Pages

Tuesday, May 1, 2012

သမ္မတကြီးဦးသိန်းစိန်ထံသို့ ရခိုင်ပြည်တွင်းမှ ရင်ဖွင်သံ

သမ္မတကြီးဦးသိန်းစိန်ခင်ဗျား...

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်အတွင် တရားဥပဒေမဲ့စွာနိုင်ထက်စီနင်း ဗိုလ်ကျချယ်လှယ်မှု များအား ဥပဒေအရလိုအပ်သလို ဆောင်ရွက်တားဆီးပေးပါရန်။



ကျွန်တော်တို့ရခိုင်ပြည်နယ် မောင်တောမြို့ နယ် အေတိလာအုပ်စု အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ
ဦးအဒူလာမင်းဆိုသူသည် နစက အရာရှိများနှင့် ပူးပေါင်းကာ မောင်တောမြို့ နယ်အတွင်းနေ ဒေသခံ ရိုဟင်ဂျာလူမျိုးစု အစ္စလာမ်းဘာသာဝင်များအား အနိုင်ကျင့်ဗိုလ်ကျခြင်း၊ခြိန်းခြောက်ငွေတောင်းခြင်း
နစက များနှင့်ပေါင်း၍ မဟုတ်မမှန်အမှုဆင် ဖမ်းဆီးနှိပ်စက်ခြင်း၊အကြောင်းမဲ့ လူနေအိမ်များပေါ်
ဝင်ရောက်ရှာဖွေခြင်းနှင့် ရိုဟင်ဂျာအမျိုးသမီးများကို မဖွေမရာ ကိုယ်ထိလက်ရောက် စော်ကားကျူး
လွန်မှုများမကြာခဏလုပ်နေပါသဖြင့် ဒေသခံများမှာ များစွာစိတ်အနှောက်အယှက်ဖြစ်နေရပါသည်။ 



  အဒူလာမင်းဆိုသူသည် မောင်တောမြို့ နယ်အတွင်း မှီးတင်နေထိုင်နေသူ ဒေသခံရိုဟင်ဂျာများအား
နစက အရာရှိများနှင့် ပူးပေါင်းကာ သူ့ကိုယ့်သူ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးလို အများပြည်သူပိုင် အိုးအိမ်
ခြံမြေအတွင်း ခွင့်ပြုချက်မယူဘဲ ညအချိန်မတော် ဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ သမီးပျိုများ အိပ်စက်
နေသော အခန်းအတွင်း ခွင့်ပြုချက်မတောင်းခံဘဲ မိမိသဘောဖြင့် ဝင်ရောက်ရှာဖွေခြင်း အမျိုးသမီးငယ်
များအားမဖွေမရာ ပြုမှုဆက်ဆံခြင်းများနှင့် မက်ရိုင်းစော်ကားမှုများကို တနေ့ထက်တနေ့ ပိုမိုဆိုးရွာ
စွာအတင်ရဲလာသဖြင့် သမ္မတကြီးအနေဖြင့် ၎င်းကိစ္စအား လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန်
တင်ပြလိုက်ရပါသည်။


ဦးအဒူလာမင်းဆိုသူ၏ ဒုက္ခပေးခြင်းကို နေ့စဉ်ခံစားနေရသူ

မောင်တောဒေသခံ ရိုဟင်ဂျာတစ်ဦး














No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။