Pages

Wednesday, May 30, 2012

WEF ကို သမ္မတ မတက်ရောက် သော်လည်း ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်

 
WEF_01ထိုင်းနိုင်ငံတွင် ကျင်းပမည့် World Economic Forum သို့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် မတက်ရောက်ခြင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးအား မထိခိုက်နိုင်ဟု ထိုင်းအစိုးရက ဆိုပါသည်။
“မြန်မာ နိုင်ငံသမ္မတ ဦးသိန်းစိန်ကတော့ သူတို့ရဲ့ တိုင်းပြည်တွင်း၌ အရေးပေါ် ကိစ္စ တစ်ရပ်ကြောင့် ယခုအပတ်၌ ဗန်ကောက်၌ ကျင်း ပမည့် WEF အစည်းအဝေးသို့ မတက်ရောက် နိုင်ကြောင်းနှင့် ဇွန်လ (၄) ရက်နေ့နဲ့ (၅) ရက်နေ့မှာမှ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လာရောက် မည်ဟု အကြောင်းကြားစာ ပို့ခဲ့ကြောင်း” WEF ဖိုရမ် အစည်း အဝေးပွဲ Organizer တဦးက ထိုင်းသတင်း ဌာန တခုကို ပြော ကြားခဲ့ပါသည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် ကမ္ဘာ့စီးပွားရေး ဖိုရမ် အစည်းအဝေး၌ “မြန်မာနိုင်ငံ၏ အနာဂါတ်” ဆိုသည့် ခေါင်းစဉ်နှင့် မိန့်ခွန်း ပြော ကြားရန် လျာထား ခဲ့ပါသည်။



အဆိုပါ WEF ကမ္ဘာ့ စီးပွားရေး ဖိုရမ် အစည်းအဝေးသို့ မြန်မာ့ အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ "Asian Women as the Way Forward” ဟူသည့် ခေါင်းစဉ်ဖြင့် သောကြာနေ့၌ မိန့်ခွန်း ပြောကြားရန် ရှိကြောင်း WEF ဖိုရမ် အစည်းအဝေး ကျင်းပရေး၏ Senior Director နှင့် Head of Asia ဖြစ်သူ Mr.Sushant Palakurthi Rao ၏ အဆိုအား ကိုးကား၍ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာ၌လည်း ဖော်ပြပါရှိပါသည်။
WEF အစည်း အဝေးကို မေလ ၃၀ ရက်နေ့မှ စတင်၍ ဇွန်လ ၁ ရက်နေ့ အထိ ထိုင်းနိုင်ငံရှိ Shangri-La ဟိုတယ်၌ ကျင်းပမည် ဖြစ်ပါ သည်။ ယင်းအစည်းအဝေးသို့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Tan Dung ၊ လာအိုဝန်ကြီးချုပ် Thongsing Thammavong ၊ အင်ဒို နီးရှား သမ္မတ Susilo Bambang Yudhoyongo ၊ ဘာရိန်း ဝန်ကြီးချုပ် မင်းသား Khalifa တို့နှင့် ထင်ပေါ် ကျော်ကြားသည့် နိုင်ငံရေး ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍပိုင်း ဆိုင်ရာ ပညာရှင်များ အပေါင်း ၆၄၀ ဦးခန့်တို့ တက်ရောက်ရန် ရှိကြောင်း WEF မှ ထုတ်ပြန် ခန့်မှန်းထားပါသည်။
assk-yingluck
ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ် မစ္စစ် ယိင်လာပ် ရှင်နာဝါဒ်နှင့်အတူ တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)
ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်လာပ် ရှင်နာဝါဒ်မှ WEF အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား မေလ (၃၁) ရက်နေ့ ကြာသပတေးနေ့၌ ထိုင်းတော်ဝင် ရေတပ်မတော် ခန်းမ၌ ညစာဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်သည်။ အစည်းအဝေး ကျင်းပရက် မေလ (၃၀) ဗုဒ္ဓဟူးနေ့မှ စတင်၍ ဇွန်လ (၁၀) ရက်နေ့အထိ People’s Alliance for Democracy ပါတီ (ရှပ်ဝါ) အဖွဲ့မှ Royal Plaza လမ်းမကြီး မှတဆင့် လွှတ်တော် အဆောက်အဦး ဆီသို့ ချီတက် ဆန္ဒပြရန်လည်း ရှိကြောင်း သိရှိရပါသည်။
သို့သော်လည်း WEF အစည်းအဝေးအား ချောချောမောမောနှင့် အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ထိုင်းအာဏာပိုင် များမှ မျှော်လင့်လျက် ရှိသည်။
ဒေါ်အောင်ဆန်း စုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ် အချိန်စာရင်းအကြမ်း
May 29 - 9.45 pm - arrival.
May 30 - 8.30 am - to Samutsarkhon also known as Maha Chai where about 200,000 migrant workers stay.
Back around 3pm and attends WEF opening on evening
May 31 - June 1 - WEF and other bilateral meetings in BKK.
June 2 - 9-12 am to Mae La refugee campMay
2 - 1-3.45 pm - Meeting ethnic leaders in Mae Sod. She will also meets Dr. Cynthia briefly.
5 pm - back to BKK.
June 3 - Leave for Rangoon

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။