Pages

Thursday, April 26, 2012

သမ္မတကြီးထံသို့ ရခိုင်ပြည်တွင်းမှ ရင်ဖွင့်သံ

ဘူးသီးတောင်မြို့ နယ်၊ဒဗြုချောင်းကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းမှ တပ်သားအချို့ ဒေသခံ
ရိုဟင်ဂျာတစ်ဦးကို သေလုနီးပါး အကြောင်းမဲ့ မတရားညှင်းပမ်းနှိပ်စက်


နိုင်ငံတော် သမ္မတကြီးခင်ဗျား ။ ။

ဘူးသီးတောင်မြို့ နယ် ဒဗြုချောင်းကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို
လွန်ခဲ့သော စနေ ၂၁၊၀၄၊၂၀၁၂ နေ့က မတရားညှင်းပမ်း နှိပ်စက်ကာ တပ်ရင်း တစ်နေရာတွင် လူမသိ
သူမသိအောင် ပစ်ထားခဲ့ကြောင်း ဒေသခံများမှသိရသည်။
အခင်းဖြစ်သောနေ့တွင် ဒဗြုချောင်း ကျေးရွာမှ ဦးဘော်ရှိရ်အမတ်(ဘ) ဦးဖေရုစ် အသက်(၇၅)နှစ်သည်
နေဝင်မိုးချုပ်သော်လည်း အိမ်ပြန်မရောက်သဖြင့် မိသားစုနှင့် ရပ်မျိုး ဆွေမျိုးမှ လိုက်လံရှာဖွေရာ ရွာ
တပ်ရင်းထိ မေးမြန်းရာမှ တပ်ရင်း တစ်နေရာတွင် အဆိုပါ ပုဂ္ဂိုလ်သည် သေလုနီးပါး အသက် တစ်ငင်
ငင်ဖြင့်တွေ့ရကြောင်း အကူအညီ မဲ့စွာတွေ့နေခဲ့ကြောင်း ရွားသားများမှ သိရသည်။



၎င်းသည် ရိုးရာဓလေ့အရ မုတ်ဆိတ်ထားသူတစ်ဦး ဖြစ်သော်လည်း တပ်ထဲတွင်တွေ့သောအခါ မုတ်ဆိတ်
များကိုရိတ်ထားသည့် အပြင် ယောင်္ကျား အရှက်အင်္ဂါကိုလည်း အကြင်နာမဲ့စွာ ပြင်းထန်စွာ ရိုက်နှက်ထား
သောကြောင့် ဒါဏ်ရာရ ပုဂ္ဂိုလ်မှာ အသက်အန္တရာယ်စိုးရိမ်းရကြောင်းသိရသည်။
ဒါဏ်ရာရ ပုဂ္ဂိုလ်အား ရွာသားများက ဝိုင်းဝန်းပြီး ဆေးကုသမှုခံယူနိုင်ရေးအတွက် ဘူးသိးတောင်ဆေးရုံ
သို့ခေါ်ဆောင်သွားရာ လမ်းခုလတ် နန်းရာကုန်း ကျေးရွာအနီးတွင်တပ်သားများမှ တားဆီး  ဒဗြုချောင်း
တပ်တွင် ဆေးကုသမှုခံယူရန် တပ်တွင်းသို့ခေါ်ဆောင်ကာ ဆေးကုသပေးနေကြောင်းသိရသည်။



မူရင်းကို အပြည့်အစုံ ဒီမှာဖတ်ပါ  click here

2 comments:

  1. What the hell is it? I have been hearing such torturing to Rohingya for a couple of decades. There is no law for Rohingya as they are Muslam. If Rohingya are biddhist, nowadays, no one (Burma, Rakhin) won't make noises and abuse like this for sure. All the person who abuse not only Rohingya but also all the weak and refugees must get the reaction what they have done. M so desperate for this old man who had face such kind of un humanitarian acts. Allah is with us. Allah , plz help all of us. May this grandfather recover or be in jannah soonest. ;(;(;(. Cant control my tears for him.

    ReplyDelete
  2. Plz can you type into English also for English reader so that world can know. ;(

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။