Pages

Monday, May 14, 2012

အင်ဒို-အာရိယန်လူမျိုးနှင့် အာရကာန်(ရခိုင်ပြည်နယ်)

အာရိယန်စစ်သည်များ

ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်စုအားလုံးသည် မျိုးနွယ်စု တစ်စုတည်းက ဆင်သက်လာခြင်းမဟုတ်သလို မိမိတို့လူမျိုးစုတို့၏ အခေါ်အဝေါ်နှင့် အမည်နာမတို့သည်လည်း ကမ္ဘာဦးစ ကတည်းက ခေါ်ဝေါ် သက် မှတ်ခဲ့ခြင်း မရှိခဲ့ပေ။ မိမိတို့ နေထိုင်ရာ ပတ်ဝန်ကျင် ဒေသ အလိုက် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု ခေတ်ရေစီးကြောင်း အလိုက် ဘာသာစကားနှင့် ယဉ်ကျေးမှုများသည် အစဉ်ပြောင်းလဲလာ စမြဲ ပင်ဖြစ်သည်။ မတူညီတဲ့ ဓလေ့ ရိုးရာ ယဉ်ကျေးမှုများ ပေါင်းစပ်ယှက်နွယ်ရာမှ ရိုးရာ ဓလေ့ ယဉ်ကျေးမှု သစ်များ ပေါ်ထွက်လာသလိုမတူညီတဲ့ လူသားမျိုးနွယ်စုများကြား ကုန်သွယ် စီးပွားရေးအရသော် လည်းကောင်း
စစ်ရှုံးကိုလိုနီအဖြစ်သိမ်းသွင်းရာမှ ကိုလိုနီလက်အောက်ခံနိုင်ငံနေ ပြည်သူများသည်လည်း ဘာသာစကား
ယဉ်ကျေးမှု၊စာပေ ယဉ်ကျေးမှုနှင့် မတူညီတဲ့ လူမျိုးစုများ ရောနှောပေါင်းစပ်ရာမှ လူမျိုး စာပေ ယဉ်ကျေးမှု
များ ပြောင်းလဲ သွားတတ်သလို လူမျိုးစုသစ်၊ စာပေသစ်နှင့် လူ့ယဉ်ကျေးမှုအသစ်များလည်းပေါ်ထွက်လာ
လာလေ့ရှိသည်ကို ကျွန်ုပ်တို့အားလုံးလက်ခံထားပြီးဖြစ်သည်။



ရခိုင်ပြည်နယ်ရဲ့ နောက်ကြောင်း သမိုင်းကို လေ့လာတဲ့အခါမှာ လွန်ခဲ့သော နှစ်ပေါင်း (၅၀-၆၀) ကို နောက်ပြန်ကြည့်ရုံဖြင့် ရခိုင်ပြည်နယ်ရဲ့  နောက်ခံသမိုင်းကို မသိရှိနိုင်ပါ။
အင်္ဂလိပ် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း (၁၀၀) ကျော်နေလာခဲ့ရတဲ့ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရဲ့  သမိုင်းနောက်ခံကို ခြေရာခံတဲ့အခါ မြန်မာ့သမိုင်း ပညာရှင်များနှင့် ကမ္ဘာသမိုင်းပညာရှင် သမိုင်းသုတေသီတို့၏ မှတ်တမ်း မှတ်ရာများကို ကိုးကားခြေရာခံလိုက်ကာမှ အနီးစပ်ဆုံး အသင့်တော်ဆုံး လက်ခံနိုင်ဆုံး ရခိုင်ပြည်နယ်ရဲ့ 
နောက်ခံသမိုင်း တစိပ်တပိုင်းကို ရှာတွေ့နိုင်မှာပါ။

အေဒီခြောက်ရာစုနှင့် ယင်းမတိုင်းမီ ရခိုင်ပြည်သုံး အက္ခရာ - ဦးစံသာအောင် . နိုဝင်ဘာလ ၁၉၇၄ ခုနှစ်ထုတ် စာအုပ်ပါအတိုင်း အိန္ဒိယတိုက်ငယ်သမိုင်းအကျဉ်းမှ ကောက်နုတ်ချက်။

အာရိယန်လူမျိုးများသည် ယင်းတို့မူလနေထိုင်ရာဖြစ်သော ရုရှတောင်ပိုင်းဒေသမှ ဘီစီ(၁၅၀၀)လောက်ကဝင်ရောက်လာကြ၏ ယင်းတို့သည် ပန်ဂျပ်ကိုဦးစွာ သိမ်းပိုက်ပြီး တဖြည်းဖြည်း ဂင်္ဂါမြစ်ဝှမ်းသို့ ပြန့်နှံ့သွားကြ၏။ သူတို့သည် တိုင်းရင်းသား အိန္ဒိယလူမျိုးများနှင့် အိန္ဒိယမြောက်ပိုင်းတွင် ရောနှောသွားကြလေသည်။ ယင်းကာလမှစ၍ အိန္ဒိယတိုက်သား
များကို အင်ဒို-အာရိယန်လူမျိုးများဟူ၍ခေါ်တွင်လေသည်။ အာရိယန်များဝင်ရောက်လာသောအခါ ရှိယင်စွဲ အိန္ဒိယတိုင်းရင်းသားများ၏ ယဉ်ကျေးမှုမှာ သူတို့ထက်အဆင့်များစွာမြှင့်နေ
ပြီးဖြစ်၏ သို့ရာတွင် အာရိယန်လူမျိုးများသည် စစ်ရေးနိုင်ငံရေးနှင့် စစ်တိုက်မှုနည်းစနစ်တို့တွင် တိုင်းရင်းသားလူမျိုးများထက်သာလွန်ပေသည်။ တဖန် မြန်မာတို့ပြောသော ဘာသာစကားကို တိဗက်-မြန်မာဘာသာစကားအနွယ်ဝင်ဟူ၍ ယင်းစာအုပ်၌ပင် ရေးသားထားသည်ကိုတွေ့ရသည်။
ဗိုလ်မှူးထွန်းကျော်ဦး (အငြိမ်းစား)၏ သုတေသနာပြုချက်အရ အိန္ဒိယတိုက်သို့ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀-၄၀၀၀) ထောင်ခန့်က အင်ဒို-အာရိယန်များသည်အာရှတိုက် အလယ်ပိုင်းမှပြောင်းရွှေ့  နေထိုင် လာကြောင်း အိန္ဒိယသမိုင်းစာအုပ်များ၌တွေ့ရှိရပြီး အချို့ သည် အိန္ဒိယမှတဆင့် ရခိုင်ဒေသသို့ ရောက်ရှိလာကြသည်။ ယင်းတို့တွင် သူရိယဝံသခေါ် အုပ်စုနှင့် စန္ဒဝံသခေါ် အုပ်စုအဖြစ် အုပ်စုနှစ်စုရှိကြသည် ဟူ၍ရေသားထားသည်ကိုတွေ့ရသည်။

ရခိုင်လူမျိုးတို့သည် သူတို့ကိုယ်သူတို့ အာရိယန်အနွယ်များဖြစ်သည်ဟု အခိုင်အမာပြောနေပေမဲ့ ရခိုင်ပြည်နယ်ရဲ့  သမိုင်းနောက်ခံကို တကယ်တန် ဂဏနန လေ့လာတဲ့အခါ  ရခိုင်လူမျိုးများသည် တိဗက်-မြန်မာအနွယ်မှ ဖြစ်ပြီး ရိုဟင်ဂျာလူမျိုးများသည် အင်ဒို-အာရိယန်စစ်စစ်မှ ဆင်သက်လာသူများဖြစ်ကြောင်း သမိုင်းနောက်ခံများက
သက်သေခံနေပါသည်။

ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)၏ သုတေသနာ ပြုချက်အရ လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀-၄၀၀၀)ခန့်က
အင်ဒို-အာရိယန်လူမျိုးများသည် အာရှတိုက် အလယ်ပိုင်းမှ ပြောင်းရွှေ့  နေထိုင်လာကြောင်း အိန္ဒယ
သမိုင်းစာအုပ်များ၌တွေ့ရှိရပြီး အချို့ သည် အိန္ဒိယမှ တဆင့် ရခိုင်ဒေသသို့ ရောက်ရှိလာကြသည်။
ယင်းတို့တွင် သူရိယဝံသခေါ်အုပ်စုနှင့် စန္ဒဝံသခေါ်အုပ်စုနှစ်စုတို့ဖြစ်သည်။
 ရိုဟင်ဂျာများသည် ရခိုင်ဒေသ ဝေသာလီခေတ်အင်ဒို-အာရိယန်မျိုးနွယ်များမှ ဆင်းသက်နေကြောင်း တွေ့ရပေသည်ဟူ၍ ရေးသားထားသည်ကိုတွေ့ရသည်။

မြန်မာ့သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း၏ လေ့လာတွေ့ရှိချက် အဆိုအရအာရဗ်တို့သည်  ရေကြောင်းမှရောက်ရှိလာခဲ့ပြီး သာသနာပြုခဲ့သလို ကုန်းကြောင်းမှလည်းရောက် ရှိခဲ့ကြလေသည်။ အာရဗ်သာသနပြု မူဟာမက်ဟာနိဖ်သည် မေယုတောင်တန်းနေလူရိုင်းတို့၏ အထင်ကရ မင်းသမီး ကာယာပူရီကို စည်းရုံး၍ အစ္စလာမ်းဘာသာသို့ ပြောင်းစေပြီး မေယုတောင်တန်းနေလူရိုင်း မင်းသမီး လေးကို လက်ထပ်ပြီး မေယုတောင်တန်းသူ/တောင်တန်းသား လူရိုင်းများကို အစ္စလာမ်းဘာသာဝင် များဖြစ်လာရေး သာသနာပြုခဲ့သည်။ ထိုဒေသနေ ပြည်သူများသည်လည်း အစ္စလာမ်းဘာသာဝင်များ ဖြစ်လာခဲ့သည်ဟူ၍ရေးသားထားတာကိုတွေ့နေရသည်။

အာရဗ်၊ပါရှန်နှင့် အိန္ဒိယတိုက်ငယ်မှ သာသနာပြုများ လာရောက်၍ သာသနာပြုခြင်းတို့ကြောင်း ဒေသခံ ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များသည် အစ္စလာမ်းဘာသာဝင်များဖြစ်လာခြင်းဖြစ်သည်ဟူ၍ ရေးသားထားပြီးတဖန်း မေယုမြစ်နှင့် ဖြူမချောင်း မြောက်ပိုင်း(အထက်ပိုင်း)တွင် ဂေါ်လန်ဂီနိုင်ငံကို အာရဗ်စစ်သည် အာမိရ်ဟာမ်ဇာဆိုသူ၏ တိုက်ခိုက်သိမ်းပိုက်သိမ်းသွင်းခြင်းကိုခံရပြီး ယင်းဂေါ်လန်ဂီ
နိုင်ငံငယ်ကိုလည်း အာရဗ်စစ်သား အာမိရ်ဟာမ်ဇာမှအုပ်ချုပ်ခဲ့သည်။ ဂေါ်လန်ဂီနိုင်ငံသား ဟိန္ဒူ ဘာသာဝင်များသည်လည်း အစ္စလာမ်းဘာသာဝင်များအဖြစ်ကူးပြောင်းခဲ့ကြသည်။
ယင်းဂေါ်လန်ဂီနိုင်ငံသည် ယခုမေယုနယ်ခြားခရိုင်ဖြစ်ပြီးထိုဒေသနေဟိန္ဒူဘာသာဝင် ဆိုသူများ သည်လည်း  အစ္စလာမ်းဘာသာဝင်များအဖြစ်ကူးပြောင်းခဲ့သော ယခု ရိုဟင်ဂျာလူမျိုးစု
များသာဖြစ်ပါသည်။

အေဒီ (၁၀)ရာစု မတိုင်းမီ ပေါ်ပေါက်ခဲ့သော  ဓညဝတီနှင့် ဝေသာလီပဒေသရာဇ်နိုင်ငံများသည်။ အိန္ဒိယတိုက်ငယ်နေ အိန္ဒိယလူမျိုးများ၏ မင်းနိုင်ငံများဖြစ်ဖြစ်သည်။
ဓညဝတီနှင့် ဝေသာလီခေတ်ပြည်သူများသည်လည်း အရှေ့ ဘင်္ဂလာပြည်သူများနဲ့တူညီသည်။ အေဒီ (၉) ရာစု နောက်ပိုင်းမှ အရှေ့ ဘက်မှ တိဗက်-မြန်မာအနွယ်ဝင်များ အုပ်စုလိုက်
တစ်သုတ်ပြီး တသုတ် ဝင်လာခြင်းဖြင့် (၁၁) ရာစုအစပိုင်းလောက်အရောက်တွင် ဝေသာလီနိုင်ငံပျက်သုဉ်းပြီး တိဗက်-မြန်မာအနွယ်ဝင် အုပ်စုတို့ကြီးစိုးသော လေးမျိုးခေတ်ဟူ၍
စတင်ပေါ်ပေါက်လာခဲ့သည်။ ယင်းတိဗက်-မြန်မာအနွယ်ဝင်များသည် ဘင်္ဂလာဒေ့ခ်ျ စစ်တကောင်းတောင်တန်းနေ (မောဂ်)လူမျိုးမျာျးနှင့် ယခု ရခိုင်ပြည်နယ်နေ လူများစု ရခိုင်လူမျိုး
ဆိုသူများသာဖြစ်ပါသည်။

(၈) ရာစု ဝေသာလီ မဟာတိုင်းစန္ဒြားမင်းလက်ထက် လေမုန်တိုင်းကြောင့် အာရဗ်ကုန်သည် သင်္ဘောများပျက်စီးခဲ့ရာ ထိုသင်္ဘောပျက်မှ သင်္ဘောသားများအား ဝေသာလီပြည် ယခုရခိုင်ပြည်နယ် ကျေးရွာများတွင် အခြေချနေထိုင်ရန် နေရာချပေးခဲ့သည်။ အဆိုပါ သင်္ဘောပျက်မှ အစ္စလာမ်းဘာသာဝင် အာရဗ်များသည် ဝေသာလီပြည်သူများအား အစ္စလာမ်းဘာသာရေး တရားများဟောပြော ဖိတ်ခေါ်သာသနာပြုမှုကြောင့် ဝေသာလီပြည်သူများသည်လည်း အစ္စလာမ်းဘာသာကို လက်ခံလာပြီး သင်္ဘောပျက်မှ အာရဗ်များသည်လည်း ဝေသာလီပြည်သူအမျိုးသမီးများနှင့် ထိမ်းမြားလက်ထပ်ပေါင်းသင်း နေထိုင်လာခဲ့သည်။
ယင်း အချိန်ကာလမှ စ၍ ဝေသာလီပြည်သူ ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များသည်
အစ္စလာမ်းဘာသာဝင်များဖြစ်လာခဲ့ကြသည်။  ထိုအခါက သင်္ဘောပျက်၍ ဝေသာလီတိုင်းပြည်သို့ ဆိုက်ကပ် ရောက်ရှိလာသူ အာရဗ်များမှ တဆင့် ဝေသာလီပြည်သူများသည် အစ္စလာမ်းဘာသာ သို့ကူးပြောင်းသွားခဲ့ခြင်းကို စာဖတ်သူများ ရှုပ်ထွေးစေလိုသော ဆန္ဒဖြင့်  ရိုဟင်ဂျာလူမျိုးတွေကဘဲ ထိုသင်္ဘောပျက်နဲ့ မျောလာသလိုလို ထိုသင်္ဘောပျက်မှာ ပါလာသူအာရဗ်လူမျိုးများမှ တဆင့် ရိုဟင်ဂျာလူမျိုးဆိုပြီး ဖြစ်လာသလိုလို တမင်ရည်ရွယ်ချက် ရှိရှိ ရှုပ်ထွေးအောင်ရေးသား နေတာများ လည်းတွေ့နေရပါသည်။

အကယ်စင်စစ် ရိုဟင်ဂျာလူမျိုးသည် မည်သည့် တိုင်းပြည်ကမှ လှေနဲ့မျောလာတာမဟုတ်သလို မည်သည့် တိုင်းပြည်ကမှ လေလွှင့်လာခြင်းလည်း မဟုတ်ပါ။
ရိုဟင်ဂျာလူမျိုးများသည် ယင်းတို့နေထိုင်ရာ မူလနေရာသည် (အာရကာန်) ယခု ရခိုင်ပြည်နယ်သာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမျိုးရေး ကိုလိုနီ လွှမ်းမိုးမှုနှင့် ဘာသာရေး ကိုလိုနီ
လွှမ်းမိုးမှုတို့အောက် အကြိမ်းကြိမ်းကျရောက်ခဲ့ခြင်းသာဖြစ်သည်။ ယနေ့ ရခိုင်ပြည်တွင် တွေ့နေရသော ဓညဝတီခေတ်နှင့် ဝေသာလီခေတ် ရှေးဟောင်း အမွေးအနှစ်များသည်
အစ္စလာမ်းဘာသာဝင်များအဖြစ်လက်မခံခင်က ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုများ ထွန်းကားခဲ့သော ဓညဝတီနှင့်ဝေသာလီခေတ်နှင့်ယင်းမတိုင်းမီ သမိုင်းဆရာများ လက်လှမ်းမမီခဲ့သည့် ခေတ်အဆက်ဆက်က ရိုဟင်ဂျာတို့၏ သမိုင်းဝင် အမွေးအနှစ်လိုပြောရင်မှားမယ်မထင်ပါဘူး။ ဘာဖြစ်လို ဒီလိုပြောရသလဲဆိုရင် (၉) ရာစုလောက်မှာမှ ရခိုင်လူမျိုးဆိုသူများသည် တိဗက်ဘက်က ဝင်ရောက် အခြေချလာသူများဖြစ်သည်ဟူ၍ သမိုင်းဆရာများက အတိအလင်း ရေးသားဖေါ်ပြထားခြင်းကြောင်းထိုသို့ ပြောဆိုနိုင်ပါသည်။ ရိုဟင်ဂျာတို့ သမိုင်းသည် (၇-ဂ) ရာစုလောက်ကစတင် တွေ့နေရခြင်းသည် အဓိက ငြင်းပယ်မရလောက်အောင် ခိုင်လုံတိကျတဲ့ သက်သေများပင်ဖြစ်သည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။