Pages

Tuesday, April 3, 2012

ယနေ့ ရိုဟင်ဂျာများနှင့်တတိယနိုင်ငံ

လွတ်လပ်သော ရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့မှ ကူးယူဖေါ်ပြပါသည်။
ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအများအပြားတွင် ရောက်ရှိနေသော ရိုဟင်ဂျာများသည် ပြည်ထောင်စုဖွား မြန်မာနိုင်ငံ တိုင်းရင်းသားများဖြစ်ပါသည်ဆိုလျှင်မှားမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ရိုဟင်ဂျာလူမျိုးများသည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ Arakan ဒေသတွင် ရခိုင်မင်း ခေတ်ဆက်ဆက်ဘိုးဘေးဘီဘင်ကပင် နေထိုင်လာခဲ့ခြင်းကို သမိုင်းအထောက်အထားအရ တိုင်းရင်းသားများ ဖြစ်ကြသည်။

အေဒီ ၈-ရာစုလောက်မှစ၍ သမိုင်းသာဓကအရ၊ ထိုခေတ် ဝေသာလီကျောက်လှေခါးခေတ် မဟာထိုင် ဟိန္ဒုအနွယ်ဝင် စန္ဒြားမင်း(အေဒီ ၇၈၈) လက်ထက် မှစ၍Arakan ဒေသသို့ အိစ္စလာမ်သာသနာ ထွန်းကားစေပြီး အိစ္စလာမ်သာသနာကို လက်ခံသူများသည် ယနေ့ ရိုဟင်ဂျာလူမျိုးများဖြစ်ပါသည်။ မဂိုအင်ပါယာပြည့်ရှင်မင်း (ကုလား)ဘုရင် စုလ်တန်လက်ထက်တွင် 1406 ခုနှစ၊် အင်းဝဘုရင် မင်းခေါင်ရဲ့သားတော် မင်းရဲကျော်စွာက ရခိုင်ဒေသကို တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ရခိုင်ဘုရင် မင်းစောမွန် သည် ဂိုအာက(ကုလား) ဘုရင်ဆုလ်တန်ထံ ထွက်ပြေးခုလှုံခြင်း၊ မင်းစောမွန်ကို ပြန်နန်းတင် ပေးရန်ဆုလ်တန်ဘုရင်က ဗိုလ်ချုပ်အော်လီခန်နှင့် စစ်သည်တသောင်းကိုစေလွှတ်ပြီး မင်းရဲကျော်စွာကို တိုက်ခိုက် မောင်းထုတ်၍ ဗိုလ်ချုပ်ဝလီခန်ကမင်းစောမွန်ကိုပြန်ပုန်ကန် ဖမ်းဆီးပြီး၊ ဗိုလ်ချုပ် ဝလီခန် အုပ်ချုပ်ပုံ၊ ဘုရင်စုလ်တန်ကအမျက်ဒေါသထွက်ပြီး ဗိုလ်ချုပ်စံဒီခန်ကို စစ်သည် အင်အား ၂-ဆစေလွတ်ကာ ဗိုလ်ချုပ် ဝလီခန်ကို တိုက်ထုတ်ပြီး မင်းစောမွန်ကိုနန်းတင်ပေးပုံ၊ လောင်းကြက်မင်း ဆက်ကို မြောက်ဦးမင်းဆက်အဖြစ်အသက်ဝင်တည်တံ့ရေးသည် (ကုလား)များ၏ သွေးနှင့်တည် ဆောက်ပေးပုံ စသော သမိုင်းအထောက်အထားများအရ၊ ထိုခေတ်များမှစ၍ Arakan ဒေသ တွင် မှီတင်းနေထိုင်လာခဲ့သောအိစ္စလာမ်ဘာသာဝင် မူဆလင်များသည် ယနေ့ရိုဟင်ဂျာ များပင်ဖြစ်ပါသည်။ ဥပမာ အားဖြင့် အိရတ်နိုင်ငံ ဆာဒမ် အစိုးရကိုတိုက်ထုတ်ရန် စစ်ကူရောက်လာခဲ့ သော အမေရိကန် မရိန်းတပ်သားများသည် ဆာဒမ်ကိုပြုတ်ကျစေပြီး ချက်ချင်း မရိန်းတပ်သားများ အမေရိကန်နိုင်ငံသို့ ပြန်သွားခြင်းမရှိပဲ ဆက်လက်တာဝန်ထမ်းဆောင်နေသူများသည် အိရတ်နိုင်ငံ သားခံယူလိုက နိုင်ငံသားပေးရမည်သာတည်း။ ထိုသို့ Arakanရခိုင်ဒေသတွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်လာခဲ့သော သူများကို မနေ့တနေ့က နေစရာမရှိ ခိုးဝင်လာသည့် ဘဂါင်္လီ (ကုလား)များ ဖြစ်သည် ဟု အော်နေသောအစွန်းရောက် ရခိုင်နိုင်ငံထူထောင်လိုသူများနှင့် တချို့  မြန်မာလူမျိုးကြီးဝါဒ ရှိသူများ စဉ်းစားဆင်ခြင်ရန်လိုပါသည်။



ထိုသို့ ရခိုင်ဒေသ၏ သမိုင်းရာဇဝင် အထောက်အထားများအရ၊ မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်မှ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ ဦးနုအစိုးရ လက်ထက် တွင် ဒီမိုကရေစီ စနစ်ကျင့်စဉ်အရ၊ Arakan ဒေသဖွား ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံ တိုင်းရင်းသား အဖြစ် တရားဝင်အသိအမှတ်ပြုခံရသူများဖြစ်ပြီး၊ အခြေခံ လူ့အခွင်အရေးများဖြစ်သော Natural Rights, Constitutional Rights and Legal Rights တို့ကို ရရှိ ခဲ့သည့်အပြင် အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးများဖြစ်သော Political Rights, Civil Rights, Social and Economic Rights , and Rights of Accused တို့ကို ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရိုဟင်ဂျာလူမျိုးများ အခွင်အရေး အသီးသီးရရှိသူများဖြစ်သည်ကို ငြင်းနိုင်မည်မဟုတ်ပါ။
တဖန် အာဏာရှင် ဦးနေဝင်းအစိုးရသည် ဦးနုအစိုးရကိုပြုတ်ကျစေပြီး၊ လူမျိုးကြီးဝါဒဖြင့် အိစ္စလာမ် ဘာသာကို တဖြေးဖြေး မှေးမိန်သွားစေရန် နိုင်ငံရေးလမ်းစဉ်အမျိုးမျိုးချမှတ်ကာ အိစ္စလာမ်ဘာသာဝင် မူဆလင်တိုင်း၊ (အထူးသဖြင့်) ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးများကို ဒေသခံ ရခိုင်လူမျိုးများနှင် ရိုဟင်ဂျာလူမျိုးများကို သွေးခွဲ အုပ်ချုပ်ရေးစနစ်ဖြင့် ဘာသာကွဲအဖြစ် ရိုဟင်ဂျာလူမျိုးမုန်းတီးရေးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထက်မှအောက်ခြေ ဆင့်ကဲဆင့်ကဲ သင်တန်းပို့ချရာတွင် ဘာသာရေးမုန်းတီးမူ သွန်သင်ပေးမူကိုအခြေခံ၍ ဘာသာရေးအစွန်းရောက်ဝါဒီတချို့ ဦးနေဝင်း၏လမ်းစဉ်ကို အခြေခံကာ ယနေ့ ဒီမိုကရေစီ (စစ်)အစိုးရမှ ရိုဟင်ဂျာလူမျိုးများကို အဖက်ဖက်က ကိုယ်ချင်းစာနာမူ ကင်းမဲ့စွာဖြင့် ဖိနှိပ် ချုပ်ချယ် ရက်စက် လာသည်မှာ ဦးနေဝင်းအစိုးရ လက်ထက်မှ ယနေ့အထိဆိုလျှင် မှားမည်မဟုတ်ပါ။ ထိုသို့ ဖိနှိပ်ချုပ်ချယ်ရာတွင် လူမျိုးရေးအရ ဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ စီးပွါးရေးအရဖြစ်စေ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အမိမြေ ရခိုင်ဒေသဖွား ရိုဟင်ဂျာများသည် ပညာရေး၊ စီးပွါးရေး၊ ကျန်းမာရေး နှင့် လူမူ စားဝတ်နေရေး ဘက်စုံမှ အခက်အခဲများ ရင်ဆိုင် ဆိုက်ရောက်လာပါက ရခိုင်ဒေသခံ ရိုဟင်ဂျာများသည် မိမိတို့ မွေးရပ်မြေကို စွန့်ခွါသွားစေရန် စနစ်တကျ မဟာဗျူဟာချမှတ် ဆောင်ရွက်နေခြင်းဖြင့် အတွင်း အပြင် ရိုဟင်ဂျာများသည် ဒုက္ခကိုယ်စီ အလူးအလဲ ခံရလျက် ရှိနေပါသည်။
ထိုရိုဟင်ဂျာများကိုစစ်အစိုးရ ခေတ်အဆက်ဆက် လေးကြိမ်တိုင်တိုင် အစုလိုက်အပြုံလိုက် မောင်းထုတ် လိုက်ရာ၊ တဖန် စစ်အစိုးရက ရိုဟင်ဂျာများကိုမြန်မာနိုင်ငံသားများဖြစ်ကြောင်းကို နိုင်ငံတကာ၌ ဝန်ခံပြီး အစုံလိုက်အပြုံလိုက် ပြန်လည်လက်ခံလိုက်ခြင်းသည် မြန်မာနိုင်ငံသား ဖြစ်သည့်အတွက်ပြန်လည်လက်ခံ ယူခြင်းဖြစ်ပါသည်။ ထိုနည်းတူစွာ ယခု တဖက်နိုင်ငံ များတွင်ကျန်ရှိနေသော ရိုဟင်ဂျာများနှင့် ကရင်၊ကယား စသောတိုင်းရင်းသားဒုက္ခသည်များကို စစ်အစိုးရမှလစ်လျူရှုနေခြင်းမှာ UN Policy အရ တတိယနိုင်ငံများသို့ ပြောင်းရွှေ့နေရာချပေးနေသည့်အတွက် တိုင်းရင်းသားအရေးကို အချိန်ဆွဲယူခြင်းဖြင့် ဘူးလည်းမကွဲ၊ ပိုးလည်းမသေဆိုသလို အကွက်ကျကျ နေရာလစ်လပ်နေခြင်းကို ရိုဟင်ဂျာလူမျိုးများနှင့် အခြားနယ်စပ် တိုင်းရင်းသား ဒုက္ခသည်များအနေဖြင့် ဂရုပြု အလေးထားရန် လိုပေသည်။
သို့ရာတွင် ပြည်ထောင်စုဖွား ရိုဟင်ဂျာလူမျိုးများသည် ဆုံးရှုံးနစ်နာခဲ့သော မြန်မာနိုင်ငံ တိုင်းရင်းသားအဖြစ်မှ နှစ်ပေါင်း ၀ နီးပါး မျှရှိပါပြီ။ များမကြာမှီက စစ်အစိုးရမှ ကြီးကြပ် ကျင်းပခဲ့ သော အထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာမူဆလင်များမှ မည်သည့်ကန့်ကွက်မူမရှိပဲ အမျိုးသားလွတ်တော် ကိုယ်စားလှယ် များနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခံရပြီး နောက်ပိုင်း၊ ပြည်သူ့လွတ်တော်မှ ပြည်ထောင်စုဖွား ဒေသခံ ရိုဟင်ဂျာမူဆလင်များကို ဘဂါင်္လားဒေရှ့် နိုင်ငံသား ဘဂါင်္လီများဟုပြော ဆိုလာသောကြောင့် ကျောထောက်နောက်ခံ ဘာသာရေးမုန်းတီးမှု၏အခြေခံ ဦးနေဝင်း၏ တပည့် စစ်ဗိုလ်ချုပ်များရှိနေသရွေး ရိုဟင်ဂျာလူမျိုးတို့ အတွက် ဒီမိုကရေစီ အခွင့်အရေး သည် ဖေါင်စီးရေငတ် ဆိုသလို ဖြစ်နေပေပြီ။
ထိုသို့ သိုးရေခြုံ ဝံပုလွေ စစ်ထောက်နောက်ခံ မြန်မာဒီမိုကရေစီ အစိုးရသည် Arakan မြေဖွား ရိုဟင်ဂျာတိုင်းရင်းသားများကို ဘဂါင်္လားဒေရှ့်နိုင်ငံသားဘဂါင်္လီလူမျိုးများဟု ပြောဆိုလာသော်လည်း၊ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတစု ဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံအသီးသီးကတရားဝင်အသိအမှတ်ပြုလိုက်ခြင်းသည် ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ဒေသ၏ အမွေစားအမွေခံ ဖြစ်သည်နှင့် အတူတူပင်ဖြစ်သည်။ ထိုသို့ အမွေစားအမွေခံ ဖြစ်သော ရိုဟင်ဂျာမောင်မယ်များသည် တနည်းနည်းဖြင့် တတိယနိုင်ငံသို့ ရောက်ရှိနေသော ရိုဟင်ဂျာမောင်မယ်များ၏ ကိုယ်ကျိုးငှဲ့ မျိုးချစ်စိတ်ဓါတ်ကိုအရင်းခံပြီး အမျိုးသားရေးလှုပ်ရှားမူ ကျေးဇူးကြောင့် သာဖြစ်ပါသည်။
သို့သော် တတိယနိုင်ငံသည် လူမှုရေး၊ စီပွားရေးနှင့် ပညာရေး ၊နိုင်ငံရေး စသော အဖက်ဖက်က သာသော်လည်း အနာဂါတ် မျိုးဆက် လူငယ်များသည်အချို့နိုင်ငံများတွင် လူမျိုးရေးနှင့် အမျိုးသားရေး၊ ဓလေ့ထုံးစံ ယာဉ်ကျေးမူ တိမ်ကော ပျောက်ကွယ်သွားစေနိုင်ပြီး အချို့ နိုင်ငံများတွင်ဒေါင်းယောင် ဆောင်သောကျီးပမာဖြစ်နေသည့် အတွက် ယနေ့ တတိယနိုင်ငံသို့ ရောက်ရှိနေသော ရိုဟင်ဂျာမောင်မယ်များသည် ပညာတော်သင်များမှအပမိမိဆွေမျိုးရင်းချာများကို နေရာမပြောင်းရွှေ့ ပါရန်နှင့် ကျန်ရှိနေသော ပြည်တွင်း ပြည်ပ ရိုဟင်ဂျာလူမျိုးများ၏ အမျိုးသားရေးဂုဏ်ကို အစဉ်မြဲ မြှင့် တင်ရန်အုတ်တချပ၊် သဲတပွင့်ပမာ ပါဝင်စေလိုပြီး၊ Arakan ဒေသ၏ အမွေ ရယူပြီး ပြည်ထောင်စုသားများ နှင့်လက်တွဲနိုင်ရန် အားလုံးစုပေါင်းညီညာ ချီတက်ကြရမည် သာဖြစ်ပါသည်။
(စောလွင်)
ရန်ကုန်တက္ကသိုလ်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။