဒိယတိုက်၏ အရှေ့ ဘက်ဒေသနေထိုင်သူများကို အနောက်ဘက်ဒေသအခေါ် အဝေါ်ဖြင့် ရခိုင်ညာ၊ ရွမ်းကိုင်ညာ၊ ရွမ်းသား ဟုခေါ်ဆို သကဲ့သို့ ရခိုင် တောင်ပိုင်း သားတို့က လည်း ရွမ်းကိုင်ညာ၊ ရွမ်းကိုင် ညာ ခေါ်ဆိုကြရာမှရိုဟင်ညာ၊ရိုဟင်ဂျာ ဖြစ်လာ သည်။ “ဘင်္ဂါလီ ဒေသ၏ အရှေ့ ကမ်း ရှိ လူ့ အစု အဝေး´´ဟု အဓိပ္ပါယ်ရသည်။အချို့က ရွာဟောင်း နေ ထိုင် ကြ သည့် ကျား ကဲ့သို့ စွမ်း ရည် သတ္တိ ရှိသည့် လူမျိုး၊ ရွာဟောင်း မှကျား၊ ရွာဟိန်းကျားမှာ ရိုဟင်ဂျာဟု ကောက် ချက်ပြုခဲ့သည်။
ရိုဟင်ဂျာလူမျိုးအား ၁၉၅၄-ခု၊ စက်တင်ဘာလ(၂၅)ရက်၊ည()နာရီ ၀န်ကြီးချုပ်
ဦးနု၏ အသံလွှင့်မိန့်ခွန်းဖြင့် အသိအမှတ်ပြုသကဲ့သို့ ၁၉၆၁-ခု၊ မေလ(၁၅) ရက်မှ
စတင်ကာ တပတ်()ကြိမ် ရိုဟင်ဂျာ ဘာသာဖြင့် မြန်မာ့အသံမှ အသံလွှင့်ပေးခဲ့သည်။

ရည်ညွှန်းကိုးကား
၁။-(၁၈--၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်()၊စာ(၃၂-၅၈)
၂။-(--၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်()
၃။-(--၁၉၆၃)ေ၃့ထုတ်မြန်မာ့အသံသောတရှင်မဂ္ဂဇင်း အတွဲ()အမှတ်(၁၉)
၎။-စာပေဗိမာန်ထုတ်မြန်မာ့စွယ်စုံကျမ်း အတွဲ()၁၉၆၄ ခုနှစ် စာမျက်နှာ(၈၉)
၅။-၁၉၇၈ ခုနှစ်ထုတ်အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီင်စာမျက်နှာ(၈၆)
၆။-ရန်ကုန်မြို့ရေစစ္စတြီရုံး`(၁၆-၁၂-၁၉၆၀)နေ့တရားဝင်မှတ်ပုံတင်၍ထုတ်ဝေသော
ရိုဟင်ဂျာခေတ်သတင်းစဉ်
၇။-တိုင်းရင်းသားလူမျိုးးစုပါတီသတင်းလွှာ(ကင်းလွှတ်ခွင့်အမှတ်-/ ၀၈၅) ၊၃၁-၁၂-၁၉၈၉
၈။-ရခိုင်ရာဇ၀င် အောင်သာဦး
၉။-စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၁၅ ၁၈ ရာစု
၁၀။-အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
၁၁။-မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
၁၂။-မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။
၁၃။-* ရခိုင်ဂီတ ဒေါ့ကွန် [1]
၁၄။-ဦးကျော်ငြိမ်း၊ မာတလိ၊ နှစ်၃၀ မြန်မာ့အသံ၊ စာမျက်နှာ-၇၁ခိုင်နှင့် မြန်မာပြည်ရှိ မွတ်စလင်မ်လူမျိုးများ ရာဇ၀င်။
၁၅။-ကစ္စပနဒီမှဓညဝတီသစ္စာ(၂၀၀၈ ခုနှစ် စာပေဗိမာန်စာမူ ဆုရ )
ရိုဟင်ဂျာသမိုင်းအကြောင်းအထောက်အထားဖြင့်ဖေါ်ပြသောသီးသန့်ဝပ်ဆိုဒ်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။