Pages

Monday, May 28, 2012

ငါ့ ကိုယ်စား မေးပေးပါ ဝေး ( ဖထီး စောစေး ၀ါး )

 

မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို မနက်ဖန်ဆိုရင် ရောက်ရှိလာတော့မယ်ဖြစ်ပါတယ် ။ နယ်ယ်စပ်ဒေသမှာရှိတဲ့  ဒုက္ခသည်တွေ - တိုင်းရင်းသားက်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေနဲ့  တွေ့ ဆုံခဲ့ ကြမယ်ဆိုရင် ဒီအကြောင်းတွေကို မေးပေးစမ်းပါလို့  ပြောချင်ပါတယ် ။ တွေ့ မတွေ့ တော့ မသေချာသေးလို့  ပြောပါတယ် ။

နယ်စပ်ဒေသရှိ ဒုက္ခသည်များက မေးရမဲ့ မေးခွန်းက ဒီလိုပါ။

၁- မိမိတို့  နယ်မြေဒေသကို ပြန်ချင်လွန်းလို့  အဲဒီနယ်မြေတွေမှာ ရှိတဲ့  စစ်တပ်တွေကို ရုပ်သိမ်းဖို့  လုပ်ပေးနိုင်ပါ့မလား ။

၂- မိမိတို့  နယ်မြေဒေသတွေကို စစ်တပ်က ရုပ်သိမ်းလို့  ပြန်သွားရရင် မိမိတို့ ရဲ့  ဆုံးရှုံးသွားတဲ့  စီးပွါးရေးအဆောက်အအုံ ၊ လယ်ယာမြေ ၊ အသက်အိုးအိမ်တွေအတွက် ဘယ်လို
လျှော်ကြေးတွေ ပေးနိုင်ပါမည်လဲ ။
၃ - မိမိတို့ ရဲ့  နယ်မြေဒေသတွေကို နောင်တချိန်ချိန်မှာ ဘယ်တော့မှ စစ်တပ်က မလာတော့ပါဘူး ဆိုတဲ့  ဂတိခံဝန်ချက်တွေကို နိုင်ငံတကာအစိုးရရှေ့မှာ လက်မှတ်ထိုးပေးနိုင်ပါ့မလား ။
 
 
၎- မိမိတို့  နယ်မြေဒေသတွေကို ပြန်ရရင် မိမိတို့  ရဲ့  ရပ်တည်နေထိုင်ရေးအတွက် အစစအရာရာ ပြင်ဆင်ပေးနိုင်ပါ့မလား ။
နယ်စပ်ဒေရှိ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့  မေးခွန်းက ဒီလိုပါ ။

၁- ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရမှာနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မြန်မာနိုင်ငံ၌ လက်နက်ကိုင်တပ်မတော် တခုတည်းသာ
ရှိရေး-ပြဋ္ဌန်းထားတဲ့ အတွက် ယခုအပစ်အခတ်ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ထားတဲ့  အဖွဲ့ အစည်းတွေကို လက်နက်ချခိုင်းတာမျိုး ဖြစ်မနေဘူးလား ။

၂- လက်နက်ကိုင်တပ်မတော် တခုတည်းရှိရေးဆိုတာကို တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေက လက်မခံဘူးဆိုရင် ဒါဟာ
ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်သူလုပ်လုပ် မရဘူးဆိုတာ ဖြစ်မနေဘူးလား ။

၃- တိုင်းရင်းသာလူမျိုးတွေရဲ့  ကိုယ်ပိုင်ပြဋ္ဌန်းပိုင်ခွင့်နဲ့  တန်းတူရေးကို အခြေခံတဲ့  ဥပဒေများရှိပြီး -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ တပ်မတော်တခုတည်းရှိရေး-
ကို ပြင်ဆင်ကာ တိုင်းရင်းသားလူမျိုးများ ဒေသတွေမှာ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်အဖွဲ့ အစည်း ရှိရေးဆိုတာကို လက်သင့်ခံနိုင်ပါမည်လား ။

၎- ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ စစ်တပ်တွေကို နောက်တန်းကို ပြန်ဆုပ်သွားစေဖို့  အမိန့် ပေးနိုင်သူလို့ 
ထင်ပါသလား ။
၅- ပြည်သူ့ လွှတ်တော်က ကချင်နယ်မြေဖက်မှာ စစ်ဆင်ရေးတွေကို ဒီလောက်တိုးပြီး လုပ်နေတာကို ဘာကြောင့်များ ရပ်ပေးပါလို့  မပြောကြားတာလဲဆိုတာ သတိထားမိပါရဲ့ လား။


No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။