Pages

Wednesday, May 30, 2012

မြောက်ဒဂုံတွင်ဘာသာခြားအိမ်သို့ဘုန်းကြီး၃ပါးမှကျုးကျော်ဝင်ရောက် ...



မြောက်ဒဂုံတွင်ဘာသာခြားအိမ်သို့ဘုန်းကြီး၃ပါးမှကျုးကျော်ဝင်ရောက်ဆွမ်းခံ

၁၃.၄ .၂၀၁၂ နေ့က ရန်ကုန် မြောက်ဒဂုံ အရှေ့ ပိုင်း ရန်ကြီးအောင်(၁)လမ်း အတွင်းနေထိုင်သော မွတ်စလင်မ်ဘာသာဝင် မိသားစု တစ်စုအား ဘုန်းကြီး သုံးဦးမှ အတင်းဝင်ရောက် ဆွမ်းခံမူ ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မိသားစုဝင် များနှင့် နီးစပ်သူတစ်ဦးမှ myanmarm...uslim.net သို့ဆက်သွယ်ပြောကြားခဲ့ပါသည်။

ပထမအကြိမ်တွင် မိန်းမသားများသာရှိနေရာ ထမင်းမချက် ရသေးကြောင်း တောင်းပန်ခဲ့သော်လည်း ဘုန်းကြီး သုံးဦးမှ ဆဲရေးတိုင်းထွာခဲ့ကြကြောင်း ထိုဖြစ်ရပ်ကို အုပ်ထိန်းသူ အမျိုးသား သိ၍ နောက်နေ့ ၁၄.၄.၂၀၁၂ တွင်အလုပ်မသွားပဲ ထိုင်စောင့်နေခဲ့ရာ အဆိုပါ ဘုန်းကြီး သုံးပါး ထပ်ရောက်လာကာ အိမ်အတွင်းသို့အသိမပေးပဲ ၀င်ရောက်ခဲ့ကြောင်း အုပ်ထိန်းသူ မှာ ထိုဘုန်းတော်ကြီးသုံးဦးအား အိမ်အတွင်းအသိပေး ဝင်ရောက်ရန်ပြောဆိုရာမှ .....
 
 
ဘုန်းတော်ကြီးများက ရိုင်းပြစွာ ပြောဆိုသောကြောင့် အုပ်ထိန်းသူ ၏အမျိုးသမီးမှာ အိမ်နီးနားချင်းများအား အကူအညီတောင်းခံရာ အိမ်နီးနားချင်း ဗုဒ္ဓဘာသာဝင်များ ဝင်ရောက်ပြောဆိုသော်လည်း ထိုအိမ်နီးနားခြင်းများကိုလည်း ရန်ပြု ဆဲရေးတိုင်းထွာပြီး ထွက်သွားခဲ့ကြောင်း ၊ တဖန် ၄.၅.၂၀၁၂ နေလယ် ၁း၃၀ခွဲခန့် အိမ်တွင်းသို့ နောက်တကြိမ် ဝင်ရောက်ပြီး ပြသာနာရှာကြပြန်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်များ၏ ပြောကြားချက်အရ အဆိုပါ ဘုန်းကြီး ၃ ပါးမှာ ရပ်ကွက်အတွင်း ပုံမှန် ဆွမ်းခံကြွသော ဘုန်းကြီးများ မဟုတ်ကြောင်း အနီးနာ ကျောင်းတိုက်များမှ မဟုတ်သဖြင့် ရင်းနှီးကျွမ်းဝင်မူ မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

သက်ဆိုင်ရာသို့ တိုင်ကြားခြင်းရှိမရှိမေးမြန်းရာ .. " သူတို့က မတိုင်ရဲဘူး .. သွားတိုင်ရင်လဲ လုပ်တဲ့သူတွေက ဘုန်းကြီးတွေဆိုတော့ ဘာမှထူးမှာမဟုတ်ပါဘူး ... ပတ်ဝန်းကျင်ကို သက်သေခေါ်ယင်လဲ လိုက်ရဲကြမှာ မဟုတ်ဘူးလေ ... နောက်ထပ် ပိုပြီး ဒုက္ခ ရောက်မှာကြောက်တော့ သူတို့ ဘယ်သူ့ကိုမှ မပြောရဲဘူး ... ''ဟု အဆိုပါ ပုဂ္ဂိုလ်မှပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး အားနည်း လျက်ရှိဆဲဖြစ်ပြီး လူနည်းစုများအတွက် အကာအကွယ်ပေးသော ခိုင်မာသည် စနစ်များ မရှိသေးသည့်အတွက် ယခုကဲသို့သော ဖြစ်ရပ်များမှာ နိုင်ငံနှင့်အ၀ှမ်း မကြာခဏ ကြုံတွေ့ရလေ့ ရှိကြောင်းသိရှိရပါသည်။

မင်းနိုင်ဦး (MMM)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။