Pages

Saturday, April 7, 2012

ဟိုင်းကြီးကျွန်းတွင် အဖမ်းခံရသောရိုဟင်ဂျာ(၉၀)ဦး ရခိုင်ပြည်နယ် စစ်တွေ့ ကျောက်တောနှင့်ပေါက်တောသို့ သက်ဆိုင်ရာမှ ပြန်ပို့ပြီ။




မတ်လလယ်လောက်က ရခိုင်ပြည်နယ် စစ်တွေ့မြို့ မှ ရိုဟင်ဂျာ အယောက်(၉၀)ကို တင်ဆောင်၍ဘင်္ဂလာ ပင်လယ်အော်မှတဆင့် မလေးရှာကျွန်းဘက်သို့ဦးတည် ခုတ်မောင်းရာတွင် စက်ချိုယွင်းကာ၎င်းစက်လှေ သည် ။ဧရာဝတီတိုင်း ငပုတောမြို့ နယ် ဟိုင်းကြီးကျွန်း၌ လာရောက်ဆိုက်ကပ်ခဲ့သည်ဟု သတင်းရရှိပါသည်။ အဆိုပါ စက်လှေမှ ရိုဟင်ဂျာအယောက်(၉၀)ဦးကို ဟိုင်းကြီးကျွန်းမြို့ မိ မြို့ ဖများက ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက်ခဲ့ပြီး၊ အာဏာပိုင်များလက်ထဲသို့ လွှဲပြောင်းပေးခဲ့ကြောင်း။ သက်ဆိုင်ရာ အာဏာ ပိုင်များက ၎င်းလှေစီးရိုဟင်ဂျာများကိုမေးမြန်း စစ်ဆေးမှု များပြုလုပ်ခဲ့ပြီး ၎င်းလှေစီးရိုဟင်ဂျာများသည်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူစလင်များ ဖြစ်ကြောင်း သိရှိသဖြင့်  ၎င်းတို့နေထိုင်သော ရခိုင်ပြည်နယ်သို့ ပြန်လည်း ပို့ဆောင် ပေးရာတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်


ခေတ္တ နားနေစေခဲ့ရာ၌ လှေစီးဒုက္ခသည် များအား တောင်ကုတ်မြို့ တွင်ကြိုးတုတ်၍ ရိုက်နှက်နှိပ်စက် ကလူပြုခဲ့ကြောင်းသိရသည်။တောင်ကုတ်မြို့ မှတဆင့် စစ်တွေ့မြို့ရှိအာဏာ ပိုင်များလက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။ လှေစီးပြေး ဒုက္ခသည် (၉၀)ဦးထဲမှ ပေါက်တောမြို့ မှ(၃)ဦး ကျောက်တော်မြို့ မှ (၁)ဦးဖြစ်ပြီး ကျန်(၈၆)ဦးမှာ စစ်တွေ့မြို့ မှဖြစ်ကြောင်းသိရပါသည်။ပေါက်တောမှ (၃)ဦးနှင့် ကျောက်တော်မှ(၁)ဦး တို့ကို သက်ဆိုင်ရာမြို့ နယ်များသို့ပို့ဆောင်ပေးခဲ့ပြီး။စစ်တွေမြို့ မှ ဒေသခံရိုဟင်
ဂျာ(၈၆)ဦးအနက် (၂၆)ဦးကို စစ်တွေ့မြို့ အမှတ်(၂)ရစခန်း၌လည်းကောင်း၊ကျန်(၆၀)ဦးအမှတ်(၁)ရဲစခန်း
၌လည်းကောင်း ထိန်းသိမ်း၍ စနစ်တကျ စုံစမ်းစစ်ဆေးနေကြောင်း ဒေသခံများမှသိရှိရသည်။

သက်ဆိုင်ရာ ရဲစခန်းများတွင် ခေတ္တထိန်းသိမ်းထားစဉ် ကောင်းမွန်စွာ ကျွေးမွေးထားခဲ့သော်လည်း
စစ်တွေ့ထောင်နားရှိ အစိုးရရိပ်သာတစ်ခုတွင် တပ်ကြပ် ဦးထွန်းထွန်းအောင်နှင့် တပ်ကြပ်ဦးတင်အောင်ဇံ
တို့မှ လှေစီးဒုက္ခသည်များအား စုံစမ်းစစ်ဆေးရာတွင် ဦးတင်အောင်ဇံသည် အကြင်နာမဲ့စွာ ရိုက်နှက်ပြီး
ကြမ်းတမ်းစွာ စစ်ဆေးနေကြောင်းနှင့် ရိုဟင်ဂျာ လူမမယ် ဆယ့်ကျော်သက်လူငယ်များအား ရိုင်းပြ
ကြမ်းတမ်းစွာ ရိုက်နှက် စစ်ဆေးနေကြောင်း။
ဒီမြေဟာ မင်းတို့မြေ မဟုတ်ဘူး၊ ဒီနိုင်ငံဟာမင်းတို့နိုင်ငံမဟုတ်ဘူး မင်းတို့အားလုံးကိုလူမသိသူမသိအောင်
သတ်ပစ်မယ်။ သတ်ပစ်ရင် ဘယ်သူက ကယ်မှာလဲ မင်းတို့အားလုံးကို ဒီနိုင်ငံကနေ အပြီးပိုင်မောင်းထုတ်
မယ် စသည့် လူမျိုးရေးခွဲခြား မက်ရိုင်းစော်ကား၍ ကြိမ်းမောင်း ရိုက်ပုတ် ညဉ်းပန်း နှိပ်စက်ကာ မတရား
အနိုင်ကျင့် အကြမ်းဖက် စစ်ဆေးနေကြောင်းသိရပါသည်။

စစ်တွေ့မြို့  စက်ရုံစုရပ်ကွက်မှ ဦးမောင်ဘဆိုသူ၏သား လားလူး (အသက် ၁၆ နှစ် ၃လ)သည်လည်း
အဆိုပါ အုပ်စုမှ လှေစီး ဒုက္ခသည်တစ်ဦးဖြစ်ပြီး ထိုလူငယ်အား ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်စစ်ဆေး
ခဲ့ကြောင်း၊ စစ်ဆေးသူ ဦးတင်အောင်ဇံ၏ စိတ်တိုင်းကျ အဖြေကို မဖြေရကောင်းလားဆိုပြီး မတရားရိုက်
နှက် ညဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်သူ ဦးတင်အောင်ဇံအား  ဖခင်ဖြစ်သူ ဦးမောင်ဘသည် မြို့ နယ်မှူးထံ
သို့ တိုင်းကြားခဲ့သည်။ ထိုသို့ တိုင်းကြားခဲ့ကြောင်းကို တပ်ကြပ်တင်အောင်ဇံမှ ဂရုမစိုက်ကြောင်း မြို့ နယ်
မှူးလည်း ဘာမှတတ်နိုင်မည် မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။
သက်ဆိုင်ရာ ရဲစခန်းများမှ တရားခံ ရိုဟင်ဂျာဆယ့်ကျော်သက် လူငယ်များအား ထောင်ချနိုင်ရေး အတွက်
အသက်မပြည့်သူများကို အသက်မပြည့်ပြည့်အောင် ရက်စက်ကြမ်းတမ်းသော တရားဥပဒေမဲ့ မရားနည်း
များဖြင့် ထွက်ဆိုခိုင်နေကြောင်းသိရသည်။

စစ်တွေခရိုင်နှင့် မောင်းတောခရိုင်မှ ရိုဟင်ဂျာများအား နဝတ၊နအဖ ခေတ်အဆက်ဆက်ကပင် ဒေသန္တရ
အမိန့်၊ ဒေသန္တရဥပဒေ ကြေညာချက်အမျိုးမျိုးတို့ဖြင့် သီးခြားခွဲထုတ် အုပ်ချုပ်လာခဲ့ရာ ရိုဟင်ဂျာတို့သည်
တစ်ရွာမှ တစ်ရွာသို့ သွားလာရာတွင်ပင် ကျေးရွာ ရပ်ကွက်မှ ထောက်ခံစာယူရခြင်း ကျန်းမာရေး ဆေးဝါ
ကုသရန်အတွက် သက်ဆိုင်ရာအသီးသီးမှ ထောက်ခံချက်ယူရခြင်း၊စီးပွားရေး ကူးသန်းရောင်ဝယ်ရေး
အား တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားခြင်း၊ အိမ်ထောင်ပြုရာတွင် သက်ဆိုင်ရာ နစကမှ လက်ထပ်ခွင့်
ပါမစ်ကို ၁ နှစ်မှ ၃ နှစ်အထိ စောင့်ဆိုင်း၍ ခွင့်ယူရခြင်း၊ နယ်ကျော်အဆင့်မြှင့် တက္ကသိုလ် ကောလိပ်တို့
တွင် ပညာသင်ကြားရေးတို့အား ခရီးသွားလာခွင့်ပါမစ်နှင့် တစ်နေရာမှ တစ်နေရာသို့ အလုပ်အကိုင် အခွင့်
အလမ်းတို့အတွက် ခရီးသွားလာခွင့် လက်မှတ်ယူနေရခြင်း၊ ရိုဟင်ဂျာလူမျိုး အားလုံးအား ခရီးသွားလာ
ရာတွင် အလိုအပ်ဆုံးဖြစ်သော မှတ်ပုံတင်ကဒ်ပြားကို ထုတ်မပေးဘဲ ထိန်းချုပ်ထားခြင်း၊စသည်တို့ကြောင်း
လူမှုဘဝအဖုံဖုံ ဆုံးရှုံးနေရပြီး ခုက္ခမျိုးဆုံးကြုံနေရပါသည်။

 မှတ်ပုံတင်မရှိ ခရီးမသိသွားရ၊ရန်ကုန်မလာနိုင်
ပါစ်ပို့လုပ်၍မရ မိမိတို့ဒေသတွင်လည်း  အလုပ်အကိုင် မယ်မယ်ရရ မရှိ၍သာ အဖက်ဖက်က တားဆီး
ပိတ်ပင်မှုအမျိုးမျိုးကြားထဲမှာ အသက်ဆက်ရှင်သန်းနိုင်ရေး အခွင့်အလမ်းနည်းလာသည်နှင့်အမျှ အခုလို
သက်စွန့်ဆံဖျား ပင်လယ်ပြင်ကို ဖြတ်ကျော်ရသည့် လမ်းကြောင်းမှအပ အခြားရွေးချယ်စရာ မရှိလို့သာ စက်လှေဖြင့် ပြည်ပထွက်နေရခြင်းဖြစ်ပါသည်။
လူသားအရင်းအမြစ် လူသားမျိုးနွယ်တစ်စု ဘဝရပ်တည်ရေးနှင့် အသက်ဆက်ရှင်သန်းရေးအတွက် စားဝတ်နေရေးသည် အဓိက ကျသော အခန်းကဏ္ဍဖြစ်နေရာ စားဝတ်နေရေးအတွက် အလုပ်အကိုင်
အခွင့်အလမ်းများရရှိနိုင်ရေး အတွက် မိမိတို့ဒေသတွင်၊ နိုင်ငံတွင် လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှား
နိုင်မှသာလျှင် အလုပ်အကိုင်များရှာဖွေလုပ်ကိုင်နိုင်မည် ဖြစ်ပြီး မသွားရ၊ မလာရ၊ မလုပ်ရဆိုသောစသည့်
အမျိုးမျိုးသော ပိတ်ပင်မှု တားဆီးမှုများကြားမှာ ဘဝကို ထိန်းကျောင်းခွင့်နှင့် အသက်ရှင်ခွင့် မည်သို့ရှိ
နိုင်မလဲ ဆိုတာကို လူသားချင်းစာနာနားလည်းပေးစေချင်ပါသည်။

ဘာအခွင့်အရေးမှ မရှိတော့တဲ့ အကျယ်ချုပ်ခံထားရသည့် နယ်မြေ ဒေသတစ်ခုကနေ မိမိတို့ဘဝရှင်
သန်းရေးအတွက် အခုလိုစက်လှေဖြင့် ပြည်ပ ထွက်ခွါနေသူများဟာ နိုင်ငံတော်ကို ပုန်းကန်နေသူများ
လည်းမဟုတ်သလို တရားဥပဒေကို ချိုးဖေါက်နေသူများလည်းမဟုတ်ပေ။ အများနည်းတူ ဘဝရှင်သန်း
ရေးအတွက် ထွက်ပေါက်ရှာခြင်းသာဖြစ်ပေသည်။

သို့ရာတွင် ဖမ်းဆီးခံထားရသူများအား သက်ဆိုင်ရာမှ အာဏာဖီဆန်မှု ဥပဒေပုဒ်မ(၁၈၈)နှင့် နိုင်ငံခြား
သားများ ခရီးသွားလာမှု ဥပဒေပုဒ်မ ၆ (၂) ၊ ၆ (၃)တို့ဖြင့်  အရေးယူရန်ပြင်ဆင်နေကြောင်းသိရပါသည်။
အာဏာဖီဆန်သည်ဆိုသည်မှာ ဒေသန္တရာ အမိန့်ကို ဆိုလိုသည်ဖြစ်၍ ၎င်းဒေသန္တရာအမိန့်သည် ယခု
ကဲ့သို့ ဒီမိုကရေစီ အုပ်ချုပ်မှု ယန္တရား အသက်ဝင်နေချိန်တွင် တရားမဝင်တော့သည့်အပြင် တရားမဝင်
သည့်အမိန့် ညွှန်ကြားချက်များကို ယခုတိုင် ဖက်တွယ်ကျင့်သုံးနေခြင်းသည်။ ကြိုးနီစနစ်ကို ကျင့်သုံးခြင်း
ဖြစ်၍ မတရားသောအမိန့်ကို ကျင့်သုံးသော မတရားဥပဒေစိုးမိုးခြင်းသည်  ဒီမိုကရေစီနှင့် တွဲဖက်ညီသည့်
တရားဥပဒေ မစိုးမိုးခြင်းသာဖြစ်ပေသည်။

နိုင်ခြားသားများဟုဆိုသည်မှာလည်း န ဝ တ ၊ န အ ဖ အစိုးရလက်ထက်တွင် ဒေသခံရိုဟင်ဂျာများအား
မှတ်ပုံတင် ထုတ်မပေးဘဲ၊ယာယီမှတ်ပုံတင်ကိုသာ ထုတ်ပေးထားသဖြင့် ဖမ်းဆီးခံတရားခံများအားလုံး
သည် ၎င်းယာယီမှတ်ပုံတင်ကို ကိုင်ဆောင်ထားသူများဖြစ်ကြောင့် နိုင်ငံခြားသား ခရီးသွားလာခွင့် ဥပဒေ
နှင့် မည်သို့မျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဖမ်းဆီးခံထားရသူများအား ယခုကဲ့သို့ ဒီမိုကရေစီကို ဖေါ်ဆောင်
နေသော အခါသမယတွင် လူသားချင်းစာနာထောက်ထား၍ မူလက နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်
နှင့် နိုင်ငံသားအခွင့်အရေးများအား စောင့်ရှောက်ကာကွယ်သောအားဖြင့် သက်ဆိုင်ရာမှ သနားညှာတာစွာ
အမြန်းဆုံးလွှတ်ပေးပါရန် မီဒီယာမှတဆင့်တိုင်းကြားအပ်ပါသည်။


                                                                             
                                                                          နိုင်ငံသားအခွင့်အရေးများဆုံးရှုံးခံနေရသူ

                                                                                     မြန်မာနိုင်ငံသားတစ်ဦး..






No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။