Pages

Thursday, April 5, 2012

လူအခွင့်အရေးနှင့်ရိုဟင်ဂျာကိစ္စ နမူနာယူရန်



လူအခွင့်အရေးနှင့်ရိုဟင်ဂျာကိစ္စ နမူနာယူရန်
ရိုဟင်ဂျာလူမျိုးနွယ်စု မျိုးတုံးသွားစေရန် ယခင်(မဆလ တစ်ပါတီအစိုးရ၊စစ်အာဏာရှင်အစိုးရ) တို့ စနစ်တကျအကွက်ချ၍ လူမျိုးနွယ်စုတစ်စု မျိုးတုံးသွားစေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။တစ်နေရာမှတနေရာ သွားလာခွင့် ပိတ်ပင်ခြင်း၊နယ်ကျော်သည် ဟုဆိုပြီးထောင်ချခြင်း၊ဘင်္ဂလားဒေရှ်ဘက်မှ ရခိုင်အမျိုးသား ရခိုင်ပြည်သို့ခိုး ၀င်လာ သည်ကိုမှတ်ပုံတင်လုပ်ပေးပြီးဒေသခံဖြစ်အောင်ပြုလုပ်ပေးခြင်း၊ဒေသခံရိုဟင်ဂျာ ကိုမှတ်ပုံတင်ထုတ်မပေးခြင်း၊သန်းခေါင်စာရင်း၊အခြားစာရင်းဇယား မှတ် တမ်းမတင်ထား ဘဲဘင်္ဂလားဒေရှ် ဟုခေါ်ဆိုနိုင်ရန် တမင်ရောထွေးအောင်ပြုလုပ်ခြင်း စသည် ဖြင့်အမျိုမျိုးမဟုတ် မမှန်ပြုလုပ်ခဲ့ သည်။ ယခုဒီမိုကရေစီထွန်းကားနေချိန်တွင် လောလောဆယ် ခရီးသွားလာခွင့် ပြုလုပ်သည် ကိုတွေ့ရှိ ရ သည်။
ဤကဲ့သို့ရိုဟင်ဂျာလူမျိုးများအပေါ်မတရာမှုပြုလုပ်ခြင်း လူ့အခွင့်အရေးချိုးဖေါက်ခြင်းဖြစ် သည်။ ကမ္ဘာ ပေါ် တွင် လူ့ အခွင့်အရေးချိုးဖေါက်ခဲ့မှု မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို နမူနာအဖြစ်သင်္ခန်းစာယူရန် အောက်ပါ ဆောင်းပါးကို တင်ဆက်ပါ သည်။


=========။။။။။။=========။။။။။=========
လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဏာရှင်တွေကို တရားစွဲသင့် မစွဲသင့်
Saturday, 17 September 2011 03:35 ကက်သရင်း ဆခ်ခင်းခ်
လူသတ်မှု၊ မျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားထုအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေအတွက် ယနေ့ ပြေးစရာ မြေမရှိ အချိန်မရှိတော့ပါဘူး။
ပြီးခဲ့တဲ့လတွေမှာ ဆာဘီးယားက စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံပြေးတွေကို ‘သဟိတ်’ ခုံရုံးကို လွှဲပေးခဲ့ပါတယ်။ ကိုင်ရိုမှာ အီဂျစ်သမ္မတဟောင်း ဟို့စနီ မူဘာရခ် ကို ရုံးထုတ်နေပါတယ်။ ကင်ညာနိုင်ငံရဲ့ ၂၀၀၇-၀၈ ခုနှစ် ရွေးကောက်ပွဲ အပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ရာဇ၀တ် ခုံရုံးက ကြားနာစစ်ဆေးလျက် ရှိပါတယ်။
ဒါပေမဲ့ ဒီလို ခုံရုံးတင်ဖို့ကြိုးစားတာတွေကို မလိုလားသူတွေလည်း ရှိပါတယ်။ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အာဏာရှင်တွေအပေါ် တရားစွဲဖို့ ကြိုးစားခြင်းဟာ ဒီမိုကရေစီကို ပိုချည့်နဲ့စေမယ်၊ ပဋိပက္ခတွေ ပိုများလာမယ်၊ လူအခွင့်အရေး ချိုးဖောက်ဖို့ ပိုတွန်းပေးသလိုဖြစ်မယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။
ဝေဖန်သူတွေရဲ့ အမြင်ကတော့ လစ်ဗျားက ကာနလ် ကဒါဖီ နဲ့ ဆူဒန်က အိုမာ အယ်လ် ဘာရှား တို့လို အာဏာရှင်တွေကို နိုင်ငံတကာခုံရုံးတင်ဖို့ ပြောဆိုခြင်းဟာ သူတို့ အာဏာလက်မလွှတ်ရဲအောင် လုပ်ထားသလို ဖြစ်မယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ်ဖို့ ပိုကြန့်ကြာမယ်လို့ ဆိုကြပါတယ်။
သူတို့ ထောက်ပြတဲ့နိုင်ငံတခုက အယ်လ် ဆာဗာဒိုး ပါပဲ။ အဲဒီမှာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဘရင်ဂျီ ဘုန်းကြီးတွေကို သတ်ဖြတ်ခဲ့တဲ့ အစိုးရ ခေါင်းဆောင်တွေကို တရားစွဲဆိုမှုတွေ လုပ်တော့ အခုထိပြည်တွင်း မတည်ငြိမ်မှုနဲ့ အချုပ်အခြာ မခိုင်မြဲမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
နို့ပေမဲ့ ကျမတို့ မသိတာက ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ ခုံရုံးလွှဲပြောင်းပေးလိုက်တာကြောင့် အယ်လ် ဆာဗာဒိုး ကို ပိုပြီးမတည်မငြိမ် ဖြစ်စေတာလား။ ကဒါဖီကို I.C.C က စွဲချက်မတင်ဘူးဆိုရင် လစ်ဗျားဟာ ဒီကနေ့အခြေအနေထက် ပိုကောင်းလာမှာလား ဆိုတာပါပဲ။
တကယ်တော့ ဒီထင်မြင်ချက်တွေဟာ တကယ်မရှိသေးတဲ့ အခြေအနေအပေါ် သဘောတူသလား မတူဘူးလားဆိုတာ အငြင်းပွားနေတာ ဖြစ်ပါတယ်။ I.C.C က ကဒါဖီကို နိုင်ငံတကာခုံရုံးတင် တရားစွဲဆိုဖို့ လုပ်တာဟာ သူ အာဏာလက်မဲ့ ဖြစ်သွားတာနဲ့ ထွက်ပြေးပုန်းအောင်းဖို့ တွန်းပေးလိုက်တာလား။ အဲဒီလို စွဲချက်တင်တာက သူ့ရဲ့ အာဏာ နောက်ဆုံးနေ့ရက်တွေကို တိုတောင်းစေမှာလား၊ ပိုကြာရှည်စေမှာလား။
လူ့အခွင့်အရေးဆိုင်ရာ တရားစွဲဆိုမှုအပေါ် ဝေဖန်သူတွေကို၊ ကျမတို့က သမိုင်းကြောင်းဆိုင်ရာ အချက်အလက် အထောက်အထားတွေနဲ့ ပြန်မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ဒီနေရာမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေတဲ့ တိုင်းပြည်တွေ သို့မဟုတ် ပြည်တွင်းစစ်ကနေ ငြိမ်းချမ်းရေးကို အသွင်ကူးပြောင်းနေတဲ့ တိုင်းပြည်တွေအပေါ် ကျမရဲ့ သုတေသန တွေ့ရှိချက်ကို ပြောပါရစေ။ အဲဒီလို အသွင်ကူးပြောင်းဆဲကာလမှာ၊ လူ့အခွင့်အရေး ကျူးလွန်ခဲ့သူတွေအပေါ် တရားစွဲဆိုမှုမရှိတဲ့ တိုင်းပြည်ထက်၊ တရားစွဲဆိုမှုရှိတဲ့ တိုင်းပြည်မှာ နောက်ထပ် ဖိနှိပ်မှုတွေ ပိုပြီး လျော့ပါး ကျဆင်းစေတယ် ဆိုတာပါပဲ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရုံးတင်တရားစွဲမှု လုပ်နိုင်ခဲ့တဲ့ အာဂျင်တီးနား နဲ့ တရားစွဲဆိုခြင်း မရှိတဲ့ ဘရာဇီးကို နှိုင်းယှဉ်ကြည့်ရင်၊ ကျမတွေ့တာက တရားစွဲရုံးတင်နိုင်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျဆင်းစေတယ်၊ အကြမ်းဖက်မှု လျော့ပါးစေတယ်၊ ဒီမိုကရေစီကို ကြံခိုင်စေပါတယ်။
၁၉၈၀ ကနေ ၂၀၀၄ ခုနှစ်အတွင်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံ ၁၀၀ အနက်၊ ၄၈ နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး တစ်မှုကို ရုံးတင် တရားစွဲနိုင်ခဲ့ပါတယ်။ ၃၃ နိုင်ငံမှာက နှစ်မှု သို့မဟုတ် နှစ်မှုထက်ပိုပြီး တရားစွဲဆိုနိုင်ခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခဲ့တဲ့ ယခင် အစိုးရအရာရှိဟောင်းတွေအပေါ် ရုံးတင် တရားစွဲဆိုနိုင်ခဲ့တဲ့ တိုင်းပြည်တွေမှာ မတရားနှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှု၊ နိုင်ငံရေးအရ အကျဉ်းချမှုတွေ အများကြီး လျော့ပါး ကျဆင်းတာကို တွေ့ရပါတယ်။ ပြည်တွင်းစစ်က ဖိနှိပ်မှုတွေကို ပိုများစေတယ် ဆိုဦးတော့၊ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ရုံးတင်စစ်ဆေးမှုတွေဟာ ဝေဖန်သူတွေပြောသလောက် အခြေအနေတွေကို ပိုမဆိုးရွားစေပါဘူး။
လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ခဲ့သူတွေအပေါ် အပြစ်ပေး အရေးယူခြင်းက အနာဂတ် ခေါင်းဆောင်တွေ နောက်ထပ် ဒါမျိုးတွေ မကျူးလွန်နိုင်အောင် ဟန့်တား ပေးနိုင်ပါတယ်။
၁၉၄၉ ခုနှစ်ကနေ ၁၉၇၀ ပြည့်နှစ်တွေအထိ နျူရင်ဘတ် ခုံရုံးတင် စစ်ဆေးမှုတွေကိုကြည့်ရင်၊ ဒုတိယကမ္ဘာစစ် အတွင်း လူ့အခွင့်အရေး ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရ အရာရှိတွေဟာ သူတို့ရဲ့ ဆိုးရွားတဲ့ ပြစ်မှုတွေအတွက် သက်ညှာခွင့် မရခဲ့ကြပါဘူး။
ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ဒီလို အပြစ်ပေး အရေးယူနိုင်မှုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အစိုးရအရာရှိတွေဟာ လူသတ်ဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးပြိုင်ဖက်ကို နှိပ်စက်ညှင်းပန်းဖို့ မလုပ်ခင်မှာ၊ သတိကြီးကြီး ထားလာကြတာ တွေ့ရပါတယ်။
နောက် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရုံးတင်စစ်ဆေးနိုင်ခြင်းဟာ နယ်နမိတ်ဖြတ် ဟန့်တားနိုင်မှုတွေ ရရှိစေပါတယ်။ ဒေသတခုက နိုင်ငံအချို့ရဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို တရားစွဲဆိုနိုင်ခဲ့ရင်၊ သူတို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖိနှိပ်သတ်ဖြတ်မှုတွေ အလိုလို ကျဆင်းသွားစေပါတယ်။
အာဂျင်တီးနားမှာ လူ့အခွင့်အရေး ကျူးလွန်သူ ၈၁ ဦးကို တရားစွဲခဲ့ပါတယ်။ ချီလီမှာ ၆၆ ဦးကို တရားစွဲခဲ့ပါတယ်။ အဲဒီ စစ်အာဏာရှင်ဟောင်းတွေရဲ့ ရာဇတ်ဝတ်မှုတွေနဲ့ သူတို့အပေါ် အပြစ်ပေးမှုတွေကို ကြည့်ပြီး၊ လာတင်အမေရိကရဲ့ နောက်ပေါက် စစ်အရာရှိတွေဟာ သင်ခန်းစာ ယူလာနိုင်ကြပါလိမ့်မယ်။
အပြစ်ပေး အရေးယူမှုတွေဟာ အတိတ်ကထက်၊ ယနေ့အခါ ဖြစ်နိုင်ချေ ပိုများနေတယ်ဆိုတာ သဘောပေါက် လာကြပါလိမ့်မယ်။ ဒီအချက်က ကနေ့အခါ လာတင်အမေရိကနိုင်ငံတွေမှာ စစ်အာဏာသိမ်းပွဲတွေ ဘာကြောင့် ရှားပါးသွားရသလဲ ဆိုတာကို ရှင်းပြနေပါတယ်။
အလားတူပါပဲ။ ကိုင်ရို တရားရုံး ၀က်ခြံထဲက ဟို့စနီ မူဘာရခ် ရဲ့ မြင်ကွင်းဟာ အဲဒီဒေသက အစိုးရအရာရှိတွေ နောက်နောင် သူတို့လူထုအပေါ် ဖိနှိပ်မှုတွေ မလုပ်နိုင်အောင် ဟန့်တားမှုကို ဖြစ်စေပါတယ်။
သို့သော် မူဘာရခ် ရဲ့ ဖြစ်ရပ်က၊ လက်ရှိ အကြမ်းဖက်နှိပ်စက်မှုတွေ အများကြီးကျူးလွန်နေတဲ့ ဆူဒန်က မစ္စတာဘာရှား နဲ့ ဆီးရီးယားက သမ္မတ ဘာရှာ အယ်လ် အာဆဒ် တို့ကို နောင်တရမှုနဲ့ ဟန့်တားနိုင်မှု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
အာဏာရှင်တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင်၊ အာဏာအတွက် ဘာဖြစ်ဖြစ် ရူးရူးမိုက်မိုက် ဆုပ်ကိုင်ထားချင်သူတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အာဏာကို အသေဆုပ်ကိုင်ထားမှုတွေဟာ သူတို့ကို ရုံးတင်ဖို့ ခြိမ်းခြောက်တာကြောင့် ဖြစ်လာတယ်လို့တော့ ပြောလို့မရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လူထုအပေါ် ပြစ်မှုကျူးလွန်ခဲ့တဲ့ အစိုးရအားလုံးကို ရုံးတင် တရားစွဲရမှာပဲ ဖြစ်ပါတယ်။ ဒါမှ ကိုယ့်နိုင်ငံမှာ တရားမျှတမှုပေါ်ထွန်းလိုတဲ့ ဆန္ဒတွေ အမြဲရှိနေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလမှာ တရားစွဲဆိုနိုင်ဖို့ နိုင်ငံရေးအခြေအနေတွေ မရှိသေးရင်တောင်မှ၊ နောက်ပိုင်းမှာ ရုံးတင်တရားစွဲဆိုမှုတွေ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ကြောက်မက်ဖွယ် လူသတ်ကွင်းအတွက်၊ မနှစ်က ပထမဆုံးအကြိမ် စစ်ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ ဥရုဂွေး ပြည်တွင်းတရားရုံးကလည်း လူအခွင့်အရေး ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း ဟွန် မာရီယာ ဘော်ဒါဘာရီ ကို တရားစွဲဆိုဖို့ နှစ် ၂၀ ကြာ အချိန်ယူခဲ့ရပါတယ်။ အတိုက်အခံနိုင်ငံရေးမားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးမှုနဲ့ နောက်ဆုံး ဘော်ဒါဘာရီ ဟာ နှစ် ၃၀ ထောင်ကျသွားပါတယ်။
အတိတ်ကို ပြန်ရင်ဆိုဖို့ဆိုတာ ဘယ်တိုင်းပြည်အတွက်မှ မလွယ်ကူပါဘူး။ အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတွေကို မျက်နှာချင်းဆိုင် တာဝန်ယူဖို့ တောင်းဆိုလာတဲ့အခါ၊ ခေါင်းဆောင် အားလုံးနီးပါးက အတိတ်စာမျက်နှာတွေ လှန်ပစ်ပြီး၊ အနာဂတ်ကိုပဲ မျက်နှာမူချင်ကြပါတယ်။
သို့ပေမဲ့ ကနေ့အချိန်မှာ တရားမျှတမှုပေါ်ထွန်းဖို့ တောင်းဆိုမှုတွေ ပိုအားကောင်းလာနေပါတယ်။ ယခင် အာဏာရှင်ဟောင်းတွေကို သူတို့ပြစ်မှုတွေအတွက် တာဝန်ယူဖို့ တရားစွဲဆိုနိုင်တဲ့ တိုင်းပြည်တွေဟာ ရေရှည်မှာ ဒီမိုကရေစီ ကြံခိုင်သန်စွမ်းမှု ပိုရှိလာကြပါတယ်။
(Kathryn Sikkink မှာ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး၊ “The Justice Cascade: How Human Rights Prosecutions Are Changing World Politics” နာမည်ကျော် စာအုပ်ရေးသူ ဖြစ်ပါတယ်။)

ဝင့်ထန်း

1 comment:

  1. တင်လှ(ခ) မိုးမြင့်April 5, 2012 at 9:44 PM

    မင်းတို့ကုလားတွေသေတာဝမ်းသာတယ် ဒီးထက်တောင်လုပ်ရအုံးမေကုလားတွေကိုမျိပြုံအောင်လုပ်၇မေတတောင်စားကုလားတွေ

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။